WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Friday 24 July 2009

ခပြားသတ် ရာဇ၀င်

ခပြားသတ် ရာဇ၀င်
..................................

မဟူရာည တစ်ညမှာ
ပျောက်လခရေ အပ် ကို
ဓာတ်မီးထိုးလိုက်ဟြာရေပိုင်
ငရို.တိ.......
အနာဂတ်
စမ်းဖီ စမ်းဖက် နန့် .............။

သတိမမူ ဂူမမြင် လတ်
ငါ.. ... ..
စကားပုံ တစ်ခု
ကြားဖူး ယင့် ..........

ယင့်အတွက်နန့် ......
ယာ.. ဒေချင့် ...
"ဂူ" ကားလို့
ဆလိုက်မီး ထိုးပြလိုက်တေ ....။

ယေမှာ ......
တစ်သီး တစ်မန်
ယင်းဂူ ကို လားပနာ
အလိဇီ ခြီနှုန့် သတ်ကတ် ယာ ....။

အာကာထက်က
လူးကျလာရေ
အပ် တစ်ချောင်းနန့်
ကမ္ဘာမြီပြင်က
အပ်တစ်ချောင်း
တတည့်တိုက် ချင်ကေ
တိုက် ဖို့သိမ့် ........................။

ယကေလေ့ ........
ငရို. အိမ်မက်တိစွာ
နှုစ်ပေါင်..၂၂၈၇ နှုစ်ကြာမှ
ကမ္ဘာဂြိုလ် နန်.
အပါးဆုံး နီရာ ကို
ရောက်ဟိလာဖို့
အင်္ဂါ ဂြိုလ်ကို
မျော်ရစွာထက်
ကြာချင်ကေ
ကြာလားဖို့ ဟန် .................။


အေးမောင်(ရင်အုံတော်ဓာတ်)
၂၄၊၀၇၊၀၉

Read More...

Monday 20 July 2009

Mercy me


Mercy me
...............................

The cursed distance in between us
The changing rhythm of my beating heart

The countless missing days
Which go beyond mere maths

The rotting wound which
Caused me pain dramatically
To let my pain go and
To quench my burning heart

There is nothing to stop them
That is why
I want to jump into the river
Between the two icy mountains

I miss you when I see the clear blue sky
I miss you when I see the leaves are falling
I miss you when I hear the birds are singing
I miss you when the wind blows from north and south
I miss you when the wind blows from East and West

Poems within me cry out for endless expression
These hardships, the lonely life
I no longer want to wrestle with them any more

In the garden which is blooming
With a thousand different flowers
With the heaven that is full of love and smiles and kindness
Please mercy me theses day as soon as you can, my love.


Aye Maung

Read More...

Saturday 11 July 2009

မီးကျောင်းတက် သိုက်













ဒယော နနွမ်း၊အင်္ကျီ နနွမ်းနှင့် လူတစ်ယောက်မီးကျောင်းတက် ရွာသို. ချဉ်းကပ်လာသည်။ ထိုလူ၏ မျက်နှာမှာ သန်.ရှင့်ကြည်လင်လျက်ဟိပြီး အပြုံးပန်းတိ ဝေဆာနိန်သည်။ ထိုလူသည် လမ်း၌တွိသောလူများကို ဖဖော်ရရွယ်နှုတ်ဆက်ပြီး သတင်းမီးမြန်း
သောကြောင်း ဆုံတွိရေလူတိက ကကောင်းသဘော မနှော ဖြူစင်ကြောင်းမှတ်ချက်ပီးကတ်လေသည်။ ထိုလူ၏ နံမည်မှာ စိန်ကျော်လှဖြစ်ပြီး၊ မီးကျောင်းတက်ရွာသို. လာခြင်းအကြောင်းရင်းကို ယင်းသူကလွဲပြီးကေ တစ်ယောက်လဲ သိနိုင်ဖို.မဟုတ်ပါ။ ယကေလေ့
စိန်ကျော်လှ အမူအရာကို သုံးသပ်ခြင်းအားဖြင့် သူသည် ခရီးဝီးက လာသူ သူစိမ်းတစ်ယာက်ဟုတ်သည်မှာ သေချာပါသည်။ ထူးဆန်းသည်မှာ စိန်ကျော်လှသည် ရွာငယ်၊လူရွယ်တစ်ယောက်ဖြစ်ပြီး၊ လူသူခရီးမလားသော
မိုးရာသီတွင်မိကျောင်းတက်ရွာလူကြီးအိမ်သို.ဦးတည်လာနိန်ခြင်းဖြစ်သည်။ ရွာလူကြီးအိမ်သို.အရောက် ရွာလူကြီးက " ဇာ အကူအညီ ပီးရဖို.လဲ မောင်သျှေ" ဟုမီးသောအခါ ။ စိန်ကျော်လှက " ဟုတ်ပါယင့် အခင်ကြီး၊ အကျွန်နံမည် စိန်ကျော်လှလို.ခေါ်
ပါရေ၊ အဂုပိုင် မိုးရာသီမှာ ဒေရွာကို လာရစွာက ၊ဒေမိကျောင်းတက်ရွာမှာ လယ်တစ်မိုးအငှားခံ ချင်လို.ပါ၊ တစ်နှုစ်ကိုစပါးအတောင်း ၁၀၀ ပီးပါ" ဟု ပပွင့်လလင့် ပြောလာသောပြောလာသော စိန်ကျော်လှအား ရွာလူကြီးက တွိတွိချင်းသဘောကျလေသည်။
"အေး၊ မောင်ချေ... အခင်ကြီးရို.မှာလဲ၊ လယ် ၀ါး ၂၀၀၀ ကျော်တောင်ဟိရေ၊ အငှားသား နောက်ထပ် တစ်ယောက်လိုနိန်စွာနန်. ကွတိယာ။ မင်း ငါရို.အိမ်မှာ နိန်။ ငါရို.အိမ်မှာလုပ်ဖိ" စိန်ကျော်လှသည် ပျော်လုံးဆို.လျက်" အကျွန် သစ္စာဟိဟိ၊အလုပ်ကြိုး
စားလုပ်ပါမေ။ အခင်ကြီး၊ ကကောင်းကျေးဇူတင်ပါရေ၊" ဟုကတိပီးလိုက်လေသည်။ ထိုနောက် ရွာလူကြီး သည် သူသမီး အငယ်ဆုံး စိန်သန္တာ အား စိန်ကျော်လှ နှင့် မိတ်ဆက်ပီးလေသည်။ ပပွင့်လလင့်နှင့် ခင်မင်စရာ ကောင်းသော စိန်ကျော်လှအား ရွာ
လူကြီးသမီးမှာမြင်မြင်ချင်း ခင်မင်မိလေသည်။

xxxxxxxxxx xxxxxxxxx xxxxxxxxxxxxx xxxxxxxxxxxxxxxxxx

စိန်ကျော်လှသည် အလုပ်ကို မခိုမကပ်လုပ်ပြီး အစီအမံကောင်းမူးကြောင်း ရွာလူကြီးလည်းတစ်နှစ်ထက် တစ်နှစ်ချမ်းသာလာလေသည်။ သုံးနှစ်၊သုံးမိုး မခိုမကပ် အလုပ်ကြိုးစားလုပ်သော စိန်ကျော်လှအား မိကျောင်းတက် တစ်ရွာလုံးက ကိုယ်ရွာသားအရင်း
ခခေါက်ပိုင်ခင်မင်ကတ်လေသည်။ စိန်သန္တာမှာလေး စိန်ကျော်လှကို စိတ်ထဲ၌ ကြိတ်၍ ချစ်စိတ်ဝင်နိန်လေသည်။ ယကေလေ့ စိန်ကျော်လှမှာ သူမကို မောင်နှမ အချစ်နှင့်ရာချစ်နိန်သောကြောင့် နားမလည်နိုင်ပါ။ ပုရွက်စိနှင့်သကာမှာ သကာလာရိုးထုံးစံ
မဟိပါ။ အမှန်မှာ စိန်ကျော်လှလည်း သူမကို မိတ္တာ သက်ဝင်လျက်ဟိပြီး အထင်လွဲမှာ;မည် စိုးသောကြောင်ဟန်ဆောင်နိန်ရခြင်းသာဖြစ်ပါသည်။

တနိ။ စပါးပင်ချေတိ လီပွီချေတိနန်.အတူ ယိုင်းနွဲကနိန်သည်။ စိမ်းစိုနိန်ရေ စပါးပင်ချေတိကြား၊ အီးမြကြည်လင်ရေ လီချေတိသျှူလျက် စိန်ကျော်လှ တစ်ယောက်ထဲပျိုးနှတ်နိန်လေသည်။ စိတ်ထဲမှာလည်း လီးနိန်ရေပိုင်၊ပေါ့နိန်ရေပိုင်ခံစားနိန်ရသည်။
အမည်ဖော်မပြနိုင်သော စိတ်အာရုံတစ်ခုနှင့် စိန်ကျော်လှကျင်ကိုင်နိန်ရသည်။၁၁နာရီ ကျော်လားစွာကိုပင် စိန်ကျော်လှအရိပ်မကျလိုက် စိန်သန္တာ ထမင်းကျိပ်ဆွဲလျက် ကန်းသင်းထက်က လှမ်းခေါ်မှ သတိပြန်ဝင်လာသည်။ "ကကောင်းအလုပ်ကောင်းစွာ
ပါမလား၊ အသူအတွက်ချင့်၊ ထမင်းလားစား အနားယူခလိုက်ပါဖိ၊ကိုစိန်ကျော်လှ" ဟုစိန်သန္တာက ရီလာမြောင်းပီး အစဖော်ပီးလိုက်သည်။ စိန်ကျော်လှသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ခမောက်ထက်၌ထိုင်လျက် ထမင်းကို မစားချင်၊စားချင်စားနိန်သည်
။စိန်သန္တာကိုလည်း စကားတစ်ခွန်းလေ့ပြန်မပြောပါ။ စိန်သန္တာ လေ့ စိန်ကျော်လှကို နားမလည်စွာနှင့် တတိန်းချေ အကဲခတ်နိန်သည်။ တနားချေ အကြာတွင်စိန်ကျော်လှသည် တစ်စုံ တစ်ခုကို ဆုံးဖြတ်ချလိုက်ပြီး စကားစလာသည် " သန္တာ.... နင့်ရို.အိမ်မှာ
ငါ အလုပ်လုပ်စွာ ၃ နှစ် ၃မို. ကြာယာဟေ......။ ငါ့ကို အနှုံလက်နန်. ရွှေခွက်ကို နှိုက်ချင်ရေလို. မစွပ်စဲကေ့ ဖိ..။ ထိုမှာ ကြည့်လိုက် စပါးပင်ချေတိ ယိန်းက နိန်ကတ်တေမလား။ ယင်းစပါးချေတိပိုင် ငါ့နှလုံးသားလေ့ နင့်နန်. စဆုံတွိရေ နိကပင်......"
စိန်ကျော်လှ စကားမဆုံလိုက် စိန်သန္ထာ လယ်စွ ကန်းသင်းတိအတိုင် အ၀ီးကို ပြီးထွက်လားလီသည်။ စိန်ကျော်လှမှာ သူ.စကားလွန်လားသည်အထင်နှင့် သူမနောက်သို. ထမင်းလောင်ပွန်းကိုချလျက် အပြီးလိုက်လာသည်။ အဆုံးမဟိသော စိမ်းစိုရေ လယ်ပြင်တိကို
ဖြတ်လျောက်ဗြီး ပြီးနောင် စိန်သန္ထာဗြုန်းဆိုရပ်လိုက်သည်။ စိန်ကျော်လှ သည် သူမအပါးသို. စိုးရိမ်စိတ်နှင့်တိုးကတ်လိုက်ပြီး မျက်နှာချင်းဆိုင် ဆိုင်လိုက်စဉ်တွင် သူမမျက်နှာတွက် အပြုံးတိ မိုးရာသီ ပန်းချေတိပိုင် ပွင့်လန်းနိန်သည်မြင်လိုက်ရသည်။
စိန်ကျော်လှသည် ၀မ်းသာလုံးဆို.လျက် စကားအထစ်ထစ်ဖြင့် " သန္ထာ.... နင်... ငါ့..ငါ့ ကို ချစ်တေ မလားယေနန်း" ဟုပြောဆိုလျက်မိမိ၏ အချစ်ချေကို ရင်ခွင်ထဲ ထိုးသွင်းပွေ.ဖက်လိုက်သည်။ စိန်သန္ထာလေ့ အလိုက်သင့်လိုက်ပါလျက်" အေမှာ စောင့်နိန်
ရစွာ ၃နှစ် ၃မိုးဟိယာ၊ ကိုစိန်ကျော်လှ" ချစ်စဖွယ်ပြောလိုက်ချိန်တွင် ချစ်သူနှစ်ယောက်ရို.၏ နှလုံးသားများသည် စိမ်းစိုသောစပါးပင်ချေ၊လီပွီချေနန်.အတူ ယိန်းနွဲလိုက်ပါ ကခုန်နိန်ကတ်လီသည်။

စိန်သန္တာနှင့်စိန်ကျော်လှရို. မင်္ဂလာပွဲသည် တအုန်းအုန်းစည်ကားလီသည်။ ထိုဇနှီမောင်နှံရို. ၏ နှစ်လ၊ရက်များသည် သာယာချမ်းမြေ့၊ပျော်ရွင်စွာကုန်ဆုံးလားလီသည်။ ၁နှစ်နှင့် ၅ လကြာပြီးနောက် စိန်သန္ထာကိုယ်ဝန်ရလီသည်။

xxxxxxxxx ၀၀၀၀၀၀၀၀၀၀၀ xxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စိန်ကျော်လိုင်သည် သူ၏ ဂွ တွင် ကျွဲကျောင်လျှင်အနားယူရန်အတွက် တဲအိမ်ဆောင်လျက်ဟိသည်။ သူသည် အလုပ်၌စိတ်မ၀င်စားဘဲ ဂနာမငြိမ်ဖြစ်လျက်ဟိသည်။ အုန်းမိုးနိန်သောသူ၏လက်များသည် တုန်လျက်ဟိပြီး ချွဲများလည်း အလုံးလိုက်
ကျလျက်ဟိလေသည်။ သူ၏မျက်လုံးအစုံသည် ပဠေဠိ ဆန်လျက်ဟိပြီး တစ်စုံတစ်ခုကို အလေးအနက် စဉ်စားနိန် နှင့် ၀မ်းနည်းဝမ်းသာ ရောပွတ်လျက်ဟိသည်။ ကကောင်းမကြာလိုက် သူသည်ဆုံးဖြတ်ချက် အခိုင်အမာ ချလိုက်ပြီ တဲအမိုးထက်က အောက်
သို.ဆင်းလာလေသည်။ ပြီးနောက် သူမယားအား " သန္ထာ အုန်းမိုးဖို. နှီးကုန်လားယာ။ အကို နှီးနည်းနည်းထို.ပီး"ဟုပြောလီသည်။ နှီးတစ်ခါလေ့ မထိုးဖူးသော သူမယားက နှီးမထိုးတက်ကြောင့် ပြန်ဖြေရေခါ "အော် ....သန္ထာကလည်း နှီးထိုးရေ ဆိုစွာ အလွယ့်ချေ
၊ ယာ ဒေဓားကို ကိုင် ဒေပိုင်ကိုင်...။ဒေမှာက ရခွန်း..အေး အေး .. ဟုတ်ယာလာ..ဟုတ်တေ"စသည်ဖြင့် သင်ပြလီသည်။ လင်သည်ကိုချစ်ရသော ၀န်းကြီးမ စိန်သန္ထာသည် မတတ်တတ်နှင့်နှီးလိုက်ထိုးသောအခါ ကကောင်းမကြာသူမ လက်ကိုနှီးပြတ်လား
လေသည်။ စိန်ကျော်လှသည် အသင့်ပျင်ထားသော ဂွမ်းစဖြင့် သူမယား သွီးတိ ကိုသုတ်လိုက်ပြီး အင်္ကျီ အိပ်၌ ၀ှက်ထားလိုက်လေသည်။ ဒယောအဆိုးစ တစ်စဖြင့် သူ.မယားလက်ကို ပန်းပီးပြီးနောက် " သန္ထာ ငါ အပေါ တစ်ခေါက်လားလိုက်မေ။ အဂုချက်
ချင်းပြန်လာဖို.စွာရာ" ဟုပြောပြီ သူတစ်သက်လုံးစီစဉ်လာသောအရာကို အကောင်အထည်ဖော်ဖို. ခြီလှမ်းတိ မိကျောင်းတက်ချောင်းဘက်ကို ဦတည်လိုက်သည်။ သူသည်ချောင်းကမ်းနား၌ ထိုင်လျက် နံမည်မသိသော ဂါထာတစ်ပုဒ်ကို မန်းမူတ်လိုက်ရာ
ရီထဲက မီးကျောင်းကြီးတစ်ကောင် စင်း၍ပေါ်လာလီသည်။ စိတ်ဆိုးဒေါသထွက်နိန်သောထိုမီးကျောင်းကြီးစိန်ကျော်လှအပါးသို.ရောက်လာချိန်တွင် သူသည် ကိုယ်ဝန်သည်မ စိန်သန္ထာ၏ သွီးဂွမ်းစကို မီးကျောင်းကြီးဘက်ကို ပစ်ပေါက်လိုက်သည်။
မီးကျောင်းကြီး၏ လျင်မြန်သော လူပ်ရှားမူသည် ချက်ချင်းရပ်သားလားပြီး စိန်ကျော်လှရှိတွင် ရွှေတုံးကြီးမိကျောင်းအသွင်သို.ပြောင်းလဲလားလီသည်။ သူသည်ထိုရွှေမီးကျောင်းကြီးကို ရီထဲက ဆယ်ယူလျက် မျက်စိနှလုံးကိုဖောက်ပြီးမျိုချလိုက်သည်။
ယင်းနောက်သူသည် ၀ိဇ္ဖာရလျက် မီးကျော်တက်ရွာသို. ကောင်းကင်ခရီးဖြင့်ပျံတက်လားလီသည်။ သူသည် ယောက္ခမ အိမ်ခေါင်ထက်၌ရပ်နားလျက် ...." သမီးတစ်ယောက်ကဆုံးလီယင့်၊ ချောင်းကမ်းနား ရွှေမီးကျောင်းတစ်ကောင်ထားခယင့်၊ သမီးတစ်ယောက်ကဆုံးလီယင့်၊
ချောင်းကမ်းနား ရွှေမီးကျောင်းတစ်ကောင်ထားခယင့်၊ သမီးတစ်ယောက်ကဆုံးလီယင့်၊ ချောင်းကမ်းနား ရွှေမီးကျောင်းတစ်ကောင်ထားခယင့်၊" စသဖြင့် ၃ကြိမ်တိုင်တိုင်အော်ပြောလျက် ကောင်းကင်ကို ပျံတက်ပျော်ကွယ်လားလီသည်။ ရွာလူကြီးလည်း အသံကြား၍ အရုပ်မမြင်လိုက်ရသောသူ.သမက် စကားကို ဝေခွဲမရ ဇဝေဇ၀ါဖြစ်နိန်လီ၏။ ယေဘင်ကေလေ့ ရွာသားတိ ကိုခေါ်ယူလျက် မီးကျောင်းတက်ချောင်းနားကို လားကြည့်သောအခါ စိန်ကျော်လှ ပြောခရေအတိုင် ရွှေမီးကျောင်းတစ်ကောင် တုံးစင်း စင်းနိန်လီ၏။ ထိုမှတစ်ခါ စိန်ကျော်လှ ဂွ ကိုလားကြည့်သောအခါ ဆောက်လုပ်စ တဲအိမ်ထ၌ စိန်သန္ထာ ကိုယ်ဝန်အပြည့်နှင့် သီဆုံးနိန်သည်ကို ၀မ်းနည်းကြွီကွဲစွာတွိဟိရကတ်လီသည်။ ထိုနိန်.မှစ၍ သိုက်ဆရာ စိန်ကျော်လှအကြောင်းသည် မီးကျောင်းတက်ရွာတွင် ဆွေမျိုးစဉ်ဆက်ပြောပြကတ်လီသည်။

ကျမ္မာကတ်ပါဇီ။


အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Friday 10 July 2009

ကျွန်းသားငမန်း အေးမောင် နှင့် စစ်တွေမြို့ က စက်သီး











ကျုပ်လလူး၊ပြာလလူး နှင့် ပိန္နဲချောင်းကျွန်းတွင် မွီးဖွားခသော ကျွန်းသားငမန်းအေးမောင် တစ်ယောက် ကံကောင်းထောက်မစွာဖြင့် ၈တန်းကို အောင်မြင်လီသည်။ ထိုအေးမောင်အား အမိ၊ဘ ဆင်းရဲ၍ ကျောင်းဆက်မထားနိုင်သဖြင့်သူ.အဖက စစ်တွေမြို. ဘုရားကြီးနောက်တွင်တည်ဟိ
သော ဘုန်းကြီးတစ်ကျောင်းတစ်ကျောင်း၌အပ်နှံလီရာ သူသည် ဘုန်ကြီးကျောင်းသား ဂုဏ်ကို ဆယ်ကျော်သက်အရွယ်၌ ထိုက်တန်စွာ ဆွတ်ခူးရဟိလီသည်။ အေးမောင် ၏ ကံဇာတာကို တွက်ချက်မိသော သူ.အဖက အထက်တန်းပညာ သင်ကြားရန်
လယ်မထွန်ခိုင်းဘဲ စစ်တွေမြို. ဘုန်းကြီးကျောင်းတစ်ကျောင်း၌ အပ်နှံရခြင်းဖြစ်ပါသည်။ ဘုန်းကြီးကျောင်းသားအေးမောင်သည် အမှတ်(၂) ကျောင်းသို. တထည်တည်းဟိသော ကျောင်းစိမ်းဒယော ကိုဝတ်လျက် ဘ၀င် သုံးပိဿာ ဖြင့်အထက်တန်းပညာ
ရပ်များကို သင်ကြားလျက်ဟိသည်။ ကျောင်းပထမ တက်စနိ၌ မိမိကိုယ်ကို ဇာကလဲဆိုစွာကို အတန်းထဲ၌ မိတ်ဆက်ရလီသည်။ အတန်းဖော်တိကသူရို.နီရာဒေသကို ၀င့်ကြွားစွာဖြင့် ဖြေကြားလျက်ဟိ၏ ။ ဥပမာ...ကန်းနားလမ်းက၊ကျောင်းတက်လမ်းက
၊မိဇံက ထိုသို.ဖြေကြားကတ်လီသည်။ ကျွန်သား အေးမောင် အလှည့်သို.ရောက်သောအခါ သူ၏အဖြေကြောင့် တတန်းလုံး ရွာပြိုအောင်ရယ်ကတ်လီသည်။ ပဇာကြောင်းဆိုသော် သူ၏အဖြေမှာ "ဘုန်းကြီးကျောင်းက" ဟု၍ ဖြစ်၏။ ကျွန်းသား အေးမောင်
သည် စစ်တွေမြို. သမ အတန်းဖော်တိ ဘက်တွင် အဟားခံရသော်လည်း ဆရာမ က ပပွင့်လလင့် ရရိုးသသား ပြောသည်ဟုချီးကျူးလီသည်။ ထိုကျွန်သားအေးမောင် ကျောင်းသို.လာလျှင် တချို.အတန်းဖော်ကောင်မချေတိက ဆရာတော်လာရာ လမ်းဖယ်
ပီးကတ် စသည်ဖြင့် အော်ကတ်လီသည်။ ယေဘင်ကေလေ့ အေးမောင်၏ သူငယ်ချင်းများမှာ ကောင်မချေအများဆုံး ဖြစ်ပါသည်။ ပဇာကြောင့်ဆိုသော် အေးမောင်သည် ၉တန်း အင်္ဂလိပ်စာ တိကို အထစ်အငေါ မဟိဘဲ အရည်ကြိုသောက်နီခြင်းကြောင့်
ဖြစ်ပါသည်။ အေးမောင်အတန်းတွင် မမချေတိ အင်္ဂလိပ်စာ ညံ့ကတ်လီသည်။ထိုဟာကွက်အား အေးမောင် ကိုင်ထားခြင်းဖြစ်ပါသည်။


နိဒါန်းရှည်လားစွာကို တောင်းပန်ပါသည်။ ပြောသျှင်သည်မှာ စက်သီးကိစ္စဖြစ်ပါသည်။ အေးမောင်သည် ငါးခူတစ်ကောင်ကို ရီထဲ၌ စမ်းဖမ်းနိုင်သည်။ ငါးမျှားရန် ကျွဲကူးမြစ် အလယ်ကျောက်ကို ကိုင်းတန်ကို ပါးစ မှာကိုက်လျက် ကူးနိုင်ပါသည်။ ရီဘဘောင်းပြည့်နိန်သော လယ်ဇွ တွင် တစ်ရက်လုံးဘောလုံးကျောက်နိုင်သည်။ ယကေလေ့ ကျွန်းတွင် စက်သီးပင် မဟိ၍ အသက် ၁၃၊၁၄
အရွယ်ထိ စက်သီမမြင်ဖူးပါ။ စစ်တွေမြို.တွင် စက်သီးစီးနိန်ကတ်သော ကောင်ချေ၊ကောင်မချေတိ ကိုကြည့်လျက် အေးမောင်သည် စက်သီးစီးချင်စိတ်နှင့် ကျင်ကိုင်နိန်ရလီသည်။ ထိုကြောင့် စက်သီး စီးစီမံကိန်းအား အကောင်အထည်ဖော်ရန် အေးမောင် ဆုံဖြတ်လိုက်ပါသည်။ ဆရာ
တော်က ၀ါကျွတ်လျှင် ပီးသော ဒင်္ဂါး အသစ်ချေတိ ကို စုထားလျက် နွေရာသီ တွင် စသီးချေ ငှားလျက်အသားကုန်လေ့ကျင့်လီသည်။ စက်သီး မူန်.စိချေ နှင့်ကျင်ကိုင်နိန်သောဘဘောင်သံ ဘုန်းကြီးကျောင်း သားအေးမောင်ကို ကုန်တန်းက ရီခတ်ရန်လာသော
ကောင်မချေတိက နိတိုင်း ၀ိုင်ဟားကတ်လီသည်။ ဇာပိုင်ဘင်ဆိုဆို အေးမောင်သည် ဇနက မင်းသားလုံးလဖြင့် ခြီကျိုး၊ ဒူးက သွီးတိ စစယိုအောင်ထိ အသားကုန် ကျင်ကိုင်လီရာ ၂ လအကြာတွင် စီးတက်လာလီသည်။ ထို စီးတက်သည့်နိတွင် မိုရမျက်နှာမျိုး
နှင့် စက်သီးကို အသားကုန်နှင်းလျက် ပိုင်ချင်အိမ်သို.လားအပ်ရာ အရှိန်ကို မထိန်းနိုင်ဘဲ ၀င်္ကဘာကွင်း၌ မုန်းတီဆိုင်မှ မုန်းတီသောက်နိန်သော အသက် ၄၀ အရွယ်အရီးတစ်ယောက် တင်သားကို ၀င်တိုက်ရာ ထိုအေးမောင်မှာ ဆီးဆောက်ကရောက်နှင့်
ကြုံရလီသည်။ မုန်.တီသယ်မသည် အေးမောင်ကို ပန်းတိဖြင့်ကြဲချလီသည်။ အေးမောင်လည့် ပုရစ်ချေ မျက်နှာဖြင့် စစ်သီးကို ဆက်စီးလားလီသည်။


နောက် ၃ လခန်.အကြာတွင် တစိချေ ကျွန်းပါလတ်လီသည်။ခင်မင်ရသော မြို့သားသူငယ်ချင်းတိက အေးမောင်အား ညဇာဘက် စစ်တွေမြို.တစ်ခုတည်းသော လမ်းမကြီးထက်သို.စက်သီးစီရန် လာခေါ်ချိန် စာမဖတ်ဘဲ မျော်တက်လာလီသည်။ ဆရာတော်
သိလျှင် အောက်သကော် အနှက်ခံရမည်ကိုကြောက်သဖြင့် ကိုယ်ဖွပညာကို တရုတ်သိုင်းစာအုပ်တိဖတ်လျက်လေ့ကျင်ထားရလီသည်။ဒေပိုင် စက်သီးမစီးတက် စီတက်အချိန်တွင် မြို.ထဲ စက်သီးစီးထွက်ရသော အရသာသည်ရွီးပြရန်ခက်ပါသည်။ တညနိန်တွင်
စက်သီးအင်ဒန်စီးတတ်နိန်ယာဖြစ်သော ထိုအေးမောင်အား သူငယ်ချင်း ၄ယောက်က တဘက်နှစ်ယောက်စီကြားညှပ်လျက် လက်မကြီးထက်စက်သီးစီထွက်ကတ်လီသည်။ ကကောင်းမကြာလိုက် Palace ဟိုတယ်ရှီအရောက်တွင် ဘဘောင်းမြည်ပနာ
တန်းသိမ်ပြတ်လဲကျရာ ထိုမြို.သားသူငယ်ချင်းများမှာ ကျွန်းသားအေးမောင်ကြောင့် စလောင်းပေါ် အရှက်ကွဲရလီ၏။ ထိုနိမှစ၍ အေးမောင်အား မည်သူတစ်ယောက်မျှ ညဇာဘက်၌ စက်သီးစိ မခေါ်ဝံ့ဘဲ ဟိကတ်လီသည်။

ယကေလေ့ အေးမောင်သည် စက်သီးစီးခြင်းအတက်ပညာအား ဆက်လက်ကြိုးစားလျက်ဟိသည်။ တရက်နိတွင် ကျောင်းသို. စက်သီးစီလျက် အေးမောင် ထွက်လာလီသည်။ သူ၏ ဘ၀င်များသည် ရိုးမတောင်ထက် မြင့်လျက်ဟိပြီး မျက်နှာမှလည်း
ရည်စားဘားက အဖြေရကဲ့သို. ပြုံးလျက်ဟိသည်။ စက်သီး ဟန်းဒရွက်(Handle) ကိုလည်း လက်နှစ်ဘက်ဖြင့် သတိထားကိုင်လျက် အမှတ်(၂) ကျောင်းသို. မယင် မနှေး အရှိန်ဖြင့်နင်းလာလီသည်။ ဘုရားကြီးအကျော် ကျားရုပ်ကျောင်းနားအရောက်တွင်
ကုန်တန်းမှ ရိန်နာသတ် ဆဗွီ တစ်ဖွဲ. အေးမောင်အနားတိုးကတ်လာပြီး စက်သီးစီးလျက် ဇိန်တွိနိန်သော ထိုအေးမောင် ဒယောကို ဖြီချလိုက်လီသည်။ ဤတွင် အေးမောင်သည် အခက်အခဲ့ အကြီးအကျယ်တွိလီပြီ။ ဟန်းဒရွက်ကို လက်တစ်ဘက်ကိုင်လျှင်
မထိန်းတတ်၍ မြောင်းထဲထိုးကျမည်။ ပြီနိန်သော ဒယောကို လက်တဘက်ဖြင့် မကိုင်ထားလျှင် လူလယ်ကောင်၌ တဒုံဖလင် အရှက်ကွဲနိုင်သည်။ ဇာပိုင်လုပ်ရဖို.လဲ။ ဒယောကလည်း တဖြည်းဖြည်းပြီ ကျလာလီသည်။ မထူးယာ အရှက်တော့ အကွဲမခံနိုင်ဟု အေးမောင်ဆုံးဖြတ်ချ ချလိုက်သည်။ ပြီးနိန်သော စက်သီးကို ညာဘက်လက်ဖြင့် ကြိုးစားထိန်လျက် ပြီရ် နိန်သော ဒယောကို ဘယ်ဘက်လက်ဖြင့် ကြိုးစားဝတ်လေရာ ထင်ထားခသိအတိုင် စက်သီးကို မထိန်းနိုင်ဘဲ အနားက လူတစ်ယောက် အားရဘားရတိုက်လျက်
နာလာကြောင်း သို. နှစ်ယောက်စလုံး အရှိန်နတ် လူးကျလီသည်။ ကံကောင်းထောင်မ၍ ခြီမကျိုးခပါ။ အတိုက်ခံရသောလူသည် မှန်ပါဖို.အစား ဖင်တတုန်းနှင့် ခွီနိန်သော အေးမောင်ကိုကြည့်လျက် သနားသဖြင့် ဘုန်းကြီးကျောင်းသို.အရောက် ပို.လိုက်ရလီသတည်း။


(ဖြစ်ရပ်မှန်)
ပျော်ရွင်ကတ်ပါဇီ။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၆၊၀၆၊၀၉

Read More...

Thursday 9 July 2009

အဖရခိုင်ပြည်

Read More...

မင်းနီရပ်သို.အလည်တစ်ခေါက်( ဆက်ရန်)



မင်းနီရပ် သို. အလည်တစ်ခေါက်
...........................................
အပိုင်း(၁)

မြန်မာအဲယားဝေး လီယဉ်ချေ သည် တရွိတရွိနှင့်ရိုးမတောင်ထက်သို. တက်လာနိန်ချိန်တွင် အကျွန်နှလုံးသားများ တတုန်းတုန်းခုန်လာသည်။ ခောတ်မမှီ ဆီးရောင်တိကွာ၊ ခောတ်နောက်ကျနိန်ပြီဖြစ်သော ထိုခောတ်ကျောက်သီးအရွယ်လီယည်ပျံထက်၌
အကျွန်သည် အန္တရာယ်ကင်းဂါထာကို ကြောက်စိတ်ဖြင့် မရတစ်ခေါက် ရတစ်ခေါက် ရွက်လျက်ဟိသည်။ မားမားမတ်မတ်နှင့် ဒေနိန်.ထိ မပြိုမလဲသော စိတ်ဓာတ်ဖြင့် ဖရခိုင်ပြည်တွက် ရပ်တည်လာသော ရခိုင်ရိုးမကို ချီးကျုးလိုက်မိသည်။ နောက် မိနစ် ၃၀
လောက်ကြာပြီးသောအခါ အကျွန်မွီးရပ်မြီ၏ အငွေ.အသက်တိ အကျွန်နှခေါင်းပေါက်သို. တိုးဝင်လာသည်။ အကျွန်ကျောင်းနိန်စဉ်အခါက အိမ်သို.ပြန်လျှင် သတင်းမီးနိန်ကျဖြစ်သော ရဖြီးချပ်တောင် ကိုလီယဉ်ထက်က လှမ်းမြင်ရသည်။ "အော်..ရခိုင်ပြည်"
ဟုစိတ်ထဲရွယ်ရွတ်လိုက်မိသည်။ ကကောင်းမကြာလိုက် စစ်တွေလီဆိပ်သို. အကျွန်ရို. လီယဉ်ပျံ ဆိုက်ရောက်သည်။ အဖရခိုင်ပြည်နှင့် ၈ နှစ်မျှဝီးကွာခရသော အကျွန်သည် လီယဉ်ပျံထက်ဆင်းလိုက်သည် နှင့် ကြက်သီးတိထမိသည်။ အောက်မိစိတ်ပြင်းပြစွာ
နှင့်စောင့်ခရသော အကျွန်၏အချိန်တိကို အကျွန်ချက်ချင်းမိပိုက်လိုက်ပြီး အဖ ရင်ခွင်သို. အကျွန် ၀မ်းနည်း၊၀မ်းသာစိတ် ရောလျက် ခိုဝင်လိုက်မိသည်။အဖ လက်ဆောင်အဖြစ် သန်.ရှင်းကြင်လင်သောပင်လယ်လီကို အစာအိမ်အောက် ခရင်းထိ အားရဘားရ
သျှုသွင်းလိုက်ပြီးနောက် အကျွန်၏ စိတ်ခန္ဒာ လွတ်လပ် ပေါ့ပါးလားသည်ကို ခံစားမိလိုက်သည်။ ရခိုင်ပြည်၏ မြို့တော်အတိုင်းအတာအရ ဒေလီယဉ်ပျံကွင်း အလွန်တစ်ရာမှသေးငယ်လှသော်လည်း ရခိုင်သားတိတွက်ဘုရားက လက်ဆောင်ပီးထားသော
အရာတစ်ခုပိုင်ဖက်တွယ်ထားရသည်။ ရာသီဥတု ကြည်လင်အီးချမ်းလျက်ဟိပြီး၊ ပုစွန်ဆီ မိုးသားကောင်းကင်အောက် စိမ်းစိုလမ်းဆန်းနိန်သော အဖပြည်ဖွား အပင်တိ နှင့်လှချင်းတိုင်းလှနိန်ကတ်သည်။ အဖမြီကို ခြီချမိသည်နှင့် ရခိုင်လီသံ ပပေါက်နှင့် အား
ရဘားရပြောတတ်သော အဖရခိုင်မြီဖွား သွီးရင်း၊သားရင်းတိ နှင့်အကျွန်တဖန်ပြည်လည်ဆုံတွိရသည်။ ရခိုင်ပြည်စစ်တွေမြို့ သည် လွန်ခရေ ၈နှစ် နှင့်နှိင်းဆာလျှင်ဇာတစ်ခုလေ့ တိုးတက်ပြောင်းလဲမှု မတွိရသော်လည်း စစ်တွေနှင့်အဖမြီကိုချစ်သော အကျွန်အတွက်
ထာဝရမရိုးသော ဘုံကမ္ဘာဖြစ်သည်။ အထူးအဆန်းတစ်ခုအဖြစ် တတ်(ခ)စီ ဟုခေါ်သော သုံးဘီးကားများက ခရီသည်တိတွက် မြို့ထဲ၊လီဆိပ် အလားအပြန် ၀န်ဆောင်မှုပီးနိန်သည်ကိုတွိရသည်။ ဥရောပအဆင့်အတန်းနှင့်အသားကျလာသောအကျွန်သည် ထို
သုံဘီးကားတတုန်တုန်းနှင့် မိမိ၏တည်းခိုမည့် Palace Hotel သို. ခရီးဆက်လာချိန်တွင် ရင်တွင်း၌ ဆန်းကြယ်သောစိတ်ခံသားမှုတိဖြစ်ပေါ်နိန်သည်။


အပိုင်း(၂)

လီဆိပ်မှ လမ်းမကြီးအတိုင်း သုံးဘီးကားချေ တတုန်းတုန်းမောင်နှင်နိန်ချိန်တွင် အတိတ်ကအရပ်တိ အကျွန်စိတ်ထဲ တဖြိန်းဖြိန်းပေါ်လာသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက မြို့တစ်မြို့နှင့် အလားတူနိန်သော ဒေမြို့သည်တစ်ခြားအရပ်ဒေသကလူတိအတွက်
အထင်သေးစရာ၊လူရယ်စရာ ဖြစ်ကောင်းဖြစ်နိန်ပါလိမ့်မည်။ ယေကေလေ့ အဆင့်အတန့်မမီသော ဒေမြို့ချေသည် အကျွန့်ဘ၀ဒိုင်ယာရီတွက် မဟာဆန်သော နိရက်တိရွီးဖူးခသည်။ အကျွန့်အတွက် ဒေမြို့ချေသည်ထာဝရသုခကမ္ဘာတစ်ခု၊ အကျွန်၏ ဘ၀ အဆစ် တစ်ချို.ကို ဒေမြို့ချေနှင့် အတူအကျွန်ရင်ဆိုင်ခဖူးသည်။ ထိုသုံးဘီးကားချေ Palace Hotel ဟြီ့ရောက်ချိန်တွင် အကျွန်အတွေးတိ ပြတ်လားသည်။ ပွင့်လင့်ရိုးသားသော ရခိုင်သွီးရင်းတိက အကျွန့် အထုတ်တိကို ဟိုတယ်ထဲသို့ ကူထမ်းပီးကတ်သည်။ ဟိုတယ်
ကောင်တာက စာရီးမချေက အပြုံးပန်းတိနှင့်ဆီးကြိုသည်။ ထိုကလိန်.မေချေ အသားအရီသည်ညိုပြာရောင်ဟိပြီး မဲနှက်တောက်ပြောင်နိန်သော ဆံပင်တိကို ပိုင်ဆိုင်ထားသည်။ ပုလဲသွားတန်းချေတိနန်.ရောထွေးနိန်သော ထို ပပွင့်လလင့်အပြုံးချေတိသည် အကျွန့်အား
အတိတ်က ဇာတ်လမ်းတိကို ရောင်ပြန်ဟန်စီသည်။ အကျွန့်သည်အဖမြီက ပင်လယ်မချေတိနှင့်ပြန်ဆုံတွိခွင့်ရလိုက်ယာဖြစ်သည်။ အခန်းထဲတွင်တနားချေ အနားယူလိုက်ပြီ အကျွန်စာသင်ဖူးခသော ဘုန်ကြီးကျောင်းကို ဆိုက်ကားနှင့်အကျွန်ထွက်လာသည်။
ဘုရားကြီးနှင့် အေးစေတီကို ဆိုက်ကားထက်က အကျွန်လှမ်းကြည့်လိုက်မိသည်။ ဘုရားကြီးထဲသို့ဝင်၍ ဘုရားဝင်ဖူးမည်ဟုစိတ်ကူးမိသော်လည်း အ၀င်ဝ၌ မြန်မာစစ်သားများ သနတ်တိကိုင်၍စောင့်နိန်ခြင်းကြောင့်အကျွန်မ၀င်ဖြစ်ခပါ။ စိတ်ပျက်ပျက်နှင့် ဆိုက်ကားဆရာအား ဘုန်ကြီးကျောင်းကိုတိုက်ရိုက်နှင်း ရန်ပြောလိုက်ပြီး ဘုရားဖူးချင်သောစိတ်ကိုမျိုချလိုက်မိသည်။ အကျွန်ခိုလူံဖူးခသောထိုဘုန်းကြီးကျောင်းသည် လွန်ခရေ ၈နှစ်နှင့်နှိုင်းဆာလျှင်ပြောင်းလဲမှုတစ်စုံတစ်ရာမတွိရပါ။ ကျောင်းထက်သို.ခြီလှမ်းတိ ဦတည်လိုက်ချိန်သည် ဆရာတော်ပြောခဖူးသောစကားတိအကျွန့်နားထဲပြန်ကြားယောင်လာမိသည်။ "အဝေး ... ဒေကျောင်းနန်.ငါစွာ သစ်ငုတ်၊ မင်းရို.တိက ဗျိုင်းတိရာ၊လာကတ်တေ ပျံလခကတ်တေ။ ငါ စွာသစ်ငုတ် ဝေ..ငါစွာသစ်ငုတ်" ။ ဆရာတော်ကြီးသည် တပည့်တိ အပေါ်အပြောအဆို ကြမ်းတမ်းသော်လည်း တပည့်တိအပေါ် သံယောဇဉ်အလွန်ကြီးမားသည်။ အတောင်စုံလို့ ကျောင်းတော်ကြီးကို စွန့်ခွာချိန်တွင် ၀မ်းနည်းဝမ်းသာဖြင့် ဘ၀တွက်အဖို.မဖြတ်နိုင်သော သြ၀ါဒတိ မိန်.ကြားတတ်သည်။ ဘ၀တွင်အောင်မြင် လားသော တပည့်တိဘားက လက်ဆောင်တိ၊စာတိ ရောက်လာလျှင် ကျောင်းရှိတကာ၊တကာမတိကို အဘောင်ရရင်းနှင့် မညောင်းတန်းပြောပြတတ်သည်။ ကျောင်းခန်းထဲဝင်လိုက်ချိန်တွင် အကျွန့်ပါးပြင်တွင် မျက်ရည်ပေါက်တိစီးကျလာသည်။ထိုကျေးဇူးသျှင် ဆရာတော်ကြီးကို အကျွန်ဖူးခွင့်မရလိုက်ပါ။ ဆရာတော်မပျံလွန်မီက အကျွန့်ဘားကို ရွီးထားခသောစာတစ်စောင်ကို သူအခန်းထဲတွင်တွိ၍ တပည့်တိက အကျွန်.ဘားကို ထည့်ပီးဖူးသည်။ အကျွန်သည် ကျောင်းထိုင်ဆရာတော်အသစ်နှင့်စကားစမြည်ပြောပြီး ကုန်တန်းဘက်
ကိုထွက်လာသည်။ အမှတ်(၂)က ကျောင်းနိန်ဘက်သူငယ်ချင်းတိနှင့် အကျွန်ပြန်ဆုံခွင့်ရသည်။ ကုန်တန်းရပ်ကွက်လူနိန်မူစနစ်သည် ဇာတစ်ခုလေ့ တိုးတက်ပြောင်းလဲမူမဟိ၊ ရပ်ကွက်သားများ၏ ပင်ကိုယ်ရိုးသာမူတိလည်းအယင်အတိုင်းပင်။ ပြောင်းလဲ
မှုတိကိုပြောရလျှင် အကျွန်ရို.သူငယ်ချင်းတိဖြစ်သည်။ တစ်ချို.က အစိုးရ၀န်ထမ်း၊ တစ်ချို. အိမ်ထောင်ကျ၊ တစ်ချို. စီးပွားရေးလုပ် ယင်းပိုင် ဘ၀ကို ကြုံရေပိုင်ရုန်းကန်နိန်ကတ်သည်။ အမျိုး၊သူငယ်ချင်း၊အသိမိတ်ဆွေတိနှင့် တွိပြီးနောက် တည်းခိုခန်းသို.
အကျွန်တစ်ယေက်တည်းလမ်းလျောက်ပြန်လာသည်။ ဟိုတည်တရောက် လမ်းများမှောင်မိုက်လျက်ဟိပြီး လမ်းဘဲတွင်ရခိုင်လူငယ်ချေတိ မြန်မာတေးခြင်းဆို၊ဂီတတီးလျက် စစ်တွေမြို့၏မှောင်မှောက်သောည အရသာကို လူငယ်သဘာဝ ကျော်ဖြတ်လျက်ဟိသည်။
အကျွန်ဟိုတယ်သို့အရောက်တွင် ၀န်ထမ်းချေတစ်ယောက်က ဖယောင်းတိုင်တိနှင့်ဆီးကြိုသည်။ ၂၁ ရာစုခောတ်ရခိုင်ပြည်တိုးတက်မူတိကို နဖူးတွိ ဒူးတွိ အကျွန် ခံစားမိလိုက်သည်။ ဖယောင်းတိုင်ပီးလာသော ထိုကလေချေကို ကျေးဇူတင်လျက်အကျွန် သည် တစ်ညတာတွက်
အိပ်စအနားယူလိုက်သည်။

မိုးထစစော ၆ နာရီတိအချိန်တွင် စစ်တွေဆောင်း၏ နှင်းငွေမြူမုန်ချေတိနှင့်အတူ အကျွန်နိုးထလာသည်။ ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သောအခါ စစ်တွေ တစ်မြို့လုံး မြူတိနှင့်အုံဆိုင်နိန်သည်ကိုတွိရသည်။ စစ်တွေဆောင်းနှင့်ဝီးကွာခရသောအကျွန်သည် မျက်နှာ ပရုန်းနရုန်း
သစ်ပြီးကင်မရာကိုင်လျက် ဟိုတယ်ထက်ကဆင်းလာသည်။ ဟိုတယ်ရှိ သရက်ပင်တွင် သရက်တန်ချေတိ ထိုးနိန်သည်ကို အကျွန်မော်ကြည့်လျက် ကြည်နှုးနိန်မိသည်။


အပိုင်း(၃)

ဟုတ်ပါသည်။ ရခိုင်ပြည်က အကျွန်အလွမ်းရဆုံးအပင်တိထဲတွင် သရက်ပင်နှင့် နပျိုပင်တိထိပ်ဆုံးက ပါဝင်ပါသည်။ နှင့်မှုန်ချေတိနှင့် ၀င်းဝါ လှပနီသောထိုသရက်တံချေတိကို အကျွန်ဓာတ်ပုံ နှစ်ပုံခန်. ရိုက်ယူလိုက်ပြီး ညင်နီသောဝမ်းကို ဖြည့်ရန် လမ်းမကြီး
လဖက်ရည် ဆိုင်တန်းသို. လှမ်းလျှေက်ထွက်လာသည်။ အချိန်ကား ၆နာရီ မိနစ်၃၀ ခန်. ဖြစ်မည်။ မြူ ချေတိ အုံဆိုင်းနီတုန်းဖြစ်သည်။ အရှီဘက်က နီမင်းကား သူ.ရွှေရောင်ကောဇောကြီးကို စစ်တွေမြို့သည် ဖြာချရန် အားယူနီသည်။ အကျွန်သည် ၁၅ မိနစ်
ခန့်လမ်းလျောက်ပြီးနောက် ဆိုင်တစ်ဆိုင်ဟြီ့(ရှိ) လမ်းမ ပလက်ဖောင်းထက်တွင်ဝင်ထိုင်လိုက်သည်။ ထိုဆိုင်အပြင်အဆင်ကား ခောတ်နောက်ကျလွန်းသည်။ ဆိုင်ထဲသို. မျက်စိတစ်ချက်လှမ်းကြည့်လိုက်သောအခါ အသက်မပြည့်သိမ့်သော အဖအသျှေတစ်ဝက်ခနှ်.
အလုပ်လုပ်နီသည်ကိုတွိရပါသည်။ အသက် ၁၂ နှစ်အရွယ်ခန့်ရှိ အသျှေတစ်ယောက် အကျွန်နားတိုးကပ်လာပြီး ချစ်စဖွယ်ပြုံးပြသည်။ အပြစ်ကင်းစင်၊ ချစ်ဖို.ကောင်းသော ဒေအသျှေအ၀တ်အစားများသည် အလွန်ပင်ဟောင်းနွမ်းလျက်ဟိပြီး သူစီထားသောဖိနပ်မှာ
အရောင်တိမှေးမိန်လျက်ဟိသည်။ ထိုအသျှေ၏ မျက်နှာပြင်သည် အရွယ်နှင့်မလိုက်အောင်ရင့်ကျက်ဟန်ဟိပြီးလောကကြီးကို ဒေါင်ကျကျ ပြားကျကျ ရင်ဆိုင်လာဟန်ပုံပေါက်သည်။ ထိုအသျှေအားဓာတ်ပုံရိုက်ယူလျင် ဥရောပနိုင်ငံများမှ ပထမကမ္ဘာစစ် အတွင်းက
စစ်ပြီးဒုက္ခသည် အသျှေတိဓာတ်ပုံ ပုံစံထွက်နိုင်ပါသည်။ထိုအသျှေ၏ "အကို ဇာမှာဘာဖို.လေ့မသိမ့်" ဟုယဉ်ကျေးစွာပြောသောစကားသံက အကျွန်အတွေးစ ကို ပြတ်လားစီသည်။ ထိုအသျှေ၏ ဘ၀ဇာတ်ကြောင့်ကို မီးကြည့်ချင်သည်။ သို.သော်လည်းအကျွန် မမီးဖြစ်
ခပါ။ ပဇာကြောင့်ဆိုသော် ထိုအသျှေကို အကျွန် သုံးသပ်ကြည့်ခြင်းအားဖြင့် ပြောပြရန်မလိုသော အဖြေများ အကျွန်နှလုံးသားထဲတွင် ဟိနီယာဖြစ်သည်။ ၈ နှစ်မျှလွမ်းဆွတ်တမ်းတခရသော ရခိုင်လက်ဖက်ရည်နှင့် ရခိုင်မနက်စာ ကို အကျွန်စိတ်ကြိုက်စား
လိုက်ပြီး ထိုအသျှေကို ကျေးဇူတင်လျက် ရှုးခင်သာလမ်းဘက်သို. အကျွန်ထွက်လာသည်။ ရွီးပြရန် ခက်ခဲသော အဖ၏ သွီးရင်း သားရင်း ဂစ္စပနဒီ၏ မြစ်၏ သဘာဝဂီတ လှိုင်းခတ်သံချေတိကို အကျွန်နားထောင်ချင်သည်။ အဖ၏ ထာဝရလက်ဆောင်ဖြစ်သော
ဂစ္စပနဒီ အရှိဘက် ရဖီရှပ်တောင်စွယ်ထက်က ဦးမောလာမည့် နီမင်းကို အကျွန်အလည်ရောက်ကြောင့်အသိပီးပြောပြချင်သည်။ ရှုးခင်းသာလမ်းထရောင်ချိန်တွင်အကျွန်စိတ်တိ လမ်းဆန်းတတ်ကြွလာသည်။ အဖ၏လက်ဆောင်ဖြစ်သောပင်လယ်လီကိုတ၀ရှုလိုက်
ပြီးပလက်ဖောင်းပေါ်တွင် ရဖီချပ်တောင်ဘက်မျက်နှာမှုလျက် အကျွန်ထိုင်လိုက်သည်နှင့် အတိတ်ကအရိပ်တိအကျွန်စိတ်တွင်ထင်ဟပ်လာသည်။ အကျွန်သည် စစ်တွေမြို့သားမဟုတ်ပါ။ ယေဘင်ယေကေလေ့သင့် အကျွန်.ကျောင်းနီစဉ်တွင်းစစ်တွေမြို့က
အကျွန်.ကို သူစိမ်းတစ်ယောက်ပိုင်မဆက်ဆံဖူးပါ။ အကျွန်၏ ဘ၀ ကြမ်းတမ်းခတ်ထမ်မှုတိကို ဒေမြို့ချေက အကျွန်နှင့်အတူကျော်ဖြတ်ဖူးသည်။ ဘုန်းကြီးကျောင်းတွင်နီ၍စာတစ်ဘက်၊အလုပ်တစ်ဘက်နှင့်ရုန်းကန်ရသောအကျွန့်ကို
လုံးဝအရှုံမပီးဖို. စစ်တွေမြို့က အားပီဖူးသည်။ အကျွန်သည် စစ်တွေတွင်အနှိမ်ခံဖှုးသည်။အကျွန်သည် စစ်တွေမြို့တွင် ချီမြောက်ခံဖှုးသည်။ စစ်တွေတွင်အကျွန်အစွပ်အစွဲခံဖူးပါသည်။စစ်တွေတွင်အကျွန်အကာကွယ်ပီးခံရဖူးပါသည်။
စစ်တွေတွင်အကျွန် ချစ်ဖူးပါသည်။စစ်တွေတွင်အကျွန်အသဲကွဲဖူးပါသည်။စစ်တွေတွင် အကျွန်ငိုဖူးပါသည်။စစ်တွေတွင်အကျွန်ပျော်ဖူးပါသည်။ စစ်တွေတွင်အကျွန်အမုန်းခံဖှုးပါသည်။စစ်တွေတွင်အကျွန်အချစ်ခံဖှုးပါသည်။
ထိုသို.သောလောကဒဏ်တရားပေါင်း မြောင်မြားစွာကို စစ်တွေမြို့နှင့်အတူအကျွန်ခံဖူးပါသည်။ ဒေရှုးခင်းသာလမ်းထတွင်ထိုင်နီချိန်တွင်သတိအရဆုံးအချိန်သည် သူငယ်ချင်းတိနှင့် လက်ဖတ်သုတ်စားလျက် လပြည့်ညတွင်ဂီတာတီးခကတ်တေအချိန်တိဖြစ်
ပါသည်။ ငွေကတီပါ အရောင်ခတ်နီသော ဒေဂစ္စပနဒီကြေးမုံပြင်တွင်အပြစ်ကင်းသောအကျွန်ရို.လူငယ်ချေတိဘ၀ကို ဂန္တ၀င်မြောက်စွာကုန်ဆုံးဖူးသည်။ နိုင်ငံရေး၊လူမှုရေး၊စီးပွားရေးစသော မြောက်မြားစွာသော ကိစ္စရပ်တိကိုသိနားမလည်သော
ယင်းပိုင်အပြစ်ကင်းရေလူငယ်ချေတိဘ၀ကို အကျွန်ပြန်ပြီးပိုင်ဆိုင်လိုက်ချင်သည်။ လပြည့်ညတွင် အသံကုန်အော်လျက်ဂစ္စပနဒီမြစ်ကြီးကို နတ်ပိုက်၊သွန်းပိုက်၊ကစပ်ပိုက်ချင်သည်။ ယင်းပိုင်အတွေးပေါင်းသောင်းခြောက်ထောင်နှင့်ကျင်ကိုင်လျက်နီချိန်တွင်ဝမ်းကဆန္ဒပြလာသဖြင့် ၁၂ နာရီတီးအချိန်တွင် ဆိုက်ကားငှားလျက်ဘုန်းကြီးကျောင်းတွင်ထမင်းစားရန်အကျွန်ထွက်လာမိသည်။


အပိုင်း(၄)
............
ဘ၀တွင် မရိုးနိုင်သော ထမင်း၊ဟင်းတိကို အားရဘားရ စားသောက်ပြီနောက် ဆရာတော်နှင့် စကားစမြည်ပြောအပြီး ဟိုတယ်သို.အကျွန်လမ်းလျှောက်ပြန်လာသည်။ ဆောင်းရာသီဘင်ဖြစ်ကေလေ့စစ်တွေ နီသည် အကျွန်အတွက် ကကောင်းပူပြင်းလှသည်။
ဒေနိ ကျွန်းက ဘာဘာနှင့် နှမချေရို. အကျွန့်ကို ဘုတ်နှင့်လာအခေါ်ကို စောင့်နီမိသည်။ အခန်းထဲတွင် တနားချေ လဲလျောင်းနီစဉ် ဟိုတယ်ဝန်ထမ်း ကလေချေ အခန်းတန်းခါးလာခေါက်သည်။ ဘာဘာ အောက်ခန်းတွင်စောင့်နီကြောင့်ပြောသည်။ အကျွန်.
ကိုမြင်လျင်မြင်ချင်း အဘာသည် "အဝေး" ဟုဆိုကာ အကျွန့်လက်ကို ဆုပ်ကိုင်ထားသည်။ ၈နှစ်မျှဝီးကွာခရသော သားတစ်ယောက်ကို အဘာ အောက်မိစိတ်ပြင်းပြ နီခပါလိမ့်မည်။ သူ၏တင်းကျပ်သောဆုပ်ကိုင်မူမှတဆင့်အကျွန်ခံစားမိသည်။ဥရောပ ယဉ်ကျေးမှုအရဆိုလျှင် အဘာက အကျွန်.ကို အကြာကြီးဖက်ထား
မည်မှာသေချာပါသည်။ အကျွန်ရို.သားအဖ၊မောင်နှမ ချစ်ခင်မှုများသည် ထိုကဲ့သို. အပြူမှုတိလုပ်စရာမလိုဘဲ ရင်ထဲချင်း၊ အသဲနှလုံးချင်း၊အသွီးသားချင်း ဆက်သွယ်မူတိက အခြေခံပါသည်။ ထိုအကြောင်း၊ဒေအကြောင်း စကား စမြည်ပြောလျက် အကျွန်ရို.
သားအဖ တစ်စု ဆန်ဆိပ်(ဘုတ်ဆိပ်) ကိုဆင်းလာသည်။ ဖောင်တော်ဘင် အကောင်းမဟိသော ရခိုင်ပြည်၏ မြို့တော်သည် အကျွန်ကိုမျက်နှာအငယ်ချေနှင့်ပြုံး ပြသည်။ သန်.ရပ်မှုမဟိသော အရောင်ဆိုင်တန်းများသည် ယင်းအတိုင်းဘင်ဖြစ်သည်။
အ၀ီးကလာသောအကျွန်ကို ဘာဘာနှင့် သံဗ္ဗန်ခတ်သမားတိက အားနာနီပိုင် ဟိသည်။ အကျွန် ကျုပ်ကိုမနှင်းမိအောင် အဘာက သံဗ္ဗန် ခတ်သမားကို သံဗ္ဗန်ကို ကမ်းနားအရောက်တိုးခိုင်သည်။အကျွန်က ပြုံပြပြီးသံဗ္ဗန်ထက်တွင်တတ်ထိုင်မိသည်။
ဘုတ်ကိုအလားသံဗ္ဗန်ခတ်သမားကိုကြည့်လျက်အကျွန်အတွေးတိနယ်ချဲနီမိသည်။ ချွဲပပြစ်ကျနိန်သောသံဗ္ဗန်ခတ်သမားကိုကြည့်၍အကျွန် သနားစိတ်တိဖြစ်ပေါနီသည်။ သမုဒ္ဒရာ ၀မ်းတစ်ထွာတွက် ဒေပိုင်ရုန်းကန်လှုပ်သျှားရသော အဖသားတိတွက်ရင်နာ
မိသည်။ သူများတိုင်းပြည်မှာဆိုလျင် စစ်တွေမြို့ သည်ကမ္ဘာအလှဆုံးဆိပ်ကမ်းမြို့တော်ဖြစ်နီပါလိမ့်မည်။ စစ်တွေမြို့သည်ဂစ္စပနဒီ မြစ်ကြီးနှင့် အလှချင်းပြိုင်နီပေလိမ့်မည်။ အဖကလက်ဆောင်ပီးထားသော သဘာဝတရားကြီးသည် စစ်တွေမြို့ကို အလှဆင်ခွင့်
မရ။ စစ်တွေမြို့သူ၊မြို့သားတိနှင့်အတူ ဒေမြို့ချေသည် လောကဒဏ်တရားတိကို မလွန်ဆန်နိုင်။

တအင့်အကြာတွင်သံဗ္ဗန် ဘုတ်နားကိုကပ်လာသည်။ ဘုတ်ထတွင်ရွာကလူတစ်ချို.နှင့် ပိန္နဲချောင်းကျွန်းကလူတစ်ချို.တွိရသည်။ အကျွန်ကိုမြင်လျင် ပပွင့်လလင့်လာနှုတ်ဆက်ကတ်သည်။ထိုအကြောင့်ပြော၊ဒေအကြောင့်ပြောဖြင့် ဂစ္စပနဒီမြစ်အလယ်ကောင်
တတည့်အရောက်တွင်အကျွန်သတိဝင်လာသည်။ လူတိကို နှုတ်ဆက်လျက် ဘုတ်ပဲ့ဘက်ကို အကျွန်လျောက်လာသည်။လှချင်းတိုင်းလှနီသော ဒေမြစ်ကြီးအရသာကို တ၀ခံစားနိမိသည်။ ဘုတ်လားလမ်းတစ်လျောက်တွင် ပစ်သမားတိ ငါးဖမ်းနီကတ်စွာတိ သဘာဝ ပန်ချီကားတစ်ချပ်ပိုင်။ဂစ္စပနဒီ
မြစ်အစွန်းပိုင်တွင်တည်ဟိနီသောရဖြီချပ် တောင်သည်လည်း မပြိုမလဲ ဘဲမားမားမတ်မတ် ရပ်တည်နီသိမ့်သည်။ အကျွန်အချေခါ အဘာ နှင့်စစ်တွေသို့လာလျှင် ဒေတောင်ကိုစကားပြောနီကျဖြစ်သည်။ အကျွန်သည်ပြောင်းလဲလားပါသည်။ ယေကေလေ့
ဒေတောင်သည်မပြောင်းမလဲဘဲထာဝရတည်နီသည်။ ယင်းပိုင် အဖသဘာဝ အလှတိကို တ၀ကြီးခံစားယင်းအကျွန်သည် စိတ်ထဲတွင်ရခိုင်ပြည်ကြီးကို သူများတိုင်းပြည်တိပိုင်တိုးတက်ဇီချင်သည်။ စစ်တွေနှင့် ရဖီချပ်တောင်ကို မြေအောက်ရထားလမ်းဖောက်
ကြည့်မိသည်။ ပေါက်တောမြို့မှစစ်တွေသို့ ဒေဂစ္စပနဒီမြစ်ကြီးကိုဖြတ်လျက်တန်းထ(တံတား)ထိုးမိသည်။ အကျွန်ရို.ပိန္နဲချောင်းကျွန်းက ကျွန်သားတိကို ကိုယ်ပိုင်ကားမောင်လျက်ဂစ္စပနဒီမြစ်ကြီးကိုဖြတ်၍စစ်တွေတွင် ချော်ပိန်(shopping) ထွက်ဇီချင်မိသည်။
တောင်ရင်းကျွန်းတွင် စက်ရုံ၊အလုပ်ရုံတိ ဆောက်ကြည့်မိသည်။ တောင်းဖူးမြစ်တွင် စပိဘုတ်တိ နှင့် ထိုကျောက်၊ဒေကျောက်တိကို လာကြည့်မိသည်။ တောင်ညိုတောင်တွင် ရခိုင်ဗိသုကာဆိုင်ရာ ပြတိုက်(အခွဲ)တစ်ခုဆောက်ကြည့်မိသည်။ဖားဒူကြီးရွာနားတွင်
ကမ္ဘာလှည့်ခရီသည်တိအတွက် ကမ်းခြီအိမ်ချေတိ ဆောက်ကြည့်မိသည်။ သဲခုံတွင် ရခိုင်ရီလုပ်ငန်းဆိုင်ရာ သုသေတန သင်းတန်းပီးကြည့်မိသည်။ ယင်းကဲ့သို. အတွေးပေါင်း သောင်းခြောက်ထောင်နှင့်ကျင်ကိုင်နီခိုက် ဘုတ်စက်သံလျော့လားသည်။ ဒေချင့်သည်
မညုင်းကိုင်းချောင်းနှင့်ပါးလာယာဟုသော အမှတ်အသားဖြစ်သည်။ ဘုတ်သည်ချောင်းသိုးကွေ.၀င်လိုက်စဉ်တွင် ရင်အုံတော်ဘုရားကိုလှမ်းမြင်ရသည်။ အကျွန်အသျှေခါက ဒေတောင်အောက်က ဘုန်ကြီးကျောင်းကို အဘောင်သျှင်နှင့်ဝပုဒ်(ဦးပုပ်) စောင့်ရန်လိုက်
ဖူးသည်။ တောင်ခြီရင်းတွင် သူငယ်ချင်းတိနှင့် အင်ဂရားပန်း၊စံကားပန်း၊ကံ့ကော်ပန်းစသည်ဖြင့် ပန်းမျိုးစုံကောက်ဖူးသည်။ ပန်းချေတိ ကိုမက္ကလာမှာထည့်လျက်မောင်နှမတိနှင့် အတူတူသီပြီးဘုရားတွင်လှူဖူးပါသည်။ ရင်အုံတော်တောင်ထက်က မျောက်တိကို
ထမင်းခဲ့တိနှင့် စဖူး၊နှောက်ဖူးပါသည်။ ဒေတောင်ထက်ယာခင်းတိက အသီးမျိုးစုံခိုးဖူးပါသည်။ သရက်သီးပေါ်ချိန်ရောက်လျှင် ယာခင်းထဲက သရက်သီးခိုးယင်း သရက်ပင်တိအောက်တွင်ထိုင်လျက် သူငယ်ချင်းတိနှင့် ငပိဆားရည် တီးဖူးသည်။

ယင်းပိုင် ဆီဆောက်ကရောက်တွေးတောနီချိန်တွင် ဘုတ်စက်သံရပ်လားပါသည်။ ဘုတ်ဆိပ်တွင်အရောင်စုံလူတိ စောင့်နီကတ်သည်ကိုတွိရပါသည်။ လူတစ်ဝက်လောက်ကို အကျွန်မှတ်မရပါ။ မျိုးဆက်သစ်တစ်ခုသည် နှစ် ၁၀ အတွင်းအပြောင်းလဲကြီး
ပြောင်းလဲဇီပါသည်။အကျွန်အိမ်ကထွက်ခွာစဉ်အခါက စကားအလှပလှမပြောတတ်သော အကျွန့်ညီ အငယ်ဆုံးကောင်သည် ရှင်ပြူဖို.အရွယ်တန်နီယာဖြစ်သည်။ အကျွန်.နှမချေတိလည်းအပျိုဘောင်ဝင်နီကတ်ယာဖြစ်သည်။သူရို.တိက အကိုကြီးဟုခေါ်ကာ
လာနှုတ်ဆက်သဖြင့်အကျွန်မျက်နှာတိကို တန်းမှတ်မိသည်။ အကျွန်ရို.ရွာလမ်းတစ်လျောက်တစ်စုံတစ်ခုမှ ပြောင်လဲလားခြင်းမဟိပါ။ တလင်းသိမ်းစချိန်ဖြစ်၍ ၀င်းဝါနီသောလယ်ဇွတ်များ နီဝင်ဆည်းဆာအချိန်နှင့်လှချင်တိုင်းလှနီကတ်သည်။ ရွာလမ်းတစ်ချောက်
စံပယ်ပင်ကြီးတိ အနည်းငယ်ကြီးထွားလာဟန်ဟိပြီးရွာလမ်းတစ်ချောက်ကိုဇကုန်အလှဆင်ထားကတ်သည်။အကျွန်ရွာကို စ၀င်လိုက်သည်နှင့်အကျွန်ရွာသားတိတရုန်းရုန်းနှင့်ထွက်နှတ်ဆက်ကတ်သည်။ ရခိုင်စကားပပေါက်ပြောသောအကျွန်ကို အင်္ဂလိပ်
စကားပြောအေးမောင် စသည်ဖြင့် နတ်ကတ်၊သွမ်းကတ်သည်။ အကျွန်ဇာတိကျွန်းရွာက အကျွန်ရို.လူမျိုးတိ၏ ချစ်ဖို.ကောင်းသောအရိုးခံဖော်ရွှေမှုတိအပေါ်အကျွန်ဂုဏ်ယူမဆုံးပါ။ အဂုပိုင်ပြန်ဆုံတွိရချိန်တွင် ၀မ်းသာလုံးဆို.လျက် စကားမပြောနိုင်ဘဲ
အကျွန်မျက်ရည်တိတောင်ဝဲမိပါသည်။ အကျွန်အိမ်ဟြိ့အရောက်တွင် အကျွန်ပိုပြီးဝမ်းနည်းလာပါသည်။ လူကြားထဲကရုန်းထွက်ချင်စိတ်ပေါက်လာပြီး အကျွန် ရွာမြောက်ဘက် သောက်ရီကန်ဘက်သို.ခြီလှမ်းလှည့်မိသည်။

အပိုင်း(၅) ကို စောင့်ဖတ်ကတ်ပါ။
အေးမောင်(ရင်အုံတော်ဓာတ်)

Read More...

Tuesday 7 July 2009

သွီးကတိ



နှုင်းမူန်ချေတိ၊စိုစွတ်နီရေ
မြက်တောတိအောက်မှာ
ကျောက်တုံးချေတိ
ငိုနိန်ကတ်တေ

ထိုကြွီကွဲ ငိုသံတိကြောင့်
ငါ.....မြတ်တောချေတိကို
လှန်ကြည့်လိုက်တေ

ထိုကျောက်တုံးချေတိက
ငါ့ ကို ကူပါ ကယ်ပါလို့
တောင်းပန်ကတ်တေ

ယင်းကျောက်တုံးချေတိကို
ငါ....ကောက်ကိုင်ကြည့်လိုက်တေမှာ
တန်းဖိုးမဖြတ်နိုင်ရေ
ကျောက်ဆစ်ပန်းတိနန်.
အနားကွပ်လို. .................။

အုံဆိုင်နိန်ရေ
တောအုပ်တိ အောက်မှာ
အံ့မခန်းရေ
ဘုရားပုထိုးတိ
ငိုနီကတ်တေ

ထို.. ဆို.နစ်ငိုသံတိကြောင့်
ငါ့ ခြီလှမ်းတိ
ယင်းတောထဲကို
ရောက်လားရေ
ထို ဘုရား ပုထိုးတိက
ငါ့ ကို ကူပါ ကယ်ပါလို့
အသားနားခံကတ်တေ

ယင်းပုထိုးတိနားကို
ငါ လားကြည့်လိုက်တေမှာ
တန်ဖိုး မဖြတ်နိုင်ရေ
ဌာပနာတိ
အဖောက်ခံထားရရေ..........................။

ကြမ်းတမ်းရေ
လောကဒဏ်
ထုထောင်းမူတိအောက်မှာ
အဘုချေရို. ဂျောင်ချေမှာ
တဇာဇာ ငိုနီကတတေ

ငိုသံတိကြောင်း ဂျောင်ချေကို
ငါ လာကြည့်လိုက်တေ
ထို အဘုချေရို.က
ငါ့ ကို ကူပါ ကယ်ပါလို့
အသားနားခံကတ်တေ

ယင်းအဘုချေရို.
ငိုရခြင်းအကြောင်းကို
ငါမီးကြည့်လိုက်တေမှာ
အဖပျောက်၊အမိပျောက်
ရပ်ပျောက်၊ရွာပျောက်
အနာဂတ်ပျောက်၊
ကူဖို့လူတိပျောက်နိန်မှန်း
ငါသိလိုက်တေ..........................။


မိုးရိပ်အမှောင်တိ ဖုံး
လီပြင်းတိတိုက်
ရက်စက်ခက်ထန်ရေ
လီမုန်တိုင်းတိကြား
သွီးမျက်ရည်တိ
အစစ ကျလို.
ကမ္ဘာမြီပေါ် က
ငရို. အဖ တစ်ယောက်
မထင်မရှား ငိုနိန်ရေ

ထို ထိတ်လန်.
ကြောက်မက်ဖွယ်
ငိုသံတိကြောင့်
ငါ..အဖ နားကိုပြန်လာလိုက်တေ
အဖက ငါ့ကို အယင်ကူဖို့
့ခြီကို ဖက်လို့တောင်းပန်ရေ

ပြိုနိန်ရေ အဖအိမ်
ပြိုကွဲနိန်ရေ မိသားစု
ရန်ဖြစ်နိန်ကတ်တေ
အဖသွီးရင်းတိ နန်.
ဖြစ်တေပိုင်
ငါ ..ပူပေါင်း ကူညီ
လုပ်ဆောင်ဖို.
အဖ ကို ငါ ကတိပီးလိုက်တေ........................။


အေးမောင်(ရင်အုံတော်ဓာတ်)
၀၆၊၀၇၊၀၉

Read More...

ဟုတ်ယာဖိ၊တန်ဖိ



ကျိန်စာ တိုက်ထားရေ
ဝီးကွာခြင်းတိကြား

ကာရံ နဘေ မဟိရေ
ငါ နှလုံးသား ခုန်ချက်တိ

သင်္ချာ အပြင်ဘက်က
အလွမ်းနိရက်တိနန်.

အနာဆိုးတိပိုင်
တစိတ်စိတ် ကိုက်နီရေ
ငါ့ အလွမ်းဝေဒနာ
အပူတိ ငြိမ်းအောင်
ဖြေစရာ မဟိလို.
ရခဲ့တောင်ကြားက
မြစ်ထဲကို ငါ
အားရ၊ဘရ ခုန်ဆင်းချင်ရေ ...............။

အပြာရောင်မိုးကောင်းကင်ကို
မြင်ဂေလေ့
ငါလွမ်းရေ

အရွက်ချေတိ ကြွီကျစွာ
့မြင်ဂေလေ့
ငါလွမ်းရေ

ငှက်ချေတိ တေးခြင်း
ဆိုသံ ကြားဂေလေ့
ငါလွမ်းရေ

မြောက်လီတိုက်ဂေလေ့
ငါလွမ်းရေ
တောင်လီတိုက်ဂေ့လေ့
ငါ လွမ်းရေ

ရွီးလို.မကုန်နိုင်
ငါ့ အလွမ်းရတု

ဒေပိုင်.......
ဒုက္ခ နန်. အထီးကျန်
ဘ၀တိ ကို
ငါ ကျင်မကိုင်ချင်ယာ........။

ပန်းမျိုးတစ်ရာ ပွင့်ရေ
ငါ့ ဘ၀ နိရက်တိ နန်.
ကြင်နာ၊ယုယ မူတိ
ဘဘေင်းပြည့်နိန်ရေ
ဘုံချေ တစ်ဘုံ
ငါ ...ကို အယင်ပီးဖိ.............။


အေးမောင်(ရင်အုံတော်ဓာတ်)
၂၈၊၀၆၊၀၉(၁၄:၂၈)

Read More...

အဘာသို. စွပ်စဲခြင်း




အဘာ..............
မဟာရ အမှားတစ်ခုကို
အဘာ လုပ်ခဖူးလာ

နာရီ၊အချိန်တိ
တိုလိုက်တေဘင်
နိတိ တိုလိုက်တေဘင်
အသက် ဘ၀ တိ
တိုလိုက်တေ ဘင်.........။

အဘာ............
လိုင်းကကြီး
မှန်တိုင်းက ထန်စွာကို
အဘာသိရေ နန်း ......

ဇာဆို ဇာဖြစ်မှန်းမသိရေ
မဟာရ ဒိဒုံး
အမှောင်ထု ထဲမှာ
သားချေရို.ကို
လက်ခုတ်သီးခတ်ထားစွာ
အဘာသိရေ နန်း ..........။

အဘာ.....
ယင်းသူရို. ကတိစွာ
ဇာလေ....
ယင်းသူရို. အပြုံးစွာ
ဇာလေ.......
ယင်းသူရို. ချစ်တေဆိုစွာ
ဇာလေ........
ယင်းသူရို. သဘောထားကြီး စွာ
ဇာလေ
အဘာ ချကြောင်းကပင်
သိရေ ထင်ရေ.................။

ကြိုးထက်မှာ
ဘားကစပ်ကေ
လူးမကျအောင်
ချိန်ရဖို.လား အဘာ.....

ယကေ
ဖောက်ပြန်ရေ
လူတိ လက်က
ရုန်းထွက်ရေ ခါ ၀ါ
အစွာပိုင် ပျင်ရဖို. ရောင်......

ကို. ကိုယ်ကိုကာကွယ်စွာ
မျက်ကန်းမျိုးချစ်လို.
အဘာ ထင်လာ
မဟုတ်ကေ အားနည်သူရို.
တာဝန်လို. အဘာထင်လာ.....။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၅၊၀၆၊၀၉

Read More...

ချစ်ညီချေ၊ ချစ်ညီမချေ


ချစ်ညီချေ
ကျောင်းလားပါ ဝေ
မပျင်းပါဂေ့ ဝေ
၎ တန်းက ထွက်ပြီးကေ
နွားကျောင်းဖို.
စိတ်မကူး ပါဂေ့ ဝေ ................။

ချစ်ညီမချေ
မပျင်းပါဂေ့ ဝေ
ဆီဝယ်ဖို. ဖဲ့သာမဟိကေ
ဓာတ်မီးတိုင်အောက်မှာ
စာကိုဖတ်ပါ ဝေ
ဓာတ်မီးတိုင် မဟိကေ
မီးလူံရေ မီးဖိုနားမှာ
စာ ကိုဖတ်ပါ ဝေ ....................။

ချစ်ညီချေ
ဘ၀မှာပညာတက်အောင်
သင်ပါ ဝေ
အပျော် မလိုက်ပါဂေ့ ဝေ
ပညာရွှေအိုး လူမခိုးလတ်
သက္ကသိုလ်တက်ပါ ဝေ
အင်္ဂလိပ်စာ သင်ပါ ဝေ ..............။

ချစ်ညီမချေ
ဘ၀ ကို တစ်ခါလေ့
လက်မြောက် အရှုံး
မပီးလီဂေ့ ဝေ
ကြိုးစားရေ လူတွက်
မဖြစ်နိုင်စွာမဟိပါ ဝေ..............။

ချစ်ညီချေ
ပညာတက်ကြီးဖြစ်လားဂေ
အဖ ကျေးဇူးပြန်ဆပ်ဖို.
ရိုးတောင် တစ်ဘက်ကို
ပြန်လာပါ ဝေ
မင်းတက်တေ ပညာတိနန်.
စွမ်းဆောင်ပါ ဝေ..................။

ချစ်ညီမချေ
အဖ နန်. ဘ၀ ကို
မမိလီပါဂေ့ ဝေ
လူရပ်ပြည်မှာ
ဇိမ်တွိလားဂေ လေ့
အဖပြည်ကို ပြန်သတိရ ပါ ဝေ ......။

အေးမောင်(ရင်အုံတော်ဓာတ်)
၂၅၊၀၆၊၀၉

Read More...