ရင်ရဲစိ ၀တ္ထူ
.....................
အယင်ခေါက်ခါ အကျွန်ရို. ရက္ခတိုင်းက ကျွန်းရွာချေ တစ်ရွာမှာ ကလေချေ တစ်ယောက် ကစပ်ကစပ်နီယင်း ရင်ရဲစိ တစ်စိ ကောက်ရပါရေလတ်။ ယင်း ရင်ရဲစိကို မြင်ရေခါ ယင်းကလေချေစွာ ရင်ရဲစိပိုင် လှရေ မမချေ တစ်ယောက်လိုချင်စိတ်ပေါက်ပါလတ်
တေလတ်။ယေခါ အမိ ဘက်ကိုလားဘနာ " အော...အမိ အမိ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်" လို.တောင်းရေလတ်။ ယကေအမိသယ်က " အော် သားချေ သားချေ.....အမိက မဟြာ(ရှာ) ပီးနိုင်ဂါ.. နင့် အဖ
ဘားက လားတောင်းခီဘလင်"လို. ဆိုရေလတ်။ ယင်းပိုင်ဆိုခါ သားချေကလည်း အဖသယ်ဘက်ကို လားဘနာ" အော်.....အဘာ အဘာ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်" လို.တောင်းပြန်ရေလတ်။ ယပိုင်နတ်
အဖသယ်က " ဘာဘာမှာက မဟိကာဝေ၊ မင်း အဘိုးသျှင် ဘားကို လားတောင်းခီ" လို.ပြောလိုက်ပါရေလတ်။ ယင်းတွက်တာနတ် ထိုသားချေကလည်း အဖိုးသျှင်ဘားကို လားဘနာ တောင်းပြန်ရေ။ အဘိုးသည်က အဘောင်မသယ်ဘားက တောင်းခီလို.
အကြံပြုလိုက်တေ။ ယင်းတွက် ယင်းကလေချေ နောက်ဆုံးအနီနတ် အဘောင်းမဘားကို လာရေလတ်။ယေခါ အဘောင်မသည်က " မပူကေ့ ငါ့မြီးချေ၊ အဘောင်သျှင်ဟြာပီးမေ" လို.ဆိုရေ။ အဘောင်မသည်က " မင်းရေ ငရို.ရွာ အရှိဘက် ၃ နာရီလောက်
လမ်းလျှောက်ကေ နပျိုးခြင်း တစ်ခြင်းတွိလိမ့်မေ။ ယင်း နပျိုးခြင်းက ယာသျှင် ၀ါကြီးမ လင်မယား ဘားက တောင်းခီ" ယင်းပိုင် မှာလိုက်တေလတ်။ ယင်းပိုင်နတ် ကလေသျှေရေ သူ.ခရီးကို စတင်လိုက်တေ။ ၃နာရီလောက်လမ်းလျှောက်ပြီးရေမှာ သူ.အဘောင်
မသယ်ပြောရေပိုင် နပျိုးခြင်း အကြီးမသန် တစ်ခြင်းတွိရေလတ်။ ယကေ ယင်းယာခင်းထဲကိုဝင်ဘနာ ၀ါကြီးမလင်မယားကို ထိုရင်ရဲစိ ကိုပြရေလတ်။ ယပြီးကေ သူ.ကို ယင်း ရင်ရဲစိ ပိုင်လှရေ မယားတစ်ယောက်ဟြှာပီးဖို. တောင်းပန်ရေလတ်။ ယင်းပိုင်
ဆိုခါ ၀ါကြီးက " အော် မောင်ချေ၊ မောင်ချေ .....ငရို.အိမ် နောက်မှာ နပျိုးပင် ၇ ပင်ဟိရေ။ ယင်းခုနစ်ပင် ထဲက မင်းကြိုက်တေ တစ်ပင် ခွတ်လို.ယူလီ" လို.ပြောရေလတ်။ ထပ်ပြီးကေ မှာလိုက်စွာက ယင်းကလေချေ ရေ ယင်းနပျိုးပင်ကို ထမ်းလို. ရွာကို
ပြန်ရေခါ ဇာလောက်ပင် လီးလီး ရွာက သူ.အိမ်ကို မရောက်မချင်း ယင်းနပျိုးပင်က အပတ်တိကို လုံးဝမခွါရ လတ်။ယင်းကလေချေ လည်းကတိပီးဘနာ ကြိုက်တေ နပျိုးပင်တစ်ပင်ခွတ်လို. ရွာကို ထမ်းပြန်လာရေလတ်။ယင်းပိုင် ထမ်းယင်းထမ်းယင်း
နပျိုးပင်လေး ကကောင်းလီးလတ်တေ။ တစ်ခုပိုင် ထမ်းလိုမပါရေခါ ကလေချေ စဉ်းစားရေလတ် " အော် အပတ်တစ်ပတ် ခွာလိုက်လို. ဇာဖြစ်ဖို.လဲ့ဂု" ဆိုပနာ တစ်ပတ်စခွာ ဘလိုက်တေ။ တစ်ခုလေ့ မဖြစ်ရေခါ ယင်းနပျိုးပင် ကို ထမ်းပနာ ဆက်လျှေက်တေ
လတ်။ ထူးဆန်းစွာက နပျိုးပင်ရေ ပေါ့လားဖို.အစား ပိုပြီးယာ လီးပါလတ်တေလတ်။ ယင်းပိုင် လီးယင်းခွာ ယင်း လီးယင်းခွာ ယင်းနန်. ရွာနားကန်ဘောင်နားအရောက်မှာ ကလေချေ ရေ အားလုံးကို ခွာသတ်ဘလိုက်တေလတ်။ ယင်းပိုင်အားလုံးကိုခွာသတ်
ဘလိုက်တေခါ ယင်းနပျိုးပင်က မိုးကျနတ်သမီးချေတစ်ပါးပိုင် လှပချောမောရေ မင်းသမီးချေ တစ်ယောက်ထွက်ကျရေလတ်။ ယင်းပိုင်ဆိုခါ ထိုကလေ့မေချေက " အော်..မောင်တော်..မောင်တော်...အကျွန် ခြီနန်.လားကေလေ့ ခြီပေါက်ပါရေ၊ လက်နား တွား
ကေလေ့ လက်ပေါက်ပါရေ" လို.ပြောရေလတ်။ ကလေချေလေ့ ကြံစရာဖြစ်နိန်ရေခါ ကန်ဘောင်ထက် ပေါက်နိန်ရေ ညောင်ပင်ကြီးတစ်ပင်ထက်မှာတင်ဖို.ပျင်ရေလတ်။ ယပြီးကေ ကလေချေက "အော်.. မောင်ကြီး ချစ်နှမ ...ဒေ ညောင်ပင်ကြီထက်မှာ
တနားချေနီ၊ မောင်ကြီးအိမ်က မြင်းဂါရီ လားယူဘိုက်ခီမေ" လို.ဆိုပနာထွက်လားရေလတ်။ ကလေချေ မြင်းဂါရီ လားယူနိန်တုန်းမှာ သူဌေးအိမ်က အရုပ်ဆိုး ပြည့်ဝန်းမ လည်း ကကောင်းဆင်ပနာ ထိုကန်ကို ရီခတ်ဖို.ဆင်းလာရေလတ်။ ကန်ဘောင်ကို
ရောက်တေခါ တစ်ကန်လုံး ထထိန်လင်းနိန်စွာကို ပြည့်ဝန်းမ မြင်ရေလတ်။ ယေခါ ကိုယ့်ဘားက အရောင်ထွက်တေထင်ဘနာ " သူဌေးအိမ်က ပြည့်ဝန်းမ အရောင် ကန်လုံးပြောင် ဒိန်နနောင် ဒိန်နနောင်" ဆိုပြီးနာ ရီခွက်ကို ချလို. ကရာ ကယာလတ်။ ယင်း
ပိုင် ကနိန်စွာကို ညောင်ပင်ထက် ကလိန်.မေချေ မြင်ရေခါ အအူပိန်ပါအောင် ရယ်မိရေလတ်။ပြည့်ဝန်းမလည်း အရောင်တိလာရာဘက်ကို ကြည့်လိုက်တေမှာ... အရောင်တိစွာ သူ.ဘားကလာစွာကမဟုတ် ဒေကလိန်.မေချေ ဘားက လာစွာရာမလားဆိုပနာ
မနာလို ၀န်တိုစိတ်တိ ဖြစ်မိရေလတ်။ ပြည့်ဝန်းမ လည်းညောင်ပင်အောက်ကို လားဘနာ ယင်းကလိန်.မေချေဘားက ကွမ်းယာ တစ်ယာ တောင်းရေလတ်။ မမချေက ကွမ်းယာ မဟိလို.ပြောရေခါ " မချေ မချေ....ကွမ်းမဟိကေ ညောင်ရွက်ကို ကွမ်းလုပ်၊
ကွမ်းသီးမဟိကေ ညောင်သီးကို ကွမ်းသီးလုပ်၊ ထုံးမဟိကေ ညောင်စိကို ထုံးလုပ်" လို.ပြောရေလတ်။ ယင်းပိုင်ဆိုခါ ကလိန်.မေချေ ကလည်း " ဟုတ်ပါယင့် မမ ယင်းပိုင်ဆိုကေ အကျွန်လုပ်တက်ပါရေ ဆိုပါနာ ကွမ်းတစ်ယာ ယာလို. ကမ်းပီးရေလတ်။
ယင်းပိုင် ကမ်းပီးစွာနန်. ပြည့်ဝန်းမရေ ယင်းကလိန်.မေချေ လက်ကို ဆွဲဘနာ ကန်ထဲမှာ မြှပ်သတ်ဘိုက်တေလတ်။ ယပြီးကေ သူမရေ ညောင်ပင်ထက်မှာပပိုက်နနစ်ထိုင်နိန်ရေလတ်။ ထို ကလိန်.မေချေ လည်း ကန်ထဲမှာ ကြာပန်းချေ ဖြစ်လားရေလတ်။
ယပိုင်နတ် ကလေချေ မြင်းလှည်းနန်. ပြန်လာရေခါ သူ.မယားရေ ကကောင်းအရုပ်ဆိုးလားစွာကို စဉ်းစားလို.မရဖြစ်နိန်ရေလတ်။ ယေဘင်ယေဂေလေ့ ငါမယားဆိုးဆိုး လှလှ ငါယူရဖို.ဆိုပနာ ပြည့်ဝန်းမကို မြင်းဂါရီထက် တင်ပြီးကေ အိမ်ကို ခေါ်လားရေလတ်။
ယင်းပိုင် ယင်းကလေချေ လည်းပြည့်ဝန်းမနန်. ပေါင်းသင်းနီထိုင်လီယာလတ်။ တနိ ယင်းကလေချေ ကန်ကို ရီ ခတ်ဖို.ဆင်းလာရေခါ တန်းထ(တံတား) နားမှာ ကြာပန်းချေတစ်ပွင့်မြင်ရေလတ်။ ယင်းကြာပန်းရေ အရာလူတိ ရီခတ်လာကေ ကန်အလယ်ဂေါင်
မှာဇီ နိန်ပြီးကေ ယင်းကလေချေ ရီခတ်လာယာဆိုကေ တန်းထ နားမှာဇီလာနိန်ရေလတ်။ ယင်းပိုင် တစ်ရက်မဟုတ် နှစ်ရက် ရက်ပြတ် မြင်ရေခါ ယင်းကလေချေ ယင်းကြာပန်းကို အိမ်ကိုခူးယူလာရေလတ်။ ယပြီးကေ သူရို.လင်းမယားအိမ်တေ ဂေါင်းရင်း
မှာထိုးထားရေလတ်။ ယင်းပိုင် ပြည့်ဝန်းမ လင်မယားအိပ်ယာဆိုကေ ထိုကလိန်.မေချေရေ ကြာပန်းကထွက်ပနာဇီ ပြည့်ဝန်းမ အဂေါင်းကို ကျောက်တေလတ်။ ပြည့်ဝန်းနိုးကျလာကေ ကြာပန်းထဲကို ပြန်ဝင်ပြီးလာရေလတ်။ ယင်းပိုင်နတ် ပြည့်ဝန်မ လည်း
ဂေါင်းမူဝေဒနာ ခံစားရရေလတ်။ ပြည့်ဝန်းမရေ ကြာလာခါ ယင်းကြာပန်းကို သံသယ ၀င်လာရေလတ်။ ဒေပန်းရောင်ခါတည်းကပင် ငါဂေါင်းမူးရေ ဆိုပနာ ယင်းကြာပန်းကို ဓားနန်. အပိုင်းပိုင်း စိုင်းဘလိုက်တေလတ်။ ယပြီးကေ ရွာကြားက ၀ါကြီးမလင်မယား
တပ်နားမှာ ၀ဲပိုက်ဘိုက်ခီရေ။ ကကောင်းမကြာ ယင်းကြာတိုကြာဇ တိက ၀ရစ် ပင် တစ်ပင်ပေါက်လာရေလတ်။ ယင်း ၀ရစ်ပင်ကြီးလာရေခါ ၀ရစ်သီးတိ အပြွတ်ပြွတ်အခိုင်ခိုင်သီးရေလတ်။ ၀ါကြီးလင်မယားလည့် ၀ရစ်သီးတိကို ဆွတ်ပနာ စားကိုစား ရောင်း
စွာကိုရောင်း ပီးစွာကိုပီး ပီးဘလိုက်တေခါ တပင်လုံးကုန်ရေလတ်။ ယကေလေ့ အပင်ထိပ်ဆုံးမှာ ၀ရစ်သီးတစ်လုံးကျန်လိုက်တေလတ်။ ၀ါကြီးလင်မယားလည်း ထို နောက်ဆုံးအသီးကို မစားဝံ့ဘဲ ထမင်းချက်ခန်းက ကြတ်စင်မှာ တင်ထားရေလတ်။
ယင်းဝါကြီးမ လင်မယားရေ ဆင်းရဲလို. တောထဲက ထင်းခွီပနာ ဇီ အသက်မွီးဝမ်းကျောင်းပြူရလေလတ်။ယင်းပိုင် ၀ါကြီးမ လင်းမယားထင်ခွီဖို.လားနီစဉ် ယင်းကလိန်.မေချေရေ ၀ရစ်သီးက ထွက်ပနာ ထမင်းဟင်းချက်ရေလတ်။ ပြီးယာဆိုကေ ၀ရစ်သီးထဲကို ပြန်
ဝင်လားရေလတ်။ ၀ါကြီး၊၀ါကြီးမ လင်မယားပြန်လာရေခါ ထမင်းတိ ဟင်းတိ အဆင်သင့်ချက်ပြီးနိန်စွာကိုဇီ တွိရေလတ်။ ယင်းပိုင် နိတိုင်းဖြစ်လာရေခါ ၀ါကြီးမက " ၀ါကြီး ......အိမ်မှာစောင့်ကျန်လိုက် အသူထမင်းလာချက်လေကြည့်ထား ငါထင်းခွီလား
လိုက်မေ" ဆိုရေလတ်။ ၀ါကြီးလည်း အိမ်မှာ စောင့်နိန်ယင်း စောင်နိန်ယင်း ဖဖူရောင်ပါအောင် အိပ်ပါလားရေလတ်။ ထိုကလိန်.မေချေ လည်း ၀ရစ်သီးကထွက်ပနာ ထမင်းတိ ယင်းတိ ချက်ပြီးရေခါ၊ အိပ်နီရေ ၀ါကြီး ဖင်ဝမှာ ကွမ်းတစ်ယာညှပ် ဘခသိမ့်ရေ
လတ်။ ၀ါကြီးမပြန်လာရေခါ ကွမ်းတစ်ရာ ဖင်ဝဆို.လို. အိပ်နီရေ ၀ါကြီးကို နိုးဘနာ တ၀ ဒေါသထွက်တေလတ်။ ယပြီးကေ ၀ါကြီးမက " ထင်းခွီဖို. လားလီ ငါစောင်းမေ မိုးထခါ ဆိုပြီးနာ" ၀ါကြီးကိုထင်းခွီလွတ်လိုက်တေလတ်။ ယင်းပိုင် ၀ါကြီးမလည်းထိုင်
စောင့်နိန်ရေခါ အိပ်ချင်ပါလတ်တေလတ်။ ယကေလေ့ မအိပ်ပါအောင် လက်ကို စက်ဓားချ နန်.ဇီလှီပနာ နံသာခွတ်မှာဇီစိမ်ရေလတ်။ ယင်းပိုင်နန်. ကလိန်.မေချေ ကလည်း ၀ါကြီးမ အိပ်ပါလားရေ အထင်နန်. ၀ရစ်သီးထဲက ထမင်းချက်ဖို.ထွက်ပါလတ်တေလတ်။
အကွက်ချောင်းနီရေ ၀ါကြီးမလည်း ဇာသူလေ နင်ဆိုပနာ သူမလက်ကို ဆွဲဖမ်းလိုက်ရေလတ်။ ကလိန်.မေချေကလည်း သူမအကြောင်းကိုချင်းပြလိုက်တေလတ်။ ၀ါကြီးမလည်း သနားဂရုနာ သက်ဘနာ သူ.ရို.မလည်း သား သမီးမဟိရေ အတွက်နန်. ယင်း
ကလိန်.မေချေကို အိမ်မှာ မွီးစားလိုက်တေလတ်။
ယင်ပိုင် ရက်တိ၊လတိ ကုန်လားရေခါ ပြည့်ဝန်းမလည်း ကိုယ်ဝန်ရင်းပါလတ်တေလတ်။ မွီးဖို.နိခါ ၀ါကြီးမ က မီးစောင့်ဖို.လားဖို.ပျင်နိန်ရေခါ ထိုကလိန်.မေချေက ယင်းပြည့်ဝန်းမ အိမ်ကို သူမလည်းလိုက်ချင်ကြောင်းပူဆာရေလတ်။ ယင်းအိမ်သို.ရောက်ရေ
ခါ လူတိနန်. ရရောင်သတ်လို. မီစောင့်ဖို.ရောက်နီကတ်တေလတ်။ ရွာထုံစံအတိုင်း ယင်းကလိန်.မေချေ က ၀တ္ထူ တစ်ပုဒ် ပြောပြချင်ကြောင့် ယင်းလူတိကို ခွင့်တောင်းရေလတ်။ လူတိက ခွင့်ပြူရေခါ ယင်းကလိန်.မေချေစွာ သူမ၀တ္ထူကို စပြောပြရေလတ်။
"အယင်ခေါက်ခါ အကျွန်ရို. ရက္ခတိုင်းက ကျွန်းရွာချေ တစ်ရွာမှာ ကလေချေ တစ်ယောက် ကစပ်ကစပ်နီယင်း ရင်ရဲစိ တစ်စိ ကောက်ရပါရေလတ်။ ယင်း ရင်ရဲစိကို မြင်ရေခါ ယင်းကလေချေစွာ ရင်ရဲစိပိုင် လှရေ မမချေ တစ်ယောက်လိုချင်စိတ်ပေါက်ပါလတ်
တေလတ်။ယေခါ အမိ ဘက်ကိုလားဘနာ " အော...အမိ အမိ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်" လို.တောင်းရေလတ်" ယင်းပိုင် ၀တ္ထူ ကို အစ အဆုံးပြောပြလိုက်တေခါ ယင်းဝတ္ထူ ကို နားထောင်နိန်ရေ ထိုကလေချေ လေ့ ပြည့်ဝန်းမလိမ်စွာတိကို ချက်ချင်း သဘောပေါက်လားရေလတ်။ ၀တ္ထူ အဆုံးမှာ ယင်းကလေချေနန်. ကလိန်.မေချေ ချစ်သူနှုစ်ယောက် ၀မ်းနည်းဘနာ ဖတ်လို.ငိုကတ်တေလတ်........ယကေ ရင်ရဲစိ ၀တ္ထူ နားထောင်ကတ်တေ ပရိတ်သတ်ရို. ပြည့်ဝန်းမ ကို ဇာလုပ်ဇီချင်ပါလေ အကြံပီးကတ်ပါ................။
အချေခါ နားထောင်ဖူးခရေ ၀တ္ထူကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပြည်တွင် ပြည်ပရောက် ရခိုင်မိဘတိ အနိန်ဖြင့် ဒေပိုင် ရခိုင်ဝတ္ထူချေတိ ကို မိမိ ချစ်သားချေ သမီးချေ တိကို ပြောပြဘနာ ပျော်ရွင်နိုင်ကတ်ပါဇီ။ ဒေ၀တ္ထူတွင် ယင်းကလိန်.မေချေက ထမင်းချက်ပြီးခါ အိမ်က ကြက်ဖား ကြီးကို မှာစွာတိလည်းပါ ပါရေ။ မမှတ်မိလို. မရွီးလိုက်ပါ။ သိရေဆိုကေ မျှဝီပီးဇီချင်ပါသည်။
အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၆၊၀၉(၂၀:၂၅)
Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)
ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)
Monday, 29 June 2009
ရင်ရဲစိ ၀တ္ထူ
Posted by KingMarayu at 20:29 0 comments
Labels: ရခိုင် ၀တ္ထူ
Friday, 26 June 2009
အဘာသို. စွပ်စဲခြင်း
အဘာ..............
မဟာရ အမှားတစ်ခုကို
အဘာ လုပ်ခဖူးလာ
နာရီ၊အချိန်တိ
တိုလိုက်တေဘင်
နိတိ တိုလိုက်တေဘင်
အသက် ဘ၀ တိ
တိုလိုက်တေ ဘင်.........။
အဘာ............
လိုင်းကကြီး
မှန်တိုင်းက ထန်စွာကို
အဘာသိရေ နန်း ......
ဇာဆို ဇာဖြစ်မှန်းမသိရေ
မဟာရ ဒိဒုံး
အမှောင်ထု ထဲမှာ
သားချေရို.ကို
လက်ခုတ်သီးခတ်ထားစွာ
အဘာသိရေ နန်း ..........။
အဘာ.....
ယင်းသူရို. ကတိစွာ
ဇာလေ....
ယင်းသူရို. အပြုံးစွာ
ဇာလေ.......
ယင်းသူရို. ချစ်တေဆိုစွာ
ဇာလေ........
ယင်းသူရို. သဘောထားကြီး စွာ
ဇာလေ
အဘာ ချကြောင်းကပင်
သိရေ ထင်ရေ.................။
ကြိုးထက်မှာ
ဘားကစပ်ကေ
လူးမကျအောင်
ချိန်ရဖို.လား အဘာ.....
ယကေ
ဖောက်ပြန်ရေ
လူတိ လက်က
ရုန်းထွက်ရေ ခါ ၀ါ
အစွာပိုင် ပျင်ရဖို. ရောင်......
ကို. ကိုယ်ကိုကာကွယ်စွာ
မျက်ကန်းမျိုးချစ်လို.
အဘာ ထင်လာ
မဟုတ်ကေ အားနည်သူရို.
တာဝန်လို. အဘာထင်လာ.....။
အေးမောင်(ရင်အုံတော်ဓာတ်)
၂၅၊၀၆၊၀၉
Posted by KingMarayu at 00:06 0 comments
Labels: ရခိုင်ကဗျာ
Sunday, 21 June 2009
လခြမ်းချေ
အချေခါ..
"လခြမ်းချေ" ကို
ရာဟုဖမ်းကေ
ဘာဘာ ကို ဖက်လို.
ငါ..
ငိုဖူးရေ ....။
လူပ်စိ၊လူပ်စိ နန်.
ရုန်းထွက်နိန်ရေ
"လခြမ်းချေ" ကို
ကြည့်လို. ..
ငါ...
ဝမ်းနည်ဖူးရေ ...။
ဇွဲသတ္တိ အပြည့်နန်.
ရာဟုလက်က လွတ်အောင်
ရုန်းထွက်တေ
"လခြမ်းချေ" က
ငါ့ ကို ...
သတ္တိမွီးဖွားစီဖူးရေ....။
အာကာကို
မျော်ကြည့်ယင်း
ငါမျက်စိ အောက်က
ပျောက်လားခရေ
"လခြမ်းချေ" ကို
ငါ့ ကို ပြန်ပီးဖို.
ဘာဘာ ကို
ငါ...
ပူဆာဖူးရေ ......။
ရာဟုလက်က
လွတ်ကျပါလတ်တေ
"လခြမ်းချေ" သတ္တိကို
အားပီးလျက်
"လခြမ်းချေ" နန်.အတူ
ငါ....
ပြိုင်တူ ရယ်ဖူးရေ ....။
အိမ်ပြန်ရောက်လို.
အိပ်ရာဝင်ချိန်
အိမ်မက်ထဲမှာ
"လခြမ်းချေ" နန်.
ငါ..
စကားပြောဖူရေ.....။
အိမ်မက်ထဲက
"လခြမ်းချေ" က
ဇွဲမလျော့ဖို.
သတ္တိဟိဖို.
စိတ်ဓာတ်မကျဖို.
အရှုံးလုံးဝ မပီးဖို
ငါ့ကို...
အားပီးဖူးရေ ......။
.............
အေးမောင်(ရင်အုံတော်ဓာတ်)
၂၁၊၀၆၊၀၉(၀၀:၁၆)
Posted by KingMarayu at 14:26 1 comments
Labels: ရခိုင်ကဗျာ
Thursday, 18 June 2009
ဆင်ဒမော်( ဆင်တက်မော်) တောင် သိုက်
ဆင်ဒမော်( ဆင်တက်မော်) တောင် သိုက်
.......................................................
သိုက်ဆရာ ငလုံးတောင်တစ်ယောက် ဒယော ကားရားကားရားနှင့် တစ်ရွာဝင် တစ်ရွာထွက်နှင့် လူငယ်စုဆောင်းရီးလုပ်နိန်သည်။ သူသည် စိတ်ထားကြံ့ခိုင် ထထောင်မမောင်းလူငယ် အယောက် (၂၀) လိုအပ်လျက်ဟိသည်။အကြောင့်မူကား ထို
လူငယ်ချေတိကို သူ. သိုက်စာအုပ်ညွှန်ကြားချက် ဆင်ဒမော် တောင် သိုက်လိုက်ရာတွင် အသုံးပြုရန်ဖြစ်သည်။ ဆင်ဒမော် တောင်သည် ပိန္နဲချောင်း ရွာနှင့် ချင်ရွာ ကြားတွင်ဟိသည်။ ထိုတောင်သည် ရဖီးချပ်တောက် အနီး ကျွဲကူးမြစ်အစ မှနိန်၍ ပိန္နဲချောင်း
ကျွန်းကို ကန်.လန်.ဖြတ်လျက် မြင့်ဂါရွာသစ် အနီး တွင်အဆုံးသတ်သည်။ ထိုတောင်စွယ်၊တောင်းတန်းများသည် ပိန္နဲချောင်းကျွန်သားများ၏ သက်မွီးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်သော တောင်ယာလုပ်ငန်းအတွက် အသက်သွီးကြောများဖြစ်သည်။
ထိုတောင်တန်းများထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်များဖြစ်တော်မူသော လျှာသျှေဓာတ်၊ မာလာဓာတ် စသဖြင့် ကိန်းဝပ်စံပယ်လျက်ဟိကတ်သည်။ သိုက်ဆရာ ငလုံးတောင်သည် ကျွန်တစ်ကျွန်းလုံး ကုန်အောင်ရှာမှ ထိုလူငယ်(၂၀)ကို စုဆောင်း
မိလေသည်။ ပဇာကြောင့်ဆိုသော် သိုက်လိုက်ခြင်းအလုပ်သည် ကံကောင်းလျှင် လရဒတ် ဖြစ်နိုင်ရေပိုင် ကံမကောင်းလျှင် အသက်အန္တရာယ်ကြုံရနိုင်သည်ကို ထိုကျွန်းက လူငယ်တိ နားလည်ထားကတ်သည်။ ထိုလူငယ်(၂၀)ကို သိုက်ဆရာသည် သူ.ရို.တာဝန်
ယူရဖို.အပိုင်းကို စိန်ပြေနပြေ သျှင်းပြနိန်သည်။ "မင်းရို.တိ အသေအချာမှတ်ထားကတ်၊ မင်းရို. တောင်ထက်ကိုရောက်စွာနန်. အေးရမ ကျောက်ရဲတိုက်ကြီးတစ်ခုတွိလိမ့်မေ၊ ယင်းတိုက်အိမ်ကြီးမှာ ပြတင်းပေါက် အပေါက်(၂၀)ဟိရေ။ ပြတင်းပေါက်တစ်ပေါက်
မှာ တစ်ယောက်ကျစီတာဝန်ယူရဖို.။ ယင်းပိုင်တာဝန်ယူနိန်ရေခါ ... မင်းရို.ဘက်ကို နတ်သမီးချေတိပိုင် တဗျင်းလှရေ မမချေ တိ လာမြူဆွေကတ်လိမ့်မေ၊ မင်းရို.လုံးဝ စကားပြန်မပြောကေ့၊ သူရို.ဘားက လက်ဆောင်တိကိုလေ့ မယူဂေ့" ။ ၊ယင်းပိုင် အသေ
အချာမှာလေသည်။
လူငယ်ချေတိကလည်း ကတိ တိပီးပြီးနောက် သူရို.ခြီလှမ်းတိကို ဆင်ဒမော် တောင်သို. စတင်ရွိလိုက်ကတ်သည်။ မညုင်းကိုင်းချောင်းကို ဖြတ်၍ စိမ်းစိုသော စပါးခြင်းတိကို ၁ နာရီးခန်. ဖြစ်သျှောက်ပြီးနောက် ဆင်ဒမော်တောင်သို.ရောက်
ဟိလီသည်။ သိုက်ဆရာငလုံးတောင်သည် မြေပုံတစ်ခေါက်ကြည့်လိုက် ကွမ်းတစ်ရာ စားလိုက်နှင့် ထိုသိုက်ဟိရာသို. လူငယ်တိကို ဦးဆောင်ခေါ်လာသည်။ တောင်ထက်သို.အရောက် နောက် မိနစ်(၂၀)ခန်.ကြာလားပြီးနောက် ထိုရဲတိုက်ကြီးကို တွိရလေသည်။
သိုက်ဆရာက တန်းခါးမကြီးနားအရောက် နာမည်မသိသော ဂါထာတစ်ပုဒ်ရွက်လိုက်ပြီးနောက် တန်းခါးမကြီး အလိုအလျှောက်ပွင့်ကျလာလေသည်။ သိုက်ဆရာ ငလုံးတောင်သည် လူငယ်ချေတိကို ပြတင်းပေါက်(၂၀)တွင် တစ်ယောက်စီတာဝန်ချထားလိုက်ပြီး မိမိကမူ အဆောက်အအုံကြီး အနောက်ဘက်ကို ဦးတည်သျှောက်လားလီသည်။ ကကောင်းမကြာလိုက် အလွန်တစ်ရာမှ ထူးဆန်း၊မွီးကြိုင်လှသော မမ ကိုယ်သင်းအနံ.တစ်ခု နှင့်အတူ နတ်သမီးသမျှလှပသော အပျိုမချေတစ်ကျိပ် အပြုံးပန်းကိုယ်စီနှင့် လူငယ်ချေတိဘက်ကို ချဉ်းကပ်လာသည်။ သိုက်ဆရာငလုံးတောင်၏် "အဝေး သတိထားကတ်၊ငါ ရွှေတိ၊ငွေတိကို အထုပ်နန်.ထုတ်နိန်ယာ၊တစ်ချက်ချေ" ဟုသောအသံသည် လူငယ်ချေတိကို သတိဝင်စီလိုက်ပြီး လူငယ်ချေတိကလည်းစိတ်ချ ဟုပြန်ပြောလိုက်သည်။ ထို မမချေတိ ပြောဆိုသောအသံများသည် နတ်စောင်းတီးသံပိုင် နားဝင်ချိုလှပြီး ဧည့်ခံသော အစာအဟာရရို.သည် မြင်လိုက်သည်နှင့် လျှာရည်ပပေါက်ကျစီသည်။ ယကေလေ့ လူငယ်ချေများသည် သမာဓိကို အာရုံပြုလျက် စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ထိုမမ ချေတိ မာယာ ကျော့ကွင်းက လွတ်ကင်းလျက်ဟိသည်။ ၁၉ ယောက်မြောက်သော လူငယ်ချေတိထံမှ တုန်.ပြန်မူတစ်စုံတစ်ရာ မရဟိသောကြောင့် ထိုအလှမယ်ရို.တိ နောက်ဆုံးတစ်ယောက်ဘက်ကို ဦးတည်သျှောက်လာလီသည်။
" မောင်ကြီးနီကောင်းပါယင့်လား၊ ဒေမှာ အကျွန်ညီမချေ အငယ်ဆုံးကို တစ်ခေါက်လောက်ကြည့်ပါ" စသည်ဖြင့် မိတ်ဆက်ချဉ်းကပ်လာလေသည်။ ထို မမချေတိထဲတွင် အလှဆုံးဖြစ်သော ထိုမမချေနှင့်လူငယ်သည် မျက်စိတစ်ချက်အဆုံခံရပြီးနောက် တင်းထားသော သမာဓိတိ အရည်ပျော်လားလီသည်။ ထိုမမချေက ထိုလူငယ်ချေ အပါးသို.တိုးကတ်လာပြီး စကားစမြည်ပြောလေသည်။"မောင်ကြီး ၊ မဟုတ်စွာတိကို လုပ်မနိန်ပါဂေ့။ မောင်ကြီးပိုင် စိတ်ကောင်းနှလုံးကောင်ဟိရေ လူတစ်ယောက်က ဒေပိုင်စွာတိကို မလုပ်သင့်ပါ။ ညီမချေ မောင်ကြီးကို မြင်မြင်ချင်းစွဲလမ်းမိလို. ဒေပိုင်ပြောစွာပါ။ မောင်ကြီးရာသဘောတူရေဆိုကေ နှမချေနန်.မောင်ကြီးတသက်လုံး အတူနိန်နိုင်ပါရေ" စသဖြင့် သွီးဆောင်ဖျားယောင်းလီသည်။ ထိုလူငယ်လေ့ စိတ်ညွတ်ပါလတ်လျက်"နှမချေပိုင် အလှမျိုးမောင်ကြီးဘ၀မှာ တစ်ခါလေ့ မမြင်ဖူးပါ" ယင်းပိုင်ပြန်ပြောမိလီသည်။ ယင်းနောက်ထို မမချေက" မောင်ကြီး အကျွန်. ကိုပိုင်ဆိုင်သျှင်ကေ၊အကျွန်.နန်. အတူနိန်ချင်ရေ ဆိုကေ ဒေပတီချေကို လိုင် မှာဆွဲလိုက်ပါ။ မောင်ကြီးပိုင်ဆိုင်ချင်စွာတိ အားလုံးပြည့်လားပါလိမ့်မေ" ဟုပြောလျက် ထိုပတီးကို လှမ်းပီးလေသည်။ထိုလူငယ်သည် သိုက်ဆရာ ငလုံးတောင်၏ မယူဂေ့ ဟုသော အသံကို အလှပလှ မကြားနိုင်ဘဲ ထိုမမချေ၏ အပြုံးတိကြား ဖယောင်းတိုင်ပိုင် အရည်ပျော်ကျလားလီသည်။ ထိုလူငယ်သည် ပတီးကို လိုင်ဘင်း၌ စွတ်လိုက်သည်နှင့် အလွန်ကြီးမားသော ရီလုံးကြီးများ ပြတင်းပေါက်တိက ၀င်ရောက်လာကတ်ပြီး တောင်တစ်ခုလုံး ရီပြင်ကြီးအဖြစ်သို.ပြောင်းလဲလားလီသည်။ သိုက်ဆရာနှင့် ထိုလူငယ် ရို.သည် ကမ်းမမြင်သော ထိုရီပြင်ကျယ်ကြီးတွင် မိနစ် ၂၀ မျှဇောနှင့်ကူးခတ်ပြီးနောက် ကကောင်းညောင်းလာတက်ပြီး သီဘေးနှင့်ရင်ဆိုင်နိန်ကတ်ရလီသည်။
ဆလီဖက်ရန်ရွာမှ ကုလားတစ်စုသည် ဆင်ဒမော် ရွာတွင် ဆန်ရောင်းရန် ထိုတောင်သို. ဖြတ်ကျော်လာကတ်လီသည်။ ထိုကုလားများသည် နခြင်းကြောင်တောင် တောင်ထက်၌ ရီကူးနိန်သော ထိုလူ ၂၁ ယောက်အား မြင်သော် ဆို.အောင်ရယ်ကတ်လျက်၊ ပါးစ မှလည်း "လူရို. ကြည့်ချက်..ဟဟဟဟ... ရခိုင်ဆားတိ တောင်ထက်မှာ နခြင်းတတောင်ရီကူးနိန်ကတ်တေ၊ ကကောင်းရှုး ရေကာ ဟေဆူရို." ဟုအော်ပြောလိုက်လီသည်။ ထိုအသံကြောင့် သိုက်ဆရာ နှင့် လူငယ်တိ သတိပြန်ဝင်လာလျက် ရီများလည် အလိုအလျောက် ပျောက်ကွယ်လားလီသည်။ သွီးရဲရဲ၊သံရဲရဲ နှင့် အသက်ဘေးမှ အင်ဒန်ချေရာ လွတ်လားခသော ထိုလူ(၂၁) ၏ စိတ်ခံစားမူ အတွိအကြုံကို ထိုကုလားတိ နားလည်နိုင်မည်မဟုတ်ပါ။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၈၊၀၆၊၀၉( ၂၀:၅၄)
Posted by KingMarayu at 20:57 0 comments
Labels: ရခိုင်သိုက်ဝတ္ထူ
Wednesday, 17 June 2009
အသားနားခံခြင်း
အသားနားခံခြင်း
..............................
အို..အသျှင်...
ရဲရင့်ခြင်းနန့်
အမှန်ကိုချစ်မြတ်နိုးခြင်းတိ
သားချေအား
ပီးသနားပါ...။
အို..အသျှင်...
ကောင်းမှုနန့်
မွိ့လျော်ပြီးကေ
မကောင်းမှုကိုမုန်းရေ
စိတ်ခွန်အားတိ
သားချေအား
ပီးသနားပါ...။
အို..အသျှင်...
ဒဏ်ရာ၊အနာတိကို
ခွန်အားတစ်ခုအဖြစ်
ပြောင်းလဲပစ်နိုင်ရေ
အစွမ်းသတ္တိတိ
သားချေအား
ပီးသနားပါ...။
အို..အသျှင်...
လွတ်လပ်မူအတွက်
အသက်ပီးဝံ့ရေစိတ်ဓာတ်
မိမိအမှားကိုအောင်နိုင်ရေ
စိတ်ဓာတ်တိ
သားချေအား
ပီးသနားပါ...။
..........
အေးမောင်(ရင်အုံတော်ဓာတ်)
၁၇၊၀၆၊၀၉(၁၄:၄၂)
Posted by KingMarayu at 18:45 0 comments
Labels: ရခိုင်ကဗျာ
Saturday, 13 June 2009
မိုးရာသီ အမှတ်တရ ရခိုင်ကဗျာများ
......မိုးလာရေ၊ လီလာရေ..............................................................................
မိုးလာနိန်ယာ
လီလာနိန်ယာ
သျှစ်ခွင် အာကာ
စစိန် မိုက်လို့
တဂြုန်းဂြုန်း နန့်
ရွာရေမိုး။
မြစ်ချောင်း အင်းအိုင်
ဖဖြိင် ဖြိုး .................။
မိုးလာနိန်ယာ
လီလာနိန်ယာ
ဖားချေ၊ ငါးချေ
ဇကုန် ပျော်လို့
ဝဿန်မိုး နန့်
အပြိုင် ကြိုး
တဂြိုန်း ဂြိုန်း နန့်
ရွာရေမိုး......................။
မိုးလာနိန်ယာ
လီလာနိန်ယာ
ငရို့ဘာဘာ
အပ်ကိုင်း ပြင်လို့
တကြိုင်း ကြိုင်း နန့်
ရွာရေမိုး။
ရပ်တစ်ရွာလုံး
တတက်မျိုး ................။
မိုးလာနိန်ယာ
လီလာနိန်ယာ
စာချေ လင်မယား
ကျကျွတ် ကိုက်လို့
တရုန်း ရုန်းနန့်
လီကိုတိုး။
ငရုတ်ကြိတ်နန့်
ကင်းဇွန်းဟင်းကို
ငရို့တစ်ရွာ လုံး
တဝ ကြိုး ................။
အေးမောင်( ရင်အုန်တော်ဓာတ်)
.....................................................................................
လကဆုန်
......................
ကဆုန်လ ရောက်
တမူဆန်းတောက်
ငရို.ရွာက အပျို၊လူပျို.ရို.
ရိုးရာစိုင်လာမပျက်ရအောင်
ညောင်ရီလောင်းဖို.
လားကတ်တေ ................။
လောင်းလို.အပြန်
ကဆုန်မိုးကြီး ကြကြိမ်းရွာလို.
ဝရုန်သုန်းကား ပြီးကတ်ကေ
တောလမ်းထက်က
ကျွဲ တစ်ရွီ ရို.
လိပ်ပြာစိုင်လို. ထွက်ပြီးရေ .............။
အကျီဗလာ ဘောင်းဘီတိုနန်.
ငရို.ရွာက ပုချေရို.လေ့
လယ်ကွင်းပြင် ရီဖဖွေးမှာ
ဘောလုံးကျောက်လို.
ပျော်ကတ်တေ ..................။
မေကြီးဖြူ ပျိုတကျိပ်လေ့
မဲနက် နိန်ရေ ဆံပင်ထက်မာ
ခြံထွက် အုန်းဆီ သုတ်ကာလိမ်းလို.
သနားခါး ပကွက်ကျားနန်.
တောင်စိုင် တောကို
ဟင်းခူးဖို. ထွက်ကတ်တေ ............။
ဟင်းရွက်စုံ တောင်းအပြည့်နန်.
အိမ်ကို ရောက်ကေ
မေမေ မျက်နှာ ရရွန်းပလို.
အပြုံးတိနန်.ကြိုနိန်ရေ
တောင်စိုင်တော က ဟင်းရွက်စုံကို
မေကြီးဖြူမာ ငရုတ်ကြိတ်
ချဉ်ပပေါက်နန်.
မြီအိုးထဲမာ ထည့်ချက်ကေ
မောင်ချေ မချေ ဘာဘာရို.က
နံကားပါအောင် တီးကတ်ကေ ............။
ဆက်ပြီးကေကြိုးစားလျက်
အေးမောင်(ရင်အုံတော်ဓာတ်)
၁၃၊၀၅၊၀၉(၁၄း၄၂)
........................................................................................................................................................................................
မိုးရာသီ နန်. ငရို.ရွာ
................................
ပုး .........ပွင်
ဇာ ငါးနန်.စားလေ .... မျှိုင်
ပူး ........ ပွင်
ဇာ ငါးနန်.စားလေ ....... မျှိုင် ......................။
ငရို. အိမ်ရှီက နာလာကြောင်း
ဖဘူချေ မြည်သံ တရောင်းရောင်း
ရွာမြောက်ဘက်က သောက်ရီကန်
ရီတိ ပြည့်လို. တရွှန်ရွှန်
ရွာလယ်ကောင်က လူပျိုတစ်စု
ငတက်၊ငကျ မိုး ရွာဖို. တောင်းဆုပြု
ရွာတောင်ပိုင်းက မေကြီးချေ
ပျိုးစိုက်ဖို. လားကတ်မေ
ရွာလယ်ကောင်းက ကစားကွင်း
ကလေချေတိနန်. တဘွင်းဘွင်း
ှဇွန်၊ဇူလိုင်လ ရောက်လာယာ
ကျောင်းခလောင်းသံ ကြားယယာ
ငါးမျှားလားရေ အခင်လတ်
ကန်းသင်းထက်မှာ ချော်လဲသတ်
ကန်းသင်းပွင့်တိ ပွင့်ယာဝေ
ကန်းသင်းပွင့်မုန်. လုပ်ကတ်မေ
စေတနာကောင်းရေ ရောက်မကြီး
တစ်အိမ် တစ်ဒုံ ၀ီလို.ပီး
သနားစရာ ပဉ္ဖင်းချေ
ဝါတွင်းသုံးလ ကုတ်နိန်ဝေ
ဝပုသ်စောင့်ရေ ၀ါကြီးတပြွတ်
ဘုန်းကြီးကျောင်းမှာ ရရောင်းသတ်
ကျောင်းကိုပြီးရေ ကလေချေ
ခမောက်ယူဖို. မမိန်.ကေ့ဝေ
ရီစိုနိန်ရေ ထင်းပိုင်းတိ
ထမင်းအိုတည်ဖို. ကြတ်တင်ပီး
ပုး .........ပွင်
ဇာ ငါးနန်.စားလေ .... မျှိုင်
ပူး ........ ပွင်
ဇာ ငါးနန်.စားလေ ....... မျှိုင် .............................။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၁၊၀၆၊၂၀၀၉(၂၀:၅၄)
ရှင်းလင်းချက်။ ။ပုး .........ပွင် ဇာ ငါးနန်.စားလေ .... မျှိုင်= ရခိုင်ကျွန်းရွာတိ တွင် ဖားဘူ မြည်သံတိကို အသျှေတိ လိုက်လုပ်တေ အသံ။ မျှင် ကို နှာခေါင်းပိတ်ဆိုပါ။
ကန်းသင်းပွင့် ။ ။ လယ်ပြင် ကန်းသင်းတွင် ပွင့်သော ပန်းတစ်မျိုး။ မီးခိုးနှရောင် ဟိသည်။
ကန်းသင်းပွင့်မုန်.။ ။ ရခိုင် ကျွန်ရွာတိတွင် ယင်း ကန်းသင်းပွင့်ကို မုန်းလုပ်ပနာ ၀ီပီးသော အလေ့အထ ဟိသည်။ ကကောင်း အရသာသိသော မုန်.တစ်မျိုးဖြစ်သည်။
တဘွင်းဘွင်း။ ။ ဘောလုံးကျောက်ရာမှ ရီတိနန်.ရောပနာ ထွက်လာရေ အသံ။
ဝါကြီးတပြွတ် ။ ။ ၀ါကြီးတိ အများကြီး ။ အပြွတ်ပြွတ်၊အခိုင်ခိုင်
ကြတ်တင်ပီး ။ ။ရီစိုနိန်သောထင်းများကို ထမင်းချက်ရန် ကြက်စင်တွင် တင်ပနာ အပူပီးသည်။
ငတက်၊ငကျ မိုး ။ ။ ထိုမိုးရွာလျှင် ကန်ထဲ မြစ်ထဲမှ ငါးများ ကုန်းထက်တတ်လာတတ်သည်။ ယင်းငါးတိကို ဓားရည်(သို.) တုတ်ပိုင်းများနှင့် သတ်ဖမ်းရသည်။
Posted by KingMarayu at 10:31 0 comments
Labels: ရခိုင်ကဗျာ
Monday, 8 June 2009
လွတ်လပ်မူ တနိန်ရာ
လွတ်လပ်မူ တနိန်ရာ
....................................
အကြောက်တရား အရှိဘက်
ကို ငါလမ်းလျှောက်နိန်ရေ
အကြောက်တရား အနောက်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ
အကြောက်တရား တောင်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ
အကြောက်တရား မြောက်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ
ထိုဘက်ကို လားကေလေ့
အကြောက်တရား
ဒေဘက်ကို လာကေလေ့
အကြောက်တရား
အထက်မှာ လဲ
အကြောက်တရား
အောက်မှာလေ့
အကြောက်တရား
အလယ်ကောင် တတည့်မှာလေ့
အကြောက်တရား ....................။
အကြောက်တရား
မဟိရေ နိန်ရာတစ်ကွက်
ငါ့ ကို ရှာပီးကတ် .................။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၀၊၀၆၊၀၉(၂၃း၄၀)
Posted by KingMarayu at 14:13 0 comments
Labels: ရခိုင်ကဗျာ
တောင်ညို သိုက်
တောင်ညို သိုက်
..............................................
ရခိုင်ပြည် တောင်ရင့်ကျွန်း ဟိ ပေါက်တောမြို.နှင့် သ၀င်ချောင်းရွာကြားတွင် တောင်ညိုဟုခေါ်သော ရွာချေတစ်ရွာဟိလီသည်။ ရှိလူကြီးတိက အယင်ခေါက်အခါက ထိုရွာဟိ မဆမ တစ်ယောက်၌
ပင် ရွှေတစ်ပိသာ ပိုင်ဆိုင်ကြောင့် ပြောဆိုကတ်ပါသည်။ ထိုအကြောင်းအရာကို နောက်ကြောင့်ခြီရာခံ လိုက်ကြည့်သောအခါတွင် .... ။
xx xx xx xx xx xx xx xx
သိုက်ဆရာ ထွန်းလှကြိုင်တစ်ယောက် သိုက်ကျမ်းစာအုပ်အဟောင်းတစ်အုပ်နှင့် ဇကုန်အလုပ် သျုပ်နိန်သည်။ စာရွက်တိကို တစ်ရွက်ချင်းစီ စိတ်ရှည်လက်ရှည်လှန်လျက် သူ.စိတ်ကြိုက်လိုက်ချင်သော သိုက်ကားမတွိသိမ်.။
စာအုပ်မဆုံးခင် နောက်ဆုံး ၅ရွက်လောက်အလိုတွင် ထွန်းလှကြိုင်မျက်နှာ မှိုရသောမျက်နှာပိုင် အပြုံးပန်းတိ ၀ီလာသည်။ အကြောင်းမာမှုကား သူ.စိတ်ကြိုက်သိုက်တစ်ခုတွိလိုက်သောကြောင့်ဖြစ်သည်။ ပါးစပ်ကလည်း "တောင်ညိုသိုက်"
ဟုရွတ်လိုက်သည်။ ထို.နောက် သူ.အဖေါ် လွယ်အိတ်အဟောင်းသျှေထဲကို သိုက်လိုက်ရန်လိုအပ်သော တံဇာပလာတိ ထည့်ပြီး ခရီးထွက်လာသည်။ သူနိန်သောရွာက ၁၈မိုင်ခန်.လျောက်ပြီးသောအခါ ပိန္နဲချောင်းကျွန်းအဆုံးကို သူခြီချမိသည်။
ယင်းနောက် ကျွဲကူးမြစ်(တောင်ဖူးမြစ်)ကို ကုတိုးဖြင့် ကူး၌ တောင်ရင်းကျွန်း တောင်ဘက်အစမှ ၂နာရီခန်. ခြကျင်လျှေက်ပြီးသောအခါ တောင်ညိုတောင်ဂူပေါက်တိကို ထွန်းလှကြိုင် လှမ်းမြင်ရသည်။ ထိုတောင်ညိုဂူပေါက် ၄၈ ပေါက်ကို ရခိုင်လက်သမား
၅၀၀ ကတစ်ညဥ့်တည်း ထုလုပ်ပူဇော်ခကတ်ကြောင့် ရာဇ၀င်ဟိသည်။ ထွန်လှကြိုင်လည်း တောင်ညိုဂူပေါက်ဘုရားများကို တ၀ဖူးပြီး အရိပ်ကောင်းသော သရက်ပင်ကြီးတိအောက်တွင် အညောင်းဖြေလိုက်သည်။ ယင်းနောက် သူ.အသက်မွီးဝမ်းကြောင်း
ပညာ သိုက် အလုပ်ကို စဖို. သူ.ခြီလှမ်းတိ တောင်ညိုတောင်ထက်သို. တရွီ.ရွီ. လှမ်းလာသည်။ တောင်ထိပ်ဖျားကို မရောက်ခင် သု.သိုက်စာအုပ်အတိုင်း ကျောက်ဂူဟောင်းသျှေတစ်လုံးကို ထွန်းလှကြိုင် တွိသည်။ "အော်..ဟုတ်တေမလားယေ" ဟုသူရွတ်လိုက်
ပြီး သူ.ခြီလှမ်းတိ ဂူပေါက်ဝ ဘက်ကို ရွီ.လာသည်။ သူဂူပေါက်ဝကို ၀င်လိုက်သောအခါ မထင်မှတ်သော အရာတစ်ခု ထွန်းလှကြိုင်ကို လပြာစိုင်စီသည်။ အလွန်တရာမ ဧရာမ ငန်းမြွီကြီးတစ်ကောင်သည် သူ.ကို ပေါက်သတ်ရန် ဒေါသနှင့် အသျှိန်ပြင်းစွာ
ထွတ်ပါလတ်သည်။ ထွန်းလှကြိုင် အတွိအကြုံဟိသူပီပီ ငါးခူပြုံး ပြုံးလိုက်ပြီး သူလွယ်အိတ်ထဲက ဆီးလုံးများဖြင့် ငန်းမြွီကြီး ပါးစပ်ကို ပစ်ထည့်လိုက်သည်။ ထိုအခါ ထိုမြွီကြီးသည် အလွန်တစ်ရာမှ ယဉ်ကျေးလားပြီး မြီပြင်တွင် ၀ပ်ပီးလေသည်။ ထွန်းလှကြိုင်
ငန်းမြွီကြီးကို စီလျက်ဂူပေါက်ဆုံးသို. ၀င်ရောက်လားလေသည်။ ဂူပေါက်အဆုံးအရောက်တွင် ထွန်းလှကြိုင် အလွန်ပင်စိတ်ပျက်မိလေသည်။သူ.မျက်နှာတွင်ဝမ်းနည်းမှုအရိပ်ရောင်တိထင်ဟပ်လာသည်။ " ယော် သီကတ်ရာမလားဂု။ ဒေလောက်အ၀ီးကြီး
ကနိန်လာစွာ တစ်ခုလေ့မရ။ မီးခွတ်အစုတ်တစ်လုံးရာ ရရေ။" ဟူစိတ်ပျက်စွာပြောလိုက်မိသည်။ ဟုတ်ပါသည်။ထွန်းလှကြိုင် စိတ်ပျက်ဖို.ဆိုကေလေ့ စိတ်ပျက်စရာပါ။ ပဇာကြောင့်ဆိုသော် ဂူ၏အဆုံး ဟောင်းနိန်ရေ စာပွဲထက်တွင် မီးခွတ်အစုတ်တစလုံးက
လွဲပြီးကေ ဇာတစ်ခုမှ ထွန်းလှကြိုင် မတွိခြင်းဖြစ်သည်။ ထွန်းလှကြိုင် လည်းထိုမီးခွတ်ကို ယူဆောင်လျက် စိတ်ပျက်လက်ပျက်နှင့် တောင်အောက်ကိုဆင်းလာရာ ယာလုပ်စားနိန်သော ၀ါကြီးလင်မယားနှစ်ယောက်ကိုတွိလီသည်။ထွန်းလှကြိုင် လည်းရီတစ်မုတ်
တောင်းသောက်လျက် သူ.မီးခွတ်အစုတ်အား ထိုဝါကြီးလင်မယားကိုလက်ဆောင်အဖြစ်ပီးလိုက်လီသည်။
xxxx xxxx xxx xxx xxx xxxxxx xxxx
ဝါကြီးမသည် တစ်နခြင်းလုံးယာအလုပ်ကြောင့် နှနှစ်ခြခြစ်အိပ်မောကျလျက်ဟိသည်။ ၀ါကြီးမအိပ်စွာကိုချောင်းနိန်သောဝါကြီးက ဘိန်းသျှူ ရန် တတိုးသျှေထလိုက်သည်။ ၀ါကြီးသည် သူ.လက်ကျန်ဘိန်းတိ သျှူးလိုက်ပြီး မှိန်နိန်လိုက်သည်။ယကေလေ့ သူ.စိတ်
တွင်ညက သိုက်ဆရာ ပီးလိုက်သောမီးခွတ်အဟောင်းသျှေကို သတိရလာသည်။ ယင်းနောက် ထိုမီးခွတ်ဟောင်းသျှေအား ဂျီးတိကိုချွတ်တိုက်လျက် ရနံဆီထည့်လိုက်သည်။ ထိုနောက် မီးထွန်းလိုက်သောအခါ..."ဇာလိုဘာလေအသျှင်" အသံနှင့်အတူ
ကြောက်ဖို.ကောင်းသောဘီလူးကြီးတစ်ကောင် မီးခွတ်ထဲမှထွတ်လာပြီး ၀ါကြီးရှိတွင်ဒူးထောက်ခစားလီသည်။ အဖိုးဝါကြီးလည်း လပြာစိုင်အောင်ကြောက်ကြီးသန်ဖက်ဝင်လျက် မီခွတ်ကိုမှူတ်သတ်လိုက်သည်။ မီးခွတ်မီးသီလားသောအခါ ထိုဘီလူးကြီးသည်
မီးခွတ်ထဲဝင်လျက် ပျောက်ကွယ်လားလီသည်။ အင်ဒန်ချေကြာပြီးနောက် အဖိုးဝါကြီးသည်ဘီလူးကြီးပြောသောစကားကို ပြန်လည်သုံးသပ်လျက်ဟိသည်။ "ဇာလိုဘာလေအသျှင်၊ ဇာလိုဘာလေအသျှင်၊ ဒေချင့်တော့ခါ တစ်ခုခုယာ။"ဟု နှုန်းချင်းတည်း
ရွယ်ရွတ်ပြောဆိုပြီး မိမိ၏စိတ်ကို ဂီယာတင်လိုက်သည်။ ယင်းပြီးနောက် မီးခွတ်ကို အရာတစ်ခေါက်ပြန်ထွန်းလိုက်ရာ ထိုဘီလူးကြီးသည် "ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်အတူ မီးခွတ်ထဲမှထွတ်ပါလတ်သည်။ အဖိုးဝါကြီးလည် ဘိန်းအလွန်ကြိုတ်တတ်
ရေလူဖြစ်ရာ "ဘိန်း" ဟုတောင်းလိုက်မိသည်။ ဘီလူးကြီးလည်းတစ်ချက်ပြုံးပြီး ၀ါကြီးအား ဘိန်းတစ်တုံးပီးလျက်မီးခွတ်ထဲသို.ပြန်ဝင်လားလီသည်။ နောက်တစ်ရက်မိုးလင်းသောအခါ ၀ါကြီးမှာ အလွန်ပင်ထူးဆန်းနိန်သည်။ မျက်နှာတစ်ခုလုံး အပြုံးတိနှင့်
ပြည့်လျက်ဟိသည်။ ၀ါကြီးမ ပေါက်တောကို ဇီးပြုဖို.လားသောအခါတိုင်း "ဟေ..ငါ့အတွက် ဘိန်း တစ်စိချေ ၀ယ်ခဘလင်" ဟု ၀ါကြီးမအား အသျှေတစ်ယောက်ပိုင်ပူဆာတတ်သောဝါကြီးသည် အဂုယပိုင်မမှာတတ်သည်မှာလည်း ၀ါကြီးမ တွတ်သံသယဖြစ်စရာ
ဖြစ်လာသည်။ ရက်အင်ဒန်ကြာပြီနောက် ၀ါကြီးမသည် အင့်မခံတော့ဘဲ ၀ါကြီးအား သူ.လျှို.၀ှက်ချက်ကိုပြောပြရန် မဟုတ်ပါ အိမ်ကဆင်းလားရန် ရာဇသံပီးလိုက်သည်။ ၀ါကြီးလည်း အသျှေကပင် တစ်သက်လုံးအလိုလိုက်လာသော သူ.၀ါကြီးမအား အကြောင်းစုံ
ဖွင့်ပြောပြလိုက်လီသည်။" အေးဟိုင်း ယင်းမီးခွတ်ထဲက ဘီးလူးကြီးလေ ငါ့ကို တစ်နိ ဘိန်းတစ်တုံးစီ ပီးနိန်လို. နင့်ကို ငါ မမှာစော်။"ဟု ၀ါကြီးဝန်ခံပြောလိုက်သည်။ထိုအခါဝါကြီးမက " အော် ဘလောက်တော်လေချက်ကြည့်ဇမ်၊ ဇာလိုဘာလေအသျှင်
ဆိုရေ ဘီးလူးဘားက ဘိန်းရာ တောင်နိန်လီယာ။ ဇာမာလေ ယင်းမီးခွတ်။" ဟု ၀ါကြီးကို အော်ငေါက်တောင်းလိုင်လေသည်။ ယင်းနောက် လင်မယားပြိုင်တူထိုင်လျက် မီးခွတ်ကိုထွန်းဖို.ပျင်လိုင်စဉ် ၀ါကြီးက "ဟေး ဘိန်းတောင်းကို ဘိန်းပီးကေ ရွှေတောင်း
ကေလေ့ ရွှေပီးဖို.လားမသိမ့်ယာ"ဟုပြောလိုက်ရာ ၀ါကြီးမက "တိန်းလို.နိန်ဆရာမခံကေ့ ငါကြည့်လုပ်မေ" ဟုဆိုကာဝါကြီး ပါးစပ်ကို ပိတ်လိုက်သည်။ ယင်းနောက် ၀ါကြီးမက မီးခွတ်ကို မီထွန်းလိုက်ရာ ဘီလူးကြီးသည်"ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်
တပြိုင်းတည်းထွတ်ပေါ်လာသည်။ ထိုအခါ ၀ါကြီးမ က "ရွှေ"ဟု တစ်လုံးတည်းပြောလိုက်သည်။ဘီလူးကြီးလည်း အဘောင်တောင်းသော ရွှေ လိုသလောက်ပီးပြီးမီးခွတ်ထဲသို.၀င်ရောက်ပျောက်ကွယ်လားလေသည်။ဝါကြီးမ လင်မယားလည်း ရွှေတိကို ဘောက်သာ
အိတ်များနှင့်ထုတ်လျက်သိမ်းဆည်းပြီး တစားဇာစီ ပေါင်တောမြို.၌ ပေါင်နှံရောင်ချလျက် ပျော်ရွင်စွာနိန်ထိုင်စားသောက်လျက်ဟိကတ်လေသည်။ လအင်ဒန်ကြာပြီးနောက်ဝါကြီးသည် နနွမ်းပပါးနှင့် သိုက်ဆရာထွန်းလှကြိုင်ကို အတွက်ပေါ်လာလီသည်။
သူ.ကျေးဇူကြောင့် သူရို.လင်မယား အဂုပိုင် မကြောင့်ကြမတောင့်တဘဲ နိန်နိုင်ခရေ မဟုတ်ပါလော.။ ထိုနောက် ၀ါကြီးသည် ၀ါကြီးမကို ခေါ်လျက်" ၀ါကြီးမ.. ငရို.တိလည်း အိုလာယာ။ဒေရွှေတိကို ဒေတသက် စားလို.လဲကုန်ဖို.မဟုတ်။ထိုသိုက်ဆရာသျှေ ကျေးဇူး
ကိုလေ့ ငရို.မမိသင့်။ယင်းသူကို လိုက်ရှာပြီးကေ ဒေမီးခွတ်ကိုပြန်းပီးလိုက်ကတ်မေ ဟိုင်.." ဟုအကြံပီးလေသည်။ ၀ါကြီးမ လည်း သဘောတူသဖြင့် ၀ါကြီးသည် သိုက်ဆရာကို ခြီရာကောက် ရာ ထိုသိုက်ဆရာသည် သ၀င်ချေုာင်းရွာတွင်လောင်းကြီးတစ်စင်း
ဖြင့်ခရမ်းသီးရောင်းနိန်ကြောင့် သတင်းရဟိလီသည်။
xxxxxx xxxxxxxx xxxxx xxxx xxx
သိုက်ဆရာ ထွန်းလှကြိုင်သည် လောင်းကြီးထက်၌ သူ.ခရမ်းသီးတိ အကြောင်းအော်ဟစ်ရောင်းချနိန်စဉ် ၀ါကြီးတစ်လုံးကသူ.နာမည်ကို လှမ်းခေါ်နိန်သည်ကိုသတိပြူမိလိုက်သည်။ နောက်သို.ပြန်လည့်ကြည့်လိုက်သောအခါ တောင်းညိုတောင်၌ ယာလုပ်
စားနိန်သော ၀ါကြီးဖြစ်ကြောင်းချက်ချင်းသတိပြုမိလိုက်သည်။ " ယော် အဖိုးဘာယာ မလား၊ ဇာကိစ္စဟိပါလေ။ကကောင်းဘပြင်းကြီးဘာကာ။" ဟုမီးလိုက်သည်။ ထိုအခါ အဖိုးက"ကိစ္စကိုတော့ခါ မမိန်းကေ့ဖိ၊ မင်းခရမ်းသီးလောင်းကိုထားခ။ မင်း ငါ့နောက်ကို
အဂုလိုက်လတ်။ ငါ့ အိမ်ကိုရောက်ခါ အကြောင်းစုံသိလိမ်.မေ"ဟုပြောလေသည်။သိုက်ဆရာ ထွန်းလှကြိုင် အစတွင်ငြင်းဖို.ပျင်နိန်သော်လည်း သူ.မီးခွတ်အစုတ်ကို သတိရလိုက်ပြီး "ဒေချင့်တော့ခါ တစ်ခုခု" ဟုစိတ်ကူးမိလိုက်ပြီးသူလွယ်အိတ်ကို ကမမ်းကတမ်း
လွယ်လျက် ၀ါကြီးနောက်က လိုက်ပါလာလေသည်။ အိမ်သို.ရောက်ရောက်ချင်း ၀ါကြီးလင်မယားနှင့်အတူထိုင်လိုက်စဉ် ၀ါကြီးက မီးခွတ်ကို မီးထွန်ဖို.ပြင်လိုက်ပြီး "ကြည့်နိန်ကား မင်း"ဟုထွန်းလှကြိုင် ကို ပြောလိုက်သည်။ မီးခွတ်ကို မီထွန်းလိုက်ရာ ဘီလူးကြီးသည်
"ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်တပြိုင်းတည်းထွတ်ပေါ်လာသည်။ ထိုစဉ် သိုက်ဆရာ ထွန်းလှကြိုင်သည် အခွင့်အရီးကို လတ်လွတ်မခံနိုင်ဘဲ သူ.မှာပါလာသော ဆီးကြိမ်လုံးနှင့် ဘီလူးကြီးကိုရိုက်သတ်လိုက်ရာ ဘီလူးကြီးသည် အသက်ထွက်လျက်
ရွှေတုံးအသွင်သို.ပြောလဲလားလီသည်။ သိုက်ဆရာ ထွန်းလှကြိုင်သည်လည်း ဘီလူးကြီး၏မျက်လုံးတစ်စုံကို လျင်မြန်စွာဖောက်လျက်မျိုချလိုက်သည်။ ၀ါကြီးသည် အလွန်ဘင်အံ့အြ သင့်လျက် သိုက်ဆရာ ထွန်းလှကြိုင်အား" အဝေး မင်းဘဇောင် လူလဲ
တောင်းသမျှကို ပီးစွာဘီလူးကို သတ်ပိုက်တေထောဒေသူ" ဟုစိတ်ပျက်စွာပြောလိုက်သည်။ ၀ါကြီးစကားမဆုံးခင်သိုက်ဆရာ ထွန်းလှကြိုင်သည် ၀ိဇာ ရလျက် ကောင်းကင်သို.ပျံတက်လားပြီး ၀ါကြီး၊၀ါကြီးမ တဲအိမ်ထ၌ ရပ်နားလျက်" အော်..အဖိုး နန်.အဘောင်
အကျွန်. ဆန္ဒတိပြည့်ဘာယာ၊ အဖို.ရို. အဘောင်းရို.မာလေ့ ရွှေတိ ဒေတသက်စားလို. မကုန်ဘာယာ။ ရွီတုံးဖြစ်လားခရေ ဘီးလူးကြီးကို တောင်ညို ရွာသားတိကို တစ်ယောက်တစ်ဖဲ့စီ ၀ီပီးလိုက်ပါ။ကျေးဇူးတင်ပါရေ။ အကျွန်လားပါယာ၊ နှတ်ဆက်ခပါယင့်"
ဟုပြောဆိုလျက် အာကာထက်ကို ပျံတက်ပျောက်ကွယ်လားလီသည်။
(မှတ်ချက် ။ ။ အသျှေခါ ကြားဖူးခသော ၀တ္ထူ သျှေတစ်ပုဒ်ကို ဇာတ်လမ်းအသွင်ဖန်းတီးရွီးသားထားပါသည်။)
ဆက်လက်ကြိုးစားနိန်ရေ။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၀၅၊၀၉(၁၄:၃၄)
Posted by KingMarayu at 14:07 0 comments
Labels: ရခိုင်သိုက်ဝတ္ထူ