ဂီရိကျိန်စာ (၀တ္ထူတို)
“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….
အဘုချေတိကစပ်နိန်ကတ်တေ အသံ……. ၀ါကျွတ်လပြည့်ဖို့ယာဖြစ်လို့ နပြင်တိခြောက်၊ နီပူတောက်ဖို့ အားယူလာရေအချိန်၊ ရှစ်ခွင်ဝဠာတိုင်းမှာ မိုးတစ်ပြ နီတစ်ပြနန့်…….။ ဖြူမချေရို့ သူငယ်ချင်းတစ်စု ကကောင်း ကစပ်မက်တေ…….နိန့်စိုင်ရက်ပြတ်၊ ညတိုင်းမချူ ကစပ်ကတ်တေ……
အိမ်ခြီ ၁၅၀ ဟိရေ မြေပုံမြို့နယ်က ဒေ ဂူပေါက် ရွှာချေမှာ အသက်(၁၀)နှစ်အရွှယ် ဖြူမချေနန့် ရွှယ်တူမွီးလာစွာ ကလိန့်မေချေ ၂၀ လောက်ဟိရေ။ အပူအပင် ကင်းရေအရွှယ်..ဘောက်ကတတ်အရွှယ်..လူ့လောကကိုယောင်ဝီယောင်ဝါး မီးခွန်းတိ မီးတတ်ပြီးဂေ မဖြေတတ်တေ အရွှယ်…..ဒေကလိန့်မေချေတစ်စု ဒေရွှာမှာ မွီး၊ ဒေရွှာမှာကြီး၊ ဒေမှာ ကျောင်းတတ်။ (၄)တန်း အစိုးရမှုလတန်းကျောင်းမှာ အခြေပညာသင်နိန်ကတ်တေ…..မိဘတိ အလုပ်စိတ်မ၀င်စား၊ ယေဂေလေ့ ဘာဘာ ရို့ အမင်ရို့ လယ်ယာ၊ကိုင်းကျွန်းအလုပ်တိမှာ အကူအညီရကတ်တေချင့်……..။
“ ဟေ….ဖြူမချေ၊ နရို့တိ နောက်နစ်ဆိုဂေ နားတန်းရောက်ယာနန်း..အယယ်တန်းကျောင်းလားရဖို့၊ ပျော်အောင်းထမန်း” ………..
စကားချေမပီးတပီးနန့် ဖြူမချေကို သူ့ငယ်ချင်းမချေ ဒါချေခိုင် က ကစပ်နိန်ယင်း လှမ်းမီးရေ……..ကကောင်းသနားဖို့ကောင်းရေ အရိပ်တစ်ခု ဖြူမချေ မျက်နှာမှာ ဖြတ်သန်းလားရေ….ထိုတစ်ရက်၊နှစ်ရက်ကသိမ့် နွားကျောင်းနိန်ရေ ဘာဘာကို အမင်နန့် ထမင်းလားပို့ခီခါ ပေါက်ပင်အောက်မှာ မိသားစု စကားလက်ဆုံကျစွာကို ဖြူမချေ သတိရမိလားစွာ။ ………..
“ သမီးချေ…..ဘာဘရို့ကိုကြည့်စမ်” ဆိုပနာ ဘာဘာ စကားစလာစွာ….။ “ သမီးချေ သိရေအတိုင်းယာဝေ….ဘာဘာရို့က ပင်ပန်းဆင်းရဲကတ်တေမလား၊ ဒေ လယ်တစ်ချိုင်းချေနန့် စားဖို့၊ ၀တ်ဖို့ အနိုင်နိုင်ပါဝေ…..ယင်းအတွက်နန့် သမီးချေကို ဒေနှစ် ၄ တန်းအောင်ပြီးကေ ဘာဘာရို့ ကျောင်းမထားနိုင်ယာ…….မြို့မှာ ဈီးက ကြီးနန့် စရိတ်မတတ်နိုင်ပါဝေ……။ သမီးချေ အောက်က မောင်ချေ ၂ ယောက်လေ့ ကြည့်………၊” ……………
ဒါချေခိုင် စကားအပြီးမှာ ငါ ကျောင်းက အဂွင့်ထွက်ရဖို့ယာမလားဂုဆိုရေ အသိတစ်ခု ဖြူမချေ ရင်ဘက်ချေကို ပြီးဆင့်လာရေ…..ဒါချေခိုင်က ရွှာက လူကြီးသမီးဆိုခါ ပြေလေရေ……၄ တန်းအောင်ကေ မြေပုံမြို့မှာ ကျောင်ထားပီးဖို့ အဖသယ်ရေ အဆင်သင့်လုပ်ပြီးသား၊ ဖြုမချေ တစ်ခုလေ့ ပြန်မပြောနိုင်…..ယေဂေလေ့ အချေဘာသာ ယင်းစိတ်ခံစားချက်က ကကောင်းမကြာလိုက် ပျောက်ကွယ်လားရေ…………ကလိန့်မေချေရို့ ကစပ်လက်စပ် ကစပ်လို့ ………
“ ညောင်ပင်တဆီ ဇာကိုင်းမှာ နိန်…..ဇာသီးစား……..ဇာရီသောက်….နင့်မှာ သားသမီး ဇာနှစ်ယောက်ဟိလေ…….”
```````````````````````````````````````````````````````````````
အဂွင့်ဆိုကေ ဒါချေခိုင်ရို့ အဖသယ်ကို ရွှာကလူတိကောင်းကြည့်မရကတ်…..ဖြူမချေ အဖဆိုကေ ပိုဆိုးရေ ….တစ်ခါတစ်လီ ဖြူမချေ အဖ တင်းမဆပ်နိုင်ကေ မြန်မာစစ်သားတိ တကားကားနန့် ဒါချေခိုင်အဖ တစ်ယောက် ဖြူမချေ ရို့အိမ်ကို လာပနာ ရာဇသံပီးတတ်တေ…….. ကြည့်မရကေလေ့ ဒါချေခိုင်ရို့အိမ်သားတိကို ရွှာသားတိ အင့်ပနာ နမ်းနိန်ရရေအဖြစ်……မဟုတ်ကေ အနိုင်ကျင့်ခံရနိုင်ရေ…….
ဒေနှစ်တိမှာ ရာသီဥတုတိ ဖောက်ပြန်ကတ်တေ။ မိုးကျစွာ နောက်ကျရေ ….. လယ်မြီတိကလေ့ ကုန်းထက်ဖက်ကျကေ မြီသြဇာ မကောင်းကတ်……မြီဆီဝယ်ထည့်ရရေ ဘင်္ဂလာကလာရေ မြီဆီတိက ဈီးကြီးရေ ..ဖြူမချေရို့အဖဆိုကေ စပါးအထွက်ကောင်းဖို့အတွက် မြီသြဇာဝယ်ဖို့ ဒင်္ဂါးမဟိလို့ တင်းချီးရရေ….မဆပ်နိုင်ကေ တစ်ခါတစ်လီ ၀မ်းစာလောင်ထားရေ စပါးတိကိုပါ အစိုးရကို ချပီးရရေ ဘ၀မျိုး…….
ယင်းပိုင်နန့် ဒေရွှာက လူသားတိုင်းရေ ၀မ်းရီးကို လောကဒဏ်က ဖန်တီးရေ အတိုင်း ကြကြံ့ခံဗျာယ် ဘ၀ တစ်ခုအတွက် ရုန်းကန် အသက်ရှင်လာကတ်စွာ ရာစုနှစ်တိကုန်ဖို့ယာ……
``````````````````````````````````````````````````````````````
ဝါကျွတ်လပြည့်ဖို့ ပါးပါလတ်ယာ…..ရွှာက လူပျိုချေ အပျိုရို့ တစ်ပြုံးပြုံးနန့် …..ရွှာကို လှည့်ပနာ တောင်းတိနန့် ဆန်အလှူခံနိန်ကတ်တေ…..ဒိုင်းအိုးထိုးပနာ ဘုန်းကြီးကျောင်းမှာ လားလှူကတ်ဖို့လို့….လူပျိုချေ အပျိုရို့ နောက်မှာ ထုံးစိုင်အတိုင်း ဖြူမချေရို့ ဒါချေခိုင်ရို့အဖွဲ့ တန်းလိုက်ပါကတ်တေ……..ဒေချင့်ရွှာ အလှတစ်ခု…….ယေဒါလေ့ ဒေနှစ်လူတိ စိတ်မသာမယာ မျက်နှာချေတိနန့် ……… အလှူအတန်းပေါများခရေ ဒေရွှာတိက လူတိရေ တစစ ပြောင်းလဲလာစွာ သတိထားမိရေ….အယင်ခါပိုင် မဟုတ်.ယာ…..၀မ်းစာထမင်း တစ်နှစ်စာ အနိုင်နိုင် စုနိန်ရရေ ဘ၀မှာ ဆန်တစ်တောင်း အစား တစ်သစ် လှူနိုင်ကတ်ယာ…….။ ဘ၀ ရည်မှန်းချက် အာမခံချက်ဆိုစွာလေ့ ဝေလီဝေလင်း မမြင်ရ အလှပလ…….လောလောဆယ် အသက်ရှင်ဖို့အရေးကြီးရေ….
ဇာပိုင်ပင်ကြမ်းတမ်းလီဘတ်စီ ကိုယ့်ရိုးရာဗုဒ္ဒဘာသာ ကိုတော့ခါ အတတ်နိုင်ဆုံး ထိမ်းသိမ်းနိုင်ကတ်တေ…….မဟိကေ ဟိစွာအကြောင်းပြုလို့ လှူကတ် တန်းကတ်စွာယာ….အဂုလေ့ ကလာဝ က ဦးမောင်သိန်း တေးခြင်းအသံ တညံညံ နန့် ၀ါကျွတ်လပြည် အလှူပွဲကြီးကို ဆင်နွဲဖို့ အားယူနိန်ကတ်တေ……….မအားရေ ကြားတိကလာပနာ လူတိ ၀ိုင်းဝန်းပြင်ဆင်ကတ်တေ……ဆီးမီး တစ်ထာင် ရွှာမှာ ပတ်ထွန်းဖို့ ၀ါးတိကို ခွပ်ပနာ ဆီစာတိနန့် ပတ်စိုက်ကတ်တေ……တရပွဲတိမှာ ဆင်ဖို့ ကြက်ချာတိ ကိုက်ကတ်တေ….ဆန်ရွီးကတ်တေ………ယင်းပိုင်နန့် ၀ါကျွန်လပြည့်ကိုရောက်ဖို့ တစ်ရက်နှစ်ရက်လိုရာ……………
`````````````````````````````````````````````````````````````
မိုးလင်းလို့ အိပ်ရာက ထ မျက်နှာသစ်လို့ အာကာကို မော်ကြည့်လိုက်စွာနန့် ရှစ်ခွင်ဝဠာရေ တစိချေလောက် မာယာများနိန်ရေလို့ ဖြူမချေ အဖ ရိပ်မိရေ….အာကာအရောင်ရေ အရောင်တိပြောင်းနိန်ရေ….လီရောင်တိ အ၀ါရောင်တိပိုင်….တစ်ခါတစ်လီ မိုးရိပ်တိ အုံ့ပနာ မိုးတိ အားနန့် တကြိုင်းကြိုင်ရွှာချရေ…….. လီလေ့ တစိချေ ပြင်းနိန်ပိုင်……. အိမ်ရှိက သရက်ကိုင်းတိနန့် အုန်းတိတစ်ချို့ ကြွီကျကတ်တေ………ယေဂေလေ့ မိုးနှောင်းကျဆိုကေ ဒေစွာတိ ရခိုင်ပြည်မှာ ဖြစ်နိန်ကျ…….
ည ၄ နာရီလောက်မှာ လီအဟုန်ရေ ကောင်းပြင်းပါလတ်တေ…..တဆီကျွီးငိုသံပိုင်..ပင်လယ်က လိုင်းတိလေ့ တ၀ုန်းဝုန်းနန့် ဆူနိန်ကတ်တေ………ဖြူမချေ အဖသည် စိတ်မှာ တစ်ခုခု ခုမိလာရေပိုင်………
“ ဟိုင်း အမိသယ်……..လီတိကောင်းပြင်းနိန်ရေ အချေတိကို အိမ်ပြင်မထွက်ခိုင်းကေ့ အထဲမှာ နိန်ခိုင်း….ငါ ရွှာထဲလားပနာ အခြေအနေ စုံစမ်းပိုက်ခီမေ…..” ယပိုင်ပြောပနာ ရွှာထဲထွက်ပါလတ်တေ…………….
“ အူး လီအကောင်းပြင်းမလားဂု ဒေနှစ်” ဆိုပနာ စိတ်မှာလေ့ ပြောမိသိမ့်ယင့် ။ ထုံးစိုင်အတိုင်း ရွှာလူကြီးအိမ်ဘက် ထွက်လာရေ…..ယေပြီးကေ အိမ်ထဲမှာ ထမင်းစားနိန်ရေ ဒါချေခိုင်အဖကို လှမ်းမိလိုက်တေ အချိန် ည ၅ နာရီ ခွဲဖို့ယာ…..
“ ယာ အကိုး ……ရေဒီယို နားမထောင်လာ ဇာသတင်းတိရလေ မုန်းတိုင်းလိုက်ဖို့လား မသိ..လီတိကောင်းပြင်းရေဂါ…….”
“ အေးကိုး ……ရေဒီယိုက တစ်ခုလေ့ မလားသိမ့်ကာ …ဒေနိန့် ရေဒီယိုလေ့ ခြတ်တတ်ခြတ်တတ်နန့် တစ်ခုလေ့ အလှက နားမလည်ပါ အကိုး……သာမာန်လီတိုက်စွာရာ ဟိဖို့အကို…..စိတ်မပူကေ့ အချေတိနန့် အိမ်ထဲမှာနိန်…..” ………… ငါ အစိုးရိမ်လွန်စွာယာဟိဖို့ဆိုပနာ ဖြူမချေ အဖ ပြန်တုတ်ပါလတ်တေ……… တစ်ရွှာလုံးလေ့ လီတိုက်သံ၊ အကိုင်းကျိုးသံတိနန့် ဆူလို့ ………
အိမ်ကိုရောက်လို့ ကကောင်းမကြာလိုက်……ရွှာထဲက ကုလားတိုက်ကျားဝင်ပိုင် အသံတိ ဆူညံပါလတ်တေ…...” ရီတက်လာရေ ပြီးကတ်၊ ပြီးကတ်ဆိုရေ အသံတိ ပဲ့တင်ထပ်နိန်ရေ….ယင်အချိန်မှာပင် လီရေ ကောင်းကြမ်းပါလတ်….ဖြူမချေရို့အိမ်ခေါင်းမိုးပွင့်ပါလားရေ…..။ အိမ်တစ်ခုလုံးလေ့ ကြဂြမ်းလှုပ်နိန်ရေ………..ဖြူမချေရို့ မောင်နှမတိ ကြောက်လို့ ငိုကတ်တေ….။ အဖသယ်အချိန်မှီရောက်လာလို့ကံကောင်း…….။
“ အမိသယ် အချေတိနန့် အယင်ထွက်ပါလတ်……..လီတိကြမ်းပနာ ရီတက်ပါလတ်ယာ….ရွှာကလူတိ အနောက်ဘက်က အမြင့်ဘက်ကို ပြီးနိန်ကတ်တေ……….၊”
တောင်မင်း မြောက်မင်းမကယ်နိုင် လူတိ အနောက်ဘက်ကို ဦးတည်ပြီးကတ်တေ…..လမ်းမှာပင် အပင်တိ ပိလို့ မပြီးနိုင်ရေ အဘိုးသျှင် အဘောင်သျှင် ရို့ အသက်သီကတ်တေ…….ငိုသံတိဆူပွတ်လာရေ…….ငါးဖမ်းဖို့ထွက်လားရေ အဘာရို့အတွက် တမ်းတလို့ ငိုကတ်တေ မိသားစုအသံတိ…..လီတိနန့် ပျောက်ကွယ်လားရေ ………
ဖြူမချေအဖ မောင်ချေ နှစ်ယောက်ကို ပက်ခုံးထက်ထမ်းပနာ အကိုင်ကျိုးတိ ရီထက်တိက တက်ပြီးရေ….ဖြူမချေက အမိသယ်လက်ကို ကိုင်ပနာ………မှောင်နိန်ရေ ရက်စက်ကြမ်းကြုတ်တေ ညထဲမှာ….မိုးထန်လီထန်ရေ အမှောင်ပိ ညထဲမှာ……ငိုသံတိနန့် ဆူပွတ်နိန်ရေ ဒေငရဲညထဲမှာ……..ဖြူမချေရို့မိသားစုရေ အသက်လှုးပြီးလာစွာ ၂ မိုင်လောက်ကျမှ ရီကလွတ်လားရေ…..ယေဂေလေ့ လီက ဆက်တိုက်နိန်ရေ……အမိုးအကာမဟိ……..ပြင်းထန်ရေး လီမုန်တိုင်းကြားမှာ အမိရင်ခွင်ထဲ မှေးစက်ရင်း ဖြူမချေ အိပ်ပါလားရေ…………….
ငှက်ချေ မြည်သံချေတိနန့် အရုပ်ဆိုးရေ ကမ္ဘာကြီးနိုးထလာရေ……..ညဇာက တစ်ခုလေ့ မဖြစ်ခပိုင်…..မသိကွန်ဆောင်နိန်ယင့်……..ဖြူမချေလေ့ ငှက်ချေရို့ မြည်သံတိနန့် နိုးထလာရေ……ကျွဲချေ၊ နွားချေ မြည်သံတိကြားရရေ….အချေပီပီ လူတိအများကြီနန့် ပျော်ကောင်းထမန်း………လူတိပါးစပ်ညက မုန်းတိုင်းလိုက်လို့ ပြီးရေ အကြောင်းရေ ပဲ့တင်ထပ်နိန်ရေ….ဇာတ်လိုက်မုန်တိုင်းက ပျန့်လခယာ……..ရွှာမှာ ဇာပိုင်ဟိလေမသိ………လူတိ အထုပ်ချေတိပိုးပနာ ရွှာကို တန်းစီ ပြန်လာကတ်တေ……..ရွှာကို အ၀င်မှာ လူတိ ရင်ဝတိ ဆို့ပါလားရေ…….ကိုယ့်ရွှာကိုတောင် မှန်းလို့မကျရေ အခြေအနေ……… ဟိသမျှ အပင်၊အိမ်တိ ပြဗြားဝတ်လို့ ……..အိမ်ခေါင်မိုး လှန်ကျန်လိုက်တေ ဖြူမချေ ၀ါးအိမ် အစအနပင်ရှာမတွိ …. လူတိရင်ဘတ်စည်တီးလို့ ငိုယိုကတ်တေ…….ကံကောင်းမကောင်းစွာနန့် အဖိုးဝါကြီး ၊ ၀ါကြီးမတစ်ချို့နန့် အချေ အစိတ်ကေ တစ်ချို့ သီကျလားရေ…..
ငိုနိန်စွာကဟုတ်ယာ အဂုလောလောဆယ် ဖြစ်နိန်ရေ ၀မ်းရီးကို ဇာပိုင်ချင်းဖို့လဲ၊ မြေပုံမြို့ထက်တက်ပနာ တောင်းဖို့လား……..မဖြစ်နိုင်……..မြေပုံလေ့ အားလုံး ကြင်းလားရေလတ် သတင်းတိကြားနိန်ရရေ……လောလောဆယ် ရွှာ အနောက်ဘက် တောင်အောက်က ဘုန်းကြီးကျောင်းက ကိုယ်တော်ရောက်လာပနာ အနိန်ကျဂေ ကျောင်းကို လိုက်လာကတ်ဖို့ ဆော်သြနိန်ရေ ……..လူတိလေ့ အိမ်ပြိုတိကြည့်ပနာ မျက်ရည်စက်လက်နန့် …………
ဖြူမချေရို့ သူငယ်ချင်းတစ်စု ရွှာအလယ်ဂေါင်ကို စကားချေတိပြောလို့ လျောက်လာကတ်တေ……..သူရို့ စာသင်ကျောင်းဘက်ကို ဦးတည်နိန်ကတ်တေ….
“ နာရို့ကျောင်းပြိုယခယာ အဆိုနိုင်” ဒါချေခိုင် စကားချေ မပီတပီနန့် ပြောနိန်ရေ……မြင်ကွင်းကမလှ……ဖြူမချေရို့ကျောင်း ရွှာလယ်ကောင်မှာ ပြဗြားဝပ်နိန်ရေ……..ထုပ်တိုင်ထက်မှာ သံဖြူတစ်ချပ်နှစ်ချပ် တင်ကျန်လိုက်တေ……..ကျောင်းရှိက ဖြူမချေရို့ ကစပ်ခစွာ နိန်ရာလေ့ အမှိုက်တိ အပင်၊ အကိုင်းကျိုးတိနန့် ထွီးလို့ပတ်လို့………..
ဖြူမချေ ဘော်ဒါ တစ်စူ ကျောင်းသံဖြူထက်မှာ တက်ရပ်ကတ်တေ…..ဖိနပ်ပနာ ခြီဗလာနန့် ……….ယပြီးဂေ အပူအပင်ကင်းရေ အချေတိသဘာဝ အတိုင်း တစ်ယောက်ခါးချေ တစ်ယောက် ဖက်ပနာ…….
“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….ကြက်မ မကောင်း ကြက်ချေ ကောင်း ပိယောင်…..ပိယောင်………ကြက်မ မကောင်း ကြက်ချေ ကောင်း ပိယောက်ပိယောင်………….
ဒေအော်သံချေ ကမ္ဘာက ကြားနိုင်ပါဖို့လားဂု ………………
( ဂီရိ မုန်တိုင်းကြားက အသံတိ ရခိုင်သွီးရင်းတိရင်ထဲ ရိုက်ခတ်နိုင်ပါစီ )
အေးမောင်(ရင်အုံတော်ဓာတ်)
၁၂၊၁၁၊၁၀၁၀( ၁၉း၄၄)
Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)
ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)
Friday, 19 November 2010
ဂီရိကျိန်စာ (၀တ္ထူတို)
Posted by KingMarayu at 18:09 0 comments
Labels: ရခိုင် ၀တ္ထူ
Subscribe to:
Posts (Atom)