WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Tuesday, 7 July 2009

ချစ်ညီချေ၊ ချစ်ညီမချေ


ချစ်ညီချေ
ကျောင်းလားပါ ဝေ
မပျင်းပါဂေ့ ဝေ
၎ တန်းက ထွက်ပြီးကေ
နွားကျောင်းဖို.
စိတ်မကူး ပါဂေ့ ဝေ ................။

ချစ်ညီမချေ
မပျင်းပါဂေ့ ဝေ
ဆီဝယ်ဖို. ဖဲ့သာမဟိကေ
ဓာတ်မီးတိုင်အောက်မှာ
စာကိုဖတ်ပါ ဝေ
ဓာတ်မီးတိုင် မဟိကေ
မီးလူံရေ မီးဖိုနားမှာ
စာ ကိုဖတ်ပါ ဝေ ....................။

ချစ်ညီချေ
ဘ၀မှာပညာတက်အောင်
သင်ပါ ဝေ
အပျော် မလိုက်ပါဂေ့ ဝေ
ပညာရွှေအိုး လူမခိုးလတ်
သက္ကသိုလ်တက်ပါ ဝေ
အင်္ဂလိပ်စာ သင်ပါ ဝေ ..............။

ချစ်ညီမချေ
ဘ၀ ကို တစ်ခါလေ့
လက်မြောက် အရှုံး
မပီးလီဂေ့ ဝေ
ကြိုးစားရေ လူတွက်
မဖြစ်နိုင်စွာမဟိပါ ဝေ..............။

ချစ်ညီချေ
ပညာတက်ကြီးဖြစ်လားဂေ
အဖ ကျေးဇူးပြန်ဆပ်ဖို.
ရိုးတောင် တစ်ဘက်ကို
ပြန်လာပါ ဝေ
မင်းတက်တေ ပညာတိနန်.
စွမ်းဆောင်ပါ ဝေ..................။

ချစ်ညီမချေ
အဖ နန်. ဘ၀ ကို
မမိလီပါဂေ့ ဝေ
လူရပ်ပြည်မှာ
ဇိမ်တွိလားဂေ လေ့
အဖပြည်ကို ပြန်သတိရ ပါ ဝေ ......။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၅၊၀၆၊၀၉

Read More...

Monday, 29 June 2009

ရင်ရဲစိ ၀တ္ထူ

ရင်ရဲစိ ၀တ္ထူ
.....................

အယင်ခေါက်ခါ အကျွန်ရို. ရက္ခတိုင်းက ကျွန်းရွာချေ တစ်ရွာမှာ ကလေချေ တစ်ယောက် ကစပ်ကစပ်နီယင်း ရင်ရဲစိ တစ်စိ ကောက်ရပါရေလတ်။ ယင်း ရင်ရဲစိကို မြင်ရေခါ ယင်းကလေချေစွာ ရင်ရဲစိပိုင် လှရေ မမချေ တစ်ယောက်လိုချင်စိတ်ပေါက်ပါလတ်
တေလတ်။ယေခါ အမိ ဘက်ကိုလားဘနာ " အော...အမိ အမိ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်" လို.တောင်းရေလတ်။ ယကေအမိသယ်က " အော် သားချေ သားချေ.....အမိက မဟြာ(ရှာ) ပီးနိုင်ဂါ.. နင့် အဖ
ဘားက လားတောင်းခီဘလင်"လို. ဆိုရေလတ်။ ယင်းပိုင်ဆိုခါ သားချေကလည်း အဖသယ်ဘက်ကို လားဘနာ" အော်.....အဘာ အဘာ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်" လို.တောင်းပြန်ရေလတ်။ ယပိုင်နတ်
အဖသယ်က " ဘာဘာမှာက မဟိကာဝေ၊ မင်း အဘိုးသျှင် ဘားကို လားတောင်းခီ" လို.ပြောလိုက်ပါရေလတ်။ ယင်းတွက်တာနတ် ထိုသားချေကလည်း အဖိုးသျှင်ဘားကို လားဘနာ တောင်းပြန်ရေ။ အဘိုးသည်က အဘောင်မသယ်ဘားက တောင်းခီလို.
အကြံပြုလိုက်တေ။ ယင်းတွက် ယင်းကလေချေ နောက်ဆုံးအနီနတ် အဘောင်းမဘားကို လာရေလတ်။ယေခါ အဘောင်မသည်က " မပူကေ့ ငါ့မြီးချေ၊ အဘောင်သျှင်ဟြာပီးမေ" လို.ဆိုရေ။ အဘောင်မသည်က " မင်းရေ ငရို.ရွာ အရှိဘက် ၃ နာရီလောက်
လမ်းလျှောက်ကေ နပျိုးခြင်း တစ်ခြင်းတွိလိမ့်မေ။ ယင်း နပျိုးခြင်းက ယာသျှင် ၀ါကြီးမ လင်မယား ဘားက တောင်းခီ" ယင်းပိုင် မှာလိုက်တေလတ်။ ယင်းပိုင်နတ် ကလေသျှေရေ သူ.ခရီးကို စတင်လိုက်တေ။ ၃နာရီလောက်လမ်းလျှောက်ပြီးရေမှာ သူ.အဘောင်
မသယ်ပြောရေပိုင် နပျိုးခြင်း အကြီးမသန် တစ်ခြင်းတွိရေလတ်။ ယကေ ယင်းယာခင်းထဲကိုဝင်ဘနာ ၀ါကြီးမလင်မယားကို ထိုရင်ရဲစိ ကိုပြရေလတ်။ ယပြီးကေ သူ.ကို ယင်း ရင်ရဲစိ ပိုင်လှရေ မယားတစ်ယောက်ဟြှာပီးဖို. တောင်းပန်ရေလတ်။ ယင်းပိုင်
ဆိုခါ ၀ါကြီးက " အော် မောင်ချေ၊ မောင်ချေ .....ငရို.အိမ် နောက်မှာ နပျိုးပင် ၇ ပင်ဟိရေ။ ယင်းခုနစ်ပင် ထဲက မင်းကြိုက်တေ တစ်ပင် ခွတ်လို.ယူလီ" လို.ပြောရေလတ်။ ထပ်ပြီးကေ မှာလိုက်စွာက ယင်းကလေချေ ရေ ယင်းနပျိုးပင်ကို ထမ်းလို. ရွာကို
ပြန်ရေခါ ဇာလောက်ပင် လီးလီး ရွာက သူ.အိမ်ကို မရောက်မချင်း ယင်းနပျိုးပင်က အပတ်တိကို လုံးဝမခွါရ လတ်။ယင်းကလေချေ လည်းကတိပီးဘနာ ကြိုက်တေ နပျိုးပင်တစ်ပင်ခွတ်လို. ရွာကို ထမ်းပြန်လာရေလတ်။ယင်းပိုင် ထမ်းယင်းထမ်းယင်း
နပျိုးပင်လေး ကကောင်းလီးလတ်တေ။ တစ်ခုပိုင် ထမ်းလိုမပါရေခါ ကလေချေ စဉ်းစားရေလတ် " အော် အပတ်တစ်ပတ် ခွာလိုက်လို. ဇာဖြစ်ဖို.လဲ့ဂု" ဆိုပနာ တစ်ပတ်စခွာ ဘလိုက်တေ။ တစ်ခုလေ့ မဖြစ်ရေခါ ယင်းနပျိုးပင် ကို ထမ်းပနာ ဆက်လျှေက်တေ
လတ်။ ထူးဆန်းစွာက နပျိုးပင်ရေ ပေါ့လားဖို.အစား ပိုပြီးယာ လီးပါလတ်တေလတ်။ ယင်းပိုင် လီးယင်းခွာ ယင်း လီးယင်းခွာ ယင်းနန်. ရွာနားကန်ဘောင်နားအရောက်မှာ ကလေချေ ရေ အားလုံးကို ခွာသတ်ဘလိုက်တေလတ်။ ယင်းပိုင်အားလုံးကိုခွာသတ်
ဘလိုက်တေခါ ယင်းနပျိုးပင်က မိုးကျနတ်သမီးချေတစ်ပါးပိုင် လှပချောမောရေ မင်းသမီးချေ တစ်ယောက်ထွက်ကျရေလတ်။ ယင်းပိုင်ဆိုခါ ထိုကလေ့မေချေက " အော်..မောင်တော်..မောင်တော်...အကျွန် ခြီနန်.လားကေလေ့ ခြီပေါက်ပါရေ၊ လက်နား တွား
ကေလေ့ လက်ပေါက်ပါရေ" လို.ပြောရေလတ်။ ကလေချေလေ့ ကြံစရာဖြစ်နိန်ရေခါ ကန်ဘောင်ထက် ပေါက်နိန်ရေ ညောင်ပင်ကြီးတစ်ပင်ထက်မှာတင်ဖို.ပျင်ရေလတ်။ ယပြီးကေ ကလေချေက "အော်.. မောင်ကြီး ချစ်နှမ ...ဒေ ညောင်ပင်ကြီထက်မှာ
တနားချေနီ၊ မောင်ကြီးအိမ်က မြင်းဂါရီ လားယူဘိုက်ခီမေ" လို.ဆိုပနာထွက်လားရေလတ်။ ကလေချေ မြင်းဂါရီ လားယူနိန်တုန်းမှာ သူဌေးအိမ်က အရုပ်ဆိုး ပြည့်ဝန်းမ လည်း ကကောင်းဆင်ပနာ ထိုကန်ကို ရီခတ်ဖို.ဆင်းလာရေလတ်။ ကန်ဘောင်ကို
ရောက်တေခါ တစ်ကန်လုံး ထထိန်လင်းနိန်စွာကို ပြည့်ဝန်းမ မြင်ရေလတ်။ ယေခါ ကိုယ့်ဘားက အရောင်ထွက်တေထင်ဘနာ " သူဌေးအိမ်က ပြည့်ဝန်းမ အရောင် ကန်လုံးပြောင် ဒိန်နနောင် ဒိန်နနောင်" ဆိုပြီးနာ ရီခွက်ကို ချလို. ကရာ ကယာလတ်။ ယင်း
ပိုင် ကနိန်စွာကို ညောင်ပင်ထက် ကလိန်.မေချေ မြင်ရေခါ အအူပိန်ပါအောင် ရယ်မိရေလတ်။ပြည့်ဝန်းမလည်း အရောင်တိလာရာဘက်ကို ကြည့်လိုက်တေမှာ... အရောင်တိစွာ သူ.ဘားကလာစွာကမဟုတ် ဒေကလိန်.မေချေ ဘားက လာစွာရာမလားဆိုပနာ
မနာလို ၀န်တိုစိတ်တိ ဖြစ်မိရေလတ်။ ပြည့်ဝန်းမ လည်းညောင်ပင်အောက်ကို လားဘနာ ယင်းကလိန်.မေချေဘားက ကွမ်းယာ တစ်ယာ တောင်းရေလတ်။ မမချေက ကွမ်းယာ မဟိလို.ပြောရေခါ " မချေ မချေ....ကွမ်းမဟိကေ ညောင်ရွက်ကို ကွမ်းလုပ်၊
ကွမ်းသီးမဟိကေ ညောင်သီးကို ကွမ်းသီးလုပ်၊ ထုံးမဟိကေ ညောင်စိကို ထုံးလုပ်" လို.ပြောရေလတ်။ ယင်းပိုင်ဆိုခါ ကလိန်.မေချေ ကလည်း " ဟုတ်ပါယင့် မမ ယင်းပိုင်ဆိုကေ အကျွန်လုပ်တက်ပါရေ ဆိုပါနာ ကွမ်းတစ်ယာ ယာလို. ကမ်းပီးရေလတ်။
ယင်းပိုင် ကမ်းပီးစွာနန်. ပြည့်ဝန်းမရေ ယင်းကလိန်.မေချေ လက်ကို ဆွဲဘနာ ကန်ထဲမှာ မြှပ်သတ်ဘိုက်တေလတ်။ ယပြီးကေ သူမရေ ညောင်ပင်ထက်မှာပပိုက်နနစ်ထိုင်နိန်ရေလတ်။ ထို ကလိန်.မေချေ လည်း ကန်ထဲမှာ ကြာပန်းချေ ဖြစ်လားရေလတ်။

ယပိုင်နတ် ကလေချေ မြင်းလှည်းနန်. ပြန်လာရေခါ သူ.မယားရေ ကကောင်းအရုပ်ဆိုးလားစွာကို စဉ်းစားလို.မရဖြစ်နိန်ရေလတ်။ ယေဘင်ယေဂေလေ့ ငါမယားဆိုးဆိုး လှလှ ငါယူရဖို.ဆိုပနာ ပြည့်ဝန်းမကို မြင်းဂါရီထက် တင်ပြီးကေ အိမ်ကို ခေါ်လားရေလတ်။
ယင်းပိုင် ယင်းကလေချေ လည်းပြည့်ဝန်းမနန်. ပေါင်းသင်းနီထိုင်လီယာလတ်။ တနိ ယင်းကလေချေ ကန်ကို ရီ ခတ်ဖို.ဆင်းလာရေခါ တန်းထ(တံတား) နားမှာ ကြာပန်းချေတစ်ပွင့်မြင်ရေလတ်။ ယင်းကြာပန်းရေ အရာလူတိ ရီခတ်လာကေ ကန်အလယ်ဂေါင်
မှာဇီ နိန်ပြီးကေ ယင်းကလေချေ ရီခတ်လာယာဆိုကေ တန်းထ နားမှာဇီလာနိန်ရေလတ်။ ယင်းပိုင် တစ်ရက်မဟုတ် နှစ်ရက် ရက်ပြတ် မြင်ရေခါ ယင်းကလေချေ ယင်းကြာပန်းကို အိမ်ကိုခူးယူလာရေလတ်။ ယပြီးကေ သူရို.လင်းမယားအိမ်တေ ဂေါင်းရင်း
မှာထိုးထားရေလတ်။ ယင်းပိုင် ပြည့်ဝန်းမ လင်မယားအိပ်ယာဆိုကေ ထိုကလိန်.မေချေရေ ကြာပန်းကထွက်ပနာဇီ ပြည့်ဝန်းမ အဂေါင်းကို ကျောက်တေလတ်။ ပြည့်ဝန်းနိုးကျလာကေ ကြာပန်းထဲကို ပြန်ဝင်ပြီးလာရေလတ်။ ယင်းပိုင်နတ် ပြည့်ဝန်မ လည်း
ဂေါင်းမူဝေဒနာ ခံစားရရေလတ်။ ပြည့်ဝန်းမရေ ကြာလာခါ ယင်းကြာပန်းကို သံသယ ၀င်လာရေလတ်။ ဒေပန်းရောင်ခါတည်းကပင် ငါဂေါင်းမူးရေ ဆိုပနာ ယင်းကြာပန်းကို ဓားနန်. အပိုင်းပိုင်း စိုင်းဘလိုက်တေလတ်။ ယပြီးကေ ရွာကြားက ၀ါကြီးမလင်မယား
တပ်နားမှာ ၀ဲပိုက်ဘိုက်ခီရေ။ ကကောင်းမကြာ ယင်းကြာတိုကြာဇ တိက ၀ရစ် ပင် တစ်ပင်ပေါက်လာရေလတ်။ ယင်း ၀ရစ်ပင်ကြီးလာရေခါ ၀ရစ်သီးတိ အပြွတ်ပြွတ်အခိုင်ခိုင်သီးရေလတ်။ ၀ါကြီးလင်မယားလည့် ၀ရစ်သီးတိကို ဆွတ်ပနာ စားကိုစား ရောင်း
စွာကိုရောင်း ပီးစွာကိုပီး ပီးဘလိုက်တေခါ တပင်လုံးကုန်ရေလတ်။ ယကေလေ့ အပင်ထိပ်ဆုံးမှာ ၀ရစ်သီးတစ်လုံးကျန်လိုက်တေလတ်။ ၀ါကြီးလင်မယားလည်း ထို နောက်ဆုံးအသီးကို မစားဝံ့ဘဲ ထမင်းချက်ခန်းက ကြတ်စင်မှာ တင်ထားရေလတ်။

ယင်းဝါကြီးမ လင်မယားရေ ဆင်းရဲလို. တောထဲက ထင်းခွီပနာ ဇီ အသက်မွီးဝမ်းကျောင်းပြူရလေလတ်။ယင်းပိုင် ၀ါကြီးမ လင်းမယားထင်ခွီဖို.လားနီစဉ် ယင်းကလိန်.မေချေရေ ၀ရစ်သီးက ထွက်ပနာ ထမင်းဟင်းချက်ရေလတ်။ ပြီးယာဆိုကေ ၀ရစ်သီးထဲကို ပြန်
ဝင်လားရေလတ်။ ၀ါကြီး၊၀ါကြီးမ လင်မယားပြန်လာရေခါ ထမင်းတိ ဟင်းတိ အဆင်သင့်ချက်ပြီးနိန်စွာကိုဇီ တွိရေလတ်။ ယင်းပိုင် နိတိုင်းဖြစ်လာရေခါ ၀ါကြီးမက " ၀ါကြီး ......အိမ်မှာစောင့်ကျန်လိုက် အသူထမင်းလာချက်လေကြည့်ထား ငါထင်းခွီလား
လိုက်မေ" ဆိုရေလတ်။ ၀ါကြီးလည်း အိမ်မှာ စောင့်နိန်ယင်း စောင်နိန်ယင်း ဖဖူရောင်ပါအောင် အိပ်ပါလားရေလတ်။ ထိုကလိန်.မေချေ လည်း ၀ရစ်သီးကထွက်ပနာ ထမင်းတိ ယင်းတိ ချက်ပြီးရေခါ၊ အိပ်နီရေ ၀ါကြီး ဖင်ဝမှာ ကွမ်းတစ်ယာညှပ် ဘခသိမ့်ရေ
လတ်။ ၀ါကြီးမပြန်လာရေခါ ကွမ်းတစ်ရာ ဖင်ဝဆို.လို. အိပ်နီရေ ၀ါကြီးကို နိုးဘနာ တ၀ ဒေါသထွက်တေလတ်။ ယပြီးကေ ၀ါကြီးမက " ထင်းခွီဖို. လားလီ ငါစောင်းမေ မိုးထခါ ဆိုပြီးနာ" ၀ါကြီးကိုထင်းခွီလွတ်လိုက်တေလတ်။ ယင်းပိုင် ၀ါကြီးမလည်းထိုင်
စောင့်နိန်ရေခါ အိပ်ချင်ပါလတ်တေလတ်။ ယကေလေ့ မအိပ်ပါအောင် လက်ကို စက်ဓားချ နန်.ဇီလှီပနာ နံသာခွတ်မှာဇီစိမ်ရေလတ်။ ယင်းပိုင်နန်. ကလိန်.မေချေ ကလည်း ၀ါကြီးမ အိပ်ပါလားရေ အထင်နန်. ၀ရစ်သီးထဲက ထမင်းချက်ဖို.ထွက်ပါလတ်တေလတ်။
အကွက်ချောင်းနီရေ ၀ါကြီးမလည်း ဇာသူလေ နင်ဆိုပနာ သူမလက်ကို ဆွဲဖမ်းလိုက်ရေလတ်။ ကလိန်.မေချေကလည်း သူမအကြောင်းကိုချင်းပြလိုက်တေလတ်။ ၀ါကြီးမလည်း သနားဂရုနာ သက်ဘနာ သူ.ရို.မလည်း သား သမီးမဟိရေ အတွက်နန်. ယင်း
ကလိန်.မေချေကို အိမ်မှာ မွီးစားလိုက်တေလတ်။

ယင်ပိုင် ရက်တိ၊လတိ ကုန်လားရေခါ ပြည့်ဝန်းမလည်း ကိုယ်ဝန်ရင်းပါလတ်တေလတ်။ မွီးဖို.နိခါ ၀ါကြီးမ က မီးစောင့်ဖို.လားဖို.ပျင်နိန်ရေခါ ထိုကလိန်.မေချေက ယင်းပြည့်ဝန်းမ အိမ်ကို သူမလည်းလိုက်ချင်ကြောင်းပူဆာရေလတ်။ ယင်းအိမ်သို.ရောက်ရေ
ခါ လူတိနန်. ရရောင်သတ်လို. မီစောင့်ဖို.ရောက်နီကတ်တေလတ်။ ရွာထုံစံအတိုင်း ယင်းကလိန်.မေချေ က ၀တ္ထူ တစ်ပုဒ် ပြောပြချင်ကြောင့် ယင်းလူတိကို ခွင့်တောင်းရေလတ်။ လူတိက ခွင့်ပြူရေခါ ယင်းကလိန်.မေချေစွာ သူမ၀တ္ထူကို စပြောပြရေလတ်။
"အယင်ခေါက်ခါ အကျွန်ရို. ရက္ခတိုင်းက ကျွန်းရွာချေ တစ်ရွာမှာ ကလေချေ တစ်ယောက် ကစပ်ကစပ်နီယင်း ရင်ရဲစိ တစ်စိ ကောက်ရပါရေလတ်။ ယင်း ရင်ရဲစိကို မြင်ရေခါ ယင်းကလေချေစွာ ရင်ရဲစိပိုင် လှရေ မမချေ တစ်ယောက်လိုချင်စိတ်ပေါက်ပါလတ်
တေလတ်။ယေခါ အမိ ဘက်ကိုလားဘနာ " အော...အမိ အမိ သားချေကို ဒေရင်ရဲစိ နန်.တူရေ မယားအလှပချေ တစ်ယောက်ရှာပီးဘလင်" လို.တောင်းရေလတ်" ယင်းပိုင် ၀တ္ထူ ကို အစ အဆုံးပြောပြလိုက်တေခါ ယင်းဝတ္ထူ ကို နားထောင်နိန်ရေ ထိုကလေချေ လေ့ ပြည့်ဝန်းမလိမ်စွာတိကို ချက်ချင်း သဘောပေါက်လားရေလတ်။ ၀တ္ထူ အဆုံးမှာ ယင်းကလေချေနန်. ကလိန်.မေချေ ချစ်သူနှုစ်ယောက် ၀မ်းနည်းဘနာ ဖတ်လို.ငိုကတ်တေလတ်........ယကေ ရင်ရဲစိ ၀တ္ထူ နားထောင်ကတ်တေ ပရိတ်သတ်ရို. ပြည့်ဝန်းမ ကို ဇာလုပ်ဇီချင်ပါလေ အကြံပီးကတ်ပါ................။


အချေခါ နားထောင်ဖူးခရေ ၀တ္ထူကို ပြန်ရွီးထားခြင်းဖြစ်ပါသည်။ ပြည်တွင် ပြည်ပရောက် ရခိုင်မိဘတိ အနိန်ဖြင့် ဒေပိုင် ရခိုင်ဝတ္ထူချေတိ ကို မိမိ ချစ်သားချေ သမီးချေ တိကို ပြောပြဘနာ ပျော်ရွင်နိုင်ကတ်ပါဇီ။ ဒေ၀တ္ထူတွင် ယင်းကလိန်.မေချေက ထမင်းချက်ပြီးခါ အိမ်က ကြက်ဖား ကြီးကို မှာစွာတိလည်းပါ ပါရေ။ မမှတ်မိလို. မရွီးလိုက်ပါ။ သိရေဆိုကေ မျှဝီပီးဇီချင်ပါသည်။


အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၆၊၀၉(၂၀:၂၅)

Read More...

Friday, 26 June 2009

အဘာသို. စွပ်စဲခြင်း

အဘာ..............
မဟာရ အမှားတစ်ခုကို
အဘာ လုပ်ခဖူးလာ

နာရီ၊အချိန်တိ
တိုလိုက်တေဘင်
နိတိ တိုလိုက်တေဘင်
အသက် ဘ၀ တိ
တိုလိုက်တေ ဘင်.........။

အဘာ............
လိုင်းကကြီး
မှန်တိုင်းက ထန်စွာကို
အဘာသိရေ နန်း ......

ဇာဆို ဇာဖြစ်မှန်းမသိရေ
မဟာရ ဒိဒုံး
အမှောင်ထု ထဲမှာ
သားချေရို.ကို
လက်ခုတ်သီးခတ်ထားစွာ
အဘာသိရေ နန်း ..........။

အဘာ.....
ယင်းသူရို. ကတိစွာ
ဇာလေ....
ယင်းသူရို. အပြုံးစွာ
ဇာလေ.......
ယင်းသူရို. ချစ်တေဆိုစွာ
ဇာလေ........
ယင်းသူရို. သဘောထားကြီး စွာ
ဇာလေ
အဘာ ချကြောင်းကပင်
သိရေ ထင်ရေ.................။

ကြိုးထက်မှာ
ဘားကစပ်ကေ
လူးမကျအောင်
ချိန်ရဖို.လား အဘာ.....

ယကေ
ဖောက်ပြန်ရေ
လူတိ လက်က
ရုန်းထွက်ရေ ခါ ၀ါ
အစွာပိုင် ပျင်ရဖို. ရောင်......

ကို. ကိုယ်ကိုကာကွယ်စွာ
မျက်ကန်းမျိုးချစ်လို.
အဘာ ထင်လာ
မဟုတ်ကေ အားနည်သူရို.
တာဝန်လို. အဘာထင်လာ.....။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၅၊၀၆၊၀၉

Read More...

Sunday, 21 June 2009

လခြမ်းချေ


အချေခါ..
"လခြမ်းချေ" ကို
ရာဟုဖမ်းကေ
ဘာဘာ ကို ဖက်လို.
ငါ..
ငိုဖူးရေ ....။

လူပ်စိ၊လူပ်စိ နန်.
ရုန်းထွက်နိန်ရေ
"လခြမ်းချေ" ကို
ကြည့်လို. ..
ငါ...
ဝမ်းနည်ဖူးရေ ...။

ဇွဲသတ္တိ အပြည့်နန်.
ရာဟုလက်က လွတ်အောင်
ရုန်းထွက်တေ
"လခြမ်းချေ" က
ငါ့ ကို ...
သတ္တိမွီးဖွားစီဖူးရေ....။

အာကာကို
မျော်ကြည့်ယင်း
ငါမျက်စိ အောက်က
ပျောက်လားခရေ
"လခြမ်းချေ" ကို
ငါ့ ကို ပြန်ပီးဖို.
ဘာဘာ ကို
ငါ...
ပူဆာဖူးရေ ......။


ရာဟုလက်က
လွတ်ကျပါလတ်တေ
"လခြမ်းချေ" သတ္တိကို
အားပီးလျက်
"လခြမ်းချေ" နန်.အတူ
ငါ....
ပြိုင်တူ ရယ်ဖူးရေ ....။

အိမ်ပြန်ရောက်လို.
အိပ်ရာဝင်ချိန်
အိမ်မက်ထဲမှာ
"လခြမ်းချေ" နန်.
ငါ..
စကားပြောဖူရေ.....။

အိမ်မက်ထဲက
"လခြမ်းချေ" က
ဇွဲမလျော့ဖို.
သတ္တိဟိဖို.
စိတ်ဓာတ်မကျဖို.
အရှုံးလုံးဝ မပီးဖို
ငါ့ကို...
အားပီးဖူးရေ ......။

.............
အေးမောင်(ရင်အုံတော်ဓာတ်)
၂၁၊၀၆၊၀၉(၀၀:၁၆)

Read More...

Thursday, 18 June 2009

ဆင်ဒမော်( ဆင်တက်မော်) တောင် သိုက်

ဆင်ဒမော်( ဆင်တက်မော်) တောင် သိုက်
.......................................................

သိုက်ဆရာ ငလုံးတောင်တစ်ယောက် ဒယော ကားရားကားရားနှင့် တစ်ရွာဝင် တစ်ရွာထွက်နှင့် လူငယ်စုဆောင်းရီးလုပ်နိန်သည်။ သူသည် စိတ်ထားကြံ့ခိုင် ထထောင်မမောင်းလူငယ် အယောက် (၂၀) လိုအပ်လျက်ဟိသည်။အကြောင့်မူကား ထို
လူငယ်ချေတိကို သူ. သိုက်စာအုပ်ညွှန်ကြားချက် ဆင်ဒမော် တောင် သိုက်လိုက်ရာတွင် အသုံးပြုရန်ဖြစ်သည်။ ဆင်ဒမော် တောင်သည် ပိန္နဲချောင်း ရွာနှင့် ချင်ရွာ ကြားတွင်ဟိသည်။ ထိုတောင်သည် ရဖီးချပ်တောက် အနီး ကျွဲကူးမြစ်အစ မှနိန်၍ ပိန္နဲချောင်း
ကျွန်းကို ကန်.လန်.ဖြတ်လျက် မြင့်ဂါရွာသစ် အနီး တွင်အဆုံးသတ်သည်။ ထိုတောင်စွယ်၊တောင်းတန်းများသည် ပိန္နဲချောင်းကျွန်သားများ၏ သက်မွီးဝမ်းကျောင်းအလုပ်တစ်ခုဖြစ်သော တောင်ယာလုပ်ငန်းအတွက် အသက်သွီးကြောများဖြစ်သည်။
ထိုတောင်တန်းများထက်တွင် မြတ်စွာဘုရား၏ ဓာတ်တော်များဖြစ်တော်မူသော လျှာသျှေဓာတ်၊ မာလာဓာတ် စသဖြင့် ကိန်းဝပ်စံပယ်လျက်ဟိကတ်သည်။ သိုက်ဆရာ ငလုံးတောင်သည် ကျွန်တစ်ကျွန်းလုံး ကုန်အောင်ရှာမှ ထိုလူငယ်(၂၀)ကို စုဆောင်း
မိလေသည်။ ပဇာကြောင့်ဆိုသော် သိုက်လိုက်ခြင်းအလုပ်သည် ကံကောင်းလျှင် လရဒတ် ဖြစ်နိုင်ရေပိုင် ကံမကောင်းလျှင် အသက်အန္တရာယ်ကြုံရနိုင်သည်ကို ထိုကျွန်းက လူငယ်တိ နားလည်ထားကတ်သည်။ ထိုလူငယ်(၂၀)ကို သိုက်ဆရာသည် သူ.ရို.တာဝန်
ယူရဖို.အပိုင်းကို စိန်ပြေနပြေ သျှင်းပြနိန်သည်။ "မင်းရို.တိ အသေအချာမှတ်ထားကတ်၊ မင်းရို. တောင်ထက်ကိုရောက်စွာနန်. အေးရမ ကျောက်ရဲတိုက်ကြီးတစ်ခုတွိလိမ့်မေ၊ ယင်းတိုက်အိမ်ကြီးမှာ ပြတင်းပေါက် အပေါက်(၂၀)ဟိရေ။ ပြတင်းပေါက်တစ်ပေါက်
မှာ တစ်ယောက်ကျစီတာဝန်ယူရဖို.။ ယင်းပိုင်တာဝန်ယူနိန်ရေခါ ... မင်းရို.ဘက်ကို နတ်သမီးချေတိပိုင် တဗျင်းလှရေ မမချေ တိ လာမြူဆွေကတ်လိမ့်မေ၊ မင်းရို.လုံးဝ စကားပြန်မပြောကေ့၊ သူရို.ဘားက လက်ဆောင်တိကိုလေ့ မယူဂေ့" ။ ၊ယင်းပိုင် အသေ
အချာမှာလေသည်။

လူငယ်ချေတိကလည်း ကတိ တိပီးပြီးနောက် သူရို.ခြီလှမ်းတိကို ဆင်ဒမော် တောင်သို. စတင်ရွိလိုက်ကတ်သည်။ မညုင်းကိုင်းချောင်းကို ဖြတ်၍ စိမ်းစိုသော စပါးခြင်းတိကို ၁ နာရီးခန်. ဖြစ်သျှောက်ပြီးနောက် ဆင်ဒမော်တောင်သို.ရောက်
ဟိလီသည်။ သိုက်ဆရာငလုံးတောင်သည် မြေပုံတစ်ခေါက်ကြည့်လိုက် ကွမ်းတစ်ရာ စားလိုက်နှင့် ထိုသိုက်ဟိရာသို. လူငယ်တိကို ဦးဆောင်ခေါ်လာသည်။ တောင်ထက်သို.အရောက် နောက် မိနစ်(၂၀)ခန်.ကြာလားပြီးနောက် ထိုရဲတိုက်ကြီးကို တွိရလေသည်။
သိုက်ဆရာက တန်းခါးမကြီးနားအရောက် နာမည်မသိသော ဂါထာတစ်ပုဒ်ရွက်လိုက်ပြီးနောက် တန်းခါးမကြီး အလိုအလျှောက်ပွင့်ကျလာလေသည်။ သိုက်ဆရာ ငလုံးတောင်သည် လူငယ်ချေတိကို ပြတင်းပေါက်(၂၀)တွင် တစ်ယောက်စီတာဝန်ချထားလိုက်ပြီး မိမိကမူ အဆောက်အအုံကြီး အနောက်ဘက်ကို ဦးတည်သျှောက်လားလီသည်။ ကကောင်းမကြာလိုက် အလွန်တစ်ရာမှ ထူးဆန်း၊မွီးကြိုင်လှသော မမ ကိုယ်သင်းအနံ.တစ်ခု နှင့်အတူ နတ်သမီးသမျှလှပသော အပျိုမချေတစ်ကျိပ် အပြုံးပန်းကိုယ်စီနှင့် လူငယ်ချေတိဘက်ကို ချဉ်းကပ်လာသည်။ သိုက်ဆရာငလုံးတောင်၏် "အဝေး သတိထားကတ်၊ငါ ရွှေတိ၊ငွေတိကို အထုပ်နန်.ထုတ်နိန်ယာ၊တစ်ချက်ချေ" ဟုသောအသံသည် လူငယ်ချေတိကို သတိဝင်စီလိုက်ပြီး လူငယ်ချေတိကလည်းစိတ်ချ ဟုပြန်ပြောလိုက်သည်။ ထို မမချေတိ ပြောဆိုသောအသံများသည် နတ်စောင်းတီးသံပိုင် နားဝင်ချိုလှပြီး ဧည့်ခံသော အစာအဟာရရို.သည် မြင်လိုက်သည်နှင့် လျှာရည်ပပေါက်ကျစီသည်။ ယကေလေ့ လူငယ်ချေများသည် သမာဓိကို အာရုံပြုလျက် စိတ်ဓာတ်ကြံ့ခိုင်သောကြောင့် ထိုမမ ချေတိ မာယာ ကျော့ကွင်းက လွတ်ကင်းလျက်ဟိသည်။ ၁၉ ယောက်မြောက်သော လူငယ်ချေတိထံမှ တုန်.ပြန်မူတစ်စုံတစ်ရာ မရဟိသောကြောင့် ထိုအလှမယ်ရို.တိ နောက်ဆုံးတစ်ယောက်ဘက်ကို ဦးတည်သျှောက်လာလီသည်။

" မောင်ကြီးနီကောင်းပါယင့်လား၊ ဒေမှာ အကျွန်ညီမချေ အငယ်ဆုံးကို တစ်ခေါက်လောက်ကြည့်ပါ" စသည်ဖြင့် မိတ်ဆက်ချဉ်းကပ်လာလေသည်။ ထို မမချေတိထဲတွင် အလှဆုံးဖြစ်သော ထိုမမချေနှင့်လူငယ်သည် မျက်စိတစ်ချက်အဆုံခံရပြီးနောက် တင်းထားသော သမာဓိတိ အရည်ပျော်လားလီသည်။ ထိုမမချေက ထိုလူငယ်ချေ အပါးသို.တိုးကတ်လာပြီး စကားစမြည်ပြောလေသည်။"မောင်ကြီး ၊ မဟုတ်စွာတိကို လုပ်မနိန်ပါဂေ့။ မောင်ကြီးပိုင် စိတ်ကောင်းနှလုံးကောင်ဟိရေ လူတစ်ယောက်က ဒေပိုင်စွာတိကို မလုပ်သင့်ပါ။ ညီမချေ မောင်ကြီးကို မြင်မြင်ချင်းစွဲလမ်းမိလို. ဒေပိုင်ပြောစွာပါ။ မောင်ကြီးရာသဘောတူရေဆိုကေ နှမချေနန်.မောင်ကြီးတသက်လုံး အတူနိန်နိုင်ပါရေ" စသဖြင့် သွီးဆောင်ဖျားယောင်းလီသည်။ ထိုလူငယ်လေ့ စိတ်ညွတ်ပါလတ်လျက်"နှမချေပိုင် အလှမျိုးမောင်ကြီးဘ၀မှာ တစ်ခါလေ့ မမြင်ဖူးပါ" ယင်းပိုင်ပြန်ပြောမိလီသည်။ ယင်းနောက်ထို မမချေက" မောင်ကြီး အကျွန်. ကိုပိုင်ဆိုင်သျှင်ကေ၊အကျွန်.နန်. အတူနိန်ချင်ရေ ဆိုကေ ဒေပတီချေကို လိုင် မှာဆွဲလိုက်ပါ။ မောင်ကြီးပိုင်ဆိုင်ချင်စွာတိ အားလုံးပြည့်လားပါလိမ့်မေ" ဟုပြောလျက် ထိုပတီးကို လှမ်းပီးလေသည်။ထိုလူငယ်သည် သိုက်ဆရာ ငလုံးတောင်၏ မယူဂေ့ ဟုသော အသံကို အလှပလှ မကြားနိုင်ဘဲ ထိုမမချေ၏ အပြုံးတိကြား ဖယောင်းတိုင်ပိုင် အရည်ပျော်ကျလားလီသည်။ ထိုလူငယ်သည် ပတီးကို လိုင်ဘင်း၌ စွတ်လိုက်သည်နှင့် အလွန်ကြီးမားသော ရီလုံးကြီးများ ပြတင်းပေါက်တိက ၀င်ရောက်လာကတ်ပြီး တောင်တစ်ခုလုံး ရီပြင်ကြီးအဖြစ်သို.ပြောင်းလဲလားလီသည်။ သိုက်ဆရာနှင့် ထိုလူငယ် ရို.သည် ကမ်းမမြင်သော ထိုရီပြင်ကျယ်ကြီးတွင် မိနစ် ၂၀ မျှဇောနှင့်ကူးခတ်ပြီးနောက် ကကောင်းညောင်းလာတက်ပြီး သီဘေးနှင့်ရင်ဆိုင်နိန်ကတ်ရလီသည်။

ဆလီဖက်ရန်ရွာမှ ကုလားတစ်စုသည် ဆင်ဒမော် ရွာတွင် ဆန်ရောင်းရန် ထိုတောင်သို. ဖြတ်ကျော်လာကတ်လီသည်။ ထိုကုလားများသည် နခြင်းကြောင်တောင် တောင်ထက်၌ ရီကူးနိန်သော ထိုလူ ၂၁ ယောက်အား မြင်သော် ဆို.အောင်ရယ်ကတ်လျက်၊ ပါးစ မှလည်း "လူရို. ကြည့်ချက်..ဟဟဟဟ... ရခိုင်ဆားတိ တောင်ထက်မှာ နခြင်းတတောင်ရီကူးနိန်ကတ်တေ၊ ကကောင်းရှုး ရေကာ ဟေဆူရို." ဟုအော်ပြောလိုက်လီသည်။ ထိုအသံကြောင့် သိုက်ဆရာ နှင့် လူငယ်တိ သတိပြန်ဝင်လာလျက် ရီများလည် အလိုအလျောက် ပျောက်ကွယ်လားလီသည်။ သွီးရဲရဲ၊သံရဲရဲ နှင့် အသက်ဘေးမှ အင်ဒန်ချေရာ လွတ်လားခသော ထိုလူ(၂၁) ၏ စိတ်ခံစားမူ အတွိအကြုံကို ထိုကုလားတိ နားလည်နိုင်မည်မဟုတ်ပါ။

အေးမောင်(ရင်အုံတော်ဓာတ်)
၁၈၊၀၆၊၀၉( ၂၀:၅၄)

Read More...