စိတ်နောက်ကို
ခိုးရွှာလိုက်ချင်ရေ
နင့်ကို
ကြက်ပေါင် တိုက်ပီးနိန်ကတ်တေ .....။
နင့် အချစ်က
အစွာပိုင်စွာရောင်
အချေခါ
ဖင်မှာ ၀ဲပေါက်ပေါက်လို့ဂါ
ခံရရေ ငါ့မှာ
နှလုံးသားတိ နာ
သွီးတိရပ်
ခြီတိ၊လက်တိ
ဗြဗြန်းတုန်ရေ ဒေ........
နင်ဇာဖြစ်လို့
ငါ အသဲတိကို
မုန့်သန်း ထောင်းရေပိုင်
ထောင်း နိန်စွာလေ ချစ်ချေ ......
မိုင်ပေါင်း ယုဇနာက
အလွမ်းတိ ခြောက်ပိဿာ နန့်
အရှုးတစ်ပိုင်း ချစ်ငတ်ကြီးကို
စာနာ နားလည်ပီးဘလင်
ဘုသျှေ...............။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၁၁၊၂၀၀၉
Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)
ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)
Friday, 27 November 2009
သငယ်နာမစင် အချစ်
Posted by KingMarayu at 09:44 0 comments
Labels: ရခိုင်ကဗျာ
ဆင်းရဲခြင်း၏သားကောင်များ
(၁)
ဇာလူက စတိုက်လိုက်တေမီးလေ့ မသိ၊ သဘောက်ဇာတော တစ်တောလုံးလောင်ပါလားသည်။ ဒေသဘောက်ဇာတော ဆုံးလျှင် မြောက်ဘက်အစွန်းက ကောက်ရိုးပုံတိကို မီးစွဲလောင်လိမ့်မည်။ ကောက်ရိုးပုံတိ မီးစွဲလောက်ကျွမ်းလျှင် ပြာပုံဘ၀ ကိုချက်
ချင်းပြောင်းလဲလားသည်။ ပြာကို မိုးခါ ကျွဲမစား၊ အခင်ကြီး သံကြီးအောင် တစ်ယောက် ချွဲတိအလုံးလိုက်ကျလျက်၊ ဇွဲမချောဘဲ အိမ်းလှေးခက်နှင့် မီးကို ငြိမ်းသတ်ရန်ကြိုးစားနိန်သည်။ ကြည့်ရစွာ ရင်ဆာဖို့ ကောင်းပါသည်။ အငြိုးတကြီးနှင့် ဟြိ့ကို တိုးတိုး လာသော ဒေ မီးဟုန်ကြီးကို အိမ်လှေးခက်ချေတစ်ခက်နှင့် ဘဇောင်ဘင် အန်တု နိုင်ပါဖို့လေ့......။ ဂကောင်းမကြာလိုက် အခင်ကြီး သံကြီးအောင် အိမ်လှေးခက်ကို မီးဟုန်ကြီးက ဒေါသတကြီးနှင့် ၀ါးမျိုးလိုက်သည်။
အခင်ကြီးသံကြီးအောင်တစ်ယောက် မိမိ အသက်ကို ဖက်နှင့်ထုပ်လျက် မီးတောကြီးထဲက ပြီးလွှားထွက်လာလိုက်ရသည်။ ကံကောင်းသည် ခန္ဒာကို မီးမစွဲလီ။ လနှင့်ကြာအောင် ကျင်ကိုင်ခရသော သူပိုင်ဆိုင်သော ကောက်ရိုးပုံကြီး ၂ လုံး ၂ မိနစ်အတွင်း ပြာဘုံအဖြစ်သို့ ပြောင်း
လဲလားသည်။ အခင်ကြီး သံကြီးအောင် တစ်ယောက် မျက်ရည်ကိုသုတ်၊ လက်သီးဆုပ်လျက် အားမတန်လို့ မာန်လျော့လိုက်ရသည်။ ဇာတ်လမ်းကို ဒေလောက်နှင့် မတန်းသိမ်ပါ။ မိသားစုကို လုပ်ကျွေးနိန်သော သူ့ကျွဲတစ်ခြံ အသက်ဆက်ရေး အခင်ကြီးတစ်ယောက် သင်္ချာတွက်ရလီသည်။
(၂)
ဘ၀သည် အလွန်ဘင်ဆန်းကြယ်ပါသည်။ နားမလည်နိုင်မှုနှင့်လဲပြည့်နိန်ပါသည်။ ကံသည် အလုပ်ဟု ဘုရားကပြောပါသည်။ ဆင်းရဲလို့ မလှုနိုင်၊ မလှုနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးတိ ဆုံးမတတ်သည်။ တစ်ခါတလီ ကံသည် အလွန်ဘင် နားလည်ရခက်တတ်ပြီး၊ အလုပ်ကို တနားလေ့ မငြိမ်းအောင် လုပ်နိန်ရေ လှုတိကိုဘင် ခြီနှုန်းသတ်ပနာ ဆင်းရဲအောင်ဖန်တီးပါသည်။ ကံ၏ ခဗြားသတ်၊ သရော်မှုအောင်တွင် ရခိုင်ပြည်ဟိ လောင်ဗွန်းရွှာက ရွှာသားတိ အလှုးအလဲခံရသည်။ မိုးထဖ (၅) နာရီမှ ထလျက် ညနိန် ၇ နာရီ အချိန်ထိ မနားမနိန် အလုပ်လုပ်ဂေလေ့ ဒေရွှာသားတိ ထမင်းတစ်လုပ်လုပ်ကို အနို်င်နိုင်စား၍ဘ၀ ဆက်ရသော အဖြစ်ကိုကြည့်လျင် ကံဆိုသည်မှာ အလုပ်ဟု ဆိုသော ဘုရားစကားကို တစ်စိချေလောက် ဘ၀င်မကျချင်ပါ။
ကျောင်းနိန်ပျော်၍စာတော်ရမည်ဟု ကြွေးကြော်ထားသော မြန်မာအစိုးရပညာရေး ဆောင်ပိုဒ်သည် ဒါချေခိုင်ရို့ မောင်နှမနှစ်ယောက်ရို့အတွက် အဖရိကတိုက်က လှုရိုင်းတိကို စတားဘတ်(ခ်) ကော်ဖီအကြောင်းလားပြောခီစွာနှင့်တူသည်။ ကြွေးကြော်ခြင်းသည် အာဏာဟိလူတန်းစားတိအတွက် ပါးစက ပြုတ်ကျလာသော အသီကောင် သနားခါးလူ ဖော်မျူလာတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါသည်။
၃၈ဒီဂရီစင်တီဂရိတ် အပှုချိန်သည် ဖဲသာဟိ၊ပညာတတ်လူတန်းစားတိအတွက် သီအောင်ဘင်
ပှုပြင်းသော်လည်း ဒါချေခိုင်ရို့မောင်နှမရို့အတွက် အိုအေစစ်ကို ယောက်ဖခေါ်သည့် ဖော်မျူလာ တစ်မျိုးဖြစ်သည်။ တတောက်ပှုသော နီရောင်အောက်တွင် ရီခမ်းငါးဟြာရသော လူသားတစ်ယောက် ၀မ်းရေးသည် ၁ နာရီလုပ်လျှင် ၁၀ ဒေါ်လာရသော ရခိုင်သားတစ်ယောက် ၀မ်းရေးထက် ဒဿနဆန်သည်ဆိုလျင် အကျွန်မှားပါဖို့လား။ နွီရာသီ ရီခန်းငါးဟြာရသော အလုပ်သည် ကမ္ဘာလောက် အန္တရာယ်များပါသည်။ အခိုက်မတန့်လျင် မြွီကိုက်၍ရပ်စောက် ချောလားနိုင်ပါသည်။
သရီဖိနပ်ဝယ်ဝတ်ရန် မြန်မာအစိုးရမှ သတင်းစာက တိုက်တွန်းနိန်သော်လည်း သတင်းစာဆိုသည်မှာ ဒါချေခိုင်ရို့အတွက် ကုလားဘက်မှာ ပဲစိနှင့်ဖက်စားရသော အရာဝတ္ထူတစ်မျိုးသာဖြစ်ပါသည်။ Safety First ဟုဆိုသောစာတန်းသည် ထမင်းကိုထင်းနှင့်ချက်၍ ဘ၀ ဆက်ရသော လူသားတစ်ယောက်အတွက် အလုပ်မဖြစ်ပါ။
ရခိုင့်ပင်လယ်အောက်တွင်ရှိနိန်သော သဘဘ၀ ဓာတ်ငွိ့သည် ကပ်စိနည်းသဌေး တစ်မျိုးဖြစ်ပါသည်။ ရီခန်းငါးရှာ၍ အသက်ဆက်ရသော ဒါချေခိုင်ရို့ မောင်နှမတိကို ရခိုင်သဘာဝ အရင်းအမြစ်များသည် အဖတ်မလုပ်ကတ်ပါ။
ဘ၀သည် အလွန်ဘင်ဆန်းကြယ်ပါသည်။ နားမလည်နိုင်မှုနှင့်လဲပြည့်နိန်ပါသည်။ ကံသည် အလုပ်ဟု ဘုရားကပြောပါသည်။ ဆင်းရဲလို့ မလှုနိုင်၊ မလှုနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးတိ ဆုံးမတတ်သည်။ တစ်ခါတလီ ကံသည် အလွန်ဘင် နားလည်ရခက်တတ်ပြီး၊ အလုပ်ကို တနားလေ့ မငြိမ်းအောင် လုပ်နိန်ရေ လှုတိကိုဘင် ခြီနှုန်းသတ်ပနာ ဆင်းရဲအောင်ဖန်တီးပါသည်။
(၃)
အဖိုး မောင်သံလှု တစ်ယောက် ဒီဇင်ဘာလ အချမ်းတိကို ခြီနှုန်းသတ်ပနာ သူ့လက်စွဲတော်ရင်းတန်းကြီးကို ထမ်းလျက် ကျွဲကူးမြစ်ကမ်းကို ခြီဦးတည့်လာသည်။ ဖိနပ်မစီးနိုင်သော သူခြီထောင်များသည် သံတုန်းပိုင်မာသည်။ ဆီလီစူးနှင့် ဖက်ရန်စူးတိက အဖို့ မောင်သံလှု ခြီထောက်ကို အန်မတုဝံ့ကတ်။" ဆင်လားလမ်းမလို" ဆိုသော စကားပုံသည် လှုသားစင်စစ်ဖြစ်သော အဖိုးမောင်သံလူတွက် မှန်ကန်နိန်သည်ကို အံ့သြစွာတွိရပါသည်။ယင့်လောက်ကိုမဆိုထားဂဲ့ မြစ်ကမ်းနား ကျောက်ဆောင်တိထက် ဓားရို့ပိုင်ထက်နိန်သော ဂြင်းတိကပင် အဖိုးမောင်သံလူ ခြီထောက်ကို အံမတုဝံ့ကတ်ပါ။ ဖဖြိန်းတုန်ပါအောင်ကြောက်ကတ်သည်။ အဖိုးမောင်သံလူသည် ခေါင်းထဲတွင် ရိုးစင်းသော အတွေးတစ်ခုဟိသည်။ ယင်းချင့်မှာ မြစ်ကမ်းနားရောက်လျှင် ဖြားကျလာအောင်စောင့်မည်။ ယင်းပြီးနောက် မြစ်ကမ်းနားတွင် အပြောင်းအပြန် ရင်းတန်းထိုးမည်။ ရလာသော မျိုင်ချေ၊ငါးချေ၊ ပုစွန်ချေရို့ကို သူ့အချစ်တော် ပုန်းကြီးနှင့်ထမ်းလျက်ရွှာပြန်မည်။ ရောက်လျင် ထိုရီသတ္တ၀ါတိကို ရွှာတွင်လည်ရောင်းမည်။ ရောင်းရသောဒင်္ဂါးတိကို သမီးချေရို့ ၊မြီးချေရို့အတွက် ပီးကမ်းမည်။
မီးခွန်တစ်ခု မီးစရာပေါ်လာနိုင်ပါသည်။ ဒေအသက်အရွှယ်ရောက်မှ အီးအီးချမ်းချမ်း မနိန်ဘဲနှင့်ဘဇာကြောင်း အချမ်းခံ ရင်းတန်းထိုး ဖဲ့သာဟြာနိန်ပါလေ။ လူသားတိုင်းသည် အသက်အရွှယ်ရလာလျှင် ငြိမ်းချမ်းအီးမြသော ဘ၀အာဟာရကိုခံ စားချင်ပါသည်။ ရခိုင်လူမျိုးဆိုလျှင် အချိန်တန်ဂေ ၀ပုပ်စောင့်၊သီလစောင့်၊မြီးချေ၊မြစ်ချေရို့နှင့် ပပျော်နိန်ယင်း အီးအီးချမ်းချမ်း ဘ၀ဇာတ်သိမ်းလားချင်ပါလိမ့်မည်။ ယေဘင်ဂေလေ့ ဆင်းရဲခြင်းဆိုရေ ရိနာသတ် အဖြစ်ဆိုးက အဖိုးမောင်သံလူကို မျက်နှာမကြည့်ပါ။ယင်းကဲ့သို့ ဘ၀အဟာရ ဖန်းတီးမပီးပါ။ ပဇာကြောင့်ယလောက်ပင် ဆင်းရဲကတ်ပါလေ။ မလှူနိုင်လို့လား၊ ကံကြမ္မာ ခြီနှုန်းသတ်ခြင်းကြောင်းလား၊ မလှူနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးရို့ဆုံးမစကားတိ အကျွန်အသျှေခါကြားဖူးပါသည်။ ကံ၊ကံ ၏ အကျိုးဆက်ရို့အဖြစ် အကျွန်ရို့လူသားရို့နိန်ထိုင် လားလာမှုဖြစ်တည်နိန်သည်ဟုလည်းပြောကတ်ပါသည်။ ကံသည် အလုပ်လို့ ဘုရားကပြောပါသည်။ ကံသည် အလုပ်ဟုဆိုလျှင် တစ်သက်လုံးရရိုးသသား လက်ပေါက်ပါအောင် အလုပ်လာသော ထိုရခိုင်လူမျိုးရို့အား ဆင်းရဲအောင် ထိုကံက ဖန်တီးပါသနည်း။ ဟြိ့ဘ၀က အကျိုးဆက်ကြောင်းပါလာ။ ယပိုင်ဆိုဂေ ဒေကမ္ဘာမှာ ရခိုင်လူရို့ရာ ဟြိ့ဘ၀က မကောင်းမှုလုပ်ခမိလာ အကျွန် မစိုင်းစားတတ်ပါ။ အရိုးသားဆုံးဝန်ခံရလျှင် ထိုသီအိုရီတိကိုလည်း အကျွန်ယုံကြည်မည်မဟုတ်ပါ။ ဇာပိုင်ပင်ဆိုဆို ဒေဆင်းရဲဆင်းခြင်းသားကောင်းရို့၏ ကလာဂါ နောက်ဘက်တွင် တိကျခိုင်မာရေ အဖြေတစ်ခု အဂွင့် ဟိနိန်မည်မှာ လုံးဝ သေချာပါသည်။
အေးမောင်(ရင်အုံတော်ဓာတ်)
Posted by KingMarayu at 09:41 1 comments
Labels: ရသစုံလင် ဆောင်ပါးရင်ပြင်