
အသားနားခံခြင်း
..............................
အို..အသျှင်...
ရဲရင့်ခြင်းနန့်
အမှန်ကိုချစ်မြတ်နိုးခြင်းတိ
သားချေအား
ပီးသနားပါ...။
အို..အသျှင်...
ကောင်းမှုနန့်
မွိ့လျော်ပြီးကေ
မကောင်းမှုကိုမုန်းရေ
စိတ်ခွန်အားတိ
သားချေအား
ပီးသနားပါ...။
အို..အသျှင်...
ဒဏ်ရာ၊အနာတိကို
ခွန်အားတစ်ခုအဖြစ်
ပြောင်းလဲပစ်နိုင်ရေ
အစွမ်းသတ္တိတိ
သားချေအား
ပီးသနားပါ...။
အို..အသျှင်...
လွတ်လပ်မူအတွက်
အသက်ပီးဝံ့ရေစိတ်ဓာတ်
မိမိအမှားကိုအောင်နိုင်ရေ
စိတ်ဓာတ်တိ
သားချေအား
ပီးသနားပါ...။
..........
အေးမောင်(ရင်အုံတော်ဓာတ်)
၁၇၊၀၆၊၀၉(၁၄:၄၂)
Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)
ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)
Wednesday, 17 June 2009
အသားနားခံခြင်း
Posted by KingMarayu at 18:45 0 comments
Labels: ရခိုင်ကဗျာ
Saturday, 13 June 2009
မိုးရာသီ အမှတ်တရ ရခိုင်ကဗျာများ
......မိုးလာရေ၊ လီလာရေ..............................................................................
မိုးလာနိန်ယာ
လီလာနိန်ယာ
သျှစ်ခွင် အာကာ
စစိန် မိုက်လို့
တဂြုန်းဂြုန်း နန့်
ရွာရေမိုး။
မြစ်ချောင်း အင်းအိုင်
ဖဖြိင် ဖြိုး .................။
မိုးလာနိန်ယာ
လီလာနိန်ယာ
ဖားချေ၊ ငါးချေ
ဇကုန် ပျော်လို့
ဝဿန်မိုး နန့်
အပြိုင် ကြိုး
တဂြိုန်း ဂြိုန်း နန့်
ရွာရေမိုး......................။
မိုးလာနိန်ယာ
လီလာနိန်ယာ
ငရို့ဘာဘာ
အပ်ကိုင်း ပြင်လို့
တကြိုင်း ကြိုင်း နန့်
ရွာရေမိုး။
ရပ်တစ်ရွာလုံး
တတက်မျိုး ................။
မိုးလာနိန်ယာ
လီလာနိန်ယာ
စာချေ လင်မယား
ကျကျွတ် ကိုက်လို့
တရုန်း ရုန်းနန့်
လီကိုတိုး။
ငရုတ်ကြိတ်နန့်
ကင်းဇွန်းဟင်းကို
ငရို့တစ်ရွာ လုံး
တဝ ကြိုး ................။
အေးမောင်( ရင်အုန်တော်ဓာတ်)
.....................................................................................
လကဆုန်
......................
ကဆုန်လ ရောက်
တမူဆန်းတောက်
ငရို.ရွာက အပျို၊လူပျို.ရို.
ရိုးရာစိုင်လာမပျက်ရအောင်
ညောင်ရီလောင်းဖို.
လားကတ်တေ ................။
လောင်းလို.အပြန်
ကဆုန်မိုးကြီး ကြကြိမ်းရွာလို.
ဝရုန်သုန်းကား ပြီးကတ်ကေ
တောလမ်းထက်က
ကျွဲ တစ်ရွီ ရို.
လိပ်ပြာစိုင်လို. ထွက်ပြီးရေ .............။
အကျီဗလာ ဘောင်းဘီတိုနန်.
ငရို.ရွာက ပုချေရို.လေ့
လယ်ကွင်းပြင် ရီဖဖွေးမှာ
ဘောလုံးကျောက်လို.
ပျော်ကတ်တေ ..................။
မေကြီးဖြူ ပျိုတကျိပ်လေ့
မဲနက် နိန်ရေ ဆံပင်ထက်မာ
ခြံထွက် အုန်းဆီ သုတ်ကာလိမ်းလို.
သနားခါး ပကွက်ကျားနန်.
တောင်စိုင် တောကို
ဟင်းခူးဖို. ထွက်ကတ်တေ ............။
ဟင်းရွက်စုံ တောင်းအပြည့်နန်.
အိမ်ကို ရောက်ကေ
မေမေ မျက်နှာ ရရွန်းပလို.
အပြုံးတိနန်.ကြိုနိန်ရေ
တောင်စိုင်တော က ဟင်းရွက်စုံကို
မေကြီးဖြူမာ ငရုတ်ကြိတ်
ချဉ်ပပေါက်နန်.
မြီအိုးထဲမာ ထည့်ချက်ကေ
မောင်ချေ မချေ ဘာဘာရို.က
နံကားပါအောင် တီးကတ်ကေ ............။
ဆက်ပြီးကေကြိုးစားလျက်
အေးမောင်(ရင်အုံတော်ဓာတ်)
၁၃၊၀၅၊၀၉(၁၄း၄၂)
........................................................................................................................................................................................
မိုးရာသီ နန်. ငရို.ရွာ
................................
ပုး .........ပွင်
ဇာ ငါးနန်.စားလေ .... မျှိုင်
ပူး ........ ပွင်
ဇာ ငါးနန်.စားလေ ....... မျှိုင် ......................။
ငရို. အိမ်ရှီက နာလာကြောင်း
ဖဘူချေ မြည်သံ တရောင်းရောင်း
ရွာမြောက်ဘက်က သောက်ရီကန်
ရီတိ ပြည့်လို. တရွှန်ရွှန်
ရွာလယ်ကောင်က လူပျိုတစ်စု
ငတက်၊ငကျ မိုး ရွာဖို. တောင်းဆုပြု
ရွာတောင်ပိုင်းက မေကြီးချေ
ပျိုးစိုက်ဖို. လားကတ်မေ
ရွာလယ်ကောင်းက ကစားကွင်း
ကလေချေတိနန်. တဘွင်းဘွင်း
ှဇွန်၊ဇူလိုင်လ ရောက်လာယာ
ကျောင်းခလောင်းသံ ကြားယယာ
ငါးမျှားလားရေ အခင်လတ်
ကန်းသင်းထက်မှာ ချော်လဲသတ်
ကန်းသင်းပွင့်တိ ပွင့်ယာဝေ
ကန်းသင်းပွင့်မုန်. လုပ်ကတ်မေ
စေတနာကောင်းရေ ရောက်မကြီး
တစ်အိမ် တစ်ဒုံ ၀ီလို.ပီး
သနားစရာ ပဉ္ဖင်းချေ
ဝါတွင်းသုံးလ ကုတ်နိန်ဝေ
ဝပုသ်စောင့်ရေ ၀ါကြီးတပြွတ်
ဘုန်းကြီးကျောင်းမှာ ရရောင်းသတ်
ကျောင်းကိုပြီးရေ ကလေချေ
ခမောက်ယူဖို. မမိန်.ကေ့ဝေ
ရီစိုနိန်ရေ ထင်းပိုင်းတိ
ထမင်းအိုတည်ဖို. ကြတ်တင်ပီး
ပုး .........ပွင်
ဇာ ငါးနန်.စားလေ .... မျှိုင်
ပူး ........ ပွင်
ဇာ ငါးနန်.စားလေ ....... မျှိုင် .............................။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၁၊၀၆၊၂၀၀၉(၂၀:၅၄)
ရှင်းလင်းချက်။ ။ပုး .........ပွင် ဇာ ငါးနန်.စားလေ .... မျှိုင်= ရခိုင်ကျွန်းရွာတိ တွင် ဖားဘူ မြည်သံတိကို အသျှေတိ လိုက်လုပ်တေ အသံ။ မျှင် ကို နှာခေါင်းပိတ်ဆိုပါ။
ကန်းသင်းပွင့် ။ ။ လယ်ပြင် ကန်းသင်းတွင် ပွင့်သော ပန်းတစ်မျိုး။ မီးခိုးနှရောင် ဟိသည်။
ကန်းသင်းပွင့်မုန်.။ ။ ရခိုင် ကျွန်ရွာတိတွင် ယင်း ကန်းသင်းပွင့်ကို မုန်းလုပ်ပနာ ၀ီပီးသော အလေ့အထ ဟိသည်။ ကကောင်း အရသာသိသော မုန်.တစ်မျိုးဖြစ်သည်။
တဘွင်းဘွင်း။ ။ ဘောလုံးကျောက်ရာမှ ရီတိနန်.ရောပနာ ထွက်လာရေ အသံ။
ဝါကြီးတပြွတ် ။ ။ ၀ါကြီးတိ အများကြီး ။ အပြွတ်ပြွတ်၊အခိုင်ခိုင်
ကြတ်တင်ပီး ။ ။ရီစိုနိန်သောထင်းများကို ထမင်းချက်ရန် ကြက်စင်တွင် တင်ပနာ အပူပီးသည်။
ငတက်၊ငကျ မိုး ။ ။ ထိုမိုးရွာလျှင် ကန်ထဲ မြစ်ထဲမှ ငါးများ ကုန်းထက်တတ်လာတတ်သည်။ ယင်းငါးတိကို ဓားရည်(သို.) တုတ်ပိုင်းများနှင့် သတ်ဖမ်းရသည်။
Posted by KingMarayu at 10:31 0 comments
Labels: ရခိုင်ကဗျာ
Monday, 8 June 2009
လွတ်လပ်မူ တနိန်ရာ
လွတ်လပ်မူ တနိန်ရာ
....................................
အကြောက်တရား အရှိဘက်
ကို ငါလမ်းလျှောက်နိန်ရေ
အကြောက်တရား အနောက်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ
အကြောက်တရား တောင်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ
အကြောက်တရား မြောက်ဘက်ကို
ကို ငါလမ်းလျှောက်နိန်ရေ
ထိုဘက်ကို လားကေလေ့
အကြောက်တရား
ဒေဘက်ကို လာကေလေ့
အကြောက်တရား
အထက်မှာ လဲ
အကြောက်တရား
အောက်မှာလေ့
အကြောက်တရား
အလယ်ကောင် တတည့်မှာလေ့
အကြောက်တရား ....................။
အကြောက်တရား
မဟိရေ နိန်ရာတစ်ကွက်
ငါ့ ကို ရှာပီးကတ် .................။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၀၊၀၆၊၀၉(၂၃း၄၀)
Posted by KingMarayu at 14:13 0 comments
Labels: ရခိုင်ကဗျာ
တောင်ညို သိုက်
တောင်ညို သိုက်
..............................................
ရခိုင်ပြည် တောင်ရင့်ကျွန်း ဟိ ပေါက်တောမြို.နှင့် သ၀င်ချောင်းရွာကြားတွင် တောင်ညိုဟုခေါ်သော ရွာချေတစ်ရွာဟိလီသည်။ ရှိလူကြီးတိက အယင်ခေါက်အခါက ထိုရွာဟိ မဆမ တစ်ယောက်၌
ပင် ရွှေတစ်ပိသာ ပိုင်ဆိုင်ကြောင့် ပြောဆိုကတ်ပါသည်။ ထိုအကြောင်းအရာကို နောက်ကြောင့်ခြီရာခံ လိုက်ကြည့်သောအခါတွင် .... ။
xx xx xx xx xx xx xx xx
သိုက်ဆရာ ထွန်းလှကြိုင်တစ်ယောက် သိုက်ကျမ်းစာအုပ်အဟောင်းတစ်အုပ်နှင့် ဇကုန်အလုပ် သျုပ်နိန်သည်။ စာရွက်တိကို တစ်ရွက်ချင်းစီ စိတ်ရှည်လက်ရှည်လှန်လျက် သူ.စိတ်ကြိုက်လိုက်ချင်သော သိုက်ကားမတွိသိမ်.။
စာအုပ်မဆုံးခင် နောက်ဆုံး ၅ရွက်လောက်အလိုတွင် ထွန်းလှကြိုင်မျက်နှာ မှိုရသောမျက်နှာပိုင် အပြုံးပန်းတိ ၀ီလာသည်။ အကြောင်းမာမှုကား သူ.စိတ်ကြိုက်သိုက်တစ်ခုတွိလိုက်သောကြောင့်ဖြစ်သည်။ ပါးစပ်ကလည်း "တောင်ညိုသိုက်"
ဟုရွတ်လိုက်သည်။ ထို.နောက် သူ.အဖေါ် လွယ်အိတ်အဟောင်းသျှေထဲကို သိုက်လိုက်ရန်လိုအပ်သော တံဇာပလာတိ ထည့်ပြီး ခရီးထွက်လာသည်။ သူနိန်သောရွာက ၁၈မိုင်ခန်.လျောက်ပြီးသောအခါ ပိန္နဲချောင်းကျွန်းအဆုံးကို သူခြီချမိသည်။
ယင်းနောက် ကျွဲကူးမြစ်(တောင်ဖူးမြစ်)ကို ကုတိုးဖြင့် ကူး၌ တောင်ရင်းကျွန်း တောင်ဘက်အစမှ ၂နာရီခန်. ခြကျင်လျှေက်ပြီးသောအခါ တောင်ညိုတောင်ဂူပေါက်တိကို ထွန်းလှကြိုင် လှမ်းမြင်ရသည်။ ထိုတောင်ညိုဂူပေါက် ၄၈ ပေါက်ကို ရခိုင်လက်သမား
၅၀၀ ကတစ်ညဥ့်တည်း ထုလုပ်ပူဇော်ခကတ်ကြောင့် ရာဇ၀င်ဟိသည်။ ထွန်လှကြိုင်လည်း တောင်ညိုဂူပေါက်ဘုရားများကို တ၀ဖူးပြီး အရိပ်ကောင်းသော သရက်ပင်ကြီးတိအောက်တွင် အညောင်းဖြေလိုက်သည်။ ယင်းနောက် သူ.အသက်မွီးဝမ်းကြောင်း
ပညာ သိုက် အလုပ်ကို စဖို. သူ.ခြီလှမ်းတိ တောင်ညိုတောင်ထက်သို. တရွီ.ရွီ. လှမ်းလာသည်။ တောင်ထိပ်ဖျားကို မရောက်ခင် သု.သိုက်စာအုပ်အတိုင်း ကျောက်ဂူဟောင်းသျှေတစ်လုံးကို ထွန်းလှကြိုင် တွိသည်။ "အော်..ဟုတ်တေမလားယေ" ဟုသူရွတ်လိုက်
ပြီး သူ.ခြီလှမ်းတိ ဂူပေါက်ဝ ဘက်ကို ရွီ.လာသည်။ သူဂူပေါက်ဝကို ၀င်လိုက်သောအခါ မထင်မှတ်သော အရာတစ်ခု ထွန်းလှကြိုင်ကို လပြာစိုင်စီသည်။ အလွန်တရာမ ဧရာမ ငန်းမြွီကြီးတစ်ကောင်သည် သူ.ကို ပေါက်သတ်ရန် ဒေါသနှင့် အသျှိန်ပြင်းစွာ
ထွတ်ပါလတ်သည်။ ထွန်းလှကြိုင် အတွိအကြုံဟိသူပီပီ ငါးခူပြုံး ပြုံးလိုက်ပြီး သူလွယ်အိတ်ထဲက ဆီးလုံးများဖြင့် ငန်းမြွီကြီး ပါးစပ်ကို ပစ်ထည့်လိုက်သည်။ ထိုအခါ ထိုမြွီကြီးသည် အလွန်တစ်ရာမှ ယဉ်ကျေးလားပြီး မြီပြင်တွင် ၀ပ်ပီးလေသည်။ ထွန်းလှကြိုင်
ငန်းမြွီကြီးကို စီလျက်ဂူပေါက်ဆုံးသို. ၀င်ရောက်လားလေသည်။ ဂူပေါက်အဆုံးအရောက်တွင် ထွန်းလှကြိုင် အလွန်ပင်စိတ်ပျက်မိလေသည်။သူ.မျက်နှာတွင်ဝမ်းနည်းမှုအရိပ်ရောင်တိထင်ဟပ်လာသည်။ " ယော် သီကတ်ရာမလားဂု။ ဒေလောက်အ၀ီးကြီး
ကနိန်လာစွာ တစ်ခုလေ့မရ။ မီးခွတ်အစုတ်တစ်လုံးရာ ရရေ။" ဟူစိတ်ပျက်စွာပြောလိုက်မိသည်။ ဟုတ်ပါသည်။ထွန်းလှကြိုင် စိတ်ပျက်ဖို.ဆိုကေလေ့ စိတ်ပျက်စရာပါ။ ပဇာကြောင့်ဆိုသော် ဂူ၏အဆုံး ဟောင်းနိန်ရေ စာပွဲထက်တွင် မီးခွတ်အစုတ်တစလုံးက
လွဲပြီးကေ ဇာတစ်ခုမှ ထွန်းလှကြိုင် မတွိခြင်းဖြစ်သည်။ ထွန်းလှကြိုင် လည်းထိုမီးခွတ်ကို ယူဆောင်လျက် စိတ်ပျက်လက်ပျက်နှင့် တောင်အောက်ကိုဆင်းလာရာ ယာလုပ်စားနိန်သော ၀ါကြီးလင်မယားနှစ်ယောက်ကိုတွိလီသည်။ထွန်းလှကြိုင် လည်းရီတစ်မုတ်
တောင်းသောက်လျက် သူ.မီးခွတ်အစုတ်အား ထိုဝါကြီးလင်မယားကိုလက်ဆောင်အဖြစ်ပီးလိုက်လီသည်။
xxxx xxxx xxx xxx xxx xxxxxx xxxx
ဝါကြီးမသည် တစ်နခြင်းလုံးယာအလုပ်ကြောင့် နှနှစ်ခြခြစ်အိပ်မောကျလျက်ဟိသည်။ ၀ါကြီးမအိပ်စွာကိုချောင်းနိန်သောဝါကြီးက ဘိန်းသျှူ ရန် တတိုးသျှေထလိုက်သည်။ ၀ါကြီးသည် သူ.လက်ကျန်ဘိန်းတိ သျှူးလိုက်ပြီး မှိန်နိန်လိုက်သည်။ယကေလေ့ သူ.စိတ်
တွင်ညက သိုက်ဆရာ ပီးလိုက်သောမီးခွတ်အဟောင်းသျှေကို သတိရလာသည်။ ယင်းနောက် ထိုမီးခွတ်ဟောင်းသျှေအား ဂျီးတိကိုချွတ်တိုက်လျက် ရနံဆီထည့်လိုက်သည်။ ထိုနောက် မီးထွန်းလိုက်သောအခါ..."ဇာလိုဘာလေအသျှင်" အသံနှင့်အတူ
ကြောက်ဖို.ကောင်းသောဘီလူးကြီးတစ်ကောင် မီးခွတ်ထဲမှထွတ်လာပြီး ၀ါကြီးရှိတွင်ဒူးထောက်ခစားလီသည်။ အဖိုးဝါကြီးလည်း လပြာစိုင်အောင်ကြောက်ကြီးသန်ဖက်ဝင်လျက် မီခွတ်ကိုမှူတ်သတ်လိုက်သည်။ မီးခွတ်မီးသီလားသောအခါ ထိုဘီလူးကြီးသည်
မီးခွတ်ထဲဝင်လျက် ပျောက်ကွယ်လားလီသည်။ အင်ဒန်ချေကြာပြီးနောက် အဖိုးဝါကြီးသည်ဘီလူးကြီးပြောသောစကားကို ပြန်လည်သုံးသပ်လျက်ဟိသည်။ "ဇာလိုဘာလေအသျှင်၊ ဇာလိုဘာလေအသျှင်၊ ဒေချင့်တော့ခါ တစ်ခုခုယာ။"ဟု နှုန်းချင်းတည်း
ရွယ်ရွတ်ပြောဆိုပြီး မိမိ၏စိတ်ကို ဂီယာတင်လိုက်သည်။ ယင်းပြီးနောက် မီးခွတ်ကို အရာတစ်ခေါက်ပြန်ထွန်းလိုက်ရာ ထိုဘီလူးကြီးသည် "ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်အတူ မီးခွတ်ထဲမှထွတ်ပါလတ်သည်။ အဖိုးဝါကြီးလည် ဘိန်းအလွန်ကြိုတ်တတ်
ရေလူဖြစ်ရာ "ဘိန်း" ဟုတောင်းလိုက်မိသည်။ ဘီလူးကြီးလည်းတစ်ချက်ပြုံးပြီး ၀ါကြီးအား ဘိန်းတစ်တုံးပီးလျက်မီးခွတ်ထဲသို.ပြန်ဝင်လားလီသည်။ နောက်တစ်ရက်မိုးလင်းသောအခါ ၀ါကြီးမှာ အလွန်ပင်ထူးဆန်းနိန်သည်။ မျက်နှာတစ်ခုလုံး အပြုံးတိနှင့်
ပြည့်လျက်ဟိသည်။ ၀ါကြီးမ ပေါက်တောကို ဇီးပြုဖို.လားသောအခါတိုင်း "ဟေ..ငါ့အတွက် ဘိန်း တစ်စိချေ ၀ယ်ခဘလင်" ဟု ၀ါကြီးမအား အသျှေတစ်ယောက်ပိုင်ပူဆာတတ်သောဝါကြီးသည် အဂုယပိုင်မမှာတတ်သည်မှာလည်း ၀ါကြီးမ တွတ်သံသယဖြစ်စရာ
ဖြစ်လာသည်။ ရက်အင်ဒန်ကြာပြီနောက် ၀ါကြီးမသည် အင့်မခံတော့ဘဲ ၀ါကြီးအား သူ.လျှို.၀ှက်ချက်ကိုပြောပြရန် မဟုတ်ပါ အိမ်ကဆင်းလားရန် ရာဇသံပီးလိုက်သည်။ ၀ါကြီးလည်း အသျှေကပင် တစ်သက်လုံးအလိုလိုက်လာသော သူ.၀ါကြီးမအား အကြောင်းစုံ
ဖွင့်ပြောပြလိုက်လီသည်။" အေးဟိုင်း ယင်းမီးခွတ်ထဲက ဘီးလူးကြီးလေ ငါ့ကို တစ်နိ ဘိန်းတစ်တုံးစီ ပီးနိန်လို. နင့်ကို ငါ မမှာစော်။"ဟု ၀ါကြီးဝန်ခံပြောလိုက်သည်။ထိုအခါဝါကြီးမက " အော် ဘလောက်တော်လေချက်ကြည့်ဇမ်၊ ဇာလိုဘာလေအသျှင်
ဆိုရေ ဘီးလူးဘားက ဘိန်းရာ တောင်နိန်လီယာ။ ဇာမာလေ ယင်းမီးခွတ်။" ဟု ၀ါကြီးကို အော်ငေါက်တောင်းလိုင်လေသည်။ ယင်းနောက် လင်မယားပြိုင်တူထိုင်လျက် မီးခွတ်ကိုထွန်းဖို.ပျင်လိုင်စဉ် ၀ါကြီးက "ဟေး ဘိန်းတောင်းကို ဘိန်းပီးကေ ရွှေတောင်း
ကေလေ့ ရွှေပီးဖို.လားမသိမ့်ယာ"ဟုပြောလိုက်ရာ ၀ါကြီးမက "တိန်းလို.နိန်ဆရာမခံကေ့ ငါကြည့်လုပ်မေ" ဟုဆိုကာဝါကြီး ပါးစပ်ကို ပိတ်လိုက်သည်။ ယင်းနောက် ၀ါကြီးမက မီးခွတ်ကို မီထွန်းလိုက်ရာ ဘီလူးကြီးသည်"ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်
တပြိုင်းတည်းထွတ်ပေါ်လာသည်။ ထိုအခါ ၀ါကြီးမ က "ရွှေ"ဟု တစ်လုံးတည်းပြောလိုက်သည်။ဘီလူးကြီးလည်း အဘောင်တောင်းသော ရွှေ လိုသလောက်ပီးပြီးမီးခွတ်ထဲသို.၀င်ရောက်ပျောက်ကွယ်လားလေသည်။ဝါကြီးမ လင်မယားလည်း ရွှေတိကို ဘောက်သာ
အိတ်များနှင့်ထုတ်လျက်သိမ်းဆည်းပြီး တစားဇာစီ ပေါင်တောမြို.၌ ပေါင်နှံရောင်ချလျက် ပျော်ရွင်စွာနိန်ထိုင်စားသောက်လျက်ဟိကတ်လေသည်။ လအင်ဒန်ကြာပြီးနောက်ဝါကြီးသည် နနွမ်းပပါးနှင့် သိုက်ဆရာထွန်းလှကြိုင်ကို အတွက်ပေါ်လာလီသည်။
သူ.ကျေးဇူကြောင့် သူရို.လင်မယား အဂုပိုင် မကြောင့်ကြမတောင့်တဘဲ နိန်နိုင်ခရေ မဟုတ်ပါလော.။ ထိုနောက် ၀ါကြီးသည် ၀ါကြီးမကို ခေါ်လျက်" ၀ါကြီးမ.. ငရို.တိလည်း အိုလာယာ။ဒေရွှေတိကို ဒေတသက် စားလို.လဲကုန်ဖို.မဟုတ်။ထိုသိုက်ဆရာသျှေ ကျေးဇူး
ကိုလေ့ ငရို.မမိသင့်။ယင်းသူကို လိုက်ရှာပြီးကေ ဒေမီးခွတ်ကိုပြန်းပီးလိုက်ကတ်မေ ဟိုင်.." ဟုအကြံပီးလေသည်။ ၀ါကြီးမ လည်း သဘောတူသဖြင့် ၀ါကြီးသည် သိုက်ဆရာကို ခြီရာကောက် ရာ ထိုသိုက်ဆရာသည် သ၀င်ချေုာင်းရွာတွင်လောင်းကြီးတစ်စင်း
ဖြင့်ခရမ်းသီးရောင်းနိန်ကြောင့် သတင်းရဟိလီသည်။
xxxxxx xxxxxxxx xxxxx xxxx xxx
သိုက်ဆရာ ထွန်းလှကြိုင်သည် လောင်းကြီးထက်၌ သူ.ခရမ်းသီးတိ အကြောင်းအော်ဟစ်ရောင်းချနိန်စဉ် ၀ါကြီးတစ်လုံးကသူ.နာမည်ကို လှမ်းခေါ်နိန်သည်ကိုသတိပြူမိလိုက်သည်။ နောက်သို.ပြန်လည့်ကြည့်လိုက်သောအခါ တောင်းညိုတောင်၌ ယာလုပ်
စားနိန်သော ၀ါကြီးဖြစ်ကြောင်းချက်ချင်းသတိပြုမိလိုက်သည်။ " ယော် အဖိုးဘာယာ မလား၊ ဇာကိစ္စဟိပါလေ။ကကောင်းဘပြင်းကြီးဘာကာ။" ဟုမီးလိုက်သည်။ ထိုအခါ အဖိုးက"ကိစ္စကိုတော့ခါ မမိန်းကေ့ဖိ၊ မင်းခရမ်းသီးလောင်းကိုထားခ။ မင်း ငါ့နောက်ကို
အဂုလိုက်လတ်။ ငါ့ အိမ်ကိုရောက်ခါ အကြောင်းစုံသိလိမ်.မေ"ဟုပြောလေသည်။သိုက်ဆရာ ထွန်းလှကြိုင် အစတွင်ငြင်းဖို.ပျင်နိန်သော်လည်း သူ.မီးခွတ်အစုတ်ကို သတိရလိုက်ပြီး "ဒေချင့်တော့ခါ တစ်ခုခု" ဟုစိတ်ကူးမိလိုက်ပြီးသူလွယ်အိတ်ကို ကမမ်းကတမ်း
လွယ်လျက် ၀ါကြီးနောက်က လိုက်ပါလာလေသည်။ အိမ်သို.ရောက်ရောက်ချင်း ၀ါကြီးလင်မယားနှင့်အတူထိုင်လိုက်စဉ် ၀ါကြီးက မီးခွတ်ကို မီးထွန်ဖို.ပြင်လိုက်ပြီး "ကြည့်နိန်ကား မင်း"ဟုထွန်းလှကြိုင် ကို ပြောလိုက်သည်။ မီးခွတ်ကို မီထွန်းလိုက်ရာ ဘီလူးကြီးသည်
"ဇာလိုဘာလေအသျှင်" ဆိုသောအသံနှင့်တပြိုင်းတည်းထွတ်ပေါ်လာသည်။ ထိုစဉ် သိုက်ဆရာ ထွန်းလှကြိုင်သည် အခွင့်အရီးကို လတ်လွတ်မခံနိုင်ဘဲ သူ.မှာပါလာသော ဆီးကြိမ်လုံးနှင့် ဘီလူးကြီးကိုရိုက်သတ်လိုက်ရာ ဘီလူးကြီးသည် အသက်ထွက်လျက်
ရွှေတုံးအသွင်သို.ပြောလဲလားလီသည်။ သိုက်ဆရာ ထွန်းလှကြိုင်သည်လည်း ဘီလူးကြီး၏မျက်လုံးတစ်စုံကို လျင်မြန်စွာဖောက်လျက်မျိုချလိုက်သည်။ ၀ါကြီးသည် အလွန်ဘင်အံ့အြ သင့်လျက် သိုက်ဆရာ ထွန်းလှကြိုင်အား" အဝေး မင်းဘဇောင် လူလဲ
တောင်းသမျှကို ပီးစွာဘီလူးကို သတ်ပိုက်တေထောဒေသူ" ဟုစိတ်ပျက်စွာပြောလိုက်သည်။ ၀ါကြီးစကားမဆုံးခင်သိုက်ဆရာ ထွန်းလှကြိုင်သည် ၀ိဇာ ရလျက် ကောင်းကင်သို.ပျံတက်လားပြီး ၀ါကြီး၊၀ါကြီးမ တဲအိမ်ထ၌ ရပ်နားလျက်" အော်..အဖိုး နန်.အဘောင်
အကျွန်. ဆန္ဒတိပြည့်ဘာယာ၊ အဖို.ရို. အဘောင်းရို.မာလေ့ ရွှေတိ ဒေတသက်စားလို. မကုန်ဘာယာ။ ရွီတုံးဖြစ်လားခရေ ဘီးလူးကြီးကို တောင်ညို ရွာသားတိကို တစ်ယောက်တစ်ဖဲ့စီ ၀ီပီးလိုက်ပါ။ကျေးဇူးတင်ပါရေ။ အကျွန်လားပါယာ၊ နှတ်ဆက်ခပါယင့်"
ဟုပြောဆိုလျက် အာကာထက်ကို ပျံတက်ပျောက်ကွယ်လားလီသည်။
(မှတ်ချက် ။ ။ အသျှေခါ ကြားဖူးခသော ၀တ္ထူ သျှေတစ်ပုဒ်ကို ဇာတ်လမ်းအသွင်ဖန်းတီးရွီးသားထားပါသည်။)
ဆက်လက်ကြိုးစားနိန်ရေ။
အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၀၅၊၀၉(၁၄:၃၄)
Posted by KingMarayu at 14:07 0 comments
Labels: ရခိုင်သိုက်ဝတ္ထူ
Saturday, 30 May 2009
ရက္ခိုင်ကမ်းခြီ
Find more videos like this on Arakanese Meeting Point
ငရို.ရခိုင်အလှ၊ လက်ဆောင်အလှနန်.အိမ်ပြန်ကတ်ပါ။လူများတိုင်းပြည်မှာ သဝေထိုး မနိန်ကတ်ပါကေ့။
Posted by KingMarayu at 10:16 1 comments
Labels: ဂီတ