ဆင်ဒမော်( ဆင်တက်မော်) တောင် သိုက်
.......................................................
သိုက်ဆရာ ငလုံးတောင်တစ်ယောက် ဒယော ကားရားကားရားနှင့် တစ်ရွာဝင် တစ်ရွာထွက်နှင့် လူငယ်စုဆောင်းရီးလုပ်နိန်သည်။ သူသည် စိတ်ထားကြံ့ခိုင် ထထောင်မမောင်းလူငယ် အယောက် (၂၀) လိုအပ်လျက်ဟိသည်။အကြောင့်မူကား ထို
လူငယ်ချေတိကို သူ. သိုက်စာအုပ်ညွှန်ကြားချက် ဆင်ဒမော် တောင် သိုက်လိုက်ရာတွင် အသုံးပြုရန်ဖြစ်သည်။ ဆင်ဒမော် တောင်သည် ပိန္နဲချောင်း ရွာနှင့် ချင်ရွာ ကြားတွင်ဟိသည်။ ထိုတောင်သည် ရဖီးချပ်တောက် အနီး ကျွဲကူးမြစ်အစ မှနိန်၍ ပိန္နဲချောင်း
ကျွန်းကို ကန်.လန်.ဖြတ်လျက် မြင့်ဂါရွာသစ် အနီး တွင်အဆုံးသတ်သည်။ ထိုတောင်စွယ်၊တောင်းတန်းများသည် ပိန္နဲချောင်းကျွန်သားများ၏ သက်မွီးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်သော တောင်ယာလုပ်ငန်းအတွက် အသက်သွီးကြောများဖြစ်သည်။
ထိုတောင်တန်းများထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်များဖြစ်တော်မူသော လျှာသျှေဓာတ်၊ မာလာဓာတ် စသဖြင့် ကိန်းဝပ်စံပယ်လျက်ဟိကတ်သည်။ သိုက်ဆရာ ငလုံးတောင်သည် ကျွန်တစ်ကျွန်းလုံး ကုန်အောင်ရှာမှ ထိုလူငယ်(၂၀)ကို စုဆောင်း
မိလေသည်။ ပဇာကြောင့်ဆိုသော် သိုက်လိုက်ခြင်းအလုပ်သည် ကံကောင်းလျှင် လရဒတ် ဖြစ်နိုင်ရေပိုင် ကံမကောင်းလျှင် အသက်အန္တရာယ်ကြုံရနိုင်သည်ကို ထိုကျွန်းက လူငယ်တိ နားလည်ထားကတ်သည်။ ထိုလူငယ်(၂၀)ကို သိုက်ဆရာသည် သူ.ရို.တာဝန်
ယူရဖို.အပိုင်းကို စိန်ပြေနပြေ သျှင်းပြနိန်သည်။ "မင်းရို.တိ အသေအချာမှတ်ထားကတ်၊ မင်းရို. တောင်ထက်ကိုရောက်စွာနန်. အေးရမ ကျောက်ရဲတိုက်ကြီးတစ်ခုတွိလိမ့်မေ၊ ယင်းတိုက်အိမ်ကြီးမှာ ပြတင်းပေါက် အပေါက်(၂၀)ဟိရေ။ ပြတင်းပေါက်တစ်ပေါက်
မှာ တစ်ယောက်ကျစီတာဝန်ယူရဖို.။ ယင်းပိုင်တာဝန်ယူနိန်ရေခါ ... မင်းရို.ဘက်ကို နတ်သမီးချေတိပိုင် တဗျင်းလှရေ မမချေ တိ လာမြူဆွေကတ်လိမ့်မေ၊ မင်းရို.လုံးဝ စကားပြန်မပြောကေ့၊ သူရို.ဘားက လက်ဆောင်တိကိုလေ့ မယူဂေ့" ။ ၊ယင်းပိုင် အသေ
အချာမှာလေသည်။
လူငယ်ချေတိကလည်း ကတိ တိပီးပြီးနောက် သူရို.ခြီလှမ်းတိကို ဆင်ဒမော် တောင်သို. စတင်ရွိလိုက်ကတ်သည်။ မညုင်းကိုင်းချောင်းကို ဖြတ်၍ စိမ်းစိုသော စပါးခြင်းတိကို ၁ နာရီးခန်. ဖြစ်သျှောက်ပြီးနောက် ဆင်ဒမော်တောင်သို.ရောက်
ဟိလီသည်။ သိုက်ဆရာငလုံးတောင်သည် မြေပုံတစ်ခေါက်ကြည့်လိုက် ကွမ်းတစ်ရာ စားလိုက်နှင့် ထိုသိုက်ဟိရာသို. လူငယ်တိကို ဦးဆောင်ခေါ်လာသည်။ တောင်ထက်သို.အရောက် နောက် မိနစ်(၂၀)ခန်.ကြာလားပြီးနောက် ထိုရဲတိုက်ကြီးကို တွိရလေသည်။
သိုက်ဆရာက တန်းခါးမကြီးနားအရောက် နာမည်မသိသော ဂါထာတစ်ပုဒ်ရွက်လိုက်ပြီးနောက် တန်းခါးမကြီး အလိုအလျှောက်ပွင့်ကျလာလေသည်။ သိုက်ဆရာ ငလုံးတောင်သည် လူငယ်ချေတိကို ပြတင်းပေါက်(၂၀)တွင် တစ်ယောက်စီတာဝန်ချထားလိုက်ပြီး မိမိကမူ အဆောက်အအုံကြီး အနောက်ဘက်ကို ဦးတည်သျှောက်လားလီသည်။ ကကောင်းမကြာလိုက် အလွန်တစ်ရာမှ ထူးဆန်း၊မွီးကြိုင်လှသော မမ ကိုယ်သင်းအနံ.တစ်ခု နှင့်အတူ နတ်သမီးသမျှလှပသော အပျိုမချေတစ်ကျိပ် အပြုံးပန်းကိုယ်စီနှင့် လူငယ်ချေတိဘက်ကို ချဉ်းကပ်လာသည်။ သိုက်ဆရာငလုံးတောင်၏် "အဝေး သတိထားကတ်၊ငါ ရွှေတိ၊ငွေတိကို အထုပ်နန်.ထုတ်နိန်ယာ၊တစ်ချက်ချေ" ဟုသောအသံသည် လူငယ်ချေတိကို သတိဝင်စီလိုက်ပြီး လူငယ်ချေတိကလည်းစိတ်ချ ဟုပြန်ပြောလိုက်သည်။ ထို မမချေတိ ပြောဆိုသောအသံများသည် နတ်စောင်းတီးသံပိုင် နားဝင်ချိုလှပြီး ဧည့်ခံသော အစာအဟာရရို.သည် မြင်လိုက်သည်နှင့် လျှာရည်ပပေါက်ကျစီသည်။ ယကေလေ့ လူငယ်ချေများသည် သမာဓိကို အာရုံပြုလျက် စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ထိုမမ ချေတိ မာယာ ကျော့ကွင်းက လွတ်ကင်းလျက်ဟိသည်။ ၁၉ ယောက်မြောက်သော လူငယ်ချေတိထံမှ တုန်.ပြန်မူတစ်စုံတစ်ရာ မရဟိသောကြောင့် ထိုအလှမယ်ရို.တိ နောက်ဆုံးတစ်ယောက်ဘက်ကို ဦးတည်သျှောက်လာလီသည်။
" မောင်ကြီးနီကောင်းပါယင့်လား၊ ဒေမှာ အကျွန်ညီမချေ အငယ်ဆုံးကို တစ်ခေါက်လောက်ကြည့်ပါ" စသည်ဖြင့် မိတ်ဆက်ချဉ်းကပ်လာလေသည်။ ထို မမချေတိထဲတွင် အလှဆုံးဖြစ်သော ထိုမမချေနှင့်လူငယ်သည် မျက်စိတစ်ချက်အဆုံခံရပြီးနောက် တင်းထားသော သမာဓိတိ အရည်ပျော်လားလီသည်။ ထိုမမချေက ထိုလူငယ်ချေ အပါးသို.တိုးကတ်လာပြီး စကားစမြည်ပြောလေသည်။"မောင်ကြီး ၊ မဟုတ်စွာတိကို လုပ်မနိန်ပါဂေ့။ မောင်ကြီးပိုင် စိတ်ကောင်းနှလုံးကောင်ဟိရေ လူတစ်ယောက်က ဒေပိုင်စွာတိကို မလုပ်သင့်ပါ။ ညီမချေ မောင်ကြီးကို မြင်မြင်ချင်းစွဲလမ်းမိလို. ဒေပိုင်ပြောစွာပါ။ မောင်ကြီးရာသဘောတူရေဆိုကေ နှမချေနန်.မောင်ကြီးတသက်လုံး အတူနိန်နိုင်ပါရေ" စသဖြင့် သွီးဆောင်ဖျားယောင်းလီသည်။ ထိုလူငယ်လေ့ စိတ်ညွတ်ပါလတ်လျက်"နှမချေပိုင် အလှမျိုးမောင်ကြီးဘ၀မှာ တစ်ခါလေ့ မမြင်ဖူးပါ" ယင်းပိုင်ပြန်ပြောမိလီသည်။ ယင်းနောက်ထို မမချေက" မောင်ကြီး အကျွန်. ကိုပိုင်ဆိုင်သျှင်ကေ၊အကျွန်.နန်. အတူနိန်ချင်ရေ ဆိုကေ ဒေပတီချေကို လိုင် မှာဆွဲလိုက်ပါ။ မောင်ကြီးပိုင်ဆိုင်ချင်စွာတိ အားလုံးပြည့်လားပါလိမ့်မေ" ဟုပြောလျက် ထိုပတီးကို လှမ်းပီးလေသည်။ထိုလူငယ်သည် သိုက်ဆရာ ငလုံးတောင်၏ မယူဂေ့ ဟုသော အသံကို အလှပလှ မကြားနိုင်ဘဲ ထိုမမချေ၏ အပြုံးတိကြား ဖယောင်းတိုင်ပိုင် အရည်ပျော်ကျလားလီသည်။ ထိုလူငယ်သည် ပတီးကို လိုင်ဘင်း၌ စွတ်လိုက်သည်နှင့် အလွန်ကြီးမားသော ရီလုံးကြီးများ ပြတင်းပေါက်တိက ၀င်ရောက်လာကတ်ပြီး တောင်တစ်ခုလုံး ရီပြင်ကြီးအဖြစ်သို.ပြောင်းလဲလားလီသည်။ သိုက်ဆရာနှင့် ထိုလူငယ် ရို.သည် ကမ်းမမြင်သော ထိုရီပြင်ကျယ်ကြီးတွင် မိနစ် ၂၀ မျှဇောနှင့်ကူးခတ်ပြီးနောက် ကကောင်းညောင်းလာတက်ပြီး သီဘေးနှင့်ရင်ဆိုင်နိန်ကတ်ရလီသည်။
ဆလီဖက်ရန်ရွာမှ ကုလားတစ်စုသည် ဆင်ဒမော် ရွာတွင် ဆန်ရောင်းရန် ထိုတောင်သို. ဖြတ်ကျော်လာကတ်လီသည်။ ထိုကုလားများသည် နခြင်းကြောင်တောင် တောင်ထက်၌ ရီကူးနိန်သော ထိုလူ ၂၁ ယောက်အား မြင်သော် ဆို.အောင်ရယ်ကတ်လျက်၊ ပါးစ မှလည်း "လူရို. ကြည့်ချက်..ဟဟဟဟ... ရခိုင်ဆားတိ တောင်ထက်မှာ နခြင်းတတောင်ရီကူးနိန်ကတ်တေ၊ ကကောင်းရှုး ရေကာ ဟေဆူရို." ဟုအော်ပြောလိုက်လီသည်။ ထိုအသံကြောင့် သိုက်ဆရာ နှင့် လူငယ်တိ သတိပြန်ဝင်လာလျက် ရီများလည် အလိုအလျောက် ပျောက်ကွယ်လားလီသည်။ သွီးရဲရဲ၊သံရဲရဲ နှင့် အသက်ဘေးမှ အင်ဒန်ချေရာ လွတ်လားခသော ထိုလူ(၂၁) ၏ စိတ်ခံစားမူ အတွိအကြုံကို ထိုကုလားတိ နားလည်နိုင်မည်မဟုတ်ပါ။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၈၊၀၆၊၀၉( ၂၀:၅၄)
Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)
ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)
Thursday, 18 June 2009
ဆင်ဒမော်( ဆင်တက်မော်) တောင် သိုက်
Posted by KingMarayu at 20:57
Labels: ရခိုင်သိုက်ဝတ္ထူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment