WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Tuesday, 17 January 2012

တ်ာဝင်သူရို့သွီးသစ္စာ ( ရင်တွင်းဖန်တီးမှုး အခန်းဆက်ဝတ္တူရှည် အပြီးသတ် )

တော်ဝင်သူရို့သွီးသစ္စာ ( ရင်တွင်းဖန်တီးမှုး အခန်းဆက်ဝတ္တူရှည် အပြီးသတ် )
(၁)

နိန့်ရက်။........ ။ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်

အချိန်။...... ။ရခိုင်စံတော်ချိန် မိုးထဖက် ၁၁:၀၀ နာရီ

နီရာ ။...... ။ ရခိုင်ပြည်၊ ဖရုံကာကျွန်း

" ဘာဘာ, မြောက်ဦးကို ဘုရားဖူးလားဖို့ ဆိုကေ သားချေလေ့ လိုက်ချင်ပါရေ။" ၁၀ နှုစ်သားအရွယ် မြတ်မင်ဦး သည် သူ့အဖကို အားကိုးတကြီးနှင့် ခွင့်တောင်းလိုက်သည်။

မြတ်မင်းဦးသည် ရခိုင်ပြည်ဟိ ဖရုံကာကျွန်းထက်ရွာတစ်ရွာတွင် ၁၉၈၀ ခုနှုစ်က
မွီးဖွားသည်။ ၁၉၉၀ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်နိသည် သူ၏ ဆယ်နှစ်ပြည့် မွီးနိဖြစ်သည်။ ဒီဇင်ဘာလ၊ ၃၁ နိတွင် မြောက်ဦးကို ဘုရားဖူးလားမည်ဖြစ်ကြောင့် ရွာလယ်ကောင်ဟိစံပယ်ပင်ကြီးတွင် ကပ်ထားသော ကြော်ငြာစာကို မြတ်မင်းဦးတစ်ယောက်
အခေါက်ခေါက်ဖတ်နီမိသည်။

သူသည် " မြောက်ဦး" ဟုသည့် နာမည်ကြားသည်နှင့် ကြက်သီးတိထလာကာ ရင်ထဲတွင်နာမည်မသိသော ဝေဒနာတစ်ခု ခံစားမိသည်။ မြောက်ဦး ဟုသည့်နာမည်သည် မြတ်မင်ဦး ၆ နှစ်သားလောက်က စကြားဖူးသည်။
ထိုအချိန်က မြတ်မင်းဦး ရို.ရွာတွင် စာဟောဆရာများလာလျက် ရခိုင်သမိုင်းကြောင်းများ ဟောပြောပြလေ့ဟိသည်။

"မြောက်ဦး" ဟုသောမြို့နာမည်ကို ပထမ ဆုံးကြားစနိတွင် မြတ်မင်းဦးသည် အမိသယ်ရင်ခွင်ထက်တွင် ဆို့အောင်ငိုသဖြင့် သူ့အမိသည်
ရခိုင်သမိုင်းကြောင်းဆုံးအောင်နားမထောင်နိုင်ဘဲ ထလားလိုက်ရသည်။ယင်းနောက် ၄၊၅ နှုစ်အတွင်း မြောက်ဦး ဆိုသည်နာမည်နှင့် မြတ်မင်းဦး အသားကျလာသည်။ ရွာသို့ စာဟောဆရာများလာလျှင် မြတ်မင်းဦးသည် သူငယ်ချင်းကစပ်ဖက်တိကို စွန့်ခွာလျက်ဟြိ့ဆုံးမှာထိုင်ကာ နားရွက်မခတ်နိုင်အောင်နားထောင်တတ်သည်။ သူသည် တခြားအသျှေတိနှင့်ကွာခြားသည်မှာ ရခိုင်သမိုင်းအကြောင်းတိပြောလျှင် မျက်လုံးနှစ်လုံးတည်လျှက် ထမင်းမိ ဟင်းမိ နားထောင်လေ့ဟိသည်။ အဂုလေး မြောက်ဦး ဘုရားဖူး ဆိုသည်အသံကိုကြားသည်နှင့် ၁၀နှစ်သားအရွယ် မြတ်မင်းဦးသည် လားဘိုက်ချင်သည့်စိတ်တိနှင့်ကျင်ကိုင်နီရသည်။

" သားချေလေ့ ၁၀ နှစ်ပြည့်ယာ၊ ယင်းနိဆိုကေ၊ အထိမ်းအမှတ်အနီနန့် လာပြဘိုက်ခီ၊ အဖသယ်။" မြတ်မင်းဦးအမိက ၀င်ထောက်ပီးသည်။

မြတ်မင်းဦးအမိသည် သူ့ကို ကိုယ်ဝန်လွယ်ခါက ဆန်းကြယ်သောအိမ်မက်တိမက်ဖူးသည်။ သွီးအိုင်များ၊လူသီ
အလောင်းတိကြားထဲက မင်းဝတ်တံဆာနှင့် မြင်းထက်ကလူတစ်ယောက်၊ ကြီးမားသော ဘုရားပုထိုးတိထဲက လူတိရယ်သံ စသော နိမိတ်တိမြင်မက်သည်။ ယင်းကြောင့်မြတ်မင်းဦးအမိသည်သူမ၏သားတွင်မြောက်ဦးနှင့်ဆက်စပ်မူတစ်ခုခုဟိလိမ့်မည်ဟုယုံကြည်နီသည်။

ယေဘင်ယေကေလေ့ မြတ်မင်းဦး အဖသယ်သည် သူ့သားအတွက်စိုးရိမ်သည်။ မြောက်ဦးရောက်သည်နှင့်
တစ်ခုခုဖြစ်လားမှာကြောက်သည်။ ဘဇာကြောင့်ဆိုသော် သူသည် သူ့သား၏ မူမမှန်သော အသျှေစရိုက်ကို အကဲခတ်လာခြင်းကြောင့်ဖြစ်သည်။အမိသယ်နှင့် မြတ်မင်းဦး နှစ်ယောက်ပေါင်း ပူဆာမူကြောင့်နောက်ဆုံး သူ့သားအဆိုကို သူခွင့်ပြုလိုက်ရသည်။

" အေး ... အေး .. သားချေလေ့ ၁၀ နှုစ်ပြည့်အထိမ်းအမှတ်အနီနန့် ဘာဘာ ခေါ်လားပါမေ ဝေ..သားချေကို" ဆိုသော ခွင့်ပြုချက်ရပြီးနောက်မြတ်မင်းဦးသည် အလွန်ပျော်လျက် ရွာကြားထဲကို ဖင်ပုပါအောင်ပြီးလားလေသည်။ သူ့ အမိနှင့် အဖသယ်ကလေ့ သားချေကိုကြည့်လိုက် အပြုံးတိကိုယ်စီနှင့်။

မြတ်မင်းဦးရို.ဘုရားဖူးဘုတ်သည် ဂစ္စပနဒီမြစ်ကြောင်းအတိုင်းစုံဆင်းလာသည်။ ဘုတ်ထက် ကလ၀(လော်စပီကာ) က ဦးမောင်သိန်း တေးခြင်းသံ ညံ့ထွက်နီသည်။ ဘုတ်ထက်တွင် ဘုရားဖူးခရီးသယ်တိသည် သူစွာနှင့်သူ အလုပ်သျှပ်နီကတ်သည်။ အသျှေတိလည်းဘာသာဘာဝ ကစပ်နီကတ်သည်။

မြတ်မင်းဦသည် ဦးရစ်တောင် စေတီကို မြင်သည်နှင့် ဘုတ်ဦးဘက်ကို ထွက်လာပြီး တမိတမောကြည့်နီမိသည်။ သူ၏စိတ်ထဲမှာလည်း အယင်ကဒေနီရောက်ကိုရောက်ဖူးပိုင်ခံစားနီရသည်။ မြတ်မင်းဦ ဦးရစ်တော်
စေတီတော်မြတ်ကြီးကို ဦးခိုက်လိုက်ပြီး အဖော်တိဘက်ကို ပြန်လာသည်။ မြို့ဟောင်း ချောင်းကို စ၀င်မိသည်နှင့် မြတ်မင်ဦး ဂနာမငြိမ်ဖြစ်လာသည်။ မြောက်ဦးကို အယင်ရောက်အောင်မြတ်မင်းဦး ခုန်ဆင်းဘလိုက်ချင်သည်။ မြောက်ဦးဆိပ်ကမ်းကိုဘုတ်
ကပ်သည်နှင့် မြင်မင်းဦးစိတ်ထဲတွင် အိမ်မက်မက်နီပိုင်တွိသည်။

တစ်ခုခုတော့ခါ တစ်ခုခု။

ဆိုက်ကားတိနှင့် ဗန္ဒူလကျောင်းအလား လမ်းတစ်လျောက်လုံးကို မြတ်မင်းဦးအယင် ကရောက်ဖူးနီပိုင်တွိသည်။ ယကေလေ့ သူအတွေးများသည် ရောင်ဝီရောင်ဝါးများသာဖြစ်သည်။ တစ်ခုကိုတတိကကျမပြောပြနိုင်။ သူစိတ်ထဲမှာလေ့ ငိုချင်ပိုင်တွိသည်။ဘုန်းကြီးကျောင်းအရောက်တွင် မြတ်မင်ဦးသည် ကျောင်းတစ်ပတ် ပတ်ကြည့်နီမိသည်။ ရီးကန်ဘေးတွင် မြက်စားနီသောမြင်းနီကြီးအပါးကိုကတ်လျက် လက်နှင့်ပွတ်သတ်နီမိသည်။ မြင်းနီကြီးသည် မြတ်မင်းဦးကို သူနှခေါင်းနှင့်လာနမ်းပြီးချစ်ချင်ဖွယ်အမူအရာပြသည်။

မြတ်မင်းဦး၏ ထူးဆန်းသောအမူအရာတိကို သူအဖက ဓမ္မာရုံကနီအကဲခတ်နီသည်။ မြတ်မင်းဦး၏ မျက်နှာတွင် ကြည်နူးမိအရိပ်တိသန်းနီသည်။ အပြစ်ကင်းသောသူ၏နှမ်းခမ်းချေတိသည် ကန်ရီပြင်ကို ငေးလျက် အပြုံးပန်းချေတိဝီဆာနီသည်။ ကစပ်မက်သော မြတ်မင်းဦးသည် မြောက်ဦးရောက်သည်နှင့် အလွန်ပင်တိတ်ဆိတ်နီသည်။ စကားလေ့ မီးမှပြောသည်။ ယင်းအပြင် တစ်ယောက်တည်နီရစွာကို ခုံမင်တတ်လာသည်။ သူအဖသည် မြတ်မင်းဦတွက် စိုးရိမ်လာမိသည်။

" သားချေ.. မင်းဦး ... ညဇာထမင်းစားဖို့ ပါလတ်ဖိ။ ယာ..ဒေမှာ ငါးခြောက်ချေနန့် ခရမ်းသီးရောချက်စား ကြိုးဘိုက်ခလိုက်ကား.....။ ယေပြီးကေ ညဇာဘက် လမ်းလျှေက်ထွက်ကတ်ဖို့။"

အဖသည်လှမ်းခေါ်သောကြောင့် မြတ်မင်းဦး ဓမ္မာရုံဘက် ခြီဦးလှည့်လာသည်။ ညဇာ ထမင်းစားလိုက်ပြီး မြတ်မင်းဦး သူ့အဖနှင့် မြို့ထဲလှမ်းလျှောက်ထွက်လာသည်။ ဘုရားပုထိုးတိဟြိ့နားရောက်လျှင် မြတ်မင်ဦးသည် ခြီစုံရပ်လျက် ငှေးကြည့်နီခြင်းကြောင့် သူ့အဖက လက်ဆွဲလျှေက်နီရသည်။ ညဈီး၌တနားပတ်ကြည့်လျက်အမှောင်ထုကြီးစိုးလာခြင်းကြောင့် သူရို.သားအဖ ဘုန်းကြီးကျောင်းသို့ပြန်လာကတ်သည်။ မိုးထခါ ဘုရားဖူဖို့ အစောကြီးထရဖို့ဟိသိမ့်သည်။

မြတ်မင်းဦးသည် ဓမ္မာရုံေ၇ာက်သည်နှင့် အသျှေပီပီ ချက်ချင်းအိပ်ပါလားသည်။ ညဥ့်မသန်းခေါင် အရောက်တွင်

"နှမချေ၊ နှမချေ...။ မောင်ကြီး.. မောင်ကြီး.. လိုက်လာဖို့"

ဟုအော်ယောင်လီရာ ဓမ္မာရုံတစ်ခုလုံးနိုးကျသည်။မိုးလင်းသည်နှင့် ခြီကျင်ဘုရားဖူးအစီစဉ်စသည်။ မြတ်မင်းဦးသည် သူ့အဖော်တိနှင့်မနီဘဲ ဟြိ့က ဦးဆောင်လျှောက်နီသည်။ သူ၏စိတ်ထဲတွင် ဒေနီရာ ဒေလမ်းတိကို ရောက်ဖူးနီပိုင်တွိသည်။

ဘုရားဖူးခရီးသည်များသည် ပထမဆုံး သျှစ်သောင်းပုထိုးတော်ကြီးမှစကာ၊ ရခိုင်တန်ခိုးကြီးများဖြစ်သော ထုက္ကသိမ်၊ အံတော်၊လေးမျက်နှာ၊ လောင်ပွန်းပြောက်၊အနော်မာ၊ ဓာတ်ရွေဂူ၊ နှင့်မာန်ငါးပါး
အစုံဖူးကတ်သည်။ သူရို.သည် ဘားမီး ဘားကရား ဂူကိုလေ့ရောက်သည်။ ဖိုးခေါင်တောင်ထက်သို့တတ်လျက် မြောက်ဦးရှုခင်းကို ခံစားကတ်သည်။ ညနီ ၃ နာရီ ၄၀မိနစ်အချိန်တွင်ဘုရားဖူးအဖွဲဘုတ်ဆိတ်ကိုဆင်းဖို့ဘုန်ကြီးကျောင်းကို ပြန်လာကတ်ရန် ပြင်ကတ်သည်။ တစ်ညအိပ်ဘုရားဖူးခရီးစဉ်ဖြစ်သဖြင့် ည ၅နာရီတွင်ဘုတ်စထွက်မည်ဖြစ်သည်။ယင်းအချိန်တွင် မြတ်မင်းဦးသည် ဗြန်းနှင့်အဖသည်ကို တောင်းဆိုမူတစ်ခုပြုလာသည်။

" ဘာဘာ ..သားချေ.. ကိုးသောင်းဘုရားကို လားချင်ရေ။ သားချေကို ကျေးဇုပြုပြီးလိုက်ပို့ပီးပါ" ။

ဟုတ်ပါသည်။ ဒေဘုရားဖူးအဖွဲ ကိုးသောင်းပုထိုးတော်ကြီးကို လားမဖူးကတ်ပါ။ ပဇာကြောင်းဆိုသော် ယင်းပုထိုးတော်ကြီးတွင်တောတိယောက်လျက်ဟိပြီး ကင်းမြွီများပင် ခိုကောင်းနီသည်ဟု မြို့ခံများကပြောကတ်ပါသည်။

" အဝေး သားချေ မဖြစ်၊ ဘာဘာရို ရွာကို ပြန်ဖို့ရာ၊ သားချေ ကြီးလာခါ အရာ တစ်ခါလာ၊ ယင်းမှာ မြွီတိ၊ကင်းကြီးတိဟိရေလတ်"။
ယေကေလေ့ မြတ်မင်းဦ နားမထောင်။ ငိုလျက်

်" ဘာဘာ..အဟီး ဟီး .. သားကို လိုက်ပို့ပီးပါ.. သားချေကို လိုက်ပို့ ပီးပါ။ သားချေ အ၀ီးက မြင်ရကေလေ့ ကျေနပ်ပါရေ..ဟီးဟီး သားချေကို လာပြပါ ဘာဘာ..သားချေ တောင်းပန်ပါရေ.."

ယင်းပိုင် ဆို့ပါအောင် မြေမှာလူးငိုသောကြောင့် အဖသယ်လည်း အဖော်တစ်ယောက် နှစ်ယောက်ခေါ်လျက် မြင်းလှည်းတစ်စီးနှင့် အပြင်းလိုက်ပို့ရသည်။ မြတ်မင်းဦးရို.မြင်းလှည်းသည် ကိုးသျှောင်းပုထိုးတော်ကြီး အနောက်ဘက်တစ်နီရာတွင်ရပ်သည်။

ကိုးသောင်းပုထိုးတော်ကြီးကား တောတိနှင့်အုံဆိုင်းနီသည်။

မြတ်မင်ဦးသည် သူဟြိ့က ကန်းချေနားသို့ ဦးတည်လိုက်သည်။ ထိုကန်ဘောင်ထက်မှ သူ ပုထိုးတော်ကြီးကို ကြည့်ချင်ပုံပေါက်သည်။ သူကန်ဘောက်ထက်တက်လိုက်ချိန်တွင် သူအဖက မြတ်မင်းဦး အနားမှ လာရပ်သည်။ မြတ်မင်းဦးသည် ကန်ထဲတွင် ဖူးပွင့်နီသော ကြာနီပန်း၊ကြာဖြူပန်းတိ ကိုကြည့်နီစဉ်တွင် မျက်လုံးမှ မျက်ရည်တိ စီးကျလာပြီး ရပ်စောက် မူးလဲကျလားသည်။ မြတ်မင်းဦး အာရုံတွင် အမှောင်ကမ္ဘာကြီးစိုးလားလီသည်။

(၂)

နိန့်ရက်။......... ။ ၂၀၀၀ခုနှစ်၊ ဒီဇင်ဘာလ ၃၁

အချိန်။........ ။ရခိုင်စံတော်ချိန် နိခြင်းဖက် ၂ နာရီ

နီရာ ။ ..........။ ရခိုင်ပြည်၊ စစ်တွေ


" ဟေး ..ကောင်မ သန်ဦးခိုင်၊ သူငယ်ချင်း ကကောင်းပင်လေ့ မိုင်ရေကာ"

ပွိင့်ကမ်းခြီတွင် အညောင်းလာဖြေကတ်သော သန်းဦးခိုင်ရို.သူငယ်ချင်းတစ်စု တစ်ချိန်လုံးမှိုင်နီသော သန်းဦးခိုင်ကြောင့် ခေါင်းခြောက်လျက်ဟိသည်။

သူမ သူငယ်ချင်းတိက ဆက်လို့ " နင် ဇာဖြစ်နီလေ သန်းဦးခိုင်၊ ငါရို့ နင်ရို.တိစွာ ဘ၀ တူ သူငယ်ချင်းတိရာမလား ။နင်ဇာဖြစ်နီလေ ငါရို.ကို ပြော၊" ယင်းပိုင် တောင်းဆိုလာကတ်သည်။ သန်းဦးခိုင်လဲ ဆုံးဖြတ်ချက် ချက်လာသည့်အတိုင်း

" ဟုတ်တေဟေ ငါလေ ငါချစ်တေ အဖရခိုင်ပြည်ကြီးနန့် ငါချစ်တေ နင်ရို.တိကို စွန်.လို့ ရန်ကုန် ကို တစ်ပတ်အတွင်း ငါပြောင်းဖို့ယာ...... ငရို.မိသားစု တစ်စုလုံး ဘာဘာ အလုပ်ကိစ္စ နန့် ရန်ကုန်ကို ပြောင်းဖို့လို့ ဆုံးဖြတ်လိုက်ကတ်ဗျာယ်။"

ယင်းသို့ပြောပြီး သန်းဦးခိုင် မထိန်းနိုင်ဘဲ ခေါင်းငုံငိုနီသည်။ ယင်းစကားအဆုံးတွင် သူမ သူငယ်ချင်းတိလည်း တိတ်ဆိတ်လားသည်။ ငယ်ပေါင်းသူငယ်ချင်းတိ တစ်ယောက်နှင့်တစ်ယောက် တစ်သက်လုံးလက်တွဲကတ်ဖို့ပြောခကတ်တေစကားတိ အဂု ဂစ္စပနဒီ
မြစ်ထက်က မိုးရိပ်တိ လွင့်လားပိုင်။

" နင့်ရို.ကို ငါသီအောင်ချစ်တေ ဆိုစွာကို ဒေဘင်္ဂလားပင်လယ်အော်ကြီးကို ငါသက်သေတည်ရေ၊ ငါ ရင်ထဲမှာဟိနီရေ ခင်မင်မူတိကို ငါမဟိရေ နိ တစ်နိမှာ ဒေ ပွိင့်ခရင်းက သဲသောင်းချေတိ နန့် လိုင်လုံးချေတိ နင့်ရို.ကို ပြောပြကတ်လိမ့်မေ၊"

တိတ်ဆိတ်နီသော သန်းဦးခိုင်သူငယ်ချင်းတိ မျက်နှာပြင်တွင် မျက်ရည်မိုးတိရွာကျလာသည်။ သူရို.၏ရင်တွင်း၌ နာမည်ဖော်မပြနိုင်သောအရာတစ်ခု ဆုံးချုံး လားပိုင်ခံစားနီရသည်။ ပွိင့်ခရင်း က လှိုင်းချေတိနှင့် သဲသောင်ပြင်ချေတိက သန်းဦခိုင်ရို.ခံစားချက်တိကို နားမလည်နိုင်ရေ မျက်လုံးတိနှင့် ငေးလျက်.......။ သန်းဦခိုင် ဆက်ပြောသည်။

" နင်ရို.ငါ့ကို စာရွီးကတ်နန်း၊ ငါ အဖပြည်ကို လုံးဝ မခွဲချင်၊ယကေလေ့ ဘ၀ အခြေအနေအရ.. ဟီး ဟီး"
သန်းဦးခိုင်ငိုယင်းဆက်ပြောသည်။

" အချိန်တန်ကေ ပင်လယ်လီကို သျှူဖို့ ငါရို.တိပြန်ဆုံတွိကတ်ဖို့"

စစ်တွေလီဆိပ်သည် ခရီသည်နှင့်ပြည်လည်နိုးထလာသည်။ လီဆိပ်ကဗာဒံပင်ချေတိ ပင်လယ်လီညုင်းချေတိနှင့်အတူယိမ်းနွဲကလျက်။ လီဆိပ်အတွင်း မြူနှင်းချေတိတ၀ီဝီ။ တအင့်ချေ အကြာတွင် သန်းဦးခိုင်နှင့် သူငယ်ချင်းတစ်စုလီဆိပ်သို့ရောက်ဟိလာ
ကတ်သည်။ ဒေနိသည် သသက်လုံးတတူလား တတူစား ဆိုးတူကောင်းဘက် ပေါင်းလာသော အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို လက်လွတ် ဆုံးသျုံးခံရမည့်နိဖြစ်သည်။

ဟုတ်ပါသည်။ သန်းဦးခိုင် မကြာခင် ရန်ကုန်မြို့ကို အဲယားမန်း နှင့် ထွက်ခွာလားဖို့ဖြစ်သည်။ စစ်တွေလီဆိပ်မှ မြူချေတိ အ၀ီကိုလွင့်လားချိန်တွင် အာကာကနီရောင်ဖြာကျလာသည်။ လီဆိပ်သည်လည်း လူစကားပြောသံတိနှင့်ဆူညံ့လာသည်။ စကားတစ်လုံးမှမပြောနိုင်ကတ်သူများမှာ သန်းဦခိုင်ရို.ဘော်ဒါအုပ်စုဖြစ်သည်။သူရိုဝမ်းနည်းနီကတ်သည်။ လူတိဟြိ့တွင်မငိုမိအောင် မနည်းအားတင်းထားရသည်။ လီယဉ်နောက်ကျနီသည်ကိုပင် သူရို.ကျေးဇူးတင်နီကတ်သည်။ သူရို.ချစ်ရသောသူငယ်ချင်းတိနှင့်နောက်ဆုံးတစ်စက္ကန့်ထိသူရို. အတူဟိနီချင်သည်။

လီယဉ်အသံတတုန်းတုန်းကြားရပြီ။ သန်းဦးခိုင် မျက်ရည်ပေါက်တိ တင်းထားသည့်ကြားကစီးကျလာသည်။ ဟန်မဆောင်နိုင်ဘဲ တစ်ငယ်ချင်းတိကိုဖက်လို့ငိုမိသည်။ လီယဉ်ဆိုက်သည်နှင့် အကြာကြီးအလွမ်သယ်လို့မဖြစ် ကောင်တာတွင်တန်းစီရမည်။ ခရီးသယ်သီသန်းခန်း အ၀င်တွင်သန်းဦးခိုင် လက်ကို သူ.သူငယ်ချင်းတိဆွဲထားသည်။ သူငယ်ချင်းအားလုံးဖက်ငိုကတ်သည်။

" သူငယ်ချင်း၊ ငါရို.ကို မမိလားလီကေ့ နန်း၊ နင် အချိန်ရကေ ငရိုဘက်ကို အလည်လာနန်း၊" " နင်ပြောခရေပိုင် အဖရခိုင်ပြည်ကြီးနန့် ရခိုင်လူမျိုးတိ မမိလီပါကေ့ သူငယ်ချင်း၊ နင် ပြန်လာဖို့နိကို ငါရို.စောင့်နလီဖို့။"

လူအပြည့်ပါသောလီယဉ်ထက်၌ သန်းဦးခိုင်တစ်ယောက် ရင်လုံးဆို့ငိုနီသည်။ သူမ သူငယ်ချင်းမျက်နှာတိ သူမမျုက်လုံးထဲတွင်တဖြိန်းဖြိန်းမြင်ယောင်နီသည်။ ပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ဘဲသူမ ငိုနီမိသည်။ လီယဉ်ပျံ ပျံတတ်ချိန်တွင် ပွိင့်သဲသောင်တန်းရို.၀ီးကျန်ခသည်။ ချစ်သောမြီ မြို့စစ်တွေ မှုံဝါးလားသည်။

စိမ်းပြာရောင် ဂစ္စပမြစ်ရီပြင်ကို မျက်ရည်ပေါက်တိနှင့် လီယဉ်ပေါ်က သန်းဦခိုင် လက်ကာပြမိသည်။ စိမ်းညိုမိုင်းပြနီရေ ရခိုင်တောင်တန်းတိ နှင့် အဖရခိုင်ပြည်ကြီးသူမအနားမှဝီးကျန်ရစ်သည်။
လီယဉ်ပျံကြီး နွယ်ချိုဖိုးခေါင်၊ရခိုင်ရိုးမတောင်တန်းတိကို အကျော်တွင် သန်းဦးခိုင်ချစ်ရသော အဖရခိုင်ပြည်ကြီးသူမှနားမှလုံးဝ ပျောက်ကွယ်လားသည်။

(၃)

နိန့်ရက်။........ ။ ရခိုင်သက္ကရာဇ် ၁၁၄၁-၁၁၄၂ ၊ ပြာသိုလဆန်း (၁၀) ရက်၊ 1780AD ဒီဇင်ဘာလ။

အချိန်။........ ။ (၂) လာ စနီ မိုးထဖက်ချိန်

နီရာ ။ ..........။ ရခိုင်နိုင်ငံ၊ မြောက်ဦးရွီမြို့တော်၊ သျှစ်သောင်းပုထိုး နှင့် ကိုးသောင်း ပုထိုးတော်ကြား ၊


"မောင်ကြီး ..မောင်ကြီး ...ဒေမှာကြည့်စမ်၊ ဒေကြက်မောက်ပန်းချေ ဇာလောက် ချစ်ဖို့ကေင်းလေ၊" ဆိုကာ မင်းသမီးချေ မြကြာညိုက သူမ အကိုကြီးကို ခူးပနာပြသည်။

"အေး အေး.. နှမတော်ပန်းချေတိအများကြီးခူးထား၊ပန်းတိအများကြီးရလာကေ နှမချေနန့်မောင်ကြီး.. ဒေ မောင်နှမ နှစ်မ နှုစ်ယောက် ဒေ ကိုးသောင်းပုထိုးတော်ကြီးမှာ လှူကတ်ဖို့ ၊ယပြီးကေ နှမချေချစ်ရရေ မောင်ကြီးနန်. မောင်ကြီးချစ်ရရေ နှမချေ.. ဒေမောင်နှမနှစ်ယောက်
ဘ၀ ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိကတ်ဖို့ ဆုတောင်းကတ်ဖိုးနန်း နှမတော်"
မင်းသားချေ မင်းစော စကားအဆုံးတွင် မြကြာညိုမျက်နှာပါ အပြုံးပန်းချေတိ သန်းလာသည်။

"အော်..မောင်ကြီး မောင်ကြီး..အဂုတော့ခါ ငါ့နှမ၊ငါ့နှမနန့် ၊မြကြာညို ကကောင်းမပြောချင်..၊ ထိုတစ်ရက်နိက နန်းတွင်းအနောက်ဆောင်က အမတ်ကြီးထွန်းအောင်ကျော်သမီးတော် မြစောညိုတွက် စောင်းတော်တီးလို့ ဂီတသံစဉ်တိ လားဆက်သက်တေ လို့ နှမချေ ပြောသံကြားရေ.......။ ကြင်ဖော်ရကေ မောင်ကြီးက ချစ်ရရေ ဒေနှမချေကို မိလီဖို့စွာယာ....ဟိဟိ.." ဟုမောင်သယ်ကို သွန်းလိုက်သည်။ မင်းသားမင်းစောသည် ဟြက်(ရှက်) စိတ်ဝင်လားပြီး ....

" ဟေး ....ဒေသူတစ်ယောက် အထူးထူး မပြောရ မောင်ကြီးကို ငရဲကြီးဖို့ယေ" ဟုဆိုကာ စကား ပိတ်လိုက်သည်။

မင်းသားမင်းစောနှင့်မင်းသမီး မြကြာညိုရို.သည် မြောက်ဦးမြို့တော်ကို အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားသော အမတ်ကြီးသာထွန်းအောင်၏ သမီးတော်၊သားတော်များဖြစ်သည်။ မင်းသားမင်စောသည် အသက်အရွယ်အားဖြင့် ၂၄နှစ်ခန့်ဖြစ်ပြီး ၊သူနှမချေမြကြာညိုမှာအသက် ၂၀အရွယ်ဖြစ်သည်။ မင်းသားမင်းစောသည် မြောက်ဦးဘုရင်သမ္မတရာဇာမင်း၏ ကိုယ်ရံတော်တပ်၌ တပ်မူးတစ်ယောက်လည်းဖြစ်သည်။ မင်းစောသည် တိုက်ရီး၊ခိုက်ရီးကျွမ်းကျင်ပြီး၊မြင်းများကိုအလွန်ပင်ချစ်တတ်သည်။ သူသည် အသက် ၂၀ခန့် အရွယ်တွင် အိန္ဒိယနိုင်ငံသို့ စစ်ရေးပညာသင်ရန်စေလွတ်ခံရဖူးသည်။ စာပီ၊ဂီတ အနှပညာကိုလည်းအလွန်ပင် ခုံမင်သည်။ အချိန်ရလျှင် ရတု၊ကဗျာ များအပျော်တမ်းစပ်လေ့ဟိသည်။

မင်းသမီးချေ မြကြာညိုမှာ နန်းတွင်း အထူးဆောင်၌ ရခိုင်စာပီ ဂီတ အနှပညာများ သင်ကြားနီဆဲဖြစ်သည်။ သူမသည်ဘ၀ကို ရတုကဗျာတိစပ်ယင်းနှင့်ပင်ကုန်ဆုံးစီချင်သည်။ သူရိုမောင်နှမနှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်လွန်စွာချစ်ကတ်ပြီး ၊ ၀ါသနာတူ၊ အကျင့်တူများးဖြစ်သည်။ ဘာသာတရားကိုလည်း အလွန်ပင်ကိုင်းချိုင်းကတ်ပြီး ဘုရားမြတ်စွာအား သက်ဝင်ယုံကြည်သူများဖြစ်ပါသည်။ အဂုလည်း အခြွေအရံတိနှင့် ပန်းများခူးကာ ဘုရားမှာလှူရန်ကိုသောင်းဘုရား အနောက်ဘက်တစ်နီရာကိုရောက်ဟိလာကတ်ခြင်းဖြစ်သည်။ သူရို.သည် အခြွေအရံတိကို အ၀ီးမှ စောင့်ကတ်ရန် မှာလိုက်ပြီး မောင်နှမနှစ်ယောက် လလွတ်လလပ်ပန်းများခူးကာ ကိုးသောင်းပုထိုးတော်ကြီးတွင်ကပ်လှူပှုဇော်ကတ်မည်ဖြစ်သည်။


" နှမတော် ...ဒေမှာ တစ်နားချေနီလိုက်..ပန်းတိခူးထား၊ မောင်ကြီး ထိုဟြိ့က ကန်ကြီးကိုလားကြည့်ချင်ရေ၊ ယင်းကန်ထဲက ကြာဖြူ၊ ကြာနီ ချေတိကို မောင်ကြီး ကြည့်ချင်လို့" ဟု မင်းစောလှမ်းပြောလိုက်သည်။

" နှမချေလေ့ လိုက်ပါရဇီ မောင်ကြီး၊ ဒေနားမှာ တစ်ယောက်တည်း မနီဝံ့၊ နှမချေ ကြောက်တေ" ဟုမြကြာညိုပြန်ပြောသည်။

"ဇာကို ကြောက်စရာလိုလေ နှမတော်၊ ထော.. ဒေက အနောက်ဘက်ကိုကြည့်လိုက် ငါရို. အဘိုးတိတည်ထားခရေ သျှစ်သောင်း၊ထုက္ကသိမ်၊ လေးမျက်နှာဘုရားပုထိုးတိ ဟိန်းလို့၊ ထော.. အဟြိ့(ရှိ) ဘက်ကိုကြည့်လိုက်စမ်......။ ဘုရင် မင်းခမောင်တည်ခရေ ကိုးတော်ပုထိုတော်ကြီး တိ မမားမမတ်နန့်၊ အခြွေအရံတိလည်း မပါးမ၀ီးမှာ ဟိကတ်တေ မလား" ပြောသာပြောလိုက်ရသည် သူညီမ နားထောင်ဖို့လို့ မင်းစောမထင်။

" အာ.. မောင်ကြီး၊ မရ နှမတော်ကြောက်တေ" ဟုဆိုကာ ပန်းရိုင်း ခြုံပုတ်တိ ကြားထဲက ပြီးထွက်လာသည်။ မင်းစောလေ့ တားဖို့အချိန်တောင်မရလိုက်။ " အေး ၊"အေး" နှင့် သဘောတူလိုက်ရသည်။

"နှမတော် ကန်ထဲမှာ ပေါက်နီကတ်တေ၊ ကြာဖြူ ကြာနီပန်းချေတိကိုကြည့်စမ်၊ ဇာလောက်ချစ်ဖို့ကောင်းလေ၊ နှမတော် မောင်တော်တစ်ခု ပြောပြမေ၊ ကြာပန်းဆိုစွာ လောကကို သူ့အလှတစ်ခုတည်းနန့် အလှဆင်စွာမဟုတ်၊ ဘ၀ ကိုလုံးဝ အရှုံးမပီးရေ ပန်းတိထဲမှာ ကြာပန်းရေ သတ္တိအဟိဆုံးဖြစ်တေ နှမတော်" မြကြာညို သူ့မောင်သယ်စကားကို နားမလည် ဖြစ်နီသည်။

" နှမတော်.. ကြာပန်း အလှတစ်ခုတည်းကို မကြည့်ကေ့ ၊ ကြာပန်း အောက်မှာ ရီဟိရေ၊ ယင်းရီအောက်မှာ ကျူပ်တိ ဘိတ်နန့် ပေါင်းစပ်ထားရေ ဒေကမ္ဘာမြေကြီး ၊ ယင်းပိုင် အခက်အခဲ့တိကြားထဲတိ အားလုံးကို ကျော်ဖြတ်ပြီးကေ လောကအလှဆင်ဖို့အတွက် ရုန်းထွက်ပါလတ်တေ ဒေပန်းချေတိကို ဘလောက်ချီးကျူးဖို့ကောင်းလေ ကြည့်စမ်"။ မင်းစောတစ်ယောက် အသျှေတစ်ယောက်ပိုင် နားထောင်နီသော သူ့နှမချေကို ဥပမာတိ နှင့် ချင်းပြနီသည်။

"မောင်ကြီးလည်း ကို့နှမချေကို ဒေကြာပန်းချေတိပိုင် အဖရခိုင်ပြည်ကြီးကို အလှဆင်ဖို့ မောင်ကြီး တိုက်တွန်းချင်ရေ နှမတော်"

မြကြာညိုကလည်း မောင်သယ်ကို သူမ တတ်စွမ်းသော စာပီ၊ဂီတ အနှပညာနှင့် အဖရခိုင်ပြည်ကြီးကိုအလှဆင်မည်ဖြစ်ကြောင့်ကတိပီး
လိုက်သည်။ မင်စော စကားပြန်စလာသည်။ သူသည် သူ့နှမချေအား သူကြိုက်တေ သုဝဏ္ဏဒေ၀ီ (စောပြည့်ညို) ရွီးစပ်ခသော သိန်ကန်မိန်တွင်ရတု ကို ကြားချင်ကြောင်းပြောပြသည်။ မြကြာညိုလည် သူမမှတ်မိသလောက်မှ

"လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊

ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊

မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊

သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။

ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ ................"

မင်းစောလည်းလွန်စွာအားရကျေနပ်လျက် နှမချေအား ချီးကျူးစကားဆိုသည်။ ယင်းနောက် မင်းသားမင်းစောနှင့်မင်သမီးချေရို.သည် ကိုးတော်ပုထိုးတော်ကြီးသို့ ပန်းစည်းတိကိုင်ပနာ လျောက်လာကတ်သည်။ ထိုနောက် ပန်းတိကို ဘုရားတွင်ကပ်လှူပှုဇော်လျက် မောင်နှမနှုစ်ယောက် ဘ၀ဆက်တိုင်းဆက်တိုင်းဆုံတွိရပါလို.၏ဟုဆုတောင်းကတ်သည်။

"အသျှင်ဘုရား ...တပည့်တော်၊တပည့်တော်မရို. မောင်နှမနှုစ်ယောက် ဘ၀ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ ဆုံတွိရပါဇီ ဘုရား ....."

မောင်နှမနှစ်ယောက်ဆုတောင်းသံတိ ကိုးတော်ပုထိုးတော်ကြီးလှိုင်ဂူတိထဲတွင် ပဲ့အထပ်ထပ်တင်လျက်..........။

(၄)

နိန့်ရက်။........ ။ ရခိုင်သက္ကရာဇ် ၁၁၄၄-၁၁၄၅ ၊ တန်းဆောင်မုန်း လဆန်း(၅) ရက်၊ အင်္ဂလိပ်သက္ကရာဇ်: 1783AD အောက်တိုဘာ။

အချိန်။........ ။ (၂) လာ အင်္ဂါနခြင်းဖက်ချိန်

နီရာ ။..........။ မြောက်ဦး ရွီနန်းတော်

နန်းတွင်းညီလာခံကျင်းပနီသည်။ ရခိုင်နိုင်ငံရေး အတိမ်းအစောင့်မခံနိုင်သော အနီအထားဟိသည်။ သမ္မတရာဇာဘုရင်အား အရည်အချင်းမဟိဟုဆိုကာ ခွဲထွက်အဖွဲများပေါ်လာပြီး ဘုရင်၏ထီးနန်းကို ပုန်ကန်ခြားနားမူတိ ပေါ်ပေါက်လာသည်။

ရခိုင်နိုင်ငံ၏ စီးပွားရေး၊လူမူရေး၊နိုင်ငံရေး အဘက်ဘက်မှရီဝင်လာသည်။ ရခိုင့်ပြည့်သျှင်ဘုရင်မင်းမြတ်သည့် ပြည်တွင်းပုန်ကန်ခြားနားမူ၊ ပြည်တွင်း မိုးခေါ်မှု၊ အစာ၊ရီစာ သျှားပါးမူ၊ ၀မ်းရောဂါ ဖြစ်မူစသည့် ပြဿနာ ပေါင်းစုံနှင့်ကျင်ကိုင်နီရသည်။ စိုင်းတင်မြို့စား ငသံဒွေသည် ဘုရင်အား ဗြောင်စိန်ခေါ်မူများပြုလုပ်လာပြီး ရခိုင်ထီးနန်းကို ခြိမ်းခြောက်သည်။

နန်းတွင်း ညီလာခံ၌ ဌာန ပေါင်းစုံမှ မြို့စား၊ ၀န်ကြီး၊ မူမတ်အပေါင်းစုံရို.သည် ရင်မအီးနိုင်သော ရခိုင့်အနာဂတ်တွက် ဘုရင်ကြီးနှင့် အကြိတ်အနှယ် ဆွဲနွဲလျက်ဟိသည်။ မူးကြီး၊မတ်ကြီးရို.သည် ရာထူးအဆင့်၊အတန်းလိုက် ငွေ ကုတင်(ကုလားထိုင်) ထက်များ
တွင် သမာဓိအပြည့်နှင့်ထိုင်နီကတ်သည်။တချို.သော နန်းတွင်းသူ၊နန်းတွင်သားများသာ ဘုရင်ကြီးကို ထိုင်လျက်ခစားနီကတ်သည်။

" အေး ... အဂု ပိုင် အကြံဥာဏ်တော်တိနန့်၊ အားတိုက် အင်တိုင် ဆွေးနွေးပီးကတ်တေ ၊ မူးကြီး၊ မတ်ကြီး၊ ၀န်ကြီး၊ အမတ်ပညာဟိ ရို.ကို ငါ ကိုယ်တော်မြတ် ကျေးဇုတင်ဟိတော်မူရေ၊ စိုင်းတင်မြို့စား ငသံတွေ ခြီလှမ်းတိကို သတိထား စောင့်ကြည့်ပြီးကေ
၊ ရင်ဆိုင်နီရရေ အခက်အခဲ့ တိကို ပူပေါင်း ဖြေသျှင်းကတ်ရဖို့ ၊ အမတ်ကြီးအပေါင်ရို." နန်းတွင်ညီလာခံ ပလ္လင်ထက်က ဘုရားကြီးအသံ ဟိန်းထွက်လာသည်။

" အမတ်ကြီးသာထွန်းအောင်၊ စကားမစပ် မြောက်ဦး ရွီမြို့တော် လုံခြုံရေးကိစ္စ ငါကိုယ်တော့်မြတ် သိချင်ရေ၊" အမတ်ကြီး သာထွန်းအောင်အား ဘုရင်ကြီး မီးတော်မူသည်။

" မှန်လှပါ အသျှင်မင်ကြီး၊ မြောက်ဦးမြို့တော် လုံခြူံရေးကိုပါ ငသံဒွေ နန့်
အဖွဲ ဗြောင် စိန်ခေါ်နီကြောင့်ပါ၊ ယေဘင်ယေကေလေ့ အကျွန်မျိုး အသျှင့်သစ္စာတော် စောင့်သိတော်မူလျက် အခြေအနီပုံမှန်ရောက်အောင် ကြိုးစား နီပါရေ အသျှင် မင်းကြီး၊" ။

ဘုရင်ကြီး မျက်နှာမသာမယာဟိသည်။ ဘုရင်ကြီးသည်တိုင်းသူ၊ပြည်သားတိတွက် စိတ်မသာမယာ ဖြစ်နီဟန်ဟိသည်။

" အေး.. အေး .. အစစ အရာရာ သတိတော်ထား ၊ဆင်ခြင်တော်မူလျက် သူတော်ကောင်းထုံး နှလုံးမူပြီး ဆက်လက်လုပ်ဆောင်ကတ်ပါ အမတ်ကြီး ။ ငါ ကိုယ်တော်မြတ်၊ ဒေနိဖို့ ညီလာခံ ရပ်တော်မူမည်။ ကိုယ့်တာဝန် ကိုယ်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ကတ်စီ၊
အမတ်ကြီးအပေါင်း ရို." " မှန်လှပါ အသျှင်မင်ကြီး၊ အသျှင်မင်းကြီး သက်တော် ရာကျော် ဟြည်ပါဇီ။" နန်တွင်းသူ၊ နန်းတွင်းသား အပေါင်းရို၏ ဆုတောင်းသံ နန်းတော်တစ်လုံး ဟိန်းလားသည်။

ဘုရင်မင်းမြတ်လည်း များစွာသော အခြွေအရံတိနှင့်မိမိ ရွှေနန်းဆောင်းသို့ ကြွမြန်းတော်မူသည်။


1784AD (တစ်နှစ်တိတိ ကြာပြီးနောက်)


" ဒုန်း၊ ဒုန်း၊ ဒုန်း၊ အသျှင်မင်းသား၊ အသျှင်းမင်းသား အယင်ထတော်မူပါ၊အယင်ထတော်မူပါ၊ အောက်ပြည်က ဗမာတပ်တိ မြောက်ဦး မြို့တော်ကို ၀င်သိမ်းနီပါကြေင့်ပါ။"

ကိုယ်ရံတော် တံခါးခေါက်နိုးမူကြောင့် မင်းသားမင်းစောသည်ဗြန်းဆိုလန့်နိုးချိန်တွင် မြောက်ဦးမြို့တော်မှ အလွန်တရာမှ ကြောက်မွက် ထိတ်လန့်ဖွယ်ကောင်းသော အသံများဆက်တိုင်ကြားလိုက်ရသည်။ လူကျွီးသံ၊ အချေတိငိုသံ၊ မြင်းကျွီးသံတိ ဆက်တိုက်ထွက်ပေါ်လာသည်။ နန်းတော်အချက်ပီးနန်းဆောင်တော်မှလည်း အချက်ပီးရခိုင်စည်သံမိုးကြိုးပစ်ပိုင်ပေါ်ထွက်လာသည်။

မင်းစောသည် သူ၏ လက်စွဲတော်ဓားကို ကျစ်ပါအောင်ဆုပ်လိုက်ပြီး ၊

" တောက်... ရာဇ၀င် ရိုင်းလိုက်လေ ဝေ.. တိုင်းပြည် တစ်ပြည်ကို စစ်မကြေငြာဘဲ မဆမပိုင် အငိုက်ကျုးကျော်ဝင်သိမ်းရရေလို့၊ ကဲ...အချိန်မဟိ၊ တပ်မူး ဘုရင့်လူခြုံရေး အရေးကြီးရေအဂုချက်ချင်းလာကတ်မေ".......။

ထိုအချိန်တွင် မင်စောနှမတော် မြကြာညိုသည် အခြွေအရံတိနှင့် ရောက်ဟိလာသည်။

" မောင်ကြီး၊ မောင်ကြီး .... မြောက်ဦ ရွီးမြို့တော်ကို ဗမာတပ်တိ ၀င်သိမ်းထားပါယာ... အဂု နန်းတော်ကို ချီတက်လာနီကတ်တေ"
မြကြာညို ဆို့နစ်ငိုကြွေးလျက် ယှောက်တင်သည်။


"အေး နှမတော်.. ဘုရင်မင်းမြတ်လုံခြုံ အရေးကြီးရေ၊ မောင်ကြီး အဂုချက်ချင်းလားလိုက်မေ၊ နှမတော်လေ့ အစစ အရာရာ ဂရုစိုက်ပါ၊" မင်းစောသည် မျက်ရည်မကျမိအောင်း အားတင်းထားရသည်။ တာဝန်အရသာ လားရသည်။ သူချစ်နှမတော်နှင့် ဒေပိုင်
အန္တရာယ်တိနှင့်ကြုံတွိနီချိန်တွင် မင်းစော အတူဟိနီချင်သည်။

" မောင်ကြီး , မောင်ကြီး အစစ အရာရာ သတိထားဆောင်ရွက်တော်မူပါ၊ နှမတော် ဇာပင်ရောက်ရောက် မောင်ကြီးကို စောင့်နလီဖို့" ဆိုးနစ်ငိုကြွီးသံနှင့် အတူထွက်ပေါ်လာသော နှမတော် စကားသံ မင်းစောနား ပဲတင်ထပ်လားသည်။

မင်းစောသည် ဗမာကျူးကျော်တပ်ကို အသက်နှင့်လဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ၏မျက်နှာတွင် ရဲစိတ်ရဲမာန်တိတတ်ကြွလျက်ဟိသည်။ သူသည် သူ၏ မြင်နီကြီးကို စီးလျက် တပ်သား ၂၀၀ ခန့်ဟိသော ဘုရင်ကိုယ်ရံတော်တပ်ကို အဖပြည်တွက် အသက်ကိုစွန့်လွတ်ရန် အသံကျယ်ကြီးနှင့် အမိန့်ပီဆော်သြနီသည်။

ယင်းအချိန်တွင် သွီးရဲရဲနှင့် စစ်သားတစ်ယောက် မြင်းနီကြီးနှင့် အပြီးရောက်ဟိလာသည်။

" အသျှင်မင်းသာ၊ မြောက်ဦး ရွီးမြို့တော်ကြီး မီးဟုန်းဟုန်းတောက်နီကြောင့်ပါ၊ ရခိုင်သူ၊ရခိုင်သားတိမှာလဲ ဘေးလွတ်ရာသို့ ထွက်ပြီးနီကတ်ကြောင့်ပါ အသျှင်မင်းသား၊ အကျွန်မျိုးအား ခွင့်လွတ်တော်မူပါ"။ ယင်းသို့ ပြောကြားပြိးနောက် ထိုစစ်သားသည် မိမိ လည်ပင်းကို လျင်မြန်စွာ လှီးဖြတ်လိုက်သည်။

အသက်မဲ့ ခန္ဒာကိုယ်ကြီး မင်စော ဟြိ့အရိုးပြတ်လဲကျလားသည်။ မင်းစောသည် ထိုစစ်သားကို မြင်းထက်ကခုန်ဆင်း ဂါရသ၀ ပြုလိုက်သည်။ ယင်းနောက် မြင်းနီကြီးထက် ခုန်တက်လိုက်ပြီးနောက်

"ရခိုင်နွယ်ဖွား အမျိုးစစ်တေ ရဲမက်အပေါင်းရို. သင့်ရို.သွီးဇာလောက်ရဲလေဆိုစွာကို အဖပြည်တွက် ဒေနိ ဒေအချိန် ပြဖို့ အချိန်ရောက်ဗျယ်..။ငါ့ရို. ရခိုင်ပြည်၊ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်" မင်းစော ရာဇမာန်အပြည့်နှင့် ကြုံးဝါးလိုက်ချိန်တွင် ရဲမက် အပေါင်ရို. ပြိုင်တူလိုက်ဆိုကတ်သည်

"ငါ့ရို. ရခိုင်ပြည်၊ ငါရို.ရွီနန်းတော်ကို ငါရို. အသက်နန့်လဲ ကာကွယ်မည်"

ကြုံးဝါးသံတိ နန်းတော်တစ်ခုလုံး ဆူညံလားသည်။ မင်းစောသည် တပ်မူးတစ်ချို.နှင့် ဟြိ့က ချီတက်လျက် နန်းတော် အပြင်ဘက်တံတိုင်းအရောက်တွင် မြောက်ဦးတစ်ခုလုံး မီးဟုန်းဟုတ်းတောက်နီသည်။ ရဲမက်အချိုမျက်လုံးမှ မျက်ရည်တိ ယိုစီးကျလာသည်။

ဝမ်းနည်းအချိန်မဟိပါ။ နန်းတော်နှင့် အသျှင်အား အသက်နှင့်လဲ ကာကွယ်ရမည့်ဖြစ်သည်။ မင်းစောရို. အဟြိ့ တဂါဝုဒ်ခန့် အကွာမှ ဗမာစစ်သည်များသည် နန်းတော်သို့ချီတက်လာနီသည်။ အချိန်ကား သန်းခေါင်အချိန်။ ကွမ်းတယာအညုက်ခန့်အကြာတွင် ဗမာကျူးကျော်တပ်နှင့် ရခိုင်မင်းစောတပ်ရို. ရင်ဆိုင်တိုးသည်။ တိုက်ပွဲသည် အလွန်ပင်ပြင်းထန်လှသည်။ လူကျီးသံများ၊ မြင်းကျီးသံနှင့် ကမ္ဘာပြိုလားဟန်ဟိသည်။

မင်းစောရိုတပ်ဖွဲ့သည် ဗမာတိကိုအားမန်အပြည့်နှင့်ရင်ဆိုင်ခုခံသည်။ ရဲမက် ၂၀၀ ခန့်ဟိသော မင်းစောရို့တပ်သည် အလူးအလဲခံနီရသည်။ မင်းစောစစ်သည်များသည် အတုံးအရုံးကျဆုံးကတ်သည်။

အင်အားချင်းမမျှ၍ တစ်နာရီခန့်အကြာတွင် နန်းတွင်းအ၀င် တံခါးမကြီးလုံးဝပွင့်လားသည်။ ဗမာစစ်သည်များသည် ရွီးနန်းတော်ကြီးထဲသို့ ဒုံးစိုင်းဝင်လားချိန်တွင် နန်းတွင်းမှ ကျွကျွတ်ရိုက်သံများဆက်တိုက်ထွက်ပေါ်လာသည်။ မင်းစောသည် မျက်ရည်ကိုသုတ် ဓားနှင့်ခွတ်ရင်း ရန်သူအငုတ်ကို သျှင်းနီချိန်တွင် သူ့စစ်သည်များ အတုံးအရုံး သူဟြိ့တွင်ကျဆုံးလားသည်။

မင်းစော၏စိတ်အာရုံတွင် သူ့နှမတော် မျက်နှာ မြင်ယောင်လာသည်။ ကယ်သူမဲ့နန်းတွင်းသူ၊နန်းတွင်သားများ၏ ကျွီးသံ၊ငိုသံတိ မင်းစောကြားနီရသည်။ ယင်းနောက် ရွီနန်းတော်မှမီးခိုးလုံးကြီးတိထွက်ပေါ်လာသည်။မင်းစောသည် နန်းတွင်းထဲကိုဝင်၍ နှမတော်ကို ကယ်ထုတ်ချင်သည်။ ယေပိုင်ယေကေလေ့ ထိုအကြံသည်အလွန်ပင်နောက်ကျနီကြောင့် မင်းစော သဘောပေါ်သည်။ များပြားလှစွာသော ဗမာစစ်သည်များသည် နန်းတော်တံတိုင်း တန်းခါး ပေါက်ကြီးကိုအသီပိတ်ဆိုးလိုက်ကတ်သည်။

"အား ............ " ယင်းသို့ တွေးတောနီစဉ်တွင် မမျော်လင့် လှံတစ်ချောင်း မင်းစော၏ လက်မောင်းတော်အောက်သို့စိုက်ဝင်လာသည်။ မင်းစောသည် နာကြင်လွန်းသောဝေဒနာ ခံစားလိုက်ရပြီး၊ သူဂေါင်းရိုင်လားသည်။ သတိတစ်ချက်ပြန်သွင်းလျက် မြင်းထက်က လူးမကျအောင် မင်းစောထိန်းလိုက်သည်။

ယင်းနောက် ထိုဗမာစစ်သည်အား မိမိ လက်စွဲတော်ဓားဟြည်ဖြင့် မင်းစော လျင်မြန်စွာခေါင်းဖြတ်သတ်လိုက်သည်။

လှံချက်ပြင်းထန်သောကြောင့် မင်းစော ဒယိန်းဒယိုင်ဖြစ်လာသည်။ သွီးစက်များ လက်မောင်းအောက်က ဒလဟော စီးချင်းလာသည်။ သူ့ရဲမက်အားလုံးနီပါးသည်သူဟြိ့တွင် အပုံပုံလဲသီလျက်.....။

" ငါ ......ဗမာလက်မှာ အသီမခံနိုင်"

မင်းစောစိတ်တင်းလိုက်သည်။ ယင်းနောက် ထိုတိုက်ပွဲအတွင်းမှ မင်စော အောင်မြင်စွာဆုတ်ခွာလိုက်သည်။မင်းသားမင်းစောသည် ကြွီကွဲ မျက်ရည်ယိုစီးလျက် မြင်းနီကြီးနှင့် နန်းတော် အဟြိ့ဘက်သို့ ဒုန်းစိုင်းပြီးလာသည်။

လမ်းတစ်လျောက်လုံးတွင် အနိဌာရုံတိ ဆီးကြိုသည်။ မီးလောင်နီသော ဘုရားပုထိုးများ၊ သွီးအိုင်များလဲကျသီဆုံနီသော လူတိအလောင်းများ၊ ကယ်သူမိ ပြီးလွားနီကတ်သော အဖပြည်သူများ၊ အချေ ငိုကျွီးသံများ .....။

သူ့နှမတော်နှင့် ပန်းအတူခူးခသော တောပုတ်နားတွင် မင်းစော မြင်းနီကြီးကိုတန်လျက် ပန်းတဆုပ်ခူးလိုက်သည်။ ယင်းနောက် ကိုးသောင်းပုထိုးတော်ကြီးထဲသို့မင်းစော ဒုန်းစိုင်းဝင်လိုက်သည်။

လိုက်ဂှုကြီးအထဲမှ မြတ်စွာဘုရားဆင်းတုတော်ကြီးတိဟြိ့တွင်မင်းစောဒူးထောက်လိုက်သည်။

"အသျှင်ဘုရား ဘ၀ ဘ၀ ဆိုက်တိုက် ဆက်တိုက်မှာ တပည့်တော် နှမတော်နန့် တပည့်တော် ဆုံတွိရပါလို၏။"

မင်းစောမျက်နှာမှမျက်ရည်တိမိုးရွာရေပိုင် စီးကျလာသည်။ ယင်းနောက် မင်းစောသည် သွီးတိနှင့် စည်းနီသောသူ၏လက်စွဲတော်ဓားကို
အထက်သို့မြောက်လိုက်ပြီး မိမိ ရင်ဘက်ထဲကို ထိုးစိုက်လိုက်သည်။ နှလုံးထဲမှ သွီးတိ ဒလယောစီးချင်းလာပြီး မင်းစောအာရုံတွင် အမှောင်ထုသည်ဖုံးလွှမ်းလားသည်။ ၀ိညဉ်လွင့်လားသော မင်းစော၏အသက်မိကိုယ်ခန္ဒာကြီး ကိုးတော်ပုထိုးတော်ကြီးထဲတွင် အထီးကျန်လျက်....။


တစ်လခန့် ကြာပြီးနောက်.............................။


မင်းသမီးချေ မြကြာညိုသည်အလွန်ပင်ပိန်ခန်းလားသည်။ သူမသည်အဖပြည်နှင့်သူ့မောင်ကြီးကို
လွမ်းရသောစိတ်တိနှင့်ဒုက္ခဆင်းရဲရောက် လျက်ဟိသည်။ မောင်ကြီးမင်းစောတစ်ယောက် သီလို့ဟိလီလာ၊ဟြင်လို့ဟိလီလာ မြကြာညိုသတင်းအစအနပင်မရပါ။ ရခိုင်ပြည်စစ်သျှုံး၍ရခိုင်ဘုရင်နှင့်ဘုရင်မအပါအ၀င် နန်းတွင်သူ နန်းတော်သားတိကို အင်းဝသို့ ဖမ်းဆီးခေါ်ဆေင်ခခါက မင်းသမီးချေ မြကြာညိုပါ ပါလာသည်။

သူမသည် ဗမာထမင်းကိုမသီအောင်စားလျက် အဖရခိုင်ပြည်နှင့်မြောက်ဦးရွီမြို့တော်အကြောင်းကို ကဗျာစာတိ ရွီးလျက် အချိန်တိကိုကျော်ဖြတ်လျက်ဟိသည်။ စကားမတူ၊ စရိုက်မတူ၊အသွင်မတူသောလူရပ် လူပြည်၌အသက်ဟြန်သန်နီရခြင်းကို မြကြာညို စိတ်ပျက်လျက်ဟိသည်။

တစ်လခန့်အကြာမှာပင် သတင်းအစအနပျောက်နီသောသူမမောင်ကြီးတွက် ငိုရသည့်ရက်တိ မရွီနိုင်တော့ပါ။မင်းသမီးချေ မျက်လုံးတွင်မျက်ရည်များပင်ခန့်ခြောက်လီသည်။ သူမမောင်ကြီးတွက် မျော်လင့်ချက်တိ ကုန်ခန်းလာသည်။

"အသျှင်မဘုရား၊အသျှင်မဘုရား၊" သူမအဆောင်အခန်းတော်မှ အပြင်ကိုငေးနီစဉ်တွင် အခြွေရံမချေတစ်ယောက်ငိုယိုပြီးဝင်လာသည်။

"ဟေ... အညို,..........နင် ဇာဖြစ်လေ ငါ့ကို အဂု လျှောက်တင်စမ်" မြကြာညို စိုးရိမ်စိတ်နှင့်မီးလိုက်လေသည်။ " အသျှင်မဘုရား ........အကျွန်မျိုးရို. အသျှင် မုနိသျှင်တော်မြတ်ကို ဗမာပြည်ကို ယူဆောင်လာဖို့ ၊ ဘုရင်က အမိန့်တော်ချလိုက် ပါယာဘုရား......."

မြကြာညို နဖူးကသွီး ခြီမတက်လျက် မျက်ရည်မိုးတိရွာကျလာသည်။ ရင်ထဲမှလည် အလွန်မှနာကြင်သောဝေဒနာတစ်ရပ်ခံစားလိုက်ရသည်။

"တောက်.........., ရိုင်းလိုက်လေ.. အညို.......လူကြားလို့မကောင်း....... ငရို.ပြည်ကိုမတရားသိမ်း......ငရိုလူမျိုးတိကိုသတ်..အဂုငါရို.အသျှင်ကို မတရားယူပြန်ယာ မလားဂု........" မြကြာညိုတတ်သီးခေါက်သံ အခြွေအရံတိ ဆို့နစ်ငိုသံတိနှင့် ရောထွီးလားသည်။......................

မြကြာညို အဆောင်ဟြိ့တွင် နန်းတွင်းတိနန်းတွင်းသားတိ ကျကျိတ်တိုးနီသည်။ "ရခိုင်..မင်းသမီးလေး....မြကြာညို.....သနားပါတယ်" စသည့်အသံတိ ထွက်ပေါ်လာသည်။ " အသျှင်မ....အသျှင်မ...ဟီး..ဟီးး..အကျွန်မျိုးမ ရို.ကို ထားခယာလာ....ထကြည့်ပါ..အဖပြည်ကို တနိပြန်ဖို့ဆို....ဟီး..ဟီးး..." စသည့် ဆို့နစ်ငိုကြွီးသံတိကြားထဲတွင် မင်းသမီးချေ မြကြာညို ၀ိညဉ်ကင်းမဲ့လျက်.......။


(၅)

နိန့်ရက်။.......... ။ ၁၉၉၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်

အချိန်။.........။ ရခိုင်စံတော်ချိန် မိုးထဖက် (၁၀) နာရီ

နီရာ။.......... ။ တောင်ရင်းကျွန်း၊ လည်ရိုးတော်ဓာတ်၊ ပေါက်တောမြို့၊ ရခိုင်ပြည်


ဓာတ်တောင်အောက်တွင် ညင်ညင်သာသာ တိုက်ခိုက်နီသောလီဗွီချေသည် အင်ဂရားပန်းအနံ့ချေတိကို မြတ်မင်းဦး နှခေါင်းသို့ယူဆောင်လာသည်။ဓာတ်တောင်ထက် လည်ရိုးတော်ဓာတ်ဇေတီမှ ခေါင်းလောင်းချေ မြည်သံတိ သဘာဝ ဂီတသံစဉ်ချေတိပိုင်။ မြတ်မင်းဦးတစ်ယောက် လီဗွီချေတိနှင့်အတူ ယိမ်းနွဲကခုန် လာသော အင်ဂရား ပန်းချေတိကို တယုတယ ငေးကြည့်နိန်မိသည်။

မြတ်မင်းဦးသည်ဓာတ်တောင်ကျောင်းသို့ ရက်ပြတ်အလည်ရောက်ဖြစ်သည်။ ပဇာကြောင့်ဆိုသော် မြတ်မင်းဦးရို့ အဖိုးသျှင်သည် ဓာတ်တောင်ကျောင်း၏ တကာအရင်း ဖြစ်ပြီး ပေါက်တောတွင်နိန်ထိုင်သည်။ မြတ်မင်းဦးသည် အဖိုးသျှင်၊ အဘောင်သျှင်ရို့ဘက်ကို နှစ်တိုင်းအလည်ရောက်တိုင်း အဖိုးသည်နှင့် ယင်းကျောင်းသို့ လိုက်လည်တတ်သည်။၁၃ နှုစ်သားအရွယ် မြတ်မင်းဦးကို ဓာတ်တောင်ကျောင်းဆရာတော်သည် အလွန်ချစ်သည်။ အဂုလည်း ဆရာတော်က ဘုရားတွင်ပန်းများ ကပ်လှူပှုဇော်ရန် မြတ်မင်းဦးကို ပန်းကောက်ခိုင်းလိုက်ခြင်းဖြစ်သည်။

မြတ်မင်းဦးတစ်ယောက် ပန်းချေတိကို အမြတ်တနှိုးကောက်နိန်ချိန်တွင် ကျောင်းနားမှ ကလိန့်မေတိ ရာယ်သံတိ လီဗွီချေနှင့်အတူ သူ့နားသို့တိုးဝင်လာသည်။ ကျောင်းဘက်ကိုလှည့်ကြည့်လိုက်ချိန်တွင် အသက် ၇ နှစ်ခန့်အရွယ် ကလိန့်မေချေတစ်ယောက်
မြတ်မင်းဦးဘက်ကို တတည့်ယှောက်လာသည်။ ထိုကလိန့်မေချေသည် ပန်းနှုရောင် စကတ်အတိုချေဝတ်ထားလျက် အထက်ပိုင်းတွင် အဖြူရောင်ဇာ အင်္ကျင်္ီချေကို ယယဉ်ချေဝတ်ထားသည်။ သူမဂေါင်းထက်တွင်လည်း အင်ဂရားပန်းချေတစ်ပွင့်ပန်လို့ ။
သူမ မျက်နှာချေကို အနီးကပ်မြင်လိုက်ရချိန်တွင် မြတ်မင်းဦး ရင်ထဲတွင် နာမည်ဖော်မပြနိုင်သောခံစားချက်တစ်မျိုးဖြစ်ပေါ်လာသည်။ ယေဘင်ဂေလေ့ မြတ်မင်ဦး မမြင်ဟန်ဆောင်လျက် ပန်းချေတိကို ဆက်ကောက်နိန်လိုက်သည်။

" ဟိဟိ....... ယောင်္ကျားချေ ဖြစ်ပြီးကေ မမချေ ပိုင် ပန်းကောက်နိန်ရေ" ထိုစကားကြောင်း မြတ်မင်းဦးမျက်နှာတွင် အဟြက်ပြုံးတိ ၀ီဆာလာသည်။ ကလိန့်မေချေ စကားသံသည် မပီတပီနှင့်ချစ်ဖို့ကောင်းသည်။ရင်းနှီးမှုအပြည့်လည့်ဟိသည်။

"ခိုင် ကိုလေ့ တစ်ပွင့် နှစ်ပွင့်လောက် ပီးဘလင်, ခိုင် က အင်ဂရားပန်းချေတိ ဆိုကေ ကောင်းကြိုက်တေ။" မြတ်မင်းဦးသည် ငြင်းဆန်ရန် အင်အားကုန်ခမ်းလျက်ဟိသည်။ " နှမချေ နာမည် "ခိုင်" လာ၊ " ဟု မြတ်မင်းဦး မီးကြည့်လိုက်သည်။

" မဟုတ်၊ သန်းဦးခိုင်၊ အိမ်မှာ နှမချေက အကြီးဆုံး၊ အဂု ပါပါရို့နန့် ပေါက်တောက အမျိုးတိဘက်ကို အလည်လာစွာ၊ ခိုင် က စစ်တွေ မြို့က၊ အကိုချေက ဇာကလဲ" ။ ကလိန့်မေချေ စကားပြောပုံသည် သွတ်သွတ်လွတ်လွတ်နှင့် ချစ်ဖို့ကောင်းသည်။

" အကိုချေ က ကြိမ်ခုံဂျိုင် ဆိုရေ ရွှာက ၊ အကိုချေ လေ့ ပေါက်တော က အဖိုးသျှင်ရို့ဘက်ကို အလည်ရောက်နိန်စွာ၊ ဒေကျောင်းကို အကိုချေ နှစ်တိုင်းရောက်တေ.....။" " ခိုင် လေ့ နှစ်တိုင်းရောက်တေ..... အကိုချေ အင်ဂရားပန်းတိ အများကြီး ဇာလုပ်
ဖို့လဲ၊ ခိုင်ကို တစ်ဆုပ်လောက်ပီးဘလင်" ။

မြတ်မင်းဦးသည် ထိုပန်းချေတိကို ဘုရားတွင် ကပ်လှူပှုဇော်မည်ဖြစ်ကြောင်း ယှင်းပြသည်။"ယကေလေ့ နှမချေအတွက် တစ်ဆုပ် အကိုချေ ပီးမေနန်း။" ယင်းအခါ သန်းဦးခိုင်က " ဘုရားမှာ ပှုဇော်ဖို့ဆိုကေ
နှမချေ မလိုချင်ယာ..... အကိုချေ နန့် ခိုင် ရို့ နှစ်ယောက်အတူ ဓာတ်တောင်ထက်က ဇေတီမှာ ကပ်လှူ ပှုဇော်ကတ်မေလေ.......။"

မင်းမြတ်ဦးနှင့် သန်းဦးခိုင်ရို့နှစ်ယောက် ထိုပြော ဒေပြောနှင့် တောင်ထက်ကို တရွိရွိတက်လာကတ်သည်။ လမ်းတလျောက်တွင်လည်း သန်းဦးခိုင်တစ်ယောက် သူ့သူငယ်ချင်းတိအကြောင့်၊ သူမ ကျောင်းအကြောင်း၊စစ်တွေမြို့အကြောင်း၊ မြောက်ဦးကို
ဘုရားဖှုးရောက်ခီရေ အကြောင်း စသဖြင့် ပြောမကုန်နိုင်အောင် တတွတွပြောပြသည်။ မြတ်မင်းဦးသည် နားမညိန်းနိုင်အောင် နားထောင်နိန်ချိန်တွင် ခေါင်းလောင်းချေ အသံတိ ကြည်ကြည်လင်လင် ကြားလာရသည်။

ကောင်းမကြာလိုက် မြတ်မင်းဦးရို့ဇေတီရင်ပြင်တွင်ခြီချမိသည်။ သူရို့နှစ်ယောက်သည် ဇေတီတော်အားပန်းတိကပ်လှူပီးဇော်ကတ်ပြီး ခေါင်းလောင်ထိုးကာ အချေဘာသာ ဘာဝ ပြီးလွှားကစပ်ကတ်သည်။ သူရို့နှစ်ယောက်သည် ဘုရားနောက်တိတွင် ၀ှက်တန်းပုန်းတမ်း ကစပ်ကတ်သည်။ယင်းသို့ဖြင့် သန်းဦးခိုင်နှင့်မြတ်မင်းဦးရို့ခင်မင်မှုသည် တချက်ချေ အတွင်းတွင် အလွန်ပင်ခိုင်မြဲလားလီသည်။

"သမီးချေ သန်းဦးခိုင် ပါပါရို့ အိမ်ပြန်ဖို့ယာ၊" အဖသည်ခေါ်သံကြားမှ သူရို့ကစပ်စွာရပ်လိုက် ကတ်သည်။ မြတ်မင်းဦးသည် ကလိန့်မေချေကို နှမချေအရင်းပိုင် ခင်မင်မိသည်။ ဖြစ်နိုင်လျှင် ကလိန့်မေချေနှင့် အတူလား၊အတူနိန်၊အတူကစပ်ချင်သည်။

" အကိုချေ၊ ခိုင်ရို့ လားဖို့ယာ.... နောက်နှစ်ခါ အရာတစ်ခေါက်ပြန်လာဖို့ ၊ ယင်းခါ တွိကတ်ဖို့နန်း" စကားတစ်ခွန်မှ ပြန်မပြောသော မြတ်မင်းဦးကို ဆရာတော်နှင့် သန်းဦးခိုင်အဖ သယ်ရို့ ခေါင်းခြစ်နိန်ကတ်သည်။ " အဝေး ဒေသူ မြတ်မင်းဦး၊ ပြန်ပြောလိုက်
လေ..... ဒေ သူအဆွိ့...။" ဆရာတော်မှ အားမရ ဒရ ပြောလိုက်မှ မြတ်မင်းဦး သတိပြန်ဝင်လာသည်။

" အေး ...အိန်း ... ခိုင်.. နောက်နှစ်ခါ တွိကတ်ဖို့။" ယင်းပိုင်ပြောလိုက်မှ ကလိန့်မေချေ အပြုံးပန်းချေတိပွင့်လန်းလာသည်။ အဖသယ်၊သူငယ်ချင်းတိနှင့်ကျောင်းမှထွက်ခွာလားသော သန်းဦးခိုင်ကို နောက်ကုံးချေကိုကြည့်လျက် မြတ်မင်းဦးတစ်ယောက် ငိုချင်စိတ်တိနှင့်ကျင်ကိုင်နိန်လိုက်ရသည်.........။


(၆)

နိန့်ရက်။.............။ ၂၆၊ဇွန်လ၊၂၀၀၅
အချိန်။..............။ ရခိုင်စံတော်ချိန် နိန့်ခြင်းဘက် (၂) နာရီ

မြန်မာနိုင်ငံနိုင်ငံရေး မငြိမ်းသက်မူများ၊ အစိုးရခြစားလိုက်စားမှု လက်ဟိလူမျိုးများကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တောင်းဆိုမှုများနှင့် အနောက်နိုင်ငံတစ်ချိုးစီးပွားရေးဒဏ်ခက်များသည် မြန်မာနိုင်ငံနှင့်ရခိုင်လူမျိုးများအား တွင်းဆုံးကျမှုရို့ဖန်တီးနိန်သည်။ ယင်းဟင့်တောင်မကသိမ့်ဘဲ ရခိုင်ပြည်နယ်ဟိ လက်တစ်ဆုပ်စာလူတန်းစားရို့အနိုင်ကျစီးပွားရေးဂုတ်သွီးစုပ်မှု၊ အခွန်မတန်တဆကောက်ခံမှု၊ လူမှုရေးခွဲခြားဆက်ဆံမှုရို့နှင့် အဖရခိုင်ပြည်ကျင်ကိုင်နိန်ရသည်။

မြတ်မင်းဦးသည် ဆယ်တန်းစာမေးပွဲကို အမှတ်ကောင်းဖြင့် ၁၉၉၇ ခုနှစ်တွင်အောင်မြင်ပြီးနောက် အင်္ဂလိပ်မေဂျာယူကာ ရန်ကုန်တွင် အလုပ်တစ်ဘက်နှင့်ရုန်းကန်နိန်ရသည်။ လူငယ်၊လူရွှယ်၊လူလတ်ရို့လည်း ရခိုင်ပြည်ကြီးအားစွန့်ခွာလျက် အတိုင်းတိုင်း အပြည်ပြည်တွင် ၀မ်းရေးအတွက် အဖပြည်နှင့်ခွဲကာ အလုပ်လုပ်ကြရလီသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံအဆင်းရဲဆုံးပြည်နယ် တစ်ခုဖြစ်ရန်တာစူးနိန်ပြီး၊ လူငယ်လူရွှယ်ရို့ခြခြောက်ခမ်းကာ အလုက်အကိုင်ရို့လည်း ဘုရားချီးတိပိုင် ရှားပါးလျက်ဟိသည်။

မြတ်မင်းဦးလည်းရခိုင်ပြည်နယ်တွင်ဆက်နိန်လျှင်ဇာဘ၀တိုးတက်မှုလမ်းကြောင်းမှရှာမတွိလီရာအခွင့်အလမ်းရို့ဟိရေမြန်မာပြည်မှ ရန်ကုန်မြို့တော်သို့ ၂၆၊ဇွန်လ၊၂၀၀၅ ၊ ရခိုင်စံတော်ချိန် နိန့်ခြင်းဘက် (၂) နာရီ တွင် စစ်တွေမှ လိုင်းကားဖြင့်ထွက်ခွာလာခြင်းဖြစ်သည်။ ၂ နှစ်လောက်ကြာပြီးနောက်ပိုင်း မြတ်မင်းဦးသည် အလုပ်ကြိုးစားလိုက်ကိုင်နိန်ယင်း တစ်ဘက်မှလည်း သူဝါသနာပါသော အင်္ဂလိပ်စာကို အပြင်းအထန်ကြိုးစားသင်ယူနိန်သည်။ သူသည် အင်္ဂလန်သံရုံးအင်္ဂလိပ်စာဌာန၊ အမေရိကန်စင်တာရို့အင်္ဂလိပ်စာလေ့လာရန် ရန်ကုန်ရောက်ရခိုင်သားများပံ့ပိုးပီးမှုဖြင့် အခွင့်အလမ်းရို့ပွင့်လာသည်။

အင်္ဂလိပ်စာနှင့်နိုင်ငံရေးအားသန်သော မြတ်မင်းဦးသည် နိုင်ငံခြား သက္ကသိုလ်တစ်ခုတွင် နိုင်ငံရေးသိပ္မံ ဘာရပ်တစ်ခုသင်ယူရန် အားပါလျက်ဟိပြီး နိုင်ငံခြား သက္ကသိုလ် အသိမှတ်ပြု အင်္ဂလိပ်စာစာမေးပွဲရို့ဖြေဆိုရာ အမှတ်ကောင်းရို့ဖြင့်အောင်မြင်လီသည်။ ၂၀၀၇ ခုနှစ်တွင် မြတ်မင်းဦး အမေရိကန် သက္ကသိုလ်တစ်ခုမှ စကော်လာချီးမြှောက်ခံရပြီး ပညာသင်ရန် အဖရခိုင်ပြည်ကြီးနှင့်အ၀ီးကြီးရာတိုင်းတပါးသို့ထွက်ခွါလားလီသည်။ မြတ်မင်းဦးသည် အလုပ်လုပ်ကျောင်းတက်ယင်း ၂နှစ်ခန့်အကြာတွင် အဖရခိုင်ပြည်အား အလွန်ပင် တမ်းတလွမ်းဆွတ်လာသည်။

အိမ်တာနတ်မှ ရခိုင်အကြောင်းတိဝင်ဖတ်ယင်း ရခိုင်ထမင်းရခိုင်ဟင်းရခိုင့်အငွိ့အသက်ချေတိအရှုးအမှုးတမ်းတမိလာသည်။ အမေရိကန်တွင်၂နှစ်အတွင်းမြတ်မင်းဦးသည်မြတ်ပန်းခိုင် နာမည်ရရခိုင်ပညာတတ်ဝါကြီးမတစ်ဦးနှင့် အဘောင်သျှင်တစ်ယောက်ပိုင်ခင်မင်မိပြီး၊ ကျောင်းအားရက်တွင် ယင်းအဘောင်အိမ်မှာ ရခိုင်ထမင်း၊ ရခိုင်ဟင်း တစ်ဝစီ လားစားတတ်သည်။


နိန့်ရက်။…………..။ ၂၀၀၉ နှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်
အချိန်။ …………။ ညဥ့်ခါဘက် ၉ နာရီ
နီရာ ။ ………….။ အမေရိကန်နိုင်ငံ၊ နယူယော့ခ် မြို့

“…………ကလိန်……ကလိန်…….ကလိန်….ကလိန်……..။…စာဖတ်နိန်ရင်း ဖုန်းမြည်လာသည်။ ဖုန်းကို မြတ်မင်းဦး ကောက်ကိုင်လိုက်ချင်း……..
“ ဝေး …….မြတ်မင်းဦး…, အဘောင်ရာဒေ…အိပ်နိန်လာမင်း…., အဘောင် မင်းကို
ဝမ်းသာစရာ စကားပြောစရာဟိလို့ ဖုန်းဆက်စွာ…….” ဇာဝမ်းသာစရာလေဂု မြတ်မင်းဦး ခေါင်းခြမ်းနားထောင်မိသည်။ ……..
“ ဟုတ်ပါယင့် အဘောင်သျှင် ပြောပါ…”
…..” ၀မ်းသာစရာကဇာလေ့ဆိုလို့ဟိခကေ…. အဘောင် ရခိုင်ပြည်ကို မရောက်စွာ ကောင်းကြာယာမလား……ယင်းအတွက် နန့်
ဒီဇင်ဘာလလောက်ကေ ရခိုင်ပြည် မြောက်ဦးကို အဘောင်လားချင်လို့ ……..”

မြောက်ဦး၊.... မြောက်ဦး.... အသံတိ ပဲတင်ထပ်လာသည်။ အချေခါ တစ်ခါရောက်ဖူးခသော မြောက်ဦးကို ဘ၀ကံမပီးလို့ မြတ်မင်းဦး ထပ်ပနာမရောက်ဖူးခလီ။ ကိုးသောင်းပုထိုးတော်ရှိဘက် ကန်ဘောင်ဘေးမှာ အချေခါ မှုးလဲကျဖူးသည်ကို မြတ်မင်းဦး ပြန်မြင်လာသည်။
“ ဝေး…မင်းဦးချေ…ကောင်းတိမ်းလာကာဂု…နိန်လို့က ကောင်းယင့်လားမင်း ….” အဘောင်ဂရုနာအသံနှင့်ဖုန်းထဲက အသံကြားမှ မြတ်မင်းဦး ဗြန်းပြန်နိုးလာသည်။

“ အော်… ကန်တော့ပါအဘောင်ချင်….ကျွန်တော် နိန်ကောင်းပါရေ….ဟုတ်ပါယင့်ယကေ မြောက်ဦးကို
အဘောင်ဖုရားဖူးလားချင်လို့ပါလာ…..ကောင်းပါရေ မလားယေ…ကျွန်တော်တောင်လိုက်ချင်ဘာထော…….ဒီဇင်ဘာလဆိုကေ
ခရစ်စမတ်နန့် ကျောင်းတိလေ့ ပိတ်ပါရေဒေ……မရောက်ဖြစ်စွာလေ့ ကြာပါယာ ကိုယ့်ဘားကို…..” မြတ်မင်းဦး အဘောင်စကားကိုဆက်တိုက်ထောက်ခံပြောဆိုလိုက်သည်။

……”……. ယင်းအတွက်နန့် မင်းဦးကို အဘောင်သျှင် ဖုန်းဆက်နိန်စွာ..သိလာ…အဘောင်မှာ က မြီးတိ၊ သားတိ၊သမီးတိလေ၊
သိလာ..၊ အလုပ်တိနန့်ကျင်ကိုင်နိန်ကတ်ယင့်…အဘောင်လေ့ တစ်ယောက်တည်းမလားချင်ဒေ
ယလောက်အ၀ီးကြီးကို မြီးချေ……..ငါမြီးချေမှာ အလုပ်လေ့ အားကေ အဘောင်ကို လိုက်ပို့ပီးလို့ရဖို့လား ……..”…..၊ မြတ်မင်းဦး
ဂရုနာအလွန်သက်မိလားသည်။ ယေကေလေ့ ဖေ့သာက ယလောက်မဟိ..ကျောင်းတစ်ဘက် အလုပ်တစ်ဘက်နှင့် မကာမိနိုင်……….။

“……..အဘောင်သျှင်၊ ကျွန်တော် ကောင်းလားချင်ပါထော..ယကေလေ့ ဘိုင်ပြတ်နိန်ပါရေ အဘောင်…” … စကားမဆုံးလိုက် ၀ါကြီးမ အသံထွက်လာသည်…။ …

” ယင်းကိစ္စမပူဂေ့ မင်းဦး၊ လီယိုင်ပျံစရိုက် အဘောင်ခံမေ……မင်းစီစဉ်စရာဟိစွာတိရာစီစဉ်….နန်း…ယလောက်ယာ
အဘောင်နန့် နောက်ဆွေးနွေးကတ်ဖို့ အသေးစိပ်ကို……….”

မြတ်မင်းဦးအလွန်ပင်ဝမ်းသာမိသည်။ အဘောင်သျှင်ကိုလေ့ကောင်းကျေးဇုတင်မိသည်။ ယင်းနောက် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး…….။

“ ငါ မြောက်ဦး ကို နောက်တစ်ခေါက်ရောက်ဖို့ယာ …ဝေး ……..ဝေး……..မြောက်ဦး ငါလာယာဒေ …………..” ဟု နယူယောခ် မြို့ထဲဘက်ကို ကြည့်ပနာ အားရဘရအော်လိုက်မိသည်။

မြတ်မင်းဦးအသံသည် နယူယော့ခ်မြို့မှ လီအီးရို့ ၊ ခေတ်မီ မီးဆလိုက်ရို့နှင့်အတူယဉ်တွဲကလို့ ………….။

အောင်တိုဘာလဘဇောင်ကုန်လားလေမသိ၊ ကျောင်းတတ်ယင်း လက်ကျန်စာတိကိုရှင်းယင်း အောက်တိုဘာလ(၃၀)ရက်နိန့်သို့
့ရောက်ဟိလာသည်။ အဘောင်သျှင်ကလေ့ဒေနိန့်ဖုန်းဆက်မည်ဟု မြတ်မင်းဦးကိုမှာထားသည်။ ညစာထမင်းစားနိန်ယင်းပင် ဖုန်းတမ်းမြည်လာသည်။ အဘောင်သျှင်မှန်း မြတ်မင်းဦးသိလိုက်သည်။ ဖုန်းကိုကောင်လိုက်သည်နှင့် ဖုန်းထဲက အဘောင်သျှင်အသံကြားရသည်။...........,

"မင်းဦးလား၊ အဘောင်ရာ၊ မင်းအထုပ်အပိုးတိ အဆင်သင့်ဖြစ်ရာလောယဂေ...... မင်းနန့်အဘောင်ရက်ညို့ရဖို့ဒေ၊
ဒီဇင်ဘာလ(၂၉) ရက်နိန့်ထွက်ချင်ရေ၊ ယပြီးဂေ မြောက်ဦးကို ရန်ကုန်မှာ တနားချိန်နားပြီးကေ တန်းလားဖို့
အဘောင်စီစဉ်ထားရေ၊ မင်းသဘောကဇာပိုင်လေ၊ အဂု အဘောင်လီယိုင်လက်မှတ်ဝယ်ဖို့လို့၊........"

အဘောင်စကားတိတန်းစီပြောသည်၊ မြင်မင်းဦးလေ့ဂရုတစိုက်နားထောင်းယင်း ............

" ဟုတ်ပါယင့်အဘောင်၊ (၂၉)ရက်နိန့်ဆိုကေတော့ခါ ကျနော့လေ့ အချိန်တစိချေ ရဖို့ပါမလားယေ၊
ယင်းနန့် ယင်းနိန့်မှာ ဇာအတွက်လားချင်စွာပါလေ..........." မင်းမြတ်ဦး စပ်စုမီးကြည့်လိုက်မိသည်။...

........." အေး.......ဒေပိုင် မင်းဦး.......အဘောင်လေယင်..ရခိုင်မှာနိန်ခခါ.....အဘောင်ရို့အိမ်နားမှာ
သန်းဦးခိုင်လို့ခေါ်ရေ ကလိန့်မေချေ တစ်မိသားစုဟိရေ..........၊ သန်းဦးခိုင်ရေ ကောင်းချစ်ဖို့ကောင်းရေ၊
အဘောင်လေ့ မြီးချေပိုင်ကောင်းချစ်တေယေ..........၊"

..........သန်းဦးခိုင်..........သန်းဦးခိုင်.!!!!!!..သန်းဦးခိုင်ဆိုသောနာမည် မြတ်မင်းဦးဂေါင်းတွင်ပဲ့တင်ခတ်လားသည်။....
" ငါ...အချေခါ၊ ဓာတ်တောင်မှာ အတူကစပ်ခဖူးရေ ကလိန့်မေချေလာဂု၊...အော်...နာမည်တူစွာဖြစ်ဖို့ထင်ရေ...."

"...မင်းဦး၊ မြီးချေ၊ အဘောင်ပြောစွာကိုကြားလာ.....ကောင်းတိမ်းလခဂါ...၊" အဘောင်းဖုန်းထဲကလှမ်ခေါ်ခါမှ မြတ်မင်းဦး စဉ်းစားခမ်းပြတ်လားသည်၊ ....." နားထောင်နိန်ပါရေ အဘောင်" မြတ်မင်းဦးပြန်ဖြေလိုက်သည်နှင့်အဘောင်သျှင်ဆက်ပြောသည်။

" အေး....ယင်းသန်းဦးခိုင် နောက်ရန်ကုန်ကို မိဘတိနန့်ပြောင်းလားရေလေ...အဘောင်လေ့ အမေရိကကိုထွက်ပါလတ်တေ၊အဂုအဘောင်အမေရိကလာဖို့ဆိုလို့အလုပ်တိပစ်ပနာ စောင့်နိန်ဖို့လတ်....ယင်းနိန့်မှအားရေလေပြောရေ၊ … အစီအစိုင်ကဒေပိုင်၊ မင်းဦး ...ရန်ကုန်ကို (၃၀) ရက်နိန့်ရောက်ဖို့...ယင်းနိန့်တနားအညောင်းဖြေပနာယင်... စစ်တွေ တိုက်ရိုက်လေယိုင်စီးဖို့မလား၊
စစ်တွေမှာ တစ်ညအိပ်ပနာ၊ ဒီဇင်ဘာ(၃၁) ရက်နိန့်မြောက်ဦး ကို မိုးထဖသား ဘုတ်နန့်တန်းထွက်ကတ်ဖို့ ....

ဒီဇင်ဘာ(၃၁)ရက်နိန့် မြောက်ဦးလားဖို့ရက်ကို မြတ်မင်းဦးမကြိုက်ချင်၊ ဇာအတွက်နှင့်မကြိုက်ချင်မှန်းမသိ၊ အဖြေရှာခက်နိန်သည်။ လူကြီးစီစဉ်ထားသည့်အရာကိုစောဒလေ့မတတ်ချင်၊ ယင်းကြောင့် အဘောင်သျှင်လားဖို့ရက်ကို မြတ်မင်းဦးသဘောတူလိုက်သည်။

(၇)

နိန့်ရက်။...........။ ဒီဇင်ဘာလ (၂၉) ရက်၊ ၂၀၀၉ ခုနှစ်
အချိန်။............။ မိုးထဖသား(၅) နာရီ
နီရာ ။.............။ New York ၊ Kennedy Airport

China Eastern Airlines မှ ၃၄၆ AirBus Jet လီယဉ်ကြီးသည် Terminal (1) မှ စတင်ထွက်ခွာလာသည်၊ ခရီးသည်ရာကျော်စီနှင်းလိုက်ပါလာသော ဂျတ်လီယဉ်ကြီးသည် မိုးသား မိုးတိမ် အလိပ်လိပ်ရို့ကို မညောင်းနိုင် မပန်းနိုင်ကျော်ဖြတ်လျက် ဘန်ကောက်မြို့တော်သည်ဦးတည်ပျံသန်းလီသည်။ ဒိုဟာမြို့တွင် တစ်ခေါက်ရပ်လျက် ပျံသန်းချိန် နာရီ ၂၀ ကျော်အကြာတွင်ဘန်ကောက်မြို့သို့ရောက်ဟိပြီး၊ ဘန်ကောက်မှ တစ်ဆင့် ဘန်ကောက်အဲယားဝေးဖြင့် ရန်ကုန်မြို့သို့ပျံသန်းရလီသည်။
ဒီဇင်ဘာလ(၃၀) ရက်နိန့်တွင် ရက်ကုန်မြို့သို့ရောက်ဟိပြီး သန်းဦးခိုင်ရို့အိမ်တွင် တစ်ညဥ့်နားခိုအိပ်စက်ကတ်သည်၊

(၃၁) ရက်နိန့်တွင် ရန်ကုန်မှ စစ်တွေသို့ မြန်မာအဲယားဝေးဖြင့် မြတ်မင်းဦး၊ သန်းဦးခိုင် နှင့်အဘောင်သျှင်ရို့ (၃) ယောက် အဖရခိုင်ပြည်သို့ဦးတည်လာသည်။ပျံသန်းချိန် မိနစ်၁နာရီခန့်အကြာတွင်ရခိုင်ပြည်ကြီးအားလီယိုင်ပျံထက်ကလှမ်းမြင်ရသည်။ တောင်စွယ်တောင်တန်းရို့နန့်ရိုးမအရိပ်ခိုရခိုင်ပြည်သားရို့နှင့်ဝီးကွာခရက်လတိလေ့ကကောင်းကြာခပြီဖြစ်သည်။
စစ်တွေလီဆိပ်မဆင်မှီ အဘောင်သျှင်တစ်ယောက်ကကောင်းငြိမ်နိန်သောကြောင့် မြတ်မင်းဦး လှမ်းကြည့်မိသည်။ တည်ငြိမ်ရင့်ကျက်သော အဘောင်သျှင်မျက်လုံးအိမ်တွင်မျက်ရည်စချေတိစိုနိန်သည်ကို မြတ်မင်းဦး သတိထားမိသည်။
ရခိုင်ပြည်အားအဘောင်သျှင်လွမ်းမိမည်မီးစရာမလို….။

တန်းခါးပွင့်လာသည်နှင့်မြောက်ပြန်လီရှုးက မြတ်မင်းဦးအသိစိတ်ကိုနှိးဆွလိုက်သည်။ “ အော်..ရခိုင်ပြည်ကို ငါပြန်ရောက်လို့လာဗျာယ်” တစ်ယောက်တည်းတတိုးချေရွှယ်ရွှက်မိသည်။ အဘောင်သျှင်လက်ကိုမြတ်မင်းဦးနှင့် သန်းဦးခိုင် တစ်ယောက် တစ်ဘက်ကိုင်လျက် လီယိုင်ထက်ကဆင်းလာကတ်သည်။ မြီကြီးအရောက်တွင် အဘောင်သျှင်သူအဆင်ပြေကြောင်းပြောသည်။

ယင်းနောက် မြတ်မင်းဦးသည် စစ်တွေလီဆိပ်မှ စိမ်းစိုနိန်သော မြက်တစ်ဆုပ်ခူးပြီးနမ်းရှုလိုက်သည်။ ရယ်သံကြားလို့နောက်လှမ်းအကြည့်တွင်……….

“ ယော်..ဇာလေဂု အကိုမြတ်မင်းဦးရို့ မြတ်တိကိုတစ်ခုနမ်းနိန်ရေဂါ…အရာ..ခွီးချီးတိပါကေ ဂွကျကတ်ဖို့ဒေ…ဟဟ..” သန်းဦးခိုင် လှမ်းကစပ်သည်။

မြတ်မင်းဦး ပြန်ပြုံးပြလျက်……” ရခိုင်ပြည်ကြီးနန့်ကကောင်းအကြာကြီးဝီးနိန်လို့ နမ်းပြီးကေ နှုတ်ဆက်လိုက်စွာပါယာ….ခွီးချီးမပြောဂေ့ ပါချင်စွာပါလီပတ်စီ..သန်းဦးခိုင်ရို့က ရန်ကုန်သမတိဆိုတော့ခါ အဖရခိုင်ပြည်ကြီးကို သံယောဇဉ်ပြတ်လားဗျာယ်ဟန်…”ပြုံးလျက် စကားနာထိုးမီးလိုက်သည်။…..

“ အော် ..အကိုမြတ်မင်းဦးကလေ့ ကိုယ့်ဓလေ့ ကိုယ့်ရွှာ ကိုယ့်မြီ ကိုယ့်ပြည်ဆိုစွာ မိကောင်းရေ အရာတိမဟုတ်ပါလေ…အကျွန်လေ့ အဖပြည်ကိုချစ်လို့ အကိုရို့နန့် လိုက်လာပါရေ မလားယေ….. အကျွန်က အချေခါကဘင် ရခိုင်သမိုင်းနန့်အကျွမ်းဝင်ပြီးသားပါ…..အဖိုးသျှင်ရက်ပြတ်ပြောပြဖူးပါရေ…….”

“ ဟုတ်ပါယင့် …ကျွန်တော် ကစပ်စွာပါရာ…မာန်မပါ ပါဂေ့နန်း ၊ သန်းဦးခိုင် အဖပြည်ကိုချစ်တတ်မှန်း မျက်လုံးတိက သက်သီပြနိန်ပါရေ……အဘောင်ဖက်ပြန်လားကတ်ပါမေ..”

စစ်တွေမြို့မှသန်းဦးခိုင်ရို့အမျိုးတိလီဆိပ်လာကြိုကတ်စွာတွိရသည်။အဘောင်သျှင်နှင့်မြတ်မင်းဦးရို့ စစ်တွေမြို့လမ်းမကြီးမှpalace hotel တွင်ညအိပ်ရပ်နားသည်။

သန်းဦးခိုင်ကအမျိုးတိအိမ်တွင်တည်းခိုးရန်အတွက်ဟိုတယ်မှလမ်းခွဲထွက်လားသည်။မြူခိုးငွှေ့တိဖုံးလွှမ်းနေသာစစ်တွေမြို့ညဥ့်သဘာဝအလှကိုဟိုတယ်ထက်က ငယ်မောခံစားယင်း မြတ်မင်းဦးအိပ်ရာ ယင်းလို့ဝင်လိုက်သည်။ မိုးထဖ ၁၀နာရီတွင်မြောက်ဦးကိုမော်တော်ဘုတ်နှင့်ခရီးဆက်ရမည်။

(၈)

နိန့်ရက်။……..။ ဒီဇင်ဘာလ (၃၁)
အချိန်။…………။ မိုးထဖသား(၁၀)နာရီ
နိန်ရာ။…………။ စစ်တွေ၊မြောက်ဦး

ဆက်ရကျချောင်းမှ ဂျမ်မာစက်ချေ တက်ထားသော မော်တော်ဘုတ်သည် မြောက်ဘက်သို့ဦးတည်မောင်လာသည်။ အင်ဒန်တအင့်အကြာတွင် မော်တော်ဘုတ်ချေက ဂစ္စပ မြစ်ပြင်ကြီးကို အသာချေနမ်းလိုက်သည်။ အီးမြကြည်လင်လက်ဆက်သောတပေါင်းလမြောက်ပြန်လီသည် မြတ်မင်းဦးနားခေါင်းကို အသာချေလာပွတ်သည်။ မြတ်မင်းဦးသည် ရခိုင်လီပြေအား အာခေါင်မှ အသဲအောက်ခရင်းသို့ အားရဘရ ရှုသွင်းလိုက်သည်။

ကကောင်းမကြာလိုက် လုံးပတ်ညီသောဦးရဇ်တောင်စေတီကို ဖူးတွိလိုက်သည်။ အဘောင်သျှင်နှုင့်သန်းဦးခိုင်ပါ ဦးခိုက်ကတ်သည်။ ဘုတ်ပဲ့ဘက်တွင်အလုပ်သမားတစ်လီဖဲ့ကစပ်နိန်ကတ်သည်။ ………….

“ အယင်ခေါက်ခါ ရခိုင်ရီတပ်မတော် ဒေမှာ အခြေစိုက်တေလို့ ရာဇ၀င်ဟိရေ မြီးချေရို့…” အဘောင်သျှင် သန်းဦးခိုင်နှုင့်မြတ်မင်းဦးကိုဖောက်သည်ချသည်။

အဘောင်သျှင်ပြောရာတွင် မဟာမြတ်မုနိန်ဘုရားအကြောင်းပါသည်။ သေလာဂီရိတောင်ထက်က မြတ်ဘုရားက ဓည၀တီမြို့သားရို့ကို ဗျာဒိတ်ပီးပုံအကြောင်းပါသည်။ ရခိုင်ဘုရင်ရို့အာဏာစက်ကျယ်ဝန်းခပုံရို့၊ မွန်ဂိုပုံကန်မှု၊ အနောက်နိုင်ငံရို့က ရခိုင်မြောက်ဦး ကုန်တိုက်ဖွင့်ခရေအကြောင်းတိ အစုံပါသည်။

ထိုအကြောင်း ဒေအကြောင်း အကြောင်စုံကို အဘောင်သျှင်တစ်ယောက် မညောင်းနိုင်ပြောရင်းဆိုရင်း မြောက်ဦးချောင်းသို့ မော်တော်ဘုတ်ချေ နှုတ်ဆက်လိုက်သည်တွင်၊..နွမ်းအိုခြောက်သွိ့ ရညို့တင်နိန်သော စေတိပုထိုးအပျက်ရို့ မြတ်မင်းဦးလှမ်းမြင်လိုက်သည်။

“ သန်းဦးခိုင်…..၊ ဒေဘုရား ပုထိုးဘ၀တိ သနားဖို့ကောင်းလိုက်တေဘင်၊ လူပင်လာမဖူးဟန်…” မြတ်မင်းဦး စိတ်မကောင်းစွာ လှမ်းပြောသည်။

……….” အကိုမြတ်မင်းဦး……… မြောက်ဦးနန့်ဘုရားအဟောင်းအပျက်ဆိုစွာ ဒွန်တွဲနိန်ရေ အရာတိပါရာ….ဇာပိုင်ဘင်ဆိုဆို..ဒေကျောက်သား၊ကျောက်စိုင် ဘုရားပျက်တိရေ တစ်ချိန်ကကြီးကြယ်ခမ်းနားခရေ ရခိုင်ရို့ပြယုတ်မဟုတ်ပါလာ………..”

……..” သန်းဦးခိုင်ပြောစွာလေ့ဟုတ်ပါရေ…..ယဂေလေ့ ပြုပြင်မွန်းမံပနာ ကျိုးပဲနိန်ရေ ရခိုင့်ယဉ်ကျေးမှု အနှလက်ရာတိကို ကျနော် စိတ်နန့်ဆက်ကြည့်နိန်မိစွာအမှန်………”

ယင်းပိုင်စကားပြောနိန်ကတ်ယင်း မော်တော်ဘုတ်ချေက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဆိုရေဂိတ်ရှိတွင်ရပ်နားလိုက်သည်။ အဘောင်သျှင်၊မြတ်မင်းဦး၊ နှုင့် သန်းဦးခိုင်ရို့သုံးယောက် မြောက်ဦးမင်းသမီးဟိုတယ်တွင်တည်းခိုးရန်ဆုံးဖြတ်လိုက်ကတ်သည်။ ညဇာဖက်သား နီဒ၀င်ဒရှုးအချိန်တွင် မြတ်ဦးနှင့်သန်းဦးခိုင်ရို့နှုစ်ယောက် မြောက်ဦးတစ်ပတ်လှမ်းလျှောက်ထွက်ကြည့်ကတ်သည်။ အဘောင်က ဟိုတည်တွင်အညောင်ဖြေကျန်လိုက်သည်။………

……“သန်းဦးခိုင်…” မြတ်မင်းဦးလှမ်းခေါ်သည်။ “….အမှန်ကိုပြောရကေ.. မြောက်ဦးမြို့ကို ခြီချလိုက်စွာနန့် အတိတ်သမိုင်းတစ်ခုက ဖမ်းစားခြင်းကို ခံရရေပိုင် ကျနော်ခံစားမိစွာအမှန်”…. မြတ်မင်းဦး လမ်းလျှောက်ရင်းစကားစလာသည်။…….” ဟုတ်တေ ကိုမြတ်မင်းဦး….ထူးဆန်းစွာ အကျွန်လေ့ ဒေမြောက်ဦးဆိုရေနိန်ရာနန့် ကကောင်းကြီးရင်းနှီးကျွမ်းဝင်နိန်ရေပိုင်ခံစားရရေ…တစ်ခါ၊တစ်လီ ၀မ်းနည်းရေပိုင်၊ တစ်ခါတစ်လီဝမ်းသာရေပိုင်ခံစွာမိစွာတော့ခါ အမှန်ပါ….”

“ အင်… ကျနော်ရို့တိက ရခိုင်လူမျိုးတိဆိုခါ ရခိုင်ရို့သမိုင်းမှတ်တိုင်းကြီးမားခရေ မြောက်ဦးဆိုရေအတိတ်ဖမ်းစွာခံရစွာလေ ဖြစ်နိုင်ပါရေ နန်း….” မြတ်မင်းဦး မှတ်ချတ်အပြီးမှာ နှုစ်ယောက်လုံးတိမ်းကျလားသည်။ မြောက်ဦးနှစ်သစ်ညသည် အမေရိကမှာပိုင် စိတ်လှုပ်ရှားစရာမဟိ၊ ရန်ကုန်မြို့မှာပိုင်ပျော်စရာရှာမတွိပါ……..တိတ်ဆိတ်ငြိမ်သက်လှသည်။ အတိတ်ကအရိပ်မဲတိနှင့်မြောက်ဦးကျင်ကိုင်နိန်ရတုန်းလား မြတ်မင်းဦး မခွဲခြားတတ်…………….။

မိုးထခါစစောကြီးထလျက်မြောက်ဦးဘုရားစုံဖူးလားကတ်မည်ဖြစ်ရာ သူရို့(၃)ယောက် တိတ်ဆိတ်သောမြောက်ဦးဆောင်းညကိုနှုတ်ဆက်ယင်း အိပ်ရာအစောကြီးဝင်လိုက်ကတ်သည်။

(၉)

နိန့်ရက်။………….။ ဇွန်န၀ါရီလ (၁) ရက်၊ ၂၀၁၀ ခုနှစ်
အချိန်။…………..။ မိုးထဖက် (၇) နာရီ
နိန်ရာ။………….။ မြောက်ဦး

နယူးယောက်ဆောင်းနှင့်အသားကျလာသောမြတ်မင်းဦးသည် မြောက်ဦးဆောင်းကိုမထုန့်ပါ။ ယဘင်လေ့သင့် ဆောင်းဝတ်အင်္ကျီအထူးကြီးဝတ်ထားသောဈီသည်မရို့ ဝေလီဝေလင်းအချိန်တွင် မြောက်ဦးမင်းသမီးဟိုတယ်ရှိဖြတ်လားဖြတ်လာနိန်ကတ်သည်။ သူရို့တစ်နိန့်တာဝမ်းရေးကိုမြောက်ဦးဆောင်းကမတားဆီးနိုင်။ သန်းဦးခိုင်အတွက် မြောက်ဦးဆောင်းသည်အလွန်ဘင်ချမ်းအီးလှသည်။ ဆောင်းဝတ်အင်္ကျီအဖြူဝတ်ထားသော သန်းဦးခိုင်သည် မြူနှင်းဖြူချေရို့နှင့်အပြိုင်ချစ်ဖို့ကောင်းသည်။ မြတ်မင်းဦးအတွက် သန်းဦးခိုင်သည် နှမချေတစ်ယောက်ပိုင်ခင်မင်တွယ်တာဖို့ကောင်းသောအပြစ်ကင်းသောသဇင်ပန်းခိုင်ချေတစ်ခိုင်……….
ဟိုတယ်ကစီစိုင်ထားသည့်အတိုင်း ၈း၃၀ တွင်မိုးထစာစားကတ်သည်။

……..” အဘောင်…ကျနော့်ဇာတိသိရေမလား………” လဖက်ရည်သောက်ရင်း မြတ်မင်းဦးစကားစလာသည်။

“…..အော်..လာဗျာယ်…….ပေါက်တောသားတိ တော်ကြောင်း၊တက်ကြောင်း ကြွားဖို့ဗျာယ်ထင်ရေ သန်းဦးခိုင်…….” အဘောင်ကလှမ်းကစပ်သည်။

……….” အဘောင်ကလေ့ ကျနော် စကားအကောင်းပြောဖို့ပျင်နိန်စွာရာ…….ဒေပိုင်ပါ…….ပေါက်တောမှာ လည်ရိုးတော်ဓာတ်ဆိုရေ စေတီတစ်ဆူဟိရေ…….” မြတ်မင်းစကားဆက်မပြောခင် သန်းဦးခိုင်က…..

“ အော်…….ယင်းဓာတ်တောင်ကျောင်းကို အချေခါ သန်းဦးခိုင် ရောက်နိန်ကျပါ……အင်္ဂရားပန်းချေတိကောက်..ဘုရားမှာလှူ၊ သူငယ်ချင်းတိနန့်တောင်အောက်မှာ ဗြီးတမ်း လိုက်တမ်း ကစပ်ကတ်စွာတိ…သတိတောင်ရလာဗျာယ်……..၊..”

……” ယော်…ယဂေယင်…..နင်ရို့ ၂ ကောင်စလုံးပေါက်တောဇာတိ တိမလားယေ…မတွိကတ်လားယဂေ ဓာတ်တောင်မှာ………၊” အဘောင် ကောက်ညုင်းထမင်းမောပနာဝင်ထောက်သည်။

“ ကျနော်လေ့ ယင်းချင့်ကို သန်းဦးခိုင်ကို မီးကြည့်ချင်နိန်စွာပါ….ကျွန်တော် ၁၀ နှစ်သားအရွှယ်လောက် သန်းဦးခိုင်ဆိုရေ ကလိန့်မေချေတစ်ယောက်ကို အင်္ဂရားပန်း ပီးဖို့ပါရေ……..ယင်းကလိန့်မေချေရေ အဂု ကျနော်တွိနိန်ရရေ သန်းဦးခိုင် လား မသေချာလို့ကျနော် မမီးဝံ့စွာပါ……ယင်းကလန့်မေချေကို ကျနော် နှမချေ အရင်းပိုင်စတွိနိန့်ကပင်ခံစားမိနိန်ပါရေ………”….. မြတ်မင်းဦး စကားအရှည်ကြီးပြောနိန်သည်……..

“ အော်…….ဆော်ရီပါ ကိုမြတ်မင်းဦး အကျွန်က ကကောင်းအငယ်ဆိုခါ မမှတ်မိ မှတ်မိဖြစ်နိန်ပါရေ…..အကျွန့်ကို ပန်းပီးရေ ကလေချေတိက မကန်ပါလေ..အကျွန်စတားပါ…ဟဟ..” သန်းဦးခိုင်ရယ်လျက် မြတ်မင်းဦးကစပ်လိုက်သည်။

…” ကစပ်စွာပါရာ သန်းဦးခိုင်ဆိုကေ အကျွန်ရာဖြစ်နိုင်ပါရေ….အကိုမြတ်မင်းဦးကိုလေ့ မြင်မြင်ချင်း အကျွန် အကိုအရင်းပိုင်ခံစားမိပါရေ……”…….

“..........အော်နင်ရို့ ၂ ကောင်က အချေကဘင်ရီစက်ဟိကတ်စွာကို….အေး….အေး…. ရှိဘ၀က ကံဟိလို့ဆုံတွိကတ်တေမလားယေ………” အဘောင်က လလေးနနက်ဝင်ထောက်ပြသည်။

“..အော်…….စကားပြောကောင်းနိန်လိုက်ကတ်စွာ….မြင်းဂါရီဆရာတောင်ရောက်နိန်ဗျာယ်……”” သန်းဦးခိုင် လှမ်းသတိပီးလိုက်သည်။ မြောက်ဦးတစ်ပတ်ဘုရားဖူးရန် သူရို့သုံးယောက် မြင်းဂါရီထက်တက်လိုက်ကတ်သည်။ မဟာဆန်ဖုန်ထူမြောက်ဦးလမ်းကြားချေရို့ဂန္တ၀င်မြောက်လှသည်။ မြင်းဂါရီချေစီးရစွာလေ့ မိုးပျံရထားစီးရစွာထက်အရာသာဟိလှသည်။ မြင်းဂါရီသည်တရွိရွိနှင့် သျှစ်သောင်းပုထိုးတော်ကြီးမှအနောက်ဘက်သို့ ပေ (၃၀၀) ခန့်ကွာတွင်တည်ဟိသောထုက္ကသိမ်ပုထိုးရှိထိုးရပ်လိုက်သည်။

သန်းဦးခိုင်က မြင်းဂါးရီထက်ကအဆင်း
………….. “ ဝေး…အသူ လမ်းပြလုပ်ဖို့လဲ……. လမ်းပြလုပ်တေလူ ဘုရားသမိုင်းတိအားလုံးရှင်းပြရဖို့နန်း…”…
အဘောင်ကစကားစလိုက်သည်။ မြတ်မင်းဦးနှင့်သန်းဦးခိုင် တစ်ယောက်မျက်နှာတစ်ယောက်ပြုံးကြည့်လျက်…
“…. အကိုမြတ်မင်းဦးက သမိုင်းတိ ကကောင်းဖတ်ထားရေလို့ပြောရေ အစွမ်းပြဖို့အချိန်ရောက်ဗျာယ်မလားယေ..ခိခိ…” သန်းဦးခိုင်ဝင်ကစပ်သည်။

အဘောင်သျှင်ကလဲ့…. “ ဟုတ်တေ မြတ်မင်းဦး…..မြီးချေ သိသလောက်ပြောပြ…အဘောင်ကြားက၀င်ဖာပီးမေလေ…”.. မြတ်မင်းဦး ငြင်းဖို့အခက်။ “ ….ကောင်းဗျာယ်… နှမတော်အတွက် မောင်ကြီးရှင်းပြရဖို့မလားယေ…..” ရိသဲသဲကစပ်လိုက်သည်။ မြတ်မင်းဦးစကားအဆုံးတွင် အဘောင်နှင့်သန်းဦးခိုင်ဖက်က လက်ခုပ်သံတညံညံထွက်ပေါ်လာသည်။

….. “ ဒေပိုင်ပါ နှမတော် နန့်မယ်တော်…. ဒေထုက္ကသိမ်ဆိုရေပုထိုးတော်ကြီးရေ တောင်ဘက်ကနိန် မြောက်ဘက်ကို (၁၁၀ ) ကျယ်ပြီးကေ..အရှိနန့်အနောက်ကို ပေပေါင်း (၁၃၇) ပေ ရှည်ပါရေ။… ပေ(၂၀) မြင့်ရေလေ…။ ပုထိုးအလှူသျှင်က ဘုရင်မင်းဖလောင်းနန့် မိဖုရားကြီးသျှင်လတ်ရို့ဖြစ်ပြီးကေ အေဒီ ၁၅၇၁ ခုနှစ်ပါတည်းထာခစွာပါ……” မြတ်မင်းဦးဆရာကြီးလီသံဖမ်းလိုက်သည်။

……..” အဘာ…ငါ့မြီးအတိအကျကာ……” အဘောင်ဝမ်းသာအားရပြောလိုက်သည်။

သန်းဦးခိုင်ကမျက်လုံးချေမှတ်စိမှတ်စိနှင့်မြတ်မင်းဦးကိုလှမ်းအကြည့် မြတ်မင်းဦး လိုင်ခြောင်းရှင်းလိုက်ပြီး ……..

“..အဟမ်း….ယပြီးကေ မြောက်ဦးမြို့ နန့် ရခိုင်ရာဇ၀င်မှာ ဒေပုထိုးကို ရခိုင်ယဉ်ကျေးမှုပြတိုက်လို့တောင် တင်စားသင့်ပါရေ……၊ခိုင်ခံ့ရေ ကျောက်တုံး၊ကျောက်သားတိနန့်လှိုက်ဂူတစ်လျောက်မှာ ဂူကျောင်းငယ်(၁၄၆) ကျောင်းရှိရေလေ….ယင်းချင့်တောင်ဇာကဖို့လဲ….ဂူငယ်ရို့တစ်ဘက်တစ်ချက်စီမှာ ၁၅ ရာစုမြောက်ဦးခောတ် ရခိုင့်အမျိုးသား၊အမျိုးသမီး ၀တ်စာဆင်ယင်မှုတိကိုလေ့ လေ့လာနိုင်ပါရေ…….”

သန်းဦးခိုင်က အားကျမခံ……… “ ယင်းချင့်တောင် ဇာဟုတ်ပါဖို့လဲမောင်ကြီး…..ဘောင်းတော်လေးဆယ် ရခိုင်အမျိုးသမီးဆံထုံးပုံ ခြောက်ဆယ်လေးမျိုးကိုလေ့ ကျောက်ဆစ်လက်ရာတိနန့် အနှစိတ်ထုလားထားသိမ့်ရေလေ………”၊ ………

“…ဒေမောင်နှမနှုစ်ယောက် ကကောင်းတော်ယင့်………၊” အဘောင်ဝင်အားပီးသည်။ “ ကဲကဲ စကားလေ့ပြောဘုရားလေ့ ဖူးကတ်မေ….၊”

(၁၀)

သူရို့သုံးယောက်ပုထိုးတော်ကြီးအား လက်ယာရစ်ခရုပတ်ပုံသဏ္ဍာန်လည့်လှည်းဖူမြှော်ကတ်ပြီး၊ သျှစ်သောင်းပုထိုးတော်ကြီးသို့လက်လျှောက်လာကတ်သည်။
မားမားမတ်မတ်ရပ်နိန်သောအာနန္ဒစန္ဒြားကျောက်စာအပါးအရောက်တွင် မြတ်မင်းဦးကြက်သီးထလာသည်။ သန်းဦးခိုင်ကာ သျှစ်သောင်းပုထိုးတော်ကြီးပတ်တည်ဟိသောအရံစတုပါစေတီချေရို့ကိုငေးကြည့်နိန်မိသည်။

အဘောင်က “………..မြီးချေရို့ ဒေကျောက်စာရေ ကမ္ဘာမှာ ကကောင်းအံ့သြဖို့ကောင်းရေ ကျောက်စာတစ်ချပ်ဖြစ်တေ မှတ်ထားကတ်…ကမ္ဘာသမိုင်းနန့်ရခိုင့်သမိုင်းမှာ ကမ္ဘာလောက်အရေးကြီးရေ ကျောက်စာတစ်ချပ်ချင့်……….”..

“…… ဟုတ်ပါရေ အဘောင်…….ဒေစာမှာ စာကြောင်းရေ (၇၁) ကြောင်းခန့်ပါပြီးကေ၊ အေဒီ(၇၂၉) လောက်မှာထိုးထခစွာဖြစ်တေလို့ပြောကတ်တေမလား၊ ယဂေလေ့ ပိုထူးခြားနိန်စွာက ဒေကျောက်စာရေ ကမ္ဘာမှာ အဂွင့်ရှားပါးရေ စာအရွီးသားတိကိုတွိရပါရေ……(၁၀) ရာစုလောက်ကအသုံးပြုခရေ စာကြောင်းရေ (၂)ကြောင်းပါပြီးကေ၊ အေဒီ(၆၀၀) ခန့်က ရွီးခရေစာအရွိးသားတိလေ့ပါရေလေ………။” မြတ်မင်းဦးဝင်ဖြည့်ပီးသည်။

“………….ဟုတ်ပါရေ ကိုမြတ်မင်းဦး…….ဒေကျောက်စာကို( ၁၅၃၅ ) ခုနှစ်မှာ ဘုရင်မင်းဘာကြီးက ဝေသာလီမြို့တော်ဟောင်းကနိန်ဒေကိုယူလာစွာလေ……..”……… သန်းဦးခိုင်လေ့ဝင်ပြောသည်။

“ …အေး…အေး… သျှစ်သောင်းထဲဝင်ကတ်မေလာ……ဒေသျှစ်သောင်းကိုလေ့ ဘုရင်မင်းဘာကြီးက အေဒီ(၁၅၃၁) ခုမှာ တည်ထားခစွာဖြစ်တေ မြီးချေရို့…..”

“ ဟုတ်ပါရေ အဘောင်……ရခိုင့်သမိုင်းမှာ အထင်အရှားဆုံး ပုထိုးတော်ကြီးပါ…..ရခိုင်ပိုင်ရေဒေသဖြစ်တေ ဘင်္ဂါ(၁၂) မြို့စွာ သူရတန်ဘုရင်တိလက်ထဲကိုကျလားလို့ ဘုရင်မင်းဘာကြီးကတိုက်ခိုက်သိမ်းပစ်ပြီးကေ အပြန်မှာ ဒေသျှစ်သောင်းဘုရားကိုတည်ခစွာလို့ပြောကတ်ပါရေ…………” မြတ်မင်းဦး တက်သလောက်ပြောပြာနိန်သည်။

သန်းဦးခိုင်ကလေ့…………”………ဟုတ်ပါရေ……ဘုရင်မင်းဘာကြီးစွာ ဗုဒ္ဒဂါယာမှယူဆောင်လာရေ ဓာတ်တော်ပေါင်းရှစ်သောင်းလေးထောင်နန့်ရွှေ၊ငွီ၊ကြီး၊သံ၊ကျောက်မျက်ရတာနာနန့်ထုလုပ်ထားရေ ဆင်းတုတော်ပေါင်း သျှစ်သောင်းကိုဌာပနာတည်ကိုးကွယ်လို့ သျှစ်သောင်းပုထိုးတော်လို့ခေါ်ရေလို့ အဖိုးသျှင်ပြောပြခစွာ မှတ်မိပါသိမ့်ရေ…….၊”

“အေး အေး မြီချေရို့ဒေပိုင်ကိုယ့်သမိုင်းကိုကိုယ်လေ့လာစိတ်ဝင်စားကတ်စွာသိရလို့ အဘောင်ဝမ်းသာရေ ဝေ…” အဘောင်ဝမ်းသာအားရ အားပီးသည်။

ဘုရားအတွင်းသို့လှိုင်းဂူကြားထဲတိက၀င်ရောက်ဖူးမြော်ကြသည်။ ယင်းနောက် အံတော်ဘုရား၊ လေးမျက်နှာ၊လောင်ပွန်းပြောက်စေတီစသည့် အနီးအပါးမှ ဘုရားများကိုဖူးမြော်ကြပြီး ကိုးသောင်းပုထိုးတော်ကြီးသို့မြင်းဂါရီချေ တရွိ့ရွိ့နှင့် ဦးတည်လာကတ်သည်။

(၁၁)

ကိုးသောင်းပုထိုးတော်ကြီးသို့အလားလမ်းတစ်လျှောက်ဖုန်းလုံးတိအလုံးလုံးတတ်လာသည်။ မြင်းနီတော်ကြီးက သစ္စာဟိဟိအမှုးတော်ထမ်းရွှက်သည်။ ဖုန်လုံးဖုန်ဆိုးတိကမြတ်မင်းဦးဆန္ဒကို အနိုင်မယူနိုင်၊ ဇာကြောင်းမှန်းမသိ ကိုးသောင်းပုထိုးတော်သို့ မြတ်မင်းဦးရောက်ချင်ဇောပြင်းထန်နိန်သည်။ စိတ်ထဲမှလည်းဝမ်းနည်းမှု၊၀မ်းသာမှုနှင့်ကျင်ကိုင်နိန်ရသည်။ မြတ်မင်းဦးပါ၊သန်းဦးခိုင်ပါ နှစ်ယောက်လုံး ကျောက်တုံးတိပိုင်ငြိမ်သက်လျက်ဟိသည်၊ တစ်ယောက်ကိုတစ်ယောက် အစကပိုင်မကစပ်၊မပြောမဆိုတည်ငြိမ်လျက်ဟိသည်။

အဘောင်ကမြင်းဂါရီဆရာနှင့်စကားလက်ဆုံကျလျက်ဟိသည်။အင်ဒန်တနားအကြာတွင်မြင်းဂါရီချေ ကိုးသောင်းပုထိုးတော်ကြီးရှိတတည့်တန့်လိုက်သည်။

“ ကဲ ကဲ……နင်ရို့နှစ်ယောက်ကကောင်းမှိုင်ကတ်တေဂါ……၀ါကြီးမညောင်ဘဲ လူပျိုချေရို့ အပျိုချေရို့ညောင်းနိန်ကတ်ယာဟန်…” ဂါရီထက်ကဆင်းလျက်အဘောကစပ်သည်။

“…….ဟုတ်ပါရေ အဘောင်…..ဇာကြောင်းလေ့ မသိ ဒေဘုရားနားရောက်တေမှာ ကျနော်ဝမ်းနည်းရေခံစားချက်တိဖြစ်နိန်ပါရေ………..၊ အချေခါ ဒေပုထိုးရေ တောတိအုပ်လို့ လူတိလာမဖူးကတ်ပါ…….မဖူးရလို့ ကျနော် ငိုဖူးပါရေ……ဒေတစ်ခေါက်ပြန်ရောက်တေမှာ ကျနော်ဝမ်းနည်းမိနိန်ပါရေ……..” မြတ်မင်းဦးစကားအဆုံးတွင်၊

“……..ဟေ့ ..သန်းဦးခိုင်…….နင့် မောင်…စကားတိလူဝင်စားပိုင်ကာ..” ပြုံးလျက်အဘောင်က၀င်ပြောသည်၊ ယင်းနောက် နှစ်ယောက်သား အဘောင်ကိုကူလျက်ဘုရားထက်သို့တက်ပါလတ်သည်။

“..ကဲ…နင်ရို့နှစ်ကောင် ညောင်းရေအတွက်နန့် ငါ……ဒေဘုရားသမိုင်းအကြောင်းပြောပြမေ…၊ ဒေပုထိုးကို အေဒီ ( ၁၅၅၃ ) နှစ်မှာ ဘုရင်မင်းဘာကြီးမှာ သားဖြစ်တေ ဘုရင်းမင်းတိက္ခာတည်ထားကိုးကွယ်ခစွာဖြစ်တေ၊ ယင်းအတွက်နန့် ရခိုင်သမိုင်းမှာ အဖသျှစ်သောင်း၊ သားကိုးသောင်းဆိုပြီးကေ ဟိရေလေ……….၊ ရခိုင်ဗိသုကာ လက်ရာအဆင့်အတန်းမြင့်ကြောင့် ဒေဘုရားထုလုပ်ပုံကလေ့ သက်သီခံနိန်ရေမြီးချေရို့”………..

မြတ်မင်းဦးက……”…ရခိုင်သမိုင်းမှာ မြန်မာရို့အင်းဝက စစ်ချီလာခါ ဘုရင့်ကိုယ်ရံတော်တပ်က တပ်မှုတစ်ယောက် ဒေဘုရားမှာသစ္စာဆိုပနာ မိမိကိုယ်ကို သတ်သီလားရေလို့ ကျနော်ကြားဖူးပါရေ….”

ယင်းပိုင်ပြောနိန်ချိန်တွင် သန်းဦးခိုင်က… “ ………..ယင်း မင်းသားမှာ သူကကောင်းချစ်တေ နှမတော်မင်းသမီးချေ တစ်ပါးဟိရေလို့လဲ ကြားဖူးပါရေ၊ အင်းဝမှာ ကံကုန်လားရေလို့ဆိုပါရေ……”

“……..အင်…….ကြွီကွဲစရာတိနန့် ရခိုင်သမိုင်းမလားနန့်……” မြတ်မင်းဦးမှတ်ချက်ချလိုက်သည်။

ယင်းနောက်အဘောင်က ပုထိုးတော်ကြီးလှိုက်ဂှုထဲတွင်တရားရှုလိုကြောင့်ပြောသဖြင့် မြတ်မင်းဦးနှင့် သန်းဦးခိုင်ရို့ပုထိုးတော်ကြီး အနောက်ဘက်သို့ထွက်ပါလတ်ကတ်သည်။

သန်းဦးခိုင်က……..” ကိုမြတ်မင်းဦး……ဒေနားမှာ ရီကန်ကြီးတစ်ကန်တူးကေ ကောင်းဖို့နန့်…..ယပြီးကေ ကြာဖြူ၊ ကြာနီ၊ကြာညိုချေ စိုက်ပနာ လောကကို အလှဆင်းပီးဖို့မလားယေ……..”

“ ဟုတ်တေ သန်းဦးခိုင်……ညီမချေ ပြောမှ အကိုလေ့ မျက်စိမှာ မြင်ယောင်မိလာဗျာယ်…….ဘုရားဖူးလာရေ ခရီးသည်တိအညောင်ဖြေစရာလေ့ ဖြစ်ဖို့မလားယေနန်း၊ ယေနန့် သန်းဦးခိုင် ရခိုင်သမိုင်းတိ အင်ဒန်သိရေမလားရေ……ရခိုင်သမိုင်းမှာထင်ရှားခရေ သုဝဏ္ဏဒေ၀ီ (စောပြည့်ညို) ရွီးစပ်ခသော သိန်ကန်မိန်တွင်ရတုကို ရဂေတစ်ခေါက်ချေ ဆိုပြပါဘလင်၊အကိုနားထောင်ကြည့်ချင်လို့ပါ……

” သန်းဦးခိုင် ရှက်စကေချေနှင့်ပြုံးလိုက်ပြီး…….” ယင်း ရတု…ကောင်းရှည်ပါရေ ရစွာ တစ်ပိုင်ချေ ဆိုပြပါမေ…….ဒေပိုင်ပါ နားထောင်ကြည့်ပါနန်း ………

"လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။
ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ ................"
သန်းဦးခိုင်တစ်ယောက်မှတ်သလောက် မြတ်မင်းဦးကိုဖတ်ပြလိုက်သည်။

“ ကကောင်းကျေးဇုတင်ပါရေ…..အလှပကြက်သရေဟိပြီးကေ နားဝင်ပီးယံလှပါရေ သန်းဦးခိုင်နှမချေ…..အဖရခိုင်ပြည်ကို တက်တေဘက်ကဖြည့်ဆည်းစောက်ရှောက်နိုင်ရေ ရခိုင်အမျိုးသမီးမြတ်တစ်ယောက်ဖြစ်ပါစီလို့ အကိုဆုတောင်းပီးပါရေဝေ…”

“ပီးရေဆုနန့်ပြည့်ရပါစီကိုမြတ်မင်းဦး၊ အကိုလေ့ ပညာတတ်တိအများကြီးတတ်ပြီးကေ အဖပြည်ကိုပြန်လာပနာ ပူလောင်နိန်ရေ အဖရင်သွီးတိကိုထီးချေတစ်လက်၊ ရီချေတစ်ခွက်နန့်ကြည့်ရှုးစောက်ရှောက်နိုင်ပါစီလို့ ဆုတောင်းပီးပါရေ………။”

“ ကျေးဇုတင်ရေ ညီမချေ…တစ်နိန့်တစ်ရက်အချိန်တတ်ကေ ဆိုက်ဘေးရီးယားချေတိ အိမ်ပြန်လာကတ်ဖို့နန်းရာ…ကဲကဲ နောက်ဘုရားတိလေ့ မကန်ဖူးစရာဟိသိမ့်ရေ အဘောင်ဘက်ကိုလားကတ်မေနန်း” ၊

သူရို့နှုစ်ယောက်အဘောင်ဘက်သို့လာရာလမ်းတွင် ဆောင်းပန်းရိုင်းချေတိဝေဆာဖူးပွင့်နိန်ကတ်သည်။ မြတ်မင်းဦး ပန်းရိုင်းချေတစ်ပွင့်ကို ညုင်သာစွာခူးဆွက်လိုက်ပြီး …….

“ ကဗျာအဖတ်တော်ရေ နှမချေသန်းဦးခိုင်အတွက် အကိုဘား ပန်းတစ်ပွင့်လက်ဆောင်ပီးမေ၊ ဒေမှာကြည့် မလှလား…….|”

“ အဝေး…ပွင့်ဖတ်ချေတိဖြူဆွက်လို့ ဘဇောင်ချစ်ဖို့ကောင်းချင့်……..” သန်းဦးခိုင် ခေါင်းချေအသာချေငုံ့ပီးသည်။ မြတ်မင်းဦးက ဂရုနာသက်စွာ ပန်းချေကို မဲမှောင်တောက်ပနိန်ရေ ဆံကေသာကြားချေထဲသို့အသာချေထိုးပန်ပီးလိုက်သည်။

“ သန့်ခယူ…” သန်းဦးခိုင်မှတ်ချက်ပီးလိုက်သည်။

ကိုးသောင်းပုထိုးတော်ကြီးအရောက် အဘောင်သျှင်တစ်ယောက် မြင်းဂါရီထက်ကအဆင့်သင့်စောင့်လို့……..။ အဘောင်သျှင်ကိုသူရို့နှစ်ယောက်ပြုံးပြပြီး ပုထိုးတော်ကြီးဂူပတ်လမ်းအတိုင်းလှည့်လည်ပူဇော်ကတ်သည်။ ပြီးလားရေခါ မြင်းဂါရီချေသည် မြောက်ဦးမြို့အရပ်လေးမျက်နှာမှ ဘုရားတိအစုံလိုက်ပြပီးသည်။

သဇင်ပန်းခိုင်တမြိုင်မြိုင်ရခိုင်ဘုရားပေါင်း ဆိုသည့်စာချိုးအတိုင်း မရွီးမတွက်နိုင်သော စေတီပုထိုးရို့ကို မြတ်မင်းဦးရို့ မညောင်းတန်းဖူးမျော်ကတ်ပြီး ညဇာဘက် ၆ နာရီချိန်ဟိုတယ်သို့ပြန်ရောက်ကတ်သည်။ စစ်တွေသို့နောက်တစ်ရက်နိန့်ပြန်ထွက်လာကတ်ပြီး၊ မြတ်မင်းဦးသည် သူ့ရွှာသို့ တစ်ပတ်ခန့်အလည်လားပြီး၊ သူရို့သုံးယောက် ရန်ကုန်မြို့သို့ ဇွန်န၀ါရီလ ၁၄ ရက်နိန့်တွင်ပြန်လည်ရောက်ဟိကတ်သည်။ ရန်ကုန်တွင် တစ်ပတ်ခန့်လလ်ပတ်လျက် အမေရိကန်သို့ ဇွန်န၀ါရီလ ၂၅ ရက်နိန့်ပြည်လည်ထွက်ခွာရန် ရန်ကုန်အပြည်အပြည်ဆိုင်ရာလီဆိပ်သို့ရောက်ဟိလာကတ်သည်။

(၁၂)

နိန့်ရက်။………..။ ဇွန်န၀ါရီလ( ၁၄) ရက်
အချိန် ။…………။ နိန့်ခြင်းဘက် ( ၂) နာရီ
နိန်ရာ။………….။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

ပြောသံဆိုသံရို့ရရောင်သတ်နိန်သည်။ အေးငြိမ့်သောအဲယားကွန်ခန်းမကြီးတွင်မအီးစက်နိုင်ကတ်သည့်လူနှစ်ယောက်ဟိသည်။ တစ်ချက်ချေဘင်ခင်မင်ခဂေလေ့ မောင်နှမအရင်းပနာ သံယောဇဉ် နှောင်ဖွဲ့မိသည့်ခံစားချက်မျိုး မြတ်မင်းဦးနှင့်သန်းဦးခိုင်ရင်ဘက်တွင်ဖြစ်ပေါ်လျက်သိသည်။

သန်းဦးခိုင်က အဘောင်နှင့်ဟန်ဆောင်စကားပြောနိန်သလောက် မြတ်မင်းဦးက လီယဉ်ပျံလက်မှတ်ကို ထိုလျန်ဒေလျံရက်ပြတ်ကြည့်နိန်မိသည်။ သူသည်တိတ်ဆိတ်သလောက်ဂနာမငြိမ်၊ ရင်းထဲက ပြင်းပြသောခံစားမှုတစ်ခုဖြစ်ပေါ်နိန်ကြောင့်သန်းဦးခိုင်သဘောပေါက်သည်။

“ သန်းဦးခိုင်…….မြတ်မင်းဦးဘက်ကိုလားလီ၊ စကားချေပြောနိန်ခီ၊ ယင်းသူတစ်ယောက် ကောင်းမှိုင်ရေမြင်ယင့်၊ နင်နန့်ခွဲရဖို့ယာဖြစ်လို့ဟိဖို့…….”…… အဘောက်သျှင်ဂရုနာသက်စွာပြောသည်။

သန်းဦးခိုင် အနားရောက်မှ မြတ်မင်းဦး ဟန်ဆောင်ပြုံးပြသည်။ ……..” ဟန်ဆောင်ပြုံးပြဖို့မလိုပါ..ကိုမြတ်မင်းဦး…၊ အကျွန်လေ့ ကိုမြတ်မင်းဦးခံစားနိန်ရရေ ခံစားချက်ကိုနားလည်ပါရေ…..၊ အကျွန်လေ့ ကိုမြတ်မင်းဦးကို အကိုအရင်းတစ်ယောက်ပိုင်ထထူးဆဆန်းခံစားမိနိန်ပါရေ………၊”

“………ကျေးဇုတင်ပါရေ နှမချေ….အကိုလေ့ ပညာပြည့်စုံလို့ ပြည်တော်ပြန်လာရေခါ….နှမချေနန့်အကိုနန့် မောင်နှပိုင်တစ်သက်လုံး ချချစ်ခခင်နိန်ကတ်ဖို့နန့်……….” ပြောရင်း မြတ်မင်းဦး အသံတိတုန်လာသည်။ မျက်လုံးအိမ်ရို့လေ့မျက်ရည်စချေတိစိုလို့ ………။

“ …..သန်းဦးခိုင်က အကိုလာဖို့နိန့်ကို ရက်ပြတ်မျော်နိန်လီဖို့ရာ……..၊ စာတိပို့နန်း အကို၊ အိမ်တာနတ်နန့်လေ့ နိန့်တိုင်းပြောကတ်ဖို့လေ၊………” သန်းဦးခိုင် ပ၀ါချေနှင့်မျက်လုံးချေတိကို ပွတ်သုတ်ပြီးပြောသည်။

“…….စိတ်ချ နှမချေ…အကိုလေ့ ရက်ပြတ်သတိရလီဖို့စွာ……တစ်နိန့်တစ်ရက်ကျကေ အဖပြည်အတွက် အကိုရို့အားလုံးဝိုင်းပနာလုပ်ကတ်ရဖို့လေ…….အကိုရို့တိပြန်မလာဂေ…ကကောင်း တစ်ကိုကောင်းဆန်လီဖို့ယာ…ဇာကိုရောက်လို့ ဇာအဟာရတိကိုစားရစားရ… အဖပြည်က အဟာရ၊ အဖပြည်က သဘာဝတိနန့် တခြားစီပါဝေ….. ဇာလူဇာလုပ်လို့ ဇာပိုင်ပင်ဖြစ်ဖြစ် နောက်ဆုံးကျဂေ အကိုရို့က ရခိုင်သားတိရာ…………….ရခိုင်သာဆိုစွာ ရခိုင့်ဟန်၊ရခိုင့်မာန်၊ ရခိုင်ပြည်မှာ ပျော်ရေလူတိရာ…….အကို..ရည်မှန်းချက်တိပြီးစွာနန့် အိမ်ပြန်လတ်ပါမေ………………………”

မြတ်မင်းဦးစကားတိဇာလောက်ရှည်လားလီမသိ၊ လီဆိပ်မှ ကြေငြာချက်ထွက်လာမှစကားတန့်လားသည်။ ထွက်ခွါဖို့အချိန်ရောက်လာသည်။ မြတ်မင်းဦးနှင့်သန်းဦးခိုင် ထိန်ချူပ်မရ ငိုမိကတ်သည်။ သန်းဦးခိုင်တစ်ယောက် check-in အလွန်ထိ မြတ်မင်းဦးကို မောကြည့်ရင်း ငိုရင်း၊ တတာလေ့ မညောင်းနိုင်ပြနိန်မိသည်။

တစ်နာရီခန့်အကြာထိသန်းဦးခိုင်တစ်ယောက်လေဆိပ်ထိုင်ငုပ်တုပ်ထိုင်နိန်မိသည်။ လေယဉ်ထွက်သံကြားသောအခါ မျက်ရည်ရို့အညာရီပေါက်လာပြီး၊မြတ်မင်းဦးပါလားရေ လီယိုင်ပျံကို ဗြီးထွက်ကြည့်လိုက် သူ့ကိုဆိုပြဖူးခရေ ရတုချေကိုစိတ်ကူနှင့်ဆိုမိယင်း၊ သန်းဦးခိုင်လက်ချေပြ၊မျက်ရည်ချေတိခိုလျက်………

"လျှောက်တင်ခါပန်း၊ ရာသီဆန်းလျင်၊ နန်းမြင့်အောင်မြီ၊ ဆယ့်နှစ်လီရစ်သန်းမြူး၊ မောက်သူဇာကေ၊ ဒက္ကာဆိပ်ကမ်းဦးက၊

ကျေးဇူးဂုဏ်သျှစ်တန်၊ အမတ်လိမ္မာ၊ ထိုမြို့ရွာတွင်၊ အာဏာသုံးခယ့်ပြန်မှ၊ ပြောင်ဆဒ္ဒန်မာတင်ရိုး၊ ထွက်လျှင်မပြန်၊

မလှန်ကိုယ့်မင်းမျိုးတည့်။ ဆိုးကောင်းနှစ်ပါးတွင်၊ ရိပ်ခြည်အမျှင်၊ အသျှင်သိလျှင်းပင်တည့်။ ပညာသျှင်အုပ်ထိန်းမှ၊ မြို့ပြပြည်ရွာ၊

သာယာစည်ကားလှအယ့်။ မင်းယောက်ျားဓမ္မတာ၊ ပညာမဲ့ကွက်၊ ညာဏ်မစွက်သော်၊ ပြည်ထက်မထားရာတည့်။

ရှိယ့်ကျမ်းလာထုံးစာဟောင်း၊ ကျိုးကြောင်းသိပြန်၊ ဘွဲ့မွန်အမတ်ကောင်းကို၊ နောက်တကြောင်းကုလားရွာ၊ အပိုင်အပ်ပြီး၊ စစ်သူကြီးဟု၊ ................"

(ပြီးဗျာယ်)

စာဖတ်ပရိတ်သတ်တိလေ့ဘ၀မှာကွဲကွာကြွီကွဲရခြင်းဆိုရေလူ့ဘ၀လောကဒဏ်၊လူ့သံသရာထဲက ကျွတ်လွတ်ရုန်းထွက်နိုင်ကတ်စီ။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၉၊၀၇၊၀၉

မှတ်ချက် (၂) ။…။တစ်ချို့ရခိုင်အသံထွက်ရို့သည်လက်ဟိသရ(၃၃) နှုင့် ဗျည်းအက္ခရာ(၁၁)လုံး ဖြင့်အသံထွက်မှန်ရွီးရန်အခက်အခဲ့ရို့များစွာဟိသည်။…. ရခိုင်အသံထွက်အစစ်ရရန် က၊ခ..စသည့်သရ နှုင့် ဗျည်းအက္ခရာ နောက်ထပ်များစွာလိုအပ်နိန်ပါသည်။

Read More...

Friday, 19 November 2010

ဂီရိကျိန်စာ (၀တ္ထူတို)

ဂီရိကျိန်စာ (၀တ္ထူတို)

“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….

အဘုချေတိကစပ်နိန်ကတ်တေ အသံ……. ၀ါကျွတ်လပြည့်ဖို့ယာဖြစ်လို့ နပြင်တိခြောက်၊ နီပူတောက်ဖို့ အားယူလာရေအချိန်၊ ရှစ်ခွင်ဝဠာတိုင်းမှာ မိုးတစ်ပြ နီတစ်ပြနန့်…….။ ဖြူမချေရို့ သူငယ်ချင်းတစ်စု ကကောင်း ကစပ်မက်တေ…….နိန့်စိုင်ရက်ပြတ်၊ ညတိုင်းမချူ ကစပ်ကတ်တေ……

အိမ်ခြီ ၁၅၀ ဟိရေ မြေပုံမြို့နယ်က ဒေ ဂူပေါက် ရွှာချေမှာ အသက်(၁၀)နှစ်အရွှယ် ဖြူမချေနန့် ရွှယ်တူမွီးလာစွာ ကလိန့်မေချေ ၂၀ လောက်ဟိရေ။ အပူအပင် ကင်းရေအရွှယ်..ဘောက်ကတတ်အရွှယ်..လူ့လောကကိုယောင်ဝီယောင်ဝါး မီးခွန်းတိ မီးတတ်ပြီးဂေ မဖြေတတ်တေ အရွှယ်…..ဒေကလိန့်မေချေတစ်စု ဒေရွှာမှာ မွီး၊ ဒေရွှာမှာကြီး၊ ဒေမှာ ကျောင်းတတ်။ (၄)တန်း အစိုးရမှုလတန်းကျောင်းမှာ အခြေပညာသင်နိန်ကတ်တေ…..မိဘတိ အလုပ်စိတ်မ၀င်စား၊ ယေဂေလေ့ ဘာဘာ ရို့ အမင်ရို့ လယ်ယာ၊ကိုင်းကျွန်းအလုပ်တိမှာ အကူအညီရကတ်တေချင့်……..။

“ ဟေ….ဖြူမချေ၊ နရို့တိ နောက်နစ်ဆိုဂေ နားတန်းရောက်ယာနန်း..အယယ်တန်းကျောင်းလားရဖို့၊ ပျော်အောင်းထမန်း” ………..

စကားချေမပီးတပီးနန့် ဖြူမချေကို သူ့ငယ်ချင်းမချေ ဒါချေခိုင် က ကစပ်နိန်ယင်း လှမ်းမီးရေ……..ကကောင်းသနားဖို့ကောင်းရေ အရိပ်တစ်ခု ဖြူမချေ မျက်နှာမှာ ဖြတ်သန်းလားရေ….ထိုတစ်ရက်၊နှစ်ရက်ကသိမ့် နွားကျောင်းနိန်ရေ ဘာဘာကို အမင်နန့် ထမင်းလားပို့ခီခါ ပေါက်ပင်အောက်မှာ မိသားစု စကားလက်ဆုံကျစွာကို ဖြူမချေ သတိရမိလားစွာ။ ………..

“ သမီးချေ…..ဘာဘရို့ကိုကြည့်စမ်” ဆိုပနာ ဘာဘာ စကားစလာစွာ….။ “ သမီးချေ သိရေအတိုင်းယာဝေ….ဘာဘာရို့က ပင်ပန်းဆင်းရဲကတ်တေမလား၊ ဒေ လယ်တစ်ချိုင်းချေနန့် စားဖို့၊ ၀တ်ဖို့ အနိုင်နိုင်ပါဝေ…..ယင်းအတွက်နန့် သမီးချေကို ဒေနှစ် ၄ တန်းအောင်ပြီးကေ ဘာဘာရို့ ကျောင်းမထားနိုင်ယာ…….မြို့မှာ ဈီးက ကြီးနန့် စရိတ်မတတ်နိုင်ပါဝေ……။ သမီးချေ အောက်က မောင်ချေ ၂ ယောက်လေ့ ကြည့်………၊” ……………

ဒါချေခိုင် စကားအပြီးမှာ ငါ ကျောင်းက အဂွင့်ထွက်ရဖို့ယာမလားဂုဆိုရေ အသိတစ်ခု ဖြူမချေ ရင်ဘက်ချေကို ပြီးဆင့်လာရေ…..ဒါချေခိုင်က ရွှာက လူကြီးသမီးဆိုခါ ပြေလေရေ……၄ တန်းအောင်ကေ မြေပုံမြို့မှာ ကျောင်ထားပီးဖို့ အဖသယ်ရေ အဆင်သင့်လုပ်ပြီးသား၊ ဖြုမချေ တစ်ခုလေ့ ပြန်မပြောနိုင်…..ယေဂေလေ့ အချေဘာသာ ယင်းစိတ်ခံစားချက်က ကကောင်းမကြာလိုက် ပျောက်ကွယ်လားရေ…………ကလိန့်မေချေရို့ ကစပ်လက်စပ် ကစပ်လို့ ………

“ ညောင်ပင်တဆီ ဇာကိုင်းမှာ နိန်…..ဇာသီးစား……..ဇာရီသောက်….နင့်မှာ သားသမီး ဇာနှစ်ယောက်ဟိလေ…….”

```````````````````````````````````````````````````````````````
အဂွင့်ဆိုကေ ဒါချေခိုင်ရို့ အဖသယ်ကို ရွှာကလူတိကောင်းကြည့်မရကတ်…..ဖြူမချေ အဖဆိုကေ ပိုဆိုးရေ ….တစ်ခါတစ်လီ ဖြူမချေ အဖ တင်းမဆပ်နိုင်ကေ မြန်မာစစ်သားတိ တကားကားနန့် ဒါချေခိုင်အဖ တစ်ယောက် ဖြူမချေ ရို့အိမ်ကို လာပနာ ရာဇသံပီးတတ်တေ…….. ကြည့်မရကေလေ့ ဒါချေခိုင်ရို့အိမ်သားတိကို ရွှာသားတိ အင့်ပနာ နမ်းနိန်ရရေအဖြစ်……မဟုတ်ကေ အနိုင်ကျင့်ခံရနိုင်ရေ…….

ဒေနှစ်တိမှာ ရာသီဥတုတိ ဖောက်ပြန်ကတ်တေ။ မိုးကျစွာ နောက်ကျရေ ….. လယ်မြီတိကလေ့ ကုန်းထက်ဖက်ကျကေ မြီသြဇာ မကောင်းကတ်……မြီဆီဝယ်ထည့်ရရေ ဘင်္ဂလာကလာရေ မြီဆီတိက ဈီးကြီးရေ ..ဖြူမချေရို့အဖဆိုကေ စပါးအထွက်ကောင်းဖို့အတွက် မြီသြဇာဝယ်ဖို့ ဒင်္ဂါးမဟိလို့ တင်းချီးရရေ….မဆပ်နိုင်ကေ တစ်ခါတစ်လီ ၀မ်းစာလောင်ထားရေ စပါးတိကိုပါ အစိုးရကို ချပီးရရေ ဘ၀မျိုး…….

ယင်းပိုင်နန့် ဒေရွှာက လူသားတိုင်းရေ ၀မ်းရီးကို လောကဒဏ်က ဖန်တီးရေ အတိုင်း ကြကြံ့ခံဗျာယ် ဘ၀ တစ်ခုအတွက် ရုန်းကန် အသက်ရှင်လာကတ်စွာ ရာစုနှစ်တိကုန်ဖို့ယာ……

``````````````````````````````````````````````````````````````
ဝါကျွတ်လပြည့်ဖို့ ပါးပါလတ်ယာ…..ရွှာက လူပျိုချေ အပျိုရို့ တစ်ပြုံးပြုံးနန့် …..ရွှာကို လှည့်ပနာ တောင်းတိနန့် ဆန်အလှူခံနိန်ကတ်တေ…..ဒိုင်းအိုးထိုးပနာ ဘုန်းကြီးကျောင်းမှာ လားလှူကတ်ဖို့လို့….လူပျိုချေ အပျိုရို့ နောက်မှာ ထုံးစိုင်အတိုင်း ဖြူမချေရို့ ဒါချေခိုင်ရို့အဖွဲ့ တန်းလိုက်ပါကတ်တေ……..ဒေချင့်ရွှာ အလှတစ်ခု…….ယေဒါလေ့ ဒေနှစ်လူတိ စိတ်မသာမယာ မျက်နှာချေတိနန့် ……… အလှူအတန်းပေါများခရေ ဒေရွှာတိက လူတိရေ တစစ ပြောင်းလဲလာစွာ သတိထားမိရေ….အယင်ခါပိုင် မဟုတ်.ယာ…..၀မ်းစာထမင်း တစ်နှစ်စာ အနိုင်နိုင် စုနိန်ရရေ ဘ၀မှာ ဆန်တစ်တောင်း အစား တစ်သစ် လှူနိုင်ကတ်ယာ…….။ ဘ၀ ရည်မှန်းချက် အာမခံချက်ဆိုစွာလေ့ ဝေလီဝေလင်း မမြင်ရ အလှပလ…….လောလောဆယ် အသက်ရှင်ဖို့အရေးကြီးရေ….

ဇာပိုင်ပင်ကြမ်းတမ်းလီဘတ်စီ ကိုယ့်ရိုးရာဗုဒ္ဒဘာသာ ကိုတော့ခါ အတတ်နိုင်ဆုံး ထိမ်းသိမ်းနိုင်ကတ်တေ…….မဟိကေ ဟိစွာအကြောင်းပြုလို့ လှူကတ် တန်းကတ်စွာယာ….အဂုလေ့ ကလာဝ က ဦးမောင်သိန်း တေးခြင်းအသံ တညံညံ နန့် ၀ါကျွတ်လပြည် အလှူပွဲကြီးကို ဆင်နွဲဖို့ အားယူနိန်ကတ်တေ……….မအားရေ ကြားတိကလာပနာ လူတိ ၀ိုင်းဝန်းပြင်ဆင်ကတ်တေ……ဆီးမီး တစ်ထာင် ရွှာမှာ ပတ်ထွန်းဖို့ ၀ါးတိကို ခွပ်ပနာ ဆီစာတိနန့် ပတ်စိုက်ကတ်တေ……တရပွဲတိမှာ ဆင်ဖို့ ကြက်ချာတိ ကိုက်ကတ်တေ….ဆန်ရွီးကတ်တေ………ယင်းပိုင်နန့် ၀ါကျွန်လပြည့်ကိုရောက်ဖို့ တစ်ရက်နှစ်ရက်လိုရာ……………

`````````````````````````````````````````````````````````````

မိုးလင်းလို့ အိပ်ရာက ထ မျက်နှာသစ်လို့ အာကာကို မော်ကြည့်လိုက်စွာနန့် ရှစ်ခွင်ဝဠာရေ တစိချေလောက် မာယာများနိန်ရေလို့ ဖြူမချေ အဖ ရိပ်မိရေ….အာကာအရောင်ရေ အရောင်တိပြောင်းနိန်ရေ….လီရောင်တိ အ၀ါရောင်တိပိုင်….တစ်ခါတစ်လီ မိုးရိပ်တိ အုံ့ပနာ မိုးတိ အားနန့် တကြိုင်းကြိုင်ရွှာချရေ…….. လီလေ့ တစိချေ ပြင်းနိန်ပိုင်……. အိမ်ရှိက သရက်ကိုင်းတိနန့် အုန်းတိတစ်ချို့ ကြွီကျကတ်တေ………ယေဂေလေ့ မိုးနှောင်းကျဆိုကေ ဒေစွာတိ ရခိုင်ပြည်မှာ ဖြစ်နိန်ကျ…….

ည ၄ နာရီလောက်မှာ လီအဟုန်ရေ ကောင်းပြင်းပါလတ်တေ…..တဆီကျွီးငိုသံပိုင်..ပင်လယ်က လိုင်းတိလေ့ တ၀ုန်းဝုန်းနန့် ဆူနိန်ကတ်တေ………ဖြူမချေ အဖသည် စိတ်မှာ တစ်ခုခု ခုမိလာရေပိုင်………

“ ဟိုင်း အမိသယ်……..လီတိကောင်းပြင်းနိန်ရေ အချေတိကို အိမ်ပြင်မထွက်ခိုင်းကေ့ အထဲမှာ နိန်ခိုင်း….ငါ ရွှာထဲလားပနာ အခြေအနေ စုံစမ်းပိုက်ခီမေ…..” ယပိုင်ပြောပနာ ရွှာထဲထွက်ပါလတ်တေ…………….

“ အူး လီအကောင်းပြင်းမလားဂု ဒေနှစ်” ဆိုပနာ စိတ်မှာလေ့ ပြောမိသိမ့်ယင့် ။ ထုံးစိုင်အတိုင်း ရွှာလူကြီးအိမ်ဘက် ထွက်လာရေ…..ယေပြီးကေ အိမ်ထဲမှာ ထမင်းစားနိန်ရေ ဒါချေခိုင်အဖကို လှမ်းမိလိုက်တေ အချိန် ည ၅ နာရီ ခွဲဖို့ယာ…..

“ ယာ အကိုး ……ရေဒီယို နားမထောင်လာ ဇာသတင်းတိရလေ မုန်းတိုင်းလိုက်ဖို့လား မသိ..လီတိကောင်းပြင်းရေဂါ…….”
“ အေးကိုး ……ရေဒီယိုက တစ်ခုလေ့ မလားသိမ့်ကာ …ဒေနိန့် ရေဒီယိုလေ့ ခြတ်တတ်ခြတ်တတ်နန့် တစ်ခုလေ့ အလှက နားမလည်ပါ အကိုး……သာမာန်လီတိုက်စွာရာ ဟိဖို့အကို…..စိတ်မပူကေ့ အချေတိနန့် အိမ်ထဲမှာနိန်…..” ………… ငါ အစိုးရိမ်လွန်စွာယာဟိဖို့ဆိုပနာ ဖြူမချေ အဖ ပြန်တုတ်ပါလတ်တေ……… တစ်ရွှာလုံးလေ့ လီတိုက်သံ၊ အကိုင်းကျိုးသံတိနန့် ဆူလို့ ………


အိမ်ကိုရောက်လို့ ကကောင်းမကြာလိုက်……ရွှာထဲက ကုလားတိုက်ကျားဝင်ပိုင် အသံတိ ဆူညံပါလတ်တေ…...” ရီတက်လာရေ ပြီးကတ်၊ ပြီးကတ်ဆိုရေ အသံတိ ပဲ့တင်ထပ်နိန်ရေ….ယင်အချိန်မှာပင် လီရေ ကောင်းကြမ်းပါလတ်….ဖြူမချေရို့အိမ်ခေါင်းမိုးပွင့်ပါလားရေ…..။ အိမ်တစ်ခုလုံးလေ့ ကြဂြမ်းလှုပ်နိန်ရေ………..ဖြူမချေရို့ မောင်နှမတိ ကြောက်လို့ ငိုကတ်တေ….။ အဖသယ်အချိန်မှီရောက်လာလို့ကံကောင်း…….။

“ အမိသယ် အချေတိနန့် အယင်ထွက်ပါလတ်……..လီတိကြမ်းပနာ ရီတက်ပါလတ်ယာ….ရွှာကလူတိ အနောက်ဘက်က အမြင့်ဘက်ကို ပြီးနိန်ကတ်တေ……….၊”

တောင်မင်း မြောက်မင်းမကယ်နိုင် လူတိ အနောက်ဘက်ကို ဦးတည်ပြီးကတ်တေ…..လမ်းမှာပင် အပင်တိ ပိလို့ မပြီးနိုင်ရေ အဘိုးသျှင် အဘောင်သျှင် ရို့ အသက်သီကတ်တေ…….ငိုသံတိဆူပွတ်လာရေ…….ငါးဖမ်းဖို့ထွက်လားရေ အဘာရို့အတွက် တမ်းတလို့ ငိုကတ်တေ မိသားစုအသံတိ…..လီတိနန့် ပျောက်ကွယ်လားရေ ………

ဖြူမချေအဖ မောင်ချေ နှစ်ယောက်ကို ပက်ခုံးထက်ထမ်းပနာ အကိုင်ကျိုးတိ ရီထက်တိက တက်ပြီးရေ….ဖြူမချေက အမိသယ်လက်ကို ကိုင်ပနာ………မှောင်နိန်ရေ ရက်စက်ကြမ်းကြုတ်တေ ညထဲမှာ….မိုးထန်လီထန်ရေ အမှောင်ပိ ညထဲမှာ……ငိုသံတိနန့် ဆူပွတ်နိန်ရေ ဒေငရဲညထဲမှာ……..ဖြူမချေရို့မိသားစုရေ အသက်လှုးပြီးလာစွာ ၂ မိုင်လောက်ကျမှ ရီကလွတ်လားရေ…..ယေဂေလေ့ လီက ဆက်တိုက်နိန်ရေ……အမိုးအကာမဟိ……..ပြင်းထန်ရေး လီမုန်တိုင်းကြားမှာ အမိရင်ခွင်ထဲ မှေးစက်ရင်း ဖြူမချေ အိပ်ပါလားရေ…………….


ငှက်ချေ မြည်သံချေတိနန့် အရုပ်ဆိုးရေ ကမ္ဘာကြီးနိုးထလာရေ……..ညဇာက တစ်ခုလေ့ မဖြစ်ခပိုင်…..မသိကွန်ဆောင်နိန်ယင့်……..ဖြူမချေလေ့ ငှက်ချေရို့ မြည်သံတိနန့် နိုးထလာရေ……ကျွဲချေ၊ နွားချေ မြည်သံတိကြားရရေ….အချေပီပီ လူတိအများကြီနန့် ပျော်ကောင်းထမန်း………လူတိပါးစပ်ညက မုန်းတိုင်းလိုက်လို့ ပြီးရေ အကြောင်းရေ ပဲ့တင်ထပ်နိန်ရေ….ဇာတ်လိုက်မုန်တိုင်းက ပျန့်လခယာ……..ရွှာမှာ ဇာပိုင်ဟိလေမသိ………လူတိ အထုပ်ချေတိပိုးပနာ ရွှာကို တန်းစီ ပြန်လာကတ်တေ……..ရွှာကို အ၀င်မှာ လူတိ ရင်ဝတိ ဆို့ပါလားရေ…….ကိုယ့်ရွှာကိုတောင် မှန်းလို့မကျရေ အခြေအနေ……… ဟိသမျှ အပင်၊အိမ်တိ ပြဗြားဝတ်လို့ ……..အိမ်ခေါင်မိုး လှန်ကျန်လိုက်တေ ဖြူမချေ ၀ါးအိမ် အစအနပင်ရှာမတွိ …. လူတိရင်ဘတ်စည်တီးလို့ ငိုယိုကတ်တေ…….ကံကောင်းမကောင်းစွာနန့် အဖိုးဝါကြီး ၊ ၀ါကြီးမတစ်ချို့နန့် အချေ အစိတ်ကေ တစ်ချို့ သီကျလားရေ…..

ငိုနိန်စွာကဟုတ်ယာ အဂုလောလောဆယ် ဖြစ်နိန်ရေ ၀မ်းရီးကို ဇာပိုင်ချင်းဖို့လဲ၊ မြေပုံမြို့ထက်တက်ပနာ တောင်းဖို့လား……..မဖြစ်နိုင်……..မြေပုံလေ့ အားလုံး ကြင်းလားရေလတ် သတင်းတိကြားနိန်ရရေ……လောလောဆယ် ရွှာ အနောက်ဘက် တောင်အောက်က ဘုန်းကြီးကျောင်းက ကိုယ်တော်ရောက်လာပနာ အနိန်ကျဂေ ကျောင်းကို လိုက်လာကတ်ဖို့ ဆော်သြနိန်ရေ ……..လူတိလေ့ အိမ်ပြိုတိကြည့်ပနာ မျက်ရည်စက်လက်နန့် …………


ဖြူမချေရို့ သူငယ်ချင်းတစ်စု ရွှာအလယ်ဂေါင်ကို စကားချေတိပြောလို့ လျောက်လာကတ်တေ……..သူရို့ စာသင်ကျောင်းဘက်ကို ဦးတည်နိန်ကတ်တေ….

“ နာရို့ကျောင်းပြိုယခယာ အဆိုနိုင်” ဒါချေခိုင် စကားချေ မပီတပီနန့် ပြောနိန်ရေ……မြင်ကွင်းကမလှ……ဖြူမချေရို့ကျောင်း ရွှာလယ်ကောင်မှာ ပြဗြားဝပ်နိန်ရေ……..ထုပ်တိုင်ထက်မှာ သံဖြူတစ်ချပ်နှစ်ချပ် တင်ကျန်လိုက်တေ……..ကျောင်းရှိက ဖြူမချေရို့ ကစပ်ခစွာ နိန်ရာလေ့ အမှိုက်တိ အပင်၊ အကိုင်းကျိုးတိနန့် ထွီးလို့ပတ်လို့………..

ဖြူမချေ ဘော်ဒါ တစ်စူ ကျောင်းသံဖြူထက်မှာ တက်ရပ်ကတ်တေ…..ဖိနပ်ပနာ ခြီဗလာနန့် ……….ယပြီးဂေ အပူအပင်ကင်းရေ အချေတိသဘာဝ အတိုင်း တစ်ယောက်ခါးချေ တစ်ယောက် ဖက်ပနာ…….
“စွန်လာ သစ်ငုတ်လား၊ သစ်ငုတ်ဆိုထိုင်နိန်၊ စွန်ဆို ထလိုက်၊ ကြက်မမကောင်း ကြက်ချေကောင်း ပိယောင် ပိယောင်၊ ကြက်မ မကောင်း ကြက်ချေ ကောင်းပိယောင်၊ပိယောင်” ………….ကြက်မ မကောင်း ကြက်ချေ ကောင်း ပိယောင်…..ပိယောင်………ကြက်မ မကောင်း ကြက်ချေ ကောင်း ပိယောက်ပိယောင်………….


ဒေအော်သံချေ ကမ္ဘာက ကြားနိုင်ပါဖို့လားဂု ………………


( ဂီရိ မုန်တိုင်းကြားက အသံတိ ရခိုင်သွီးရင်းတိရင်ထဲ ရိုက်ခတ်နိုင်ပါစီ )



အေးမောင်(ရင်အုံတော်ဓာတ်)
၁၂၊၁၁၊၁၀၁၀( ၁၉း၄၄)

Read More...

Sunday, 25 July 2010

စကားလုံးရို့နှင့်ဖိနှိပ်ခြင်း(၀ါ) ရခိုင့်လူအသိုင်းအ၀ိုင်းမှ အမျိုးသမီးရို့ဘဝ

(၁) အားကိုးရှာစွာရာမလား ။
(၂) နင့် ကို ငါ တတင့်တတယ်ထားနိုင်ရေ ။
(၃) ထိုကောင်မချေ ဆရာဝန်ချေ နန့် ရလားရေ....တစ်ဘ၀လုံးအီးချမ်းဖို့မလားရေ
(၄) ယင်းကောင်မချေ လင်သည် အိမ်ဂျိန်နီယာရေ.......
(၅) ဒေအကောင် မယားကိုလုပ်ကျွေးနိုင်ဖို့ကောင်ကမဟုတ် ။
(၆) ဟေး ....လင်ယူရေခါ ကို့ကို လုပ်ကျွေးနိုင်ဖို့ လူကို ရွီးယူရဖို့ ............

ဒေကမ္ဘာကြီးမှာ ဗုဒ္ဓမြတ်စွာဘုရားရေအမျိုးသမီးအခွင့်အရေးကို ပထမဆုံး အသိအမှတ်ပြုရေ မိတ္တာရှင်တစ်ယောက်ဖြစ်တေ။ ဇာကမ္ဘာက ဇာအကောင်ဇာပိုင်ဘင် အော်နီဘတ်ဇီ ဘုရားကို ဆရာလုပ်လို့မရ။ မြတ်စွာဘုရားရေ လူတစ်ယောက် အလားအလာဟိရေ ပင်ကိုယ်အရည်အချင်းတိကို ထိုးဖောက်မြင်နိုင်စွမ်းဟိရေ။ ကီသာဂေါတမီက ဘိက္ခုနီမ (ရဟန်းမ)

ဝတ်ခွင့်တောင်းရေခါ မြတ်ဘုရား လိုက်လျော့တော်မူရေ...ဒေချင့်ရေ ဘုရားသာသနာမှာ အမျိုးသမီးရပိုင်ခွင့်တိကို အသိအမှတ်ပြုခွင့်ပြုတော်မှုခြင်းဖြစ်တေ။ အလားအလာဟိရေ အရည်အချင်းတိကို လိုရာပန်းတိုင်ရောက်အောင် ထောင်ပံ့ကူညီခြင်းဖြစ်တေ...ဇာကောင်က ဇာပိုင် အမျိုးသမီးအခွင့်အရေး၊လူ့အခွင့်အရေး ဇာပိုင်ပင်ဖင်ခေါင်းကျယ်နိန်ဘတ်စီ ဘုရားလမ်းစိုင် သွေဖီလို့မရ...ဘုရားချတ်မှတ်ခရေ လမ်းစိုင်တိယာ............

ဒေနိန်ရာမှာ ဆက်ပြောရဖို့ဆိုကေ ထူးဆန်စွာတိလားတွိရေ၊ ဗုဒ္ဓဘာသာကို စန္ဒသူရိယမင်းလက်ထက်ကဘင်သက

်ဝင်ယုံကြည်ပါလတ်တေ ရခိုင်ပြည်မှာ အမျိုးသမီးတိရသင့်ရေ၊ ဖြစ်သင့်ရေ အခြေအနေတိ ရခိုင့်လူ့အသိုင်းအ၀န်းက ဖန်တီးမပီးနိုင်သိမ့်၊ ထောက်ပံ့မပီးနိုင်သိမ့်။ ရခိုင်အမျိုးသမီးတိ ကိုယ်တိုင်ကလေ့ လက်ဟိဖြစ်ပျက်နိန်ရေအခြေအနေအပေါ်မှာ ခြီနိန်ပုံပေါက်ကတ်တေ။ အထက်က အကျွန်ရွီးခရေ အက္ခရာ အစိုင်လိုက်စွာတိကို လေ့လာသုံးသပ်ဝေဖန်ကြည့်ကတ်ပါဖို့။

(၁) အားကိုးရှာစွာရာမလား ။

နားထောင်လို့ကောင်းရေ၊ သနားဖို့ကောင်းရေ၊ ချစ်ဖို့ကောင်းရေ အပြောချေတစ်မျိုးဖြစ်တေ၊ ယေဂေလေ့ ဒေစကားနောက်မှာ အကန့်အသတ်မိ စွမ်းအား(၀ါ) ဗီဇ တစ်ခုကို ပြောလိုက်တေ အမျိုးသမီးကိုယ်တိုင်က လက်မြှောက်အရှုံးပီလိုက်တေဆိုစွာ အရိပ်မကျလိုက်ကတ်။ ရခိုင်သမချေတစ်ယောက် မြန်မာချေ တစ်ယောက်နန့် ရလခရေခါ၊ တခြားလူမျိုးတစ်ယောက်နန့်ရလခရေခါ ထုံးစံအတိုင်းရခိုင်သားတိ အပြစ်တင်ကတ်တေ၊ ယင်းပိုင်ခါ မမချေရို့ပြန်ပြောရေ အားကိုးရှာစွာရာမလားလတ်၊ ရခိုင်သားအရက်သမားကိုယူဂေ ငါးပါးမှောက်ဖို့ပါလတ်၊ ဇာရခိုင်သမ ဇာနန့်ဘင်ရရ ၊ ယင်းချင့်ကို အကျွန်မဆိုလို၊ ယေဂေလေ့ အားကိုးရှာစွာမလားဆိုရေ စကားကို အကျွန် လားစိတ်ဝင်စားမိရေ၊ ဒေစကားလုံးရေ ရခိုင်၊ မြန်မာ လူ့အသိုင်းအ၀ိုင်းမှာ တွင်ကျယ်နိန်ရေ စွမ်းအားကြီးမားရေ စကားလုံးတစ်လုံးဖြစ်တေ၊ မမဆိုကေ အားကိုးရှာရဖို့ဆိုရေ အတွေးအခေါ်တစ်မျိုးကို သွီးထဲကို ဆီးထိုးပီးလိုက်စွာနန့်တူရေ၊ မိမိကိုယ်ကို အားကိုးမှု၊ မိမိ ခြီထောင်မိမိရပ်မှု၊ မိမိ ပင်ကိုယ်အရည်အချင်းကို ယုံးကြည်မှု၊ မိမိ ကိုယ်မိမိ လေ့လာသုံးသပ်နိုင်မှုဆိုရေ လူသားတစ်ယောက် ပင်ကိုယ်စွမ်းပကရို့ကို ဒေစကားလုံးက သံချီးစားလားရေ။ ဒေ အားကိုးရှာစွာရာမလားဆိုရေ စကားလုံးကို အခြေအနေအရ ရခိုင်ပြည်ထဲမှာ ဆဆင်းရရဲနန့် ဘ၀ ရုန်းကန်နိန်ရရေ ရခိုင်သမချေတစ်ယောက်က ပြောရေဆိုကေ တစိချေ သဟဇာတကျဖို့သိမ့်..ယေဂေလေ့ ဒေပိုင်စကားလုံးတိကို ယောင်္ကျားတိနန့်ရင်ဘောင်တန်းဖို့ကြိုးစားနိန်ကတ်တေ ရခိုင်သမတိပါ လက်ကိုင်ထားစွာရေ တစိချေ အံ့သြဖို့မကောင်းလား....

(၂) နင့် ကို ငါ တတင့်တတယ်ထားနိုင်ရေ ။

အလှပလ စိုင်းစားကြည့်ကေ ဒေအပြောရေ ကကောင်းရိုင်းစိုင်းရေ အပြောမျိုးလို့အကျွန်ထင်ရေ..ဒေချင့် အကျွန့်အထင်...စာဖတ်တေလူတိလေ့ ကိုယ်ထင်ချင်ပိုင်ထင်နိုင်ရေ။ ကိုင်...ဒေစကားလုံးကို လေ့လာသုံးသပ်ကြည့်ကတ်ပါဖို့....ဒေစကားရေ ယောင်္ကျားတိပြောဖြစ်တေစကားဖြစ်တေ....ကိုယ်ချစ်တေချစ်သူကိုဖြစ်ဇီ ကိုယ်လက်ထပ်ဖြစ်ဖို့ ရည်စူးထားရေ မမချေတစ်ယောက်ကို ယျောင်္ကျားတိကပြောရေ နင့်ကိုငါ တတင့်တတယ်ထားနိုင်ရေလတ်။ ဒေစကားရေ အပြောရလွယ်သလောက်ကကောင်း စွမ်းအားကြီးရေပိုင်..လဘားဝရေ အတွေးအခေါ်တိပါဝင်ရေ။ ရခိုင်လူမှုအသိုင်းအ၀ိုင်းမှာ အိမ်သျှင်မတိရေ အိမ်သျှင်တိနန့် ရင်ဘောင်တန်းပနာ ဘ၀ကို ရုန်းကန်ကတ်ရရေ။ ရခိုင်သမတိရေ တခြားကမ္ဘာက မမတိနိုင်းဆာဂေ ဘ၀ကို ပိုပြီးဂေ သတ္တိဟိဟိနန့် ရင်ဆိုင်နိုင်စွာတွိရရေ။ လင်သည်က ခရီးလားကေ မယားသည်က ငရုတ်ပင်ပျိုး၊ အချေတိက တစ်ဘက်နန့် အိမ်မှုကိစ္စအ၀၀ ကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရေ သတ္တိဟိကတ်တေ။ ယေဂေလေ့ မမဆိုကေ အားနည်းသူ အားကိုးရှာရဖို့ တတင့်တတယ်ထားနိုင်ရေ ယောင်္ကျားရှာရဖို့ ဆိုရေ အတွေးအခေါ်တိဝင်လာအောင် ယင်းပိုင်စကားလုံးတိနန့် ဖိန်နှိပ်ခံနိန်ကတ်ရရေ။ ယင်းပိုင်ဖိနှိပ်ခြင်းတိရေ လူသားရို့ အကန့်အသတ်မဲ့ဖန်တီးနိုင်ရေ စွမ်းအားတိကို ဂြင်းကပ်စီရေ။ အမှန်ဆိုဂေ မမလေ့ အမိဝမ်းထဲမှာ သာမန်မျက်စိနန့်မမြင်ရေ ဆဲလ်တစ်ခုနန့်စလာရေပိုင် ယောင်္ကျားတိလေ့ ယင်းပိုင်စယင်းနန့်လူဖြစ်လာကတ်ရစွာ.......။.

ဖိုမ သဘာဝအရ အသွင်အပြင် အတွေးအခေါ် ပုံပန်းသဏ္တန် တစိချေ ကွာခြားစွာကလွဲလို့ မမနန့် ယောင်္ကျားရေ ဖန်တီးနိုင်ဖို့စွမ်းအားကွာခြားခြင်းမဟိ။ ဇာလူက ဇာသူ့ကိုလေ့ တတင့်တတယ်ထားနိုင်စရာမလို.....ဗုဓ္ဒအတွေးအခေါ်အရ လင်ဝတ်၊မယားဝတ်ဟိသင့်စွာကိုအကျွန်လက်ခံရေ...သာယာချမ်းမြေ့ကြည်နှုးဖို့ကောင်းရေ အိမ်ထောင်မှုဘ၀တည်ဆောက်ဖို့အတွက် လင်ဝတ်မယားတိစွာ လိုက်နာသင့်ရေ လိုက်နာဖို့လိုအပ်တေအရာတိ ယေဂေလေ့ ဇာလင်ယျောင်္ကျားကမှ အိမ်သျှင်မကို တတယ်ထားနိုင်စရာမလို...ဒေစကားရေ သသမတ် အနိုင်ယူခြင်းတစ်မျိုးနန့်တူရေ....အ၀ီးကိုမကြည့်ခင် အကျွန့် ဘာဘာနန့်အမင်ကိုပြောပြမေ..အကျွန်ရို့တိ ကျွန်းမှာနိန်ရေလူတိ...ရခို်င်ပြည်စီးပွားရေအကြောင်းကိုအကျယ်ချဲမရွီးချင်ယာ..ရခိုင်ပြည်ရေ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တေ။ လက်တဆုပ်စာ လူတန်းစားတိကလွဲလို့ ၄ သန်းလောက်ဟိရေ ရခိုင်တိရေ အသက်တစ်ချောင်ရပ်တည်ရေ ဖြစ်တည်ပိုင်ရုန်းကန်နိန်ရရေ........အကျွန်ရို့ဘာဘာ မိုးခါ စပါးစိုက်တေ..ပွင့်လင့်ရာသီမှာ ခရီးလားရရေ တနားလေ့ အငြိမ်နိန်ဖို့မရ ယင်းပိုင် ဘာဘာ မဟိခါ အမင်တစ်ယောက် ဆောင်းရာသီ ငရုပ်ပင်စိုက် အိမ်က အချေတစ်ရွီကို ကျွေးမွေးပြုစု.....ချမ်းသာဂေလေ့ ချမ်းသာလျောက် ဆင်းရဲဂေလေ့ ဆင်းရဲရေအလျောက်ရခိုင်သမတိစွာ ပီးလာရေ တာဝန်ကို ကျွေပွန်အောင်ထမ်းဆောင်ကတ်တေ....ဒေကိစ္စမှာ အဘာကအမင်ကို တတင့်တတယ်နိန်ဇီချင်ဖို့ ယဂေလေ့ အဂွင့်လက်တွိကျလာရေခါ မမ ပါ ယောင်္ကျားပါ အိမ်ထောင်မှုတစ်ခု သာယာ အီးချမ်းအောင် တာဝန်ယူကတ်ရရေမလား....

(၃) ထိုကောင်မချေ ဆရာဝန်နန့်ရလာရေ..တသက်လုံးအီးချမ်းဖို့မလားယေ

(၄) ယင်းကောင်မချေ လင်သည် အိမ်ဂျိန်နီယာရေ


နံပါတ်စိုင်(၃) နန့် (၄) ကို တစ်ပေါင်တည်း လေ့လာသုံးသပ်ကြည့်ကတ်မေ၊ အကျွန်အထက်ကပြောခရေပိုင် မမချေဆိုဂေ အားကိုးရှာရဖို့ လင်သည်ဆရာဝန်၊ အိမ်ဂျိန်နီယာဆိုဂေ ဂုဏ်တင့်တယ်ရေ ယပိုင်အတွေးအခေါ်မျိုးတိ ရခိုင် အသိုင်းအ၀ိုင်းတိမှာ ရာစုနှစ်ဇာလောက်ထိ တွဲကတ်နိန်မေလေမသိ။ ဇာလူက စခါလေ မသိ နောက်ယိုင်ကျေးမှုတစ်မျိုးဟိသိမ့်ရေ ပညာတတ်၊ ဆရာဝန်၊ အိမ်ဂျိန်နီယာ၊ စစ်ဗိုလ်ဆိုရေ ရခိုင်တိကို ရခိုင်လူဂုဏ်တန်အသိုင်းအ၀ိုင်းတိက ဖဲသာပီးပနာဝယ်လတ်။ နှစ်ပေါင်း ၅၀၀၀ ကျော်ထိ Civilisation ဖြစ်ပါလတ်တေ ဒေလုမှုအသိုင်းအ၀ိုင်းမှာ ဒေပိုင်အတွေူးအခေါ်တိ ဆားငန်ဝင်နိန်စွာရှက်ဖို့ကောင်းရေ။ လူသားတစ်ယောက်ပင်ကိုယ်လက်ခံနိုင်လောက်တေ အမှုအကျင့်တိကို ဒေအသိုင်းအ၀ိုင်းတိကသစ္စာဖောက်ခြင်းဖြစ်တေ။ လူ့သဘ၀ ကို စိန်ခေါ်ခြင်းတစ်မျိုးဖြစ်တေ။ ထားလိုက်ကတ်မေ ခေါင်းစိုင်နန့် မအပ်စပ်လို့။ အထက်က စွာကို ဆက်ရဖို့ဆိုဂေ ရခိုင်ပြည်က ဆရာဝန်တိတော့ခါ သာမန်လူတန်းစားတစ်ယောက်ထက်အဆင်ပြေရေ၊ ဂုဏ်လေ့ ဟိရေဆိုစွာတော့ခါ လက်ခံနိုင်လောက်တေ ယေဂေလေ့ မမချေတစ်ယောက်ရေ အားကိုးရှာသင့်ရေ ဆိုရေ ဟခရီကျသီအိုရေ တစ်မျိုးနန့် ဆရာဝန်ကို လက်ထပ်ယူသင့်ရေဆိုရေ အတွေးအခေါ်မျိုးရေ မိမိကိုယ်ကိုယုံကြည့်မှုဆိုရေ မွီးရာပါလိုတရ လူသားစွမ်းအားတစ်ရပ်ကို သံချီးတက်ဇီရေ။ ဇာလူဇာဆရာဝန် အိမ်ဂျိန်နီယာ ဖြစ်ပတ်ဇီ လူသားတိုင်းမှာရေ ပင်ကိုယ်အရည်အချင်းစွမ်းအားတစ်မျိုးကိုယ်ဇီဟိကတ်တေ။ လင်ယူခါ ဆရာဝန်ကို ယူဖို့မှန်းဖို့အစား ငါဆရာ

ဝန်ဖြစ်အောင်လုပ်ဖို့ဆိုရေ ယုံကြည့်မှုစွမ်းအားတစ်မျိုးသွီးထဲထည့်ပီးသင့်ရေ

ဒေလောကမှာ အောင်မြင်မှုပါ ဆုံးရှုံးမှုပါ ယုံကြည်မှုနန့်စရေဆိုစွာကို ရခိုင်မျိုးဆက်သစ်တိ သဘောပေါက်သင့်ရေ။ တစ်ခုခုကို လုပ်နိုင်၊မလုပ်နိုင်လို့ ယုံကြည်မှုနှစ်ခုလုံး မှန်ရေ။ တစ်ခုခုကို မလုပ်နိုင်လို့ ယုံကြည်လိုက်စွာရေ ကိုယ်သွီးကြောကို ကိုယ်ပိတ်လိုက်စွာနန့်တူရေ။ အန်ထော်နီရိုဘိန်း(စ်) က ပြောဖူးရေ.... လူတိစွာလတ် ငပျင်ထွေတိမဟုတ်လတ် လူသားကိုယ်ဇီမှာ ပုန်းနိန် ငုံနိန် မြုံနိန်ရေ ပန်းတိုင်တိဟိရေလတ်၊ ယင်းပန်းတိုင်တိကရာ သူရို့ကို မလှုပ်နိုင်ကတ်ခြင်းဖြစ်တေလတ်။ ရခိုင်မသချေတိပထမဆုံးသိထားရဖို့စွာက လုပ်နိုင်စွာ အားလုံးကို အကန့်အသတ်မဲ့လုပ်နိုင်ခြင်းနန့် အကောင်းဆုံးမိတ္တူပွားနိုင်ခြင်းဆိုစွာတိဖြစ်တေ။ ရှိတ်စပီးယား စကားကို ဖောက်သည်ချရဖို့ဂေ အကျွန်ရို့ခန္ဒာကိုယ်စွာ အကျွန်ရို့ဥယာဉ်တိဖြစ်ပြီးကေ အကျွန်ရို့ စိတ်ဆိုစွာ အကျွန်ရို့ ဥယျာဉ်မှုးတိ ပါလတ်..........။

(၅) ဒေအကောင်မယားကိုလုပ်ကျွေးနိုင်ဖို့ကောင်ကမဟုတ်။

(၆) ဟေး ........လင်ယူရေခါ ကိုယ့်ကိုလုပ်ကျွေးနိုင်ဖို့လူကို ရွီးယူရဖို့။


ရခိုင်လူမျိုးဆိုဂေ ဒေစကားတိနန့်စိမ်းဖို့မဟုတ်။ အကျွန်ဆိုဂေ အချေကဘင်ကြားဖူးနိန်ကျ အကျွန်က ပပိန်ချေဖြစ်လို့အချေခါကပင် မယားလုပ်ကျွေးနိုင်ဖို့လူမဟုတ်လတ် ယပိုင်ကစပ်ခံဖူးရေ..အကျွန်လေ့ အချေဘာသာဘာဝ ပြန်ပြောဖူးရေ မယားလုပ်ကျွေးဖို့လူဖြစ်လာစွာမဟုတ်လို့........အချေဘာသာဘာဝအနိုင်လိုချင်ရေစိတ်နန့်ပြောမိခရေ စကားချေကို ပြန်သုံးသပ်မိဂေ မှန်ရေပိုင်တွိရေ....လင်လုပ်ကျွေးကိုမျော်ပနာ ခိုင်းစွာကိုရာလုပ်တတ်တေ မမမျိုးကိုလေ့ရှောင်သင့်ရေ။ မမချေတိလေ့ လင်လုပ်ကျွေးမှ အီးချမ်းဖို့ လုပ်ကျွေးနိုင်ဖို့လူကိုမှ ရွီးယူရဖို့ဆိုရေ ကြာအိုကျ အတွေးအခေါ်တိကို ခြီပြားသတ်သင့်ရေ။ ကမ္ဘာကို မကြည့်ဂေ့ ရခိုင်ပြည်အနီးတ၀ှိက်ကိုကြည့်.။ အာသျှတိုက်နိုင်ငံသမ္မတတိမှာ အမျိုးသမီးတိ အများကြီးပါဝင်လာရေ...နိုင်ငံတကာက သမ္မတအကြံပီးတိ၊ နိုင်ငံခြားရေးရာဝန်ကြီးတိ၊ လှုံခြုံရေအကြံပီးဝန်ကြီးတိ၊ တော်လှန်ရေးသမား၊အတွေးအခေါ်သမားအဆုံး အမျိုးသမီးတိ ထိပ်ဆုံးကပါဝင်လာရေ...။ရခိုင်သမတိနိုင်ငံသမ္မဖြစ်ရဖို့ပြောနိန်စွာမဟုတ်။ ရခိုင်ပြည်မှာ ဟိရေ ရခိုင်သမတိစွာ တခြားနိုင်ငံက အမျိုးသမီးသမ္မတ ထိထက် တာဝန်တိများကတ်တေ.....ယင်းချင့်ကို အကျွန်နားလည်ရေ..ယေဂေလေ့ ရခိုင်အသိုင်းအ၀ိုင်းတိ ထဲမှာ စကားလုံးတိနန့်ဖိနှိပ်မခံရဖို့အကျွန်အကြုံပြုနိန်ခြင်ဖြစ်တေ။ သားကိုသခင် လင်ကိုဘုရားဆိုရေ ဟခရီ စကားပုံတိကို ရခိုင်သမတိစွဲကိုင်ထားဖို့မလို...အကျွန်အချေခါ အမင်က ထဘီရုပ်ခိုင်းရေ အကျွန်ကပြောရေ မရုပ်နိုင် နိတ်လတ်မေကြောက်တေလို့ ယေခါအဘောင်သျှင် နင်ဇာအခေါင်းကထွက်လာစွာလေလတ်...အဘောင်သျှင်ပြောစွာ အလှပလမှန်ရေ...

လျှာတစ်ချောင်းရေ အရာရာ အမျိုးမျိုးကို ဖန်တီးနိုင်ရေ၊ ငြိမ်းချမ်းရေကမ်းလှမ်းရေလေ့ လျှာဖြစ်တေပိုင်၊ စိန်ခေါ်စွာလေ့ လျှာဖြစ်တေ၊ ချစ်စကားဆိုဂေလေ့ ဒေလျှာ အမုန်းစကားဆိုဂေလေ့ ဒေလျှာ၊ လျှာကြောင်းဖြစ်လာရေ အသံရေ လူ့အတွင်းစိတ်၊ အတွင်းရုပ်ကိုထင်ဟပ်စီနိုင်ရေ။ ယင်းပိုင်ဆိုကေ အဂုလက်ဟိပြောဆိုသုံးနှုန်းနိန်ကတ်တေ အကျွန်ရို့အသိုင်းအ၀ိုင်းကစကားလုံးတိစွာ ကိုယ်ရို့အမျိုးသမီးထုကို ဖိနှိပ်နိန်ခြင်းလားလို့ အကျွန်မီးခွန်းထုတ်ချင်လာရေ။ ယင်းပိုင်စကားလုံးတိနန့် သွန်သင်သည်ဖြစ်စီ၊ယိုင်ကျေးမှု၊ လူဘောင်တန်ဖိုးတစ်ခုအနိန်နန့် ကျင့်သုံးသည်ဖြစ်စီ လူ့သားတစ်ဦးတစ်ယောက်အတွက်အကျိုးမဟိရေ ဆားမရ ရီမရ အပြောအဆိုအသုံးအနှုန်းတိကို အကျွန်ရို့ လေးဘက်လေးစိက သုံးသပ်ဖို့အချိန်ကျဗျာယ်ကြောင်းအကျွန်ရွီးသားတင်ပြလိုက်ပါရေ။



မှတ်ချက်။......။ အကျွန်ရေ ၀ါသနာသျှင်စာရွီးရေလူတစ်ယောက်ဖြစ်ပါရေ။ မှန်မမှန်ပပွင့်လလင့်ဝေဖန်ဆွေးနွေးနိုင်ပါရေ။ လိုနိန်စွာတိဟိကေလေ့ ဝေဖန်အကြုံပြုကတ်ပါရန်တောင်းခံအပ်ပါရေ။ လိုရာပန်းတိုင်ကိုရောက်နိုင်ကတ်ဇီ။



အေးမောင်(ရင်အုံတော်ဓာတ်)
၂၀ ဇူလိုင် ၂၀၁၀(၀၉း၂၂)

Read More...

Thursday, 6 May 2010

ကြယ်ရို့ ဟာမိုနီ

ကြယ်ရို့ ဟာမိုနီ
………………………..

အမြင့်ဆုံး အကာထက်မှာ
ကြယ်စင်တိဝန်းရံလို့

အဆုံးမဟိရေ……………
အချစ်ဝိညဉ်
အဆုံးမဟိရေ…………
ငါ့ ၀ိညဉ်

အချစ်ဂီတရို့
ဖန်ဆင်းသျှင် အို သခင်

ပျော်ရွှင်မှုရို့ အမြင့်မြတ်ဆုံး
တောင်းတမှု ညို့အားတိ
ငါ့ ကို ခဗြားလာသတ်………

ငါ့ဘ၀ တစ်စိတ်တစ်ဒေသ အကွေ့မှာ
အချစ်ကြယ်စင်ရို့ ဖန်တီးသူ အို သခင်……

ပန်းဆိုဂေ မြီမှာခ
စမ်းဆိုဂေ နွီမှာခန်း
အလွမ်းပန်း တစ်သန်း
ခမ်းခြောက် အနမ်း ……………။

ထီးနန်းစံ အချစ်ဗိမာန်
မိတ္တာစိတ်မှန် ငါ့နှလုံးသားအလံ
အမှန်စိုက် ဖို့ ငါတာစူးပြန်

အို………ကြယ်စင်ရို့ ဟာမိုနီ

အသျှင့် နှလုံးသား
အချစ်ကြယ်စင်ရို့
အယင် ထွန်းလင်းကတ်ပါ ဖိ………..။

အေးမောင်(ရင်အုံတော်ဓာတ်)
၀၄၊၀၅၊၂၀၁၀( ၁၆း၄၇)

Read More...

အင်ဂရား သခင်မ

အင်ဂရား သခင်မ
........................

လရို့ သာခေါင်
တပေါင်း နွီဦး
ဝါးငှက်ချေ တွန်သံကျူးလို့ ........

ကြွီကျ ငါအသဲ
ရွှက်ခြောက်တိပိုင်
တဖြုတ်ဖြုတ်နန့်

သခင်မ ခြီအပါးခရသည်။

သခင်မ လားရာ
တလျောက်လမ်းဝယ်
ပန်းမျိုးတစ်ရာ
သက်ဆင်းကြွီလို့

ငှက်မျိုးမောင်နှံ
သံပြိုင်ဆိုလျက်

တေးခြင်းသီကုံး ဆိုကတ်သည်.....။

အင်ဂရားသခင်
အို အသျှင်မ

တစ်သက်တစ်ခါ
ချစ်မိဒေလူ
ဒေ ငမိုက်အား....

အသျှင်မ၏ အင်ဂရားပန်တိနန့်
ပစ်လျက်
ချစ်ကြိမ်လုံးနန့်
ဆုံးမတော်မှုပါ..........။

(အသက်နန့်ထပ်တူချစ်ရသူ အင်ဂရားပန်းချေသို့)

အေးမောင်(ရင်အုံတော်ဓာတ်)
(၀၃၊၀၃၊၂၀၁၀) (၂၃း၁၂)

Read More...