WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Thursday, 6 May 2010

အင်ဂရား သခင်မ

အင်ဂရား သခင်မ
........................

လရို့ သာခေါင်
တပေါင်း နွီဦး
ဝါးငှက်ချေ တွန်သံကျူးလို့ ........

ကြွီကျ ငါအသဲ
ရွှက်ခြောက်တိပိုင်
တဖြုတ်ဖြုတ်နန့်

သခင်မ ခြီအပါးခရသည်။

သခင်မ လားရာ
တလျောက်လမ်းဝယ်
ပန်းမျိုးတစ်ရာ
သက်ဆင်းကြွီလို့

ငှက်မျိုးမောင်နှံ
သံပြိုင်ဆိုလျက်

တေးခြင်းသီကုံး ဆိုကတ်သည်.....။

အင်ဂရားသခင်
အို အသျှင်မ

တစ်သက်တစ်ခါ
ချစ်မိဒေလူ
ဒေ ငမိုက်အား....

အသျှင်မ၏ အင်ဂရားပန်တိနန့်
ပစ်လျက်
ချစ်ကြိမ်လုံးနန့်
ဆုံးမတော်မှုပါ..........။

(အသက်နန့်ထပ်တူချစ်ရသူ အင်ဂရားပန်းချေသို့)

အေးမောင်(ရင်အုံတော်ဓာတ်)
(၀၃၊၀၃၊၂၀၁၀) (၂၃း၁၂)

Read More...

Friday, 27 November 2009

သငယ်နာမစင် အချစ်

စိတ်နောက်ကို
ခိုးရွှာလိုက်ချင်ရေ

နင့်ကို

ကြက်ပေါင် တိုက်ပီးနိန်ကတ်တေ .....။

နင့် အချစ်က
အစွာပိုင်စွာရောင်

အချေခါ
ဖင်မှာ ၀ဲပေါက်ပေါက်လို့ဂါ

ခံရရေ ငါ့မှာ
နှလုံးသားတိ နာ
သွီးတိရပ်
ခြီတိ၊လက်တိ
ဗြဗြန်းတုန်ရေ ဒေ........

နင်ဇာဖြစ်လို့

ငါ အသဲတိကို

မုန့်သန်း ထောင်းရေပိုင်
ထောင်း နိန်စွာလေ ချစ်ချေ ......

မိုင်ပေါင်း ယုဇနာက
အလွမ်းတိ ခြောက်ပိဿာ နန့်

အရှုးတစ်ပိုင်း ချစ်ငတ်ကြီးကို
စာနာ နားလည်ပီးဘလင်

ဘုသျှေ...............။


အေးမောင်(ရင်အုံတော်ဓာတ်)
၁၆၊၁၁၊၂၀၀၉

Read More...

ဆင်းရဲခြင်း၏သားကောင်များ

(၁)
ဇာလူက စတိုက်လိုက်တေမီးလေ့ မသိ၊ သဘောက်ဇာတော တစ်တောလုံးလောင်ပါလားသည်။ ဒေသဘောက်ဇာတော ဆုံးလျှင် မြောက်ဘက်အစွန်းက ကောက်ရိုးပုံတိကို မီးစွဲလောင်လိမ့်မည်။ ကောက်ရိုးပုံတိ မီးစွဲလောက်ကျွမ်းလျှင် ပြာပုံဘ၀ ကိုချက်
ချင်းပြောင်းလဲလားသည်။ ပြာကို မိုးခါ ကျွဲမစား၊ အခင်ကြီး သံကြီးအောင် တစ်ယောက် ချွဲတိအလုံးလိုက်ကျလျက်၊ ဇွဲမချောဘဲ အိမ်းလှေးခက်နှင့် မီးကို ငြိမ်းသတ်ရန်ကြိုးစားနိန်သည်။ ကြည့်ရစွာ ရင်ဆာဖို့ ကောင်းပါသည်။ အငြိုးတကြီးနှင့် ဟြိ့ကို တိုးတိုး လာသော ဒေ မီးဟုန်ကြီးကို အိမ်လှေးခက်ချေတစ်ခက်နှင့် ဘဇောင်ဘင် အန်တု နိုင်ပါဖို့လေ့......။ ဂကောင်းမကြာလိုက် အခင်ကြီး သံကြီးအောင် အိမ်လှေးခက်ကို မီးဟုန်ကြီးက ဒေါသတကြီးနှင့် ၀ါးမျိုးလိုက်သည်။

အခင်ကြီးသံကြီးအောင်တစ်ယောက် မိမိ အသက်ကို ဖက်နှင့်ထုပ်လျက် မီးတောကြီးထဲက ပြီးလွှားထွက်လာလိုက်ရသည်။ ကံကောင်းသည် ခန္ဒာကို မီးမစွဲလီ။ လနှင့်ကြာအောင် ကျင်ကိုင်ခရသော သူပိုင်ဆိုင်သော ကောက်ရိုးပုံကြီး ၂ လုံး ၂ မိနစ်အတွင်း ပြာဘုံအဖြစ်သို့ ပြောင်း
လဲလားသည်။ အခင်ကြီး သံကြီးအောင် တစ်ယောက် မျက်ရည်ကိုသုတ်၊ လက်သီးဆုပ်လျက် အားမတန်လို့ မာန်လျော့လိုက်ရသည်။ ဇာတ်လမ်းကို ဒေလောက်နှင့် မတန်းသိမ်ပါ။ မိသားစုကို လုပ်ကျွေးနိန်သော သူ့ကျွဲတစ်ခြံ အသက်ဆက်ရေး အခင်ကြီးတစ်ယောက် သင်္ချာတွက်ရလီသည်။

(၂)
ဘ၀သည် အလွန်ဘင်ဆန်းကြယ်ပါသည်။ နားမလည်နိုင်မှုနှင့်လဲပြည့်နိန်ပါသည်။ ကံသည် အလုပ်ဟု ဘုရားကပြောပါသည်။ ဆင်းရဲလို့ မလှုနိုင်၊ မလှုနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးတိ ဆုံးမတတ်သည်။ တစ်ခါတလီ ကံသည် အလွန်ဘင် နားလည်ရခက်တတ်ပြီး၊ အလုပ်ကို တနားလေ့ မငြိမ်းအောင် လုပ်နိန်ရေ လှုတိကိုဘင် ခြီနှုန်းသတ်ပနာ ဆင်းရဲအောင်ဖန်တီးပါသည်။ ကံ၏ ခဗြားသတ်၊ သရော်မှုအောင်တွင် ရခိုင်ပြည်ဟိ လောင်ဗွန်းရွှာက ရွှာသားတိ အလှုးအလဲခံရသည်။ မိုးထဖ (၅) နာရီမှ ထလျက် ညနိန် ၇ နာရီ အချိန်ထိ မနားမနိန် အလုပ်လုပ်ဂေလေ့ ဒေရွှာသားတိ ထမင်းတစ်လုပ်လုပ်ကို အနို်င်နိုင်စား၍ဘ၀ ဆက်ရသော အဖြစ်ကိုကြည့်လျင် ကံဆိုသည်မှာ အလုပ်ဟု ဆိုသော ဘုရားစကားကို တစ်စိချေလောက် ဘ၀င်မကျချင်ပါ။

ကျောင်းနိန်ပျော်၍စာတော်ရမည်ဟု ကြွေးကြော်ထားသော မြန်မာအစိုးရပညာရေး ဆောင်ပိုဒ်သည် ဒါချေခိုင်ရို့ မောင်နှမနှစ်ယောက်ရို့အတွက် အဖရိကတိုက်က လှုရိုင်းတိကို စတားဘတ်(ခ်) ကော်ဖီအကြောင်းလားပြောခီစွာနှင့်တူသည်။ ကြွေးကြော်ခြင်းသည် အာဏာဟိလူတန်းစားတိအတွက် ပါးစက ပြုတ်ကျလာသော အသီကောင် သနားခါးလူ ဖော်မျူလာတစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါသည်။

၃၈ဒီဂရီစင်တီဂရိတ် အပှုချိန်သည် ဖဲသာဟိ၊ပညာတတ်လူတန်းစားတိအတွက် သီအောင်ဘင်
ပှုပြင်းသော်လည်း ဒါချေခိုင်ရို့မောင်နှမရို့အတွက် အိုအေစစ်ကို ယောက်ဖခေါ်သည့် ဖော်မျူလာ တစ်မျိုးဖြစ်သည်။ တတောက်ပှုသော နီရောင်အောက်တွင် ရီခမ်းငါးဟြာရသော လူသားတစ်ယောက် ၀မ်းရေးသည် ၁ နာရီလုပ်လျှင် ၁၀ ဒေါ်လာရသော ရခိုင်သားတစ်ယောက် ၀မ်းရေးထက် ဒဿနဆန်သည်ဆိုလျင် အကျွန်မှားပါဖို့လား။ နွီရာသီ ရီခန်းငါးဟြာရသော အလုပ်သည် ကမ္ဘာလောက် အန္တရာယ်များပါသည်။ အခိုက်မတန့်လျင် မြွီကိုက်၍ရပ်စောက် ချောလားနိုင်ပါသည်။

သရီဖိနပ်ဝယ်ဝတ်ရန် မြန်မာအစိုးရမှ သတင်းစာက တိုက်တွန်းနိန်သော်လည်း သတင်းစာဆိုသည်မှာ ဒါချေခိုင်ရို့အတွက် ကုလားဘက်မှာ ပဲစိနှင့်ဖက်စားရသော အရာဝတ္ထူတစ်မျိုးသာဖြစ်ပါသည်။ Safety First ဟုဆိုသောစာတန်းသည် ထမင်းကိုထင်းနှင့်ချက်၍ ဘ၀ ဆက်ရသော လူသားတစ်ယောက်အတွက် အလုပ်မဖြစ်ပါ။
ရခိုင့်ပင်လယ်အောက်တွင်ရှိနိန်သော သဘဘ၀ ဓာတ်ငွိ့သည် ကပ်စိနည်းသဌေး တစ်မျိုးဖြစ်ပါသည်။ ရီခန်းငါးရှာ၍ အသက်ဆက်ရသော ဒါချေခိုင်ရို့ မောင်နှမတိကို ရခိုင်သဘာဝ အရင်းအမြစ်များသည် အဖတ်မလုပ်ကတ်ပါ။


ဘ၀သည် အလွန်ဘင်ဆန်းကြယ်ပါသည်။ နားမလည်နိုင်မှုနှင့်လဲပြည့်နိန်ပါသည်။ ကံသည် အလုပ်ဟု ဘုရားကပြောပါသည်။ ဆင်းရဲလို့ မလှုနိုင်၊ မလှုနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးတိ ဆုံးမတတ်သည်။ တစ်ခါတလီ ကံသည် အလွန်ဘင် နားလည်ရခက်တတ်ပြီး၊ အလုပ်ကို တနားလေ့ မငြိမ်းအောင် လုပ်နိန်ရေ လှုတိကိုဘင် ခြီနှုန်းသတ်ပနာ ဆင်းရဲအောင်ဖန်တီးပါသည်။

(၃)
အဖိုး မောင်သံလှု တစ်ယောက် ဒီဇင်ဘာလ အချမ်းတိကို ခြီနှုန်းသတ်ပနာ သူ့လက်စွဲတော်ရင်းတန်းကြီးကို ထမ်းလျက် ကျွဲကူးမြစ်ကမ်းကို ခြီဦးတည့်လာသည်။ ဖိနပ်မစီးနိုင်သော သူခြီထောင်များသည် သံတုန်းပိုင်မာသည်။ ဆီလီစူးနှင့် ဖက်ရန်စူးတိက အဖို့ မောင်သံလှု ခြီထောက်ကို အန်မတုဝံ့ကတ်။" ဆင်လားလမ်းမလို" ဆိုသော စကားပုံသည် လှုသားစင်စစ်ဖြစ်သော အဖိုးမောင်သံလူတွက် မှန်ကန်နိန်သည်ကို အံ့သြစွာတွိရပါသည်။ယင့်လောက်ကိုမဆိုထားဂဲ့ မြစ်ကမ်းနား ကျောက်ဆောင်တိထက် ဓားရို့ပိုင်ထက်နိန်သော ဂြင်းတိကပင် အဖိုးမောင်သံလူ ခြီထောက်ကို အံမတုဝံ့ကတ်ပါ။ ဖဖြိန်းတုန်ပါအောင်ကြောက်ကတ်သည်။ အဖိုးမောင်သံလူသည် ခေါင်းထဲတွင် ရိုးစင်းသော အတွေးတစ်ခုဟိသည်။ ယင်းချင့်မှာ မြစ်ကမ်းနားရောက်လျှင် ဖြားကျလာအောင်စောင့်မည်။ ယင်းပြီးနောက် မြစ်ကမ်းနားတွင် အပြောင်းအပြန် ရင်းတန်းထိုးမည်။ ရလာသော မျိုင်ချေ၊ငါးချေ၊ ပုစွန်ချေရို့ကို သူ့အချစ်တော် ပုန်းကြီးနှင့်ထမ်းလျက်ရွှာပြန်မည်။ ရောက်လျင် ထိုရီသတ္တ၀ါတိကို ရွှာတွင်လည်ရောင်းမည်။ ရောင်းရသောဒင်္ဂါးတိကို သမီးချေရို့ ၊မြီးချေရို့အတွက် ပီးကမ်းမည်။

မီးခွန်တစ်ခု မီးစရာပေါ်လာနိုင်ပါသည်။ ဒေအသက်အရွှယ်ရောက်မှ အီးအီးချမ်းချမ်း မနိန်ဘဲနှင့်ဘဇာကြောင်း အချမ်းခံ ရင်းတန်းထိုး ဖဲ့သာဟြာနိန်ပါလေ။ လူသားတိုင်းသည် အသက်အရွှယ်ရလာလျှင် ငြိမ်းချမ်းအီးမြသော ဘ၀အာဟာရကိုခံ စားချင်ပါသည်။ ရခိုင်လူမျိုးဆိုလျှင် အချိန်တန်ဂေ ၀ပုပ်စောင့်၊သီလစောင့်၊မြီးချေ၊မြစ်ချေရို့နှင့် ပပျော်နိန်ယင်း အီးအီးချမ်းချမ်း ဘ၀ဇာတ်သိမ်းလားချင်ပါလိမ့်မည်။ ယေဘင်ဂေလေ့ ဆင်းရဲခြင်းဆိုရေ ရိနာသတ် အဖြစ်ဆိုးက အဖိုးမောင်သံလူကို မျက်နှာမကြည့်ပါ။ယင်းကဲ့သို့ ဘ၀အဟာရ ဖန်းတီးမပီးပါ။ ပဇာကြောင့်ယလောက်ပင် ဆင်းရဲကတ်ပါလေ။ မလှူနိုင်လို့လား၊ ကံကြမ္မာ ခြီနှုန်းသတ်ခြင်းကြောင်းလား၊ မလှူနိုင်လို့ ဆင်းရဲသည်ဟု ဘုန်းကြီးရို့ဆုံးမစကားတိ အကျွန်အသျှေခါကြားဖူးပါသည်။ ကံ၊ကံ ၏ အကျိုးဆက်ရို့အဖြစ် အကျွန်ရို့လူသားရို့နိန်ထိုင် လားလာမှုဖြစ်တည်နိန်သည်ဟုလည်းပြောကတ်ပါသည်။ ကံသည် အလုပ်လို့ ဘုရားကပြောပါသည်။ ကံသည် အလုပ်ဟုဆိုလျှင် တစ်သက်လုံးရရိုးသသား လက်ပေါက်ပါအောင် အလုပ်လာသော ထိုရခိုင်လူမျိုးရို့အား ဆင်းရဲအောင် ထိုကံက ဖန်တီးပါသနည်း။ ဟြိ့ဘ၀က အကျိုးဆက်ကြောင်းပါလာ။ ယပိုင်ဆိုဂေ ဒေကမ္ဘာမှာ ရခိုင်လူရို့ရာ ဟြိ့ဘ၀က မကောင်းမှုလုပ်ခမိလာ အကျွန် မစိုင်းစားတတ်ပါ။ အရိုးသားဆုံးဝန်ခံရလျှင် ထိုသီအိုရီတိကိုလည်း အကျွန်ယုံကြည်မည်မဟုတ်ပါ။ ဇာပိုင်ပင်ဆိုဆို ဒေဆင်းရဲဆင်းခြင်းသားကောင်းရို့၏ ကလာဂါ နောက်ဘက်တွင် တိကျခိုင်မာရေ အဖြေတစ်ခု အဂွင့် ဟိနိန်မည်မှာ လုံးဝ သေချာပါသည်။

အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Friday, 2 October 2009

အချစ်ငြိ

အချစ်ငြိ
...............

အမုဒ္ဒယ ကြိုးတစ်ပင်
ကမာငင်နိန်လို့
ယူဇနာ အသျူတစ်ရာ က
ငါ........
တဗျင်းလွမ်းနိန်ရရေ....

သိုက်လိုက်ခံလိုက်ရရေ
ငါ နှလုံးသား ...

စပါးကြီးမြွီ ညို့ခံထားရရေ
ကြက်မချေပိုင်
ဇာကိုဘင် လားလား
နင့်မျက်နှာ

ငါ.... ရင်မှာ.....
လ တစ်ရာ ပ လို့..........

အော်.........အချစ် အချစ်
တူးလားကေလေ့
ဝဲမသတ်နိုင်

ခါး --လားကေလေ့
ချောကလက်ချေပိုင်
ငါ မျိုချ မိနိန်ရေ ဂါ..........

ငါ ...ရေ
ရီမျိုး ကမ်းတင်
ကောက်ဆရီပင် ချေ တစ်ပင်

ယကေလေ့.....

နင်နန့်ကျမှ
ငါ့ နှလုံးသားတိ
ရမ်းပေါက်တိုက်ပနာ
အညာရီပေါက်ကေလေ့

အဂုကျမှ
ငြိမှာ ကပ် ကပ်လို့ .....................။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၈၊၀၉၊၀၉(၂၀:၄၀)

Read More...

Saturday, 12 September 2009

ရခိုင့် အသိစိတ် တိုးတက်ပြောင်းလဲခြင်း
................................................

ဘီစီ ၆ ရာစုအလယ်၌တည်းထားကိုးကွယ်ခသော မဟာမြတ်မုနိကိုယ်ပွားတော်မြတ်ရာဇ၀င်ကိုရခိုင်လူမျိုးတိုင်းသိကတ်သည်။ မြတ်ဘုရားသျှင်သည် သေလာဂီရိခေါ်ကျောက်တော်တောင်ထိပ်တွင်ရပ်နားတော်မှုလျက် ရက္ခပှုရတိုင်းဓညအား ဗျာဒိတ်တော်
မွတ်ကြားသည့်အထောက်ထားတိကို ရခိုင်တောင်ပေါက်ကြီးကျောက်စာများတွင် မှတ်တမ်းတင်ထားခကတ်သည်။ မြတ်ဘုရားရောက်ခြည်တော်ကို ရခိုင်၊ ရဟန်း သျှင်လှုရို့ ကြည်ညိုမဆုံးဖြစ်နိန်ကတ်ပုံကို မျက်စိနှင့်မှန်းကြည့်လျှင်ဘင်ကြည်နှုးမူတိဖြစ်မိသည်။
ယင်းသို့သော ဟြည်လျားလှသည့်တချိန်တစ်ခါက ကြွီးသွန်းရုပ်ထုတော်ကြီးကို ရက္ခပှုရသားတိ သွန်းလုပ်ခကတ်သည့်သမိုင်းတစ်ရပ်သည်ကမ္ဘာ့လူသားများဆိုင်ရာ အသိညာဏ်တိုးတက်ပြောင်းလဲပုံနှင့်ဆက်စပ်ယူသင့်ပါသည်။ ကြွီးသွန်းအတတ်ပညာများမဟိသလောက်ယှားပါးနိန်သော ထိုခောတ်ထိုအခါက ရခိုင်လှုမျိုးများသည် ယင်းသို့သော လက်ရာမြောက်သည့်ရုပ်ထုတော်မြတ်ကြီးကို သွန်းလုပ်နိုင်သည်ကိုသုံးသပ်လေ့လာကြည့်လျှင် ရခိုင်များ၏ အသိညာဏ်တိုးတက်ပြောင်းလဲမှုသည် အံ့မခန်းပင်ဖြစ်ပါသည်။

လှုသားများ၏ အသိညာဏ်ပြောင်းလဲတိုးတက်ပုံကို ရောင်ပြန်ဟပ်နိုင်သော ကမ္ဘာပေါ်မှ အခြားသောအထောက်အထားများမှာ 2750 BC ခန့်လောက်ကတည်ထားခသော ပီးရမစ် များဖြစ်ပါသည်။ ပီးရမစ် တည်ထားမှုရို့သည် အနှပညာလက်ရာ အလွန်ပင်
အဆင့်မြင့်လှပြီး၊ဆောင်လုပ်မှုဆိုင်ရာ အတတ်ပညာမှာလည်း အသားပါလှသည်။ အဆာက်အဦးတစ်ခု ဆောင်လုပ်လျှင် ဆောက်လုပ်သည့် အတက်ပညာနှင့် အနှပညာသာမက၊ Team Work လို့ခေါ်သော အတူတကွပှုပေါင်းလုပ်ဆောင်မှုတိ ရော
ထွီးနိန်သည်။ လှုသားသဘာဝ အရ ပှုပေါင်းလုပ်ဆောင်မှ ဇာအရာမဆိုအောင်မြင်နိုင်ပါသည်။ ပှုပေါင်းလုပ်ဆောင်ကတ်ရန်လေ့လူသားများ၏အသိသဘာဝစိတ်မှ လှုံ့ဆော်ပီးတတ်သည်။ ဒေနိန့် ကမ္ဘာကြီးသည်ဒေပိုင်ခောတ်မှီတိုးတက်လာသည်မှာလူသားများ၏ပှုပေါင်းလုပ်ဆောင်ခြင်း၏တစ်ဒေသရလတ်ဟုဆိုလျှင
်ဇာသူကမှမငြင်းနိုင်ပါ။

ဘီစီ ၆ရာစုဆိုသောအချိန်သည် ကမ္ဘာပေါ်ထက်က လူသားများတိုးတက်မှုအစမဟုတ်ပါ။ ထိုအချိန်ထိုအခါက အကျွန်ရို့ကမ္ဘာကြီး၏ တစ်ခုလုံး တောနက်များဖုံးလွှမ်းနိန်လိမ့်မည်။ လူသားများအများစုသည် အမဲလိုက်ခြင်းဖြင့်အသက်ဆက်ခွင့်တာဝန်ကိုထမ်း
ဆောက်ထားကတ်လိမ့်မည်။ကမ္ဘာကြီး၏များစွာသောတိုင်းပြည် သို့မဟုတ် လှုမျိုးစုအနွယ်များသည် တသီးပုဂ္ဂလ နိန်ထိုင်လျက်ဟိကတ်လိမ့်မည်။ ယဘင်ယကေလေ့ ရခိုင်များ၏ အတူတကွ ပှုပေါင်းပါဝင်လုပ်ဆောင်ခြင်း၊ လှု့ကျင့်ဝတ်များချမှတ်ခြင်း၊
အနှပညာနှင့် ဆောက်လုပ်ရေးအတက်ပညာများသည် ထိုခေတ်ထိုအခါနှင့်နှိင်းလျှင် မယုံလောက်အောင်ဘင်တိုးတက်ပြောင်းလဲနိန်သည်။ ယင့်ချင့်တောင်မကသိမ့်ဘဲ ရခိုင်များသည် ထိုရာစုမတိုင်ခင်ခါကင် မြို့ပြနိုင်ငံများတည်ထောင်နိုင်ခကတ်သည်။ ဘီစီ၆ရာစုနှောင်းပိုင်းကာလများတွင်ရခိုင်အတွေးအခေါ်များသည် ဒေနိ ရခိုင်လူ့အဖွဲအစည်း၏နီထိုင်ပုံကိုဘင်သက်ရောက်လျက်ဟိမ့်သည်။ ဗုဒ္ဒ၀ါဒ အခြေခံသော လူ့ကျင့်ဝတ်များသည်ရခိုင်လူ့အဖွဲ့အတွင်း ဘီစီ ၆ရာစုကပင် အစပျိုးလာသည်ဆိုလျှင် အကျွန်မငြင်းပါ။

ရခိုင့်အသိစိတ်တိုးတက်ပြောင်းလဲမှုတွင်မြောက်ဦးခေတ်တွင်ထိပ်ဆုံးကိုရောက်ဟိလာသည်။မြောက်ဦးခောတ်ရခိုင်အတွေးအခေါ်များသည
်အိမ်နီးချင်နိုင်ငံများနှင့် အနောက်ဥရောပနိုင်ငံတစ်ချို့ဘင်အကိုင်းသတ်နိုင်ကြောင်းသမိုင်းတိကဖော်ပြပါသည်။
မြေက်ဦးခေတ်တွင် ရခိုင်စာပီ၊အနှပညာ၊ဂီတ စသဖြင့် ဘက်စုံက တိုးတတ်လာခသည်။ ရခိုင်စာပီနှင့် ရတု၊လင်္ကာများသည် ရိုးမကိုကျော်လျက်မြန်မာပြည်ကိုဘင်လှုပ်ကိုင်နိုင်ခသည်။ အိမ်ဟြိ့စံမင်းခမောင်း၏ အထိမ်းတော်ကြီးဖြစ်သော ဥက္ကာပျံအမတ်
အား ရခိုင်သံတမန်အနိန်ဖြင့်အင်းဝကိုရောက်စဉ် မြန်မာဘုရင်က ရာဇသင်္ကြန်နာမည်ဖြင့် မြှောက်စားဖှုးသည်။ အဂုခေတ် ဒီမိုကရေစီဟုထင်ယှားလာသော အတွေးအခေါ်စနစ်တစ်မျိုးသည် ရခိုင်မြောက်ဦးခေတ်တွင် ဟြင်သန်နီကြောင့်လေ့လာသိဟိရသည်။
ဥက္ကာပျံမှ အင်းဝပဒေသရာဇ် စနစ်ကိုမကြိုက်၍ဝေဖန်သည်ကို အမျက်ထွက်တော်မှုသော မြန်မာအင်းဝ ဘုရင်သည် ဥက္ကာပျံအား မြေက်ဦးသို့ အယင်ပြန်ခိုင်းဖှုးသည်။ ယင်းကဲ့သို့ အထောက်အထားတိကိုသုံးသပ်ခြင်းအားဖြင်း ရခိုင်ရို့အုပ်ချုပ်ပုံစနစ်
သည် တစ်ခြားအိမ်နီးချင်းနိုင်ငံများနှင့်ကွာခြားမှုဟိလိမ့်မည်။

ဆောက်လုပ်မှုဆိုင်ရာအနှပညာဘက်တွင်လည်း ရခိုင်ရို့သည်အံ့မခန်းတိုးတက်ပြောင်းလဲနိန်ကြောင်းသမိုင်းတိက ပြောပြနိန်ပါသည်။မြောက်ဦးခေတ်အဆက်ဆက်ကတည်ထားကိုးကွယ်ခသော ဘုရား၊ပုထိုး၊သိမ်တော်များ၏ ဆောက်လုပ်မှုဆိုင်ရာစွမ်းရည်သည် ကမ္ဘာတွင်စံတင်လောက်နိုင်သည်။ ကျောက်တုံး၊ကျောက်စိုင်များနှင့်တည်ထားကိုးကွယ်ခသော ထိုပုထိုးတော် အဆူဆူရို့သည် ရခိုင်များ၏ အသိစိတ်တိုးတက်ပြောင်းလဲမှုအဆင့်ဆင့်သက်သီများဖြစ်သည်။ ထုက္ကန်ပုထိုးတော်ကြီးတည်ဆောက်ပုံကိုအနောက်နိုင်ငံကပညာသျှင်တစ်ချို့ကပင်ချီးကျူးထားပြီးရခိုင်များ၏တိုးတက်ခပုံသည်
မခေကြောင်းမှတ်ချက်ပြုကတ်သည်။

အေးမောင်(ရင်အုံတော်ဓာတ်)
၁၁၊၀၉၊၀၉

Read More...