WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Wednesday 17 June 2009

အသားနားခံခြင်း


အသားနားခံခြင်း
..............................


အို..အသျှင်...
ရဲရင့်ခြင်းနန့်
အမှန်ကိုချစ်မြတ်နိုးခြင်းတိ
သားချေအား
ပီးသနားပါ...။

အို..အသျှင်...
ကောင်းမှုနန့်
မွိ့လျော်ပြီးကေ
မကောင်းမှုကိုမုန်းရေ
စိတ်ခွန်အားတိ
သားချေအား
ပီးသနားပါ...။

အို..အသျှင်...
ဒဏ်ရာ၊အနာတိကို
ခွန်အားတစ်ခုအဖြစ်
ပြောင်းလဲပစ်နိုင်ရေ
အစွမ်းသတ္တိတိ
သားချေအား
ပီးသနားပါ...။

အို..အသျှင်...
လွတ်လပ်မူအတွက်
အသက်ပီးဝံ့ရေစိတ်ဓာတ်
မိမိအမှားကိုအောင်နိုင်ရေ
စိတ်ဓာတ်တိ
သားချေအား
ပီးသနားပါ...။

..........
အေးမောင်(ရင်အုံတော်ဓာတ်)
၁၇၊၀၆၊၀၉(၁၄:၄၂)

0 comments: