WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Saturday 30 May 2009

ရက္ခိုင်ကမ်းခြီ


Find more videos like this on Arakanese Meeting Point

ငရို.ရခိုင်အလှ၊ လက်ဆောင်အလှနန်.အိမ်ပြန်ကတ်ပါ။လူများတိုင်းပြည်မှာ သဝေထိုး မနိန်ကတ်ပါကေ့။

Read More...

Friday 29 May 2009

အ၀ီးက ရက္ခ


အ၀ီးက ရက္ခ
........................
ပန်းခိုင်၊သဇင်
့မြိုင်မြိုင်၊ရခိုင်ဘုရား
အားရ ဘရ၊မဖူးရ စွာ
ကြာယာထော ............။

သစ်လွင်၊တက်ကြွ
ဆန်းသစ်၊ သန်.ပြန်.ရေ
ပင်လယ်လီ မသျှုရစွာ
ကြာယာထော ................။

ရိုးရှင်း၊ ပွင့်လင့်
လလီး ၊ပပစ်
ထူးကဲ၊အရသာ
ရိုးရာ၊ အစာတိ
မစားရစွာ
ကြာယာထော ................။

မြင့်မား၊ ခိုင်ခန်.
ဆန်းကြယ်၊သစ္စာ
ဝိုင်းရံ၊တံတိုင်း
ရိုးမ အရိပ်ကို
ခိုလူံခွင့်မရစွာ
ကြာယာထော .............။

စုဗျာ၊ ပေါင်းစု
လေးသွယ်၊ မြစ်ကြီး
ပြည်အလှ၊တံဆာ
လက်ပြ၊ နှူတ်ဆက်ခစွာ
ကြာယာထော .................။

တန်းပြတ်၊ဖြူဆွက်
သဲတန်းပေါ်မှာ၊ သံစဉ်သတ်
လိုင်းဘောင်ဘင်ခတ်သံတိ
မကြားရစွာ
ကြာယာထော ...................။

သစ္စာ ၊ကတိ
ပြည့်ဝ၊အားမာန်
ရို.ပြည်၊ကောင်းကျိုး
ံကြကြိမ်းရွာရေ၊မှတ်သုန်မိုး နန်.
တွိခွင့်မရစွာ
ကြာယာထော .................။

ပွင့်ပန်း၊အငယ်သျှေ
ပြည့်ဝ၊ ကြက်သရေ
ပွင့်ဖတ်၊စိုရွဲ
အ၀ါရောင်၊ ခ၀ဲပွင့်သျှေတိနန်.
စကားမပြောဖြစ်စွာ
ကြာယာထော ....................။

ကင်းမူ၊ ဟန်ဆောင်
ကြင်နာ၊ ပြည့်ပြူံး
မင်းမျက်လုံး
တ၀ မကြည့်ဖြစ်စွာ
ကြာယာထော .................။

တွိဆုံ၊ကွေကွင်း
စောဗုဒ္ဒ၊ ရှင်း
ယေဘင်ကေလေ့
မဟုတ်တေ၊ အရိယာ
ပုထုစဉ်ငါ

လွမ်းယင်း၊ငိုယင်း
ငိုယင်း၊လွမ်းယင်း .............။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၅၊၂၀၀၉(၂၃:၂၁)

Read More...

သွီးထပ် မှာတမ်း


သွီးထပ် မှာတမ်း

သံ တိုတ္တာထဲက
ပန်းလိပ်ပြာဝိညာဉ်တစ်ကောင်
သမရိုးကျ မဟုတ်
ရစွာနိန်ရာက စထားရေ
ဇာတ်လမ်းတစ်ပုဒ် ...။

အရည်မရ ၊ အဖတ်မရ
အိပ်ရာဝင် စိတ်ကူးယဉ်
အိမ်မက်တိအောက်
သမိုင်း မ၀င်နိုင်ရေ
ဘ၀ပိုင်သျှင်တစ်ယောက် ...။

လှိုင်းလီ ကြီးရေ
ပင်လယ်ပြင်ကြီးကို
ဖောင်လုပ်ထားရေ
ဝါးဆယ်လုံးနန်.
စိမ်ခေါ်ဝံ့ရေ
အညတြအရက်သမား ...။

ဖမ်းဆုပ်လို့မရရေ
အနာဂတ်တိကို
တစ်ထစ်ချင်းမတက်ဘဲ
ကျော်တက်ဖို့စိတ်ကူးကေ
ခါးရိုးကျိုးစွာ အတန်ကျသိမ့်ယင့် ...။

အတိတ်နန့်အနာဂတ်ကို
လက်ခုပ်သီးခတ်
လတ္တံ့တိကို ခနှုန့်သတ်ပနာ
လက်ဟိအချိန်ကို
ပေတံ နန့်တိုင်း
ယုံကြည် ချက်ကို
ဇမ်းပွတ် ကိုင်ကေ
ကကောင်းမ၀ီး ဒေ ...။

..................
အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၅၊၂၀၀၉(၀၁:၀၀)

Read More...

Tuesday 26 May 2009

အယင်ကျီ ပါဖိ

အယင်ကျီ ပါဖိ
........................

တဖြိန်းဖြိန်း တက်ပါလတ်တေ
အနာ ဒဏ်ရာ ဟောင်းတိ
တွေးကြည့်လီတိုင်း
ရင်ပွင့်အောင်
ခါးသီးရေ .......................။

ကဝေအတက်နန်.
အောက်တန်းစား
လှည်းဖျားမူတိအောက်
ရိုးအရေ ငရို.တိ
ဆားမရ၊ ရီမရ ခံဖိ ..............။

စိတ်နာတက်အောင်
သင်တန်း ပို.ချမူတိ
လိုအပ်နိန်ရေ "ငါ" ဆိုရေ
လူတိက လေး
အယင်က ဒဏ်ရာဟောင်းတိကို
မီးနန်. ထိုးနိန်ကတ်သိမ့်ယင့် .........။

ပင်လယ်ပြင် ညဥ့်မှောင်အောက်
ကြောက်ကောင်း ထမန်း
လှည့်စားမူတိအောက်က
လူနာ နန်. ဆီးသမ
မလောက်င ရေ ငရို.ဘ၀ ...........။

ကျရှုံးသူ ရို.ဘ၀မှာ
ဆားငန် ရီ နန်.
ရီတိုက် စွာကို ခံခါ ခံ
ပျားရည်နန်. ၀ါးချစွာကို
ခံခါ ခံနန်.
ကြာလာကေ ဗျ ကျန်ယာ ..............။

တောရှင်းဖို. လာရေပိုင် ပုံစံနန်.
စေတီ ဌာပနာ ဖောက်ယူလားရေ
ဒေ လူဆိုး၊ သူခိုး တိ
ဖောက်ပြန်မူတိ အောက်က
ငရို. ၀ဠ်ကြွီးတိ
ဇာခါ ကျီဖို.လေ့ ချင့် ....................။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၆၊၀၅၊၀၉( ၃၂:၃၆)

Read More...

ရခိုင်စာသည် ငရို.စာ။ ကိုယ့်စာကို ကိုယ်သတ္တိဟိဟိ ရွီးပါ။

Read More...

Wednesday 13 May 2009

လကဆုန်

လကဆုန်
......................

ကဆုန်လ ရောက်
တမူဆန်းတောက်
ငရို.ရွာက အပျို၊လူပျို.ရို.
ရို.ရာစဉ်လာမပျက်ရအောင်
ညောင်ရီလောင်းဖို.
လားကတ်တေ ................။

လောင်းလို.အပြန်
ကဆုန်မိုးကြီး ကြကြိမ်းရွာလို.
ဝရုန်သုန်းကား ပြီးကတ်ကေ
တောလမ်းထက်က
ကျွဲ တစ်ရွီ ရို.
လိပ်ပြာစိုင်လို. ထွက်ပြီးရေ .............။

အကျီဗလာ ဘောင်းဘီတိုနန်.
ငရို.ရွာက ပုချေရို.လေ့
လယ်ကွင်းပြင် ရီဖဖွေးမှာ
ဘောလုံးကျောက်လို.
ပျော်ကတ်တေ ..................။

မေကြီးဖြူ ပျိုတကျိပ်လေ့
မဲနက် နိန်ရေ ဆံပင်ထက်မာ
ခြံထွက် အုန်းဆီ သုတ်ကာလိမ်းလို.
သနားခါး ပကွက်ကျားနန်.
တောင်စိုင် တောကို
ဟင်းခူးဖို. ထွက်ကတ်တေ ............။

ဟင်းရွက်စုံ တောင်းအပြည့်နန်.
အိမ်ကို ရောက်ကေ
မေမေ မျက်နှာ ရရွန်းပလို.
အပြုံးတိနန်.ကြိုနိန်ရေ

တောင်စိုင်တော က ဟင်းရွက်စုံကို
မေကြီးဖြူမာ ငရုတ်ကြိတ်
ချဉ်ပပေါက်နန်.
မြီအိုးထဲမာ ထည့်ချက်ကေ
မောင်ချေ မချေ ဘာဘာရို.က
နံကားပါအောင် တီးကတ်ကေ ............။

ဆက်ပြီးကေကြိုးစားလျက်

အေးမောင်(ရင်အုံတော်ဓာတ်)
၁၃၊၀၅၊၀၉(၁၄း၄၂)

Read More...

Tuesday 12 May 2009

ဒုက္ခ၏ အလင်းရောင်တစ်စ

ဒုက္ခ၏ အလင်းရောင်တစ်စ
...............................
ဝါးထရံကြားက
ထိုးဖောက် ၀င်ရောက်လာရေ
မိုးကြိုးပစ်သံတိ

အသိညာဏ်နှသိမ့်လို.
ကမ္ဘာပြိုလားလို.
လပြာထွက်ပါအောင်
ကျွီးလို. ငိုရေ
အဘုချေ တစ်ယောက်ကို

နောက်ထပ်ဝင်ရောက်လာရေ
မထင်မှတ်တေ
လျှပ်ပြတ် ရောက်ခြည်တိ
နှုမ်သိမ့်ပီးဖို. မထင် ....................။

တောင်ပြိုပါအောင်
ထပ်လို. ရွာချလိုက်တေ
အငြိုးကြီးရေ မိုး
ကံဇာတာ ညံ့လာနိန်ရေ
ဝါးထရံ အိမ်အောက်က
အဘုချေစွာ အားကိုးစရာ
ရှာစွာ အဘာဝ လို.ထင်ရေ ...........။

ဒေပိုင် ဒုက္ခတိကို
အုပ်တိုက် နန်. နီရေ
လရဒတ် တိက
လျှပ်စစ်မီး တပြောင်ပြောင်နန်.
တီဗွီကြည့်လို.
ဇိမ်နန်. အန်တု
နိုင်ကေလေ့

လူသားဆန်ရေ အသိနန်.
လင်မယားရန်ဖြစ်နိန်ဖို.အစား
ထိုဘက်ခြမ်းက
အဘုသျှေ တစ်ယောက်
ဘဇောင်ဟိ ဖို.လေ့ ဂု လို.
မှန်ပြတင်း ဖွင့်လို.
တစ်ချက် မကြည့်သင့်လား ....................။

အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Friday 8 May 2009

ထ ဖိ

ထ ဖိ
.................

သချိုင်း အုတ်ဂူထက်မှာ
ညဥ့်မသခေါင်
ငှတ်တုတ် ထိုင်နိန်ရေလူကို
သဆီလို. ပြောမိစွာ
ငါ မှားနိန်လာ ...........................။

အလောင်းကောင်ကို
သနပ်ခါး နှီးနိန်ကတ်တေ
ဒေ လူ.အသိုင်းအ၀ိုင်းကို
စွန်.ခွာကတ်လို. ဆုံးဖြတ်ခိုင်းစွာ
ငါ မှားနိန်လာ ..............................။

ချစ်တေ ချစ်တေ လတ်
သကာ အဖိုးသျှင်ခေါ်လောက်အောင်
ပြောပြီးကေ
မသိမသာနန်. ဆီလီ
ဖြောက်ပြန်တတ်တေ
ယင်းသူရို.တိကို
ချောင်ဖို. ပြောပြစွာ
ငါမှားနိန်လာ .......................။

ရှိမှာကျကေ ဟိသမျှ သွားခြဲလို.
ရယ်ပြတတ်တေ
နောက်မှာ ကျကေ
ဓားနန်. နောက်ကုန်းကို
ထိုးဖို. ချောင်းနိန်စွာ
လူမျိုးကြီးဝါဒစွဲ
ဖောက်ပြန် ပြောင်းလဲနိန်ရေ
ဒေ သူရို.တိကို အားမကျဖို.
အဖတ်မလုပ်ဖို. ပြောပြမိစွာ
ငါ မှားနိန်လာ .....................။

မျိုးချစ်တေ ဆိုရေ လူတိ
အရိပ်မကျကေလေ့
ရိုးမ တောင်တန်း တိ
မြစ်ကြီးလေးသွယ်ရို. နန်.
ကျောက်စိုင်၊ ကျောက်သား ရို.
ဒဏ်ရာတိ အဂုထိ မပျောက်သိမ့်ဆိုစွာကို
သတိချပ်တချက်

ငါ့ကို အဝေး .....မင်း မှားနိန်ရေ လို.
စွပ်စွဲ ကတ်တေ လူတိ
မယုံကေ ငရို.အသျှင်
မဟာ မြတ်မုနိ ကို
လား လို. မိန်.ကြည့် ကတ် .................။

အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Wednesday 6 May 2009

ဂျတ်လူမျိုးများ

ဂျတ်လူမျိုးများ
------------------
သာဦးဖြူတယောက် မိုးထစောစော ရွာကသျှင်ပြူပွဲမှာ လုပ်အားဒါနပြူဖို့အတွက် အိပ်ရာစောစောဝင်လိုက်သည်။ အိပ်ရာမ၀င်ခင် ညဇာသား (၄) ချက်တီးလောက်က သူငယ်ချင်းတိနှင့် ရွာကသျှင်ပြူပွဲအကြောင်း ပြောဖြစ်ခသိမ့်သည်။ သူငယ်ချင်းမတိက သာဦးဖြူကို မိုးထစောစော (၄) ချက်တီးမှာ လာနှိုးမည်ဟုပြောသည်။ စောစောထရဖို့။ ချက်ရဖို့၊ ပြုတ်ရဖို့။ ယင်းအတွက် သာဦးဖြူတယောက် စောစောအိပ်ရာဝင်လားခြင်းဖြစ်သည်။

မိုးထစောစော အိမ်ရှိခြံဝက သူငယ်ချင်းများခေါ်သံကြားမှ သာဦးဖြူတယောက် အိပ်ရာက လန့်နိုးလာသည်။ ယော် (၄) ချက်တောင်တီးယာမလားဂု။ မျက်နှာပရုန်းနရုန်းသစ်၍ အိမ်အောက်သို့ ဆင်းလတ်သည်။ သူငယ်ချင်းတကျိပ် အပြုံးကိုယ်စီနှင့် သာဦးဖြူကို စောင့်ကြိုလျှက်ဟိသည်။ “ဟေး နင်ကကောင်း အအိပ်ပုတ်စွာမလား ဒေကုလိမ္မေ” ဟုလည်းပြောသည်။

ယင်းပိုင်နှင့် ကောင်းမကြာလိုက် သာဦးဖြူ အလှူလုပ်ရာ ရွာမဏ္ဍပ်သို့ရောက်သည်။ ရွာကလူတိ တရောင်းရောင်းနှင့် ကကောင်းအလုပ်ချုတ်နီကတ်စွာ တွိရသည်။ ကြက်သွန်ဖျင်ရေလူက ဖျင်၊ အားလူးသင်ရေလူက သင်၊ ဒိုင်ထိုးရေလူက ထိုး၊ ၀တ်သားချက်တေလူက ချက်။ သားဦးဖြုလည်း ကိုယ်တနိုင် သူငယ်ချင်းတိနှင့် လုပ်အားဒါနပြူပါသည်။

အလှူပွဲတွင် သူမကို တဖက်သတ်ကြိုက်နီသော အောင်သိန်းကျော်ဆိုရေ အသားမဲမဲ ထောင်ထောင်မောင်းမောင်း လူပျိုကြီးကလည်း ရစ်သိရစ်ကာလုပ်နီသည်။ သျှင်ပြူပွဲ ကောင်းကောင်းစည်သည်။ လူပေါင်းထောင်ချီ၍ လာသည်။ ဘုန်းကြီးတရားဟောသံ၊ သူငယ်ချင်းများက သာဦးဖြူကို နတ်ကတ်သွမ်းကတ်သံ၊ လူများရယ်သံ၊ ပြောသံဆိုသံ၊ လော်စပီကာက ရခိုင်တေးခြင်းသံများဖြင့် တပွဲလုံးရောင်းရောင်းသတ် ဆူဆူညံနီသည်။ ထိုအသံများကို သာဦးဖြူတယောက် နားဖြင့်အတိုင်းသားကြားနီရသည်။

အလှူပွဲပြီးလို့ နိခြင်း (၃) ချက်တီးလောက်တွင် ကောင်းကောင်းညောင်းပါလတ်သဖြင့် သာဦးဖြူပင်ပန်းပြီးအိပ်ချင်လာသည်။ သူ့သူငယ်ချင်းမများကို အိမ်ပြန်လို့ တရီးတမောအိပ်ချင်ကြောင်းပြောသည်။ သူ့သူငယ်ချင်းမများကလည်း "အေး ယင်းပိုင်ဆိုကေ ပြန်လီ၊ ညဇာသားပွဲသိမ်းဖို့ ငရို့လာခေါ်မည်" ဟုမှာလိုက်သည်။ သာဦးဖြူ အိမ်သို့ရောက်၍ အိပ်ရာတွင်ခေါင်းချသည်နှင့် ချက်ချင်းအိပ်ပျော်လားသည်။

အကယ်အမှန် သူမ၏သူငယ်ချင်းများက မိုးထသား (၄) ချက်တီး သျှင်ပြူပွဲကူဖို့ သာဦးဖြူအားလာနှိုးသောအခါ သာဦးဖြူမှာ ပျောက်ခြင်းမလှပျောက်နီသည်။ ရွာလူကြီးနှင့် ရွာသူရွာသားများ ပျောက်ဆုံးနီသော သာဦးဖြူကိုရှာဖို့ အပူတပြင်းစီစဉ်ကတ်ရသည်။ သူမတွင် ရည်စားလည်းမဟိသဖြင့် ခိုးရွာလိုက်စွာလည်း မဖြစ်နိုင်။ ခိုးရွာလိုက်လျှင် ရွာဓလေ့အရ ကြက်ပေါင်တိုက်သံကြားရဖို့။ ယင်းပိုင်လည်း တယောက်မကြား။ မဆမသာဦးဖြူအမိကလည်း တယောက်တည်းသမီးအလိမ္မာအတွက် မျက်ရည်နှင့်မျက်ခွက်ဖြစ်လျှက်ဟိသည်။ သမီးသာဦးဖြူဇာသို့ ပျောက်လားခရေလဲ စဉ်းစားမရဖြစ်နီသည်။ ရွာသားများက သူမလားတက် ရောက်တက်သောနီရာတိုင်းသို့ လိုက်ရှာသော်လည်း လုံးဝမတွိ။ သို့အတွက် ရွာသားများ လူစုလေးစုခွဲလိုက်သည်။ အနောက်ဖက်ကို တစု။ အရှိဖက်ကို တစု။ မြောက်ဖက်ကို တစု၊ တောင်ဖက်ကို တစု။ ယင်းပိုင် အရပ်လေးမျက်နှာသို့ လေးစုခွဲလျှက် လိုက်ရှာသည်။

မြောက်ဖက်ကအဖွဲ့သည် သာဦးဖြူကို ရွာမြောက်ဖက်အဆုံး ကျွဲကူးမြစ်ကမ်းနဖူး ပြာပင်ဂွတွင် ဆောင့်ကြင်ထိုင်လျှက်တွိသည်။ သာဦးဖြူမှာ မျက်စိနှစ်လုံးကြောင်တောင်ဖွင့်လျှက် ဖွတ်ကြင့်ကြင့်နီသည်။ အတွိအကြုံဟိသောလူကြီးများက အဖွဲ့သားများအား အသံတစုံတရာမပြူရန် သတိပီးလိုက်သည်။ ယင်းနောက် အားကောင်းမောင်းသန်အောင်သိန်းကျော်ကို ပြာပင်ထက်သို့ တိုးတိုးတိတ်တိတ်တက်စီပြီး သာဦးဖြူအား နောက်မှဆုပ်ကိုင်လှန့်နှိုးရန် မှာလိုက်သည်။

အောင်သိန်းကျော်လည်း မှာလိုက်သည့်အတိုင်း သာဦးဖြူကို နောက်မှဆုပ်ကိုင်လှန့်နိုးလိုက်ရာ သူမသည် အလန့်တကြားအော်၍ ငိုသည်။ သိန်းကျော်အောင်မှ နောက်ကအားနှင့်ဖက်ထား၍ သာဦးဖြူမှာ ပြာပင်ထက်က ခုန်ဆင်းမဖြစ်လိုက်။ သာဦးဖြူ ပဇာကြောင်းကြောင့် ပြာပင်ထက်တွင် ဖွတ်ကြင့်ကြင့်နီပါသနည်း။

အကျွန်ရို့ ရခိုင်ကျွန်းရွာများတွင် ဂျတ်လူမျိုးများကိုယုံကြည်သော အယူအဆ အခုထက်တိုင်ဟိပါသည်။ ဂျတ်လူမျိုးများသည် အိမ်၊ လူ၊ တော၊ ပွဲလမ်းသဘင်စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ဖန်ဆင်းနိုင်စွမ်းဟိကြောင်းယုံကြည်သည်။ သာဦးဖြူသည် ယင်းနိ မိုးထသား (၄) ချက်မတီးခင်ကပင် ဂျတ်လူမျိုးများလာရောက်ခေါ်ဆောင်ခြင်းခံရသည်။ ပြာပင်ထက်တွင်ထိုင်နီစဉ် သူမ၏စိတ်အာရုံထဲ၌ သူမသည် အိပ်ရာ၌ပင် အိပ်လျှက်ဟိကြောင်း အာရုံရောက်နီသည်။ အလှူ၌ သူမတွိကြုံခရသော အဖြစ်အပျက်အားလုံးသည် အကယ်အမှန်အဖြစ်အပျက်မဟုတ်။ ဂျတ်လူများက ဖန်ဆင်းထားသော အဖြစ်အပျက်များသာလျှင်ဖြစ်သည်။

မှတ်ချက် ။ ။ အေဇာတ်လမ်းသည် ရခိုင်ကျွန်းရွာတရွာတွင် အဂယင့်ဖြစ်ပျက်ခသော ဇာတ်လမ်းတပုဒ်ဖြစ်ပါသည်။ ဇာတ်ကောင်နာမည်များကို ပြောင်းလဲထားပါသည်။ ဖြစ်ရပ်မှန်။

အေးမောင် (ရင်အုံတော်ဓာတ်)

Read More...

Sunday 3 May 2009

အို.............. အဖ ။


အို.............. အဖ ။
..........................................

အို ........အဖ
ကျောက်သား၊ကျောက်စိုင်တိက
စီးဆင်းလာရေ
အကျွန်ရို. သွီးတိ
မခြောက်လား သိမ့်ပါ ....................။

အို ..........အဖ
မာန်ဟုန်ပြင်းစွာနန်.
ရက်စက် တိုက်ခိုက်ခရေ
လိုင်းတိ၊လီတိ
အဂုထိ မငြိမ်သက်ကတ် သိမ့်ပါ ...........။

အို ..........အဖ
နှစ်ပေါင်း ထောင်ကျော်ကပင်
ကဝေ အတက်နန်.
ကျိန်စာတိုက်ထားရေ
မိစ္ဆာညာဏ်ရှင်တိ လက်က
အဂုထိ ရုန်းမထွက်နိုင်သိမ့်ပါ ...............။

အို .........အဖ
ငရို.အသျှင် မုနိမြတ်လည်း
အသွင်မတူရေ
မျိုးခြား ပြည်ခြားမာ
မှိုင်တိုင်တိုင် နန်.
အဂုထိ မပြုံးနိုင်သိမ့်ပါ ......................။

အို ..........အဖ
အဖ လက်ကျန်တိလေ့
ထိုပြုခံရ ဒေပြုခံရ
ထိုတစ်စု ဒေတစ်စု နန်.
အနာဂတ်မှာ ရင်သန်ထမြောက် ဖို.
ရောင်ခြည် ရှာမတွိသိမ့်ပါ ...............။

အို ...........အဖ
ရီငတ်နိန်ရေ
သားချေ၊ သမီးချေတိကို
ဒေတိုင်း ပစ်မထားပါကေ့
ဒေပိုင်ခါးသီးရေ
ညဥ့်အမှောင်ထဲက
လွတ်မြောက်ပနာ
အဖ နန်.ဆုံတွိဖို.
အကျွန်ရို.တိ နှလုံးသွီးတိကို
ပူဇော်ခွင့် ပီးပါ အဖ ...................................။

အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Friday 1 May 2009

ခေါင်းစဉ်မဟိ ကဗျာ

ခေါင်းစဉ်မဟိ ကဗျာ
...................................

အိပ်ရာထက်မှာ ဘဘောင်းလဲလို.
ကောင်ကရ မြင်းကျား တွေးနိန်ရေငါ

လီဟာမူ မဟိရေ
ခေါင်းအုံး နှုစ်လုံးက
ငါ့ကို လာ ယောင်းလို. .................။

နွေဦးရာသီ မှာတောင်
ငါ့ ဟီတာ(heater) နန်.
အအီးဓာတ်က ၊ ငါ့အခန်းမှာ
ကျင်ကိုင်ကတ်စွာ
သူတပြန် ငါတပြန် ................။

ဟုတ်သိမ့်ယင့်
ငါ့မွဲ.ယာနန်. ဒူးပတ်(duvet) က
စစ်ကူပီးလို. ............။

စာအုပ်စင်က စာအုပ်တိက လည်း
ငါ့ကို တဗျင်း စိတ်ကုန် နိန် ကတ်တေ။

အထီးကျန်နိန်ရေ
ငါ့ အခန်း ထောင့်က
ငါ့ ဂီတာ ကလည်း ငါ့ကို
လက်သီး ဆုပ်ပြနိန်ရေ ...............။

ဒေါသ တကြီးနန်.
တဟုန်းဟုန်း
တစူးထိုး လီပြင်းတိကလည်း
ငါ့ အခန်းပြတင်းပေါက်ကို
ဇကုန် သတ်နိန်ကတ်တေ ...................။

အော်.........။
အမြဲ အပြုံးတိနန်.
စိမ်စိုလမ်းဆန်းနိန်ရေ
ငါ့ အခန်းထဲက
ပန်းပင်ချေတိကြောင့်
ဖြေသာသိမ့်ယင့် ..........................။

ဘဇောင်ပိုင် ဖြစ်ဖြစ်
အထီးကျန် ခြောက်သွိ.ရေ
ငါ့ခံစားချက်တိ
ကဗျာချေ တပုဒ်ဖြစ် အသက်သွင်းဖို.
အသက်မဲ့နိန်ရေ
ကွန်ပျူတာ စက်ခလုတ် တိဘက်ကို
ငါ လက်ချောင်းချေတိ
ဆဆီတစ်ကောင်ပိုင်
တောလို. တောလို. ပါလတ်တေ .................။

အေးမောင်(ရင်အုံတော်ဓာတ်)

Read More...