WhErE eVeR wE aRe, ThE oNlY pLaCe We CaLl HoMe Is ArAkaN!

Warmly Welcome to Arakan (ဘုရားသာသနာမြီ မောင်ရို.ရခိုင့်ဌာနီ)

ရခိုင်မော်ဒန်ရော့(ခ်) (Arakan Modern Rock)

Friday 1 May 2009

ခေါင်းစဉ်မဟိ ကဗျာ

ခေါင်းစဉ်မဟိ ကဗျာ
...................................

အိပ်ရာထက်မှာ ဘဘောင်းလဲလို.
ကောင်ကရ မြင်းကျား တွေးနိန်ရေငါ

လီဟာမူ မဟိရေ
ခေါင်းအုံး နှုစ်လုံးက
ငါ့ကို လာ ယောင်းလို. .................။

နွေဦးရာသီ မှာတောင်
ငါ့ ဟီတာ(heater) နန်.
အအီးဓာတ်က ၊ ငါ့အခန်းမှာ
ကျင်ကိုင်ကတ်စွာ
သူတပြန် ငါတပြန် ................။

ဟုတ်သိမ့်ယင့်
ငါ့မွဲ.ယာနန်. ဒူးပတ်(duvet) က
စစ်ကူပီးလို. ............။

စာအုပ်စင်က စာအုပ်တိက လည်း
ငါ့ကို တဗျင်း စိတ်ကုန် နိန် ကတ်တေ။

အထီးကျန်နိန်ရေ
ငါ့ အခန်း ထောင့်က
ငါ့ ဂီတာ ကလည်း ငါ့ကို
လက်သီး ဆုပ်ပြနိန်ရေ ...............။

ဒေါသ တကြီးနန်.
တဟုန်းဟုန်း
တစူးထိုး လီပြင်းတိကလည်း
ငါ့ အခန်းပြတင်းပေါက်ကို
ဇကုန် သတ်နိန်ကတ်တေ ...................။

အော်.........။
အမြဲ အပြုံးတိနန်.
စိမ်စိုလမ်းဆန်းနိန်ရေ
ငါ့ အခန်းထဲက
ပန်းပင်ချေတိကြောင့်
ဖြေသာသိမ့်ယင့် ..........................။

ဘဇောင်ပိုင် ဖြစ်ဖြစ်
အထီးကျန် ခြောက်သွိ.ရေ
ငါ့ခံစားချက်တိ
ကဗျာချေ တပုဒ်ဖြစ် အသက်သွင်းဖို.
အသက်မဲ့နိန်ရေ
ကွန်ပျူတာ စက်ခလုတ် တိဘက်ကို
ငါ လက်ချောင်းချေတိ
ဆဆီတစ်ကောင်ပိုင်
တောလို. တောလို. ပါလတ်တေ .................။

အေးမောင်(ရင်အုံတော်ဓာတ်)

0 comments: