WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Sunday 21 June 2009

လခြမ်းချေ


အချေခါ..
"လခြမ်းချေ" ကို
ရာဟုဖမ်းကေ
ဘာဘာ ကို ဖက်လို.
ငါ..
ငိုဖူးရေ ....။

လူပ်စိ၊လူပ်စိ နန်.
ရုန်းထွက်နိန်ရေ
"လခြမ်းချေ" ကို
ကြည့်လို. ..
ငါ...
ဝမ်းနည်ဖူးရေ ...။

ဇွဲသတ္တိ အပြည့်နန်.
ရာဟုလက်က လွတ်အောင်
ရုန်းထွက်တေ
"လခြမ်းချေ" က
ငါ့ ကို ...
သတ္တိမွီးဖွားစီဖူးရေ....။

အာကာကို
မျော်ကြည့်ယင်း
ငါမျက်စိ အောက်က
ပျောက်လားခရေ
"လခြမ်းချေ" ကို
ငါ့ ကို ပြန်ပီးဖို.
ဘာဘာ ကို
ငါ...
ပူဆာဖူးရေ ......။


ရာဟုလက်က
လွတ်ကျပါလတ်တေ
"လခြမ်းချေ" သတ္တိကို
အားပီးလျက်
"လခြမ်းချေ" နန်.အတူ
ငါ....
ပြိုင်တူ ရယ်ဖူးရေ ....။

အိမ်ပြန်ရောက်လို.
အိပ်ရာဝင်ချိန်
အိမ်မက်ထဲမှာ
"လခြမ်းချေ" နန်.
ငါ..
စကားပြောဖူရေ.....။

အိမ်မက်ထဲက
"လခြမ်းချေ" က
ဇွဲမလျော့ဖို.
သတ္တိဟိဖို.
စိတ်ဓာတ်မကျဖို.
အရှုံးလုံးဝ မပီးဖို
ငါ့ကို...
အားပီးဖူးရေ ......။

.............
အေးမောင်(ရင်အုံတော်ဓာတ်)
၂၁၊၀၆၊၀၉(၀၀:၁၆)

1 comments:

တရားဒေသနာတော်ပြတိုက် said...

ကောင်းရေ ကိုအေးမောင်ကိုး.... ရှင်းရှင်းချေနန့် ကောင်းပါရေကိုး....

ဥာဏ်မျိုးဦး